မေ ၁၁၊ ၂၀၁၆
M-Media
– သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အရည်ဖျော်ပြီး သောက်သုံးခြင်းက ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေတယ်ဆိုတဲ့ သတိပေးချက်အသစ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
ဒီသတိပေးချက်ကို ယူကေရှိ အစာအိမ်လမ်းကြောင်း ရောဂါဗေဒပညာရှင်တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး အစာအိမ်ရောဂါလက္ခဏာ (IBS) တွေ ပြတတ်တဲ့ လူနာအတော်များများမှာ အဓိကတရားခံက ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေ အလွန်အကျွံစားသုံးရာကနေ ဖြစ်လာတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
လန်ဒန် စိန့်မေရီဆေးရုံက အကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာဂျိုနသန် ဟိုးရ်က “တစ်ချို့လူတွေမှာ FODMAPs လို့ခေါ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ သကြားဓာတ်ကို မချေဖျက်နိုင်ကြပါဘူး။ အဲဒီဓာတ်ဟာ အရည်အဖြစ်ပြောင်းလဲလိုက်မယ်ဆိုရင် အူနံရံကို မြန်မြန်ထိခိုက်စေပါတယ်။ အဲ့လိုထိခိုက်တဲ့အတွက် ဗိုက်နာ၊ ဗိုက်ပွ၊ ၀မ်းပျော့ စတဲ့ IBS ပုံစံ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်” လို့ ဆိုပါတယ်။
“တကယ်လို့ သင့်အနေနဲ့ သကြားဓာတ်အမြောက်အများကို အူလမ်းကြောင်းဆီ ပုံမှန်ထက် အလျင်အမြန်ရောက်စေမယ်ဆိုရင် ဗိုက်ပွတာတို့ ၀မ်းပျော့တာတို့ကို ဖြစ်စေနိုင်ပါတယ်”
နောက်ပြီး သစ်သီးဖျော်ရည်တွေကို ကျန်းမာရေးကောင်းမွန်စေဖို့အတွက် လူတစ်ချို့သာ စားသုံးသင့်သော်လည်း အရည်ဖျော်သောက်ရင်တော့ မည်သည့်အကျိုးကျေးဇူးမှ မရှိလို့ ၎င်းက ထည့်သွင်း သတိပေးခဲ့ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.