သြဂုတ် ၃၊ ၂၀၁၉
M-Media

-ဆီးရီးယားနဲ့ အီရတ်တို့မှာ နယ်မြေတွေ ဆုံးရှုံးသွားပေမယ့် IS အကြမ်းဖက်အဖွဲ့ဟာ ကမ္ဘ္ဘာကြီးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲပဲလို့ အမေရိကန် အာဏာပိုင်တွေက မနေ့မှာ သတိပေးလိုက်ပါတယ်။
အီရတ်မှာ ၂၀၁၇ ခုနှစ်ကတည်းက IS ကို ခြေမှုန်းနိုင်ခဲ့ပြီး၊ ဆီးရီးယားမှာလည်း အခုနှစ်အစောပိုင်းက အပြီးသတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ထောင်နဲ့ချီတဲ့ IS အဖွဲ့ဝင်တွေဟာ နှစ်နိုင်ငံစလုံးမှာ ပြန့်နှံ့နေပြီး ခြိမ်းခြောက်မှုတွေ
ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆထားကြောင်း IS နှိမ်နှင်းရေး နိုင်ငံတကာ မဟာမိတ်အဖွဲ့က အမေရိကန်သံအမတ် ဂျိမ်းစ် ဂျက်ဖရီက ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူး နသန် ဆေးလ်ကလည်း IS အဖွဲ့ခွဲတွေဟာ ကမ္ဘ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“IS အဖွဲ့ရဲ့ အဖွဲ့ခွဲတွေ၊ ကွန်ယက်တွေဟာ လက်ရှိအချိန်မှာ အာဖရိတိုက်ရဲ့ အရှေ့ပိုင်းကနေ၊
အနောက်ပိုင်းအထိ၊ တောင်ပိုင်းကနေ မြောက်ပိုင်းအထိ ပြန့်နှံ့နေပါပြီ။ ထိထိရောက်ရောက် တိုက်ခိုက်နိုင်စွမ်းတွေ မြင့်တက်လာတယ်။ ဒေသအသစ်တွေအထိ ရောက်ရှိသွားခဲ့ပြီး၊ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို အကြိမ်ကြိမ် ပစ်မှတ်ထားလာပါတယ်”
IS အကြမ်းဖက်အဖွဲ့က ခေါင်းဆောင်တွေ တိုက်ခိုက်ရေးသမားတွေ၊ ငွေကြေးထောက်ပံ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သူတွေကိုလည်း မဟာမိတ်အဖွဲ့က တရားစွဲဆိုဖို့ လိုအပ်တယ်လို့ ဆေးလ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပက ပြန်လည်လက်ခံရမယ့် IS အဖွဲ့ဝင် အရေအတွက်ဟာ ၂၅၀၀ လောက်ရှိနေတယ်လို့ ကြာသာပတေးနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပြီး လိုလိုလားလားနဲ့ လက်မခံဘူးဆိုရင် ဒီအတိုင်း ပြန်ပို့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Ref : Arab News