News @ M-Media

မန်ယူ၏ ကစားပုံနှင့် လူငယ်ကစားသမားများကို ဗန်ဂါးလ်ချီးကျူး

မတ် ၃၊ ၂၀၁၆
M-Media

van gal 4

– မန်ယူအသင်း၏ ပုံစံကောင်းပြန်ရမှုအတွက် နည်းပြဗန်ဂါးလ်က ချီးကျူးလိုက်ပြီး လူငယ်ကစားသမားများမှာ အသင်းအား စိတ်ဓာတ်မြှင့်တင်ပေးနိုင်သည်ဟု ပြောကြားခဲ့သည်။

ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ် ၀က်ဖို့ဒ်နှင့်ပွဲတွင် မန်ယူမှာ ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် ၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မန်ယူအသင်းမှာ ရမှတ် ၄၇ မှတ်ဖြင့် အဆင့် ၅ နေရာသို့ တက်လာက အဆင့် ၄ မှ မန်စီးတီးအသင်းနှင့် အမှတ်တူနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခဲ့သည်။

ဗန်ဂါးလ်ကမူ အသင်းအတွက် ပျော်ရွှင်မှုများကို ပြန်လည်ဆောင်ကျဉ်းပေးခဲ့သော လူငယ်ကစာသမားများကို ချီးကျူးခဲ့သည်။

“ကျွန်တော်တို့ တိုက်ပွဲဝင်နေတယ်။ ရုန်းကန်နေပါတယ်။ ဒါပေမယ့် အဲဒီလိုရုန်းကန်နေရင်းနဲ့ပဲ ကျွန်တော်တို့ဟာ လက်ဖျားခါလောက်အောင် ကစားနိုင်နေပါတယ်။ လူငယ်ကြယ်ပွင့် ကစားသမားတွေက အသင်းကို စိတ်ဓာတ်ကောင်းတွေ ပြန်လည် ဆောင်ကျဉ်းပေးလာပါတယ်။ အ၀တ်လဲခန်းကို ကြည့်မယ်ဆိုရင် ပျော်ရွှင်မှုတွေ အပြည့်ဖြစ်နေတာကို တွေ့ရမှာဖြစ်ပြီး သူတို့တွေ့ ရွှင်လန်းနေကြပါတယ်။ ဒါဟာ သိပ်ကိုလှပပါတယ်။ ဒါဟာ ကစားသမားတွေ ပုံမှန်ပြန်ဖြစ်လာဖို့ကိုလည်း အရှိန်မြှင့်ပေးလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply