သမိုင်းတွင် ခဲ့သော ကမ္ဘာ သံတမန်ရေးရာ သတင်းများအားနှိုက် နှိုက်ချွတ်ချွတ် ဖေါ်ပြနိုင်ခဲ့သည့် ၀ီကီလီက် အင်တာနက် ၀ဘ်ဆိုက်ထူထောင်သူ ဂျုလီယန် အက်ဆီန် အား လန်ဒန်မြို့၌ ဒီဇင်ဘာ ၇ရက်နေတွင် ဆွီဒင် တရားရုံး၏ ဖမ်း၀၇မ်းအမိန့်ဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း onislam သတင်းတစ်ရပ် တွင်ဖေါ်ပြ ထား သည်။ သူကို ဆွီဒင်တရားရုံးတစ်ခုကနေ လိင်မှုခင်းနှစ်မှု ၊ မုဒိန်းမှု တစ်မှု နဲ့ စွပ် စွဲ ထား ပါတယ် ပြစ်မှုအားလုံးကို ဒီနှစ်သြဂုတ်လထဲမှာပဲ သူ ကျူးလွန်ခဲ့တာပါ လန်ဒန် ရဲ တပ်ဖွဲ့ က ရိုက်တာ သတင်းသို့ပြောကြားသည်။ စကောတလန် ယဒ်အဖွဲ့ က သူကို ဂရင်းနစ်စံတော်ချိန် ၀၉၃၀ တွင်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။ ဂျူလီယန်အက်ဆီန် ကတော့ သူအပေါ်စွပ်စွဲချက် များအားလုံး ကိုငြင်းဆို ထားပြီး ယင်းစွပ်စွဲချက်များသည် ကမ္ဘာအ လယ် တွင် အမေ၇ိကန်အား မျက်နှာပျက် စေမှုများကြောင့် အ ကွက် ဆင်ခြင်းဖြစ်သည် ဟု သူက ဆိုသည်။ သူ့ကိုဖမ်းဆီးရတဲ့ အကြောင်းအရင်းကို လန်ဒန်ရဲ တပ် ဖွဲကို မေးဖို့စောင့်ဆိုင်းနေပါတယ် သူ၏ရှေ့ နေဖြစ် သူ ကပြောပါသည်။ ဒီဖြစ်ရပ် တွေ ကြောင့် သူ့ တစ် စုံတစ်ခု တုန့်ပြန်ခံရပါက လည်း အရေးကြီး တဲ့လျှို့ ၀ှက် မှုတွေက အများပြည်သူရှေ့မှောက်ကို အော်တိုမစ် တစ် ဆက်လက် ထွက်ပေါ်လာမှာပါ ဟု သူအဖမ်းမခံသေးခင် ပြုလုပ်သော ဂါဒီယန်း သတင်းစာ၏ အမေးအဖြေ ကဏ္ဍတွင် သူက ဖြေ ကြား ခဲ့သည်။ onislam
Leave a Reply
You must be logged in to post a comment.