News @ M-Media

အာဖဂန်တွင် တာလီဘန်က ပိုင်နက်အချို့ သိမ်းပိုက်ရရှိ

ဇူလိုင် ၃၀၊ ၂၀၁၆
M-Media

afghan 2

– အာဖဂန်အစိုးရအနေနဲ့ ဒီနှစ်အစကတည်းက ပိုင်နက်နယ်မြေ ၅ ရာခိုင်နှုန်းနီးပါးကို တာလီဘန်တွေထံ လက်လွှတ်လိုက်ရတယ်လို့ အာဖဂန်ဆိုင်ရာ အမေရိကန်အစိုးရရဲ့ ထိပ်တန်းအဖွဲ့တစ်ခုဖြစ်တဲ့ အာဖဂန်ပြန်လည်တည်ဆောက်ရေး အထူးစောင့်ကြည့်အဖွဲ့ (SIGAR) က ပြာကြားလိုက်ပါတယ်။

သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြခဲ့တာဖြစ်ပြီး အာဖဂန်အစိုးရလက်အောက်ရှိ နယ်မြေများမှာ ပြီးခဲ့တဲ့နှစ်က ၇၀.၅ ရာခိုင်နှုန်းရှိရာကနေ မေလအဆုံးပိုင်းမှာ ၆၅.၆ ရာခိုင်နှုန်းထိ နည်းပါးသွားတာဖြစ်က အချက်အလက်တွေကိုတော့ အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့များ ပေးပို့တာကို အခြေခံထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ခရိုင်ပေါင်း ၄၀၀ နီးပါး ရှိတဲ့အထဲကနေ ၁၉ ခုလောက် ဆုံးရှုံးသွားတာဖြစ်ပြီး အာဖဂန်ရှိ အမေရိကန်တပ်ဖွဲကများခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂျွန်နီကိုးလ်ဆင်က တာလီဘန်ထိန်းချုပ်တဲ့နေရာအများစုမှာ ကျေးလက်ဒေသတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အာဖဂန်အစိုးရ တာဝန်ရှိသူတွေကတော့ တာလီဘန်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် ကိန်းဂဏန်းအတိအကျကို သေသေချာချာမရှိနိုင်ဘူးလို့ ဆိုပါတယ်။

Ref : Aljazeera

Comments

Leave a Reply