ဇကားသ် ဖောင်ဒေးရှင်း(အိန္ဒိယ) ၏ အဆိုပြု ချက်ဖြစ်သော မွတ်စလင်များ၏ မတ်ဂျိဒ်တိုင်းတွင် စာကြည့် စာဖတ် ခန်း ထည့်သွင်းရေး အား အိန္ဒိယမွတ်စလင် အသိုက် အ၀ိုင်းက လက်ခံမည် ဆိုပါ မကြာခင် နိုင်ငံတစ် ၀ှမ်းရှိ မတ်စဂျိဒ်များ တွင် စာဖတ်ခန်းအများအပြားပေါ်ထွန်လာတော့မည် ယင်းဖောင်ဒေးရှင်း အကြီးအကဲ ဆယဒ် ဇဖာရ် မိုဟမ္မဒ်က ပြောကြား လိုက်သည်။’ ဖောင်ဒေးရှင် ကနေ ကွန်ပြူတာတွဲလျက် ပါရှိသော စာဖတ်ခန်း တစ်ခုနဲ့ စာအုပ်တွေကို မတ်စ်ဂျိဒ်တိုင်း ကိုထောက်ပံ့ပေးဖို့ အ သင့်ဖြစ် နေပါပြီး ၊ စာဖတ်ခန်း ထူထောင် ဖို့ ကို လည်းငွေကြေး ပါထောက်ပံ့ပေး သွားမှာပါ ဟု ၄င်းကဆိုပါသည်။ စာဖတ်ခန်း တည်နေရက မွတ်စလင်များ အလွယ်တကူ သွား ရောက် နိုင်သော မတ်ဂျိဒ် ဖြစ်၍ အကျိုးကျေးဇုး များစွား ရှိမည်ဖြစ် ကြောင်း ပြောပါသည်။ ၄င်းကဆက်ပြီး ပြောကြားရာတွင် မတ်စ်ဂျိဒ် များသည် တစ်နေ့လျှင် ၅နာရီ ခန့်ဖွင့် လှစ် ထားသဖြင့် ယင်းစာ ဖတ်ခန်း များအ တွက် အလွန်သင့် တော် ကြောင်း ထောက်ပြခဲ့ ပါသည်။ ဒီစာဖတ်ခန်းတွေကို ပရိဘောဂအစုံအလင် ၊သတင်းစာ ၊မဂဇင်း တခြားအကျိုးရှိ စာအုပ် တွေနဲ့ စီစဉ်ပေးလိုပါတယ် ..ဒါမှ မွတ်စလင်လူငယ်အကြားမှာ စာဖတ်တက်တဲ့ အလေ့အကျင့် များပြား လာပြီး .ကမ္ဘာကြီးရဲ့ အဖြစ်အပျက်တွေ ကို ထိတွေ့နိုင် မှာဖြစ်ပါတယ် ဟု သူက စာ ဖတ် ခန်း ထားရှိ သော အကျိုး ရလဒ်များ ကို ပြောကြား သွားပါသည်။ အိန္ဒိယရှိ မတ်စဂျိးဒ် များအားလုံး ၄င်းအစီစဉ် အောင်မြင် အောင် ပူးပေါင်းဆောင်ရွက်ပေးရန် ဇကားသ် ဖောင်ဒေးရှင်း (အိန္ဒိယ)အကြီးအကဲ ဆယဒ် ဇဖာရ် မိုဟမ္မဒ် က တိုက်တွန်းသွားပါသည်။ အိန္ဒိယ ပြည်တွင် အကောင် အထည် ဖေါ်မည့် ဗလီလက်တကမ်းက စာဖတ်ခန်းနှင့် ပတ်သက်ပြီး ဆယဒ် ဇဖာရ် မိုဟမ္မဒ် info@zakatindia.org ဖုံးနံပါတ် 9810334141 သို့တိုက်ရိုက် ဆက် သွယ် နိုင် ပါသည်။
Leave a Reply
You must be logged in to post a comment.