News @ M-Media

မန်ယူတွင် မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်သေးဟု ဒီပေး ၀န်ခံ

ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
M-Media

mamphis

– ပရိတ်သတ်များ မျှော်လင့်ထားသည့်အတိုင်း မိမိအနေဖြင့် ခြေစွမ်းပြနိုင်ခြင်းမရှိဟု မန်ယူကွင်းလယ်လူ မန်ဖစ် ဒီပေးက ၀န်ခံပြောကြားလိုက်ပြီး မကြာခင် ပြောင်းရွှေ့ကြေးနှင့်တန်သည့် ခြေစွမ်းကို ပြသနိုင်ရန် ယုံကြည်ချက်ရှိနေသည်ဟု ဆိုသည်။

ပီအက်စ်ဗွီအသင်းတွင် ခြေစွမ်းကောင်းများကို ပြသခဲ့သည့် အသက် ၂၂ နှစ်အရွယ် ဒီပေးမှာ မန်ယူသို့ ပြီးခဲ့သည့် နွေရာသီက ပေါင် ၂၅ သန်းဝန်းကျင်ဖြင့် ရောက်ရှိလာခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် အခြေကျရန် ကြိုးစားနေရဆဲဖြစ်သည်။ ယခုနှစ် ပရီးမီးယားလိဂ် ပွဲ ၂၀ တွင် ဒီပေးမှာ ၁၂ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ဗန်ဂါးလ်က ၎င်းထက် ဂျီစီ လင်ဂါ့ဒ်အား ပိုမို အသုံးပြုနေသည်။ ဒီပေးကလည်း ထိုအခြေအနေကို လက်ခံခဲ့သည်။

“ကျွန်တော်သိပါတယ်။ အဲဒီအတွက် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော် ကိုယ့်ကိုယ်ကို အများကြီးမျှော်လင့်ထားတာပါ။ ဒါက အရေးကြီးပါတယ်။ အသင်းက အလုပ်များနေတယ်။ ဒါ့ကြောင့် ကျွန်တော်လည်း တိုးတက်အောင် ကြိုးစားရပါမယ်။ ဘယ်တော့တိုးတက်မလဲဆိုတာကိုတော့ အတိအကျ ပြောလို့မရပါဘူး။ ဒါပေမယ့် မကြာခင် ပြန်လာမှာပါ။ ယုံကြည်ချက်က အကူအညီနဲ့ အတွေ့အကြုံကို ပေးပါတယ်။ အမှားတွေကနေ သင်ခန်းစာ ယူရမှာပါ” ဟု ဒီပေးက ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply