ဒီဇင်ဘာ ၉၊ ၂၀၂၁
M-Media
-နိုင်ငံအတွင်း အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အဆုံးသတ်သွားပြီလို့ အီရတ်နိုင်ငံက ဒီကနေ့မှာ ကြေငြာပါတယ်။
စစ်ရေးလှုပ်ရှားမှု အဆုံးသတ်ပြီး အီရတ်တပ်ဖွဲ့ကို အကြံပေးတဲ့ တာဝန်သာ ဆောင်ရွက်ပေးဖို့ အမေရိကန်နဲ့ဆွေးနွေးမှု ပြီးဆုံးသွားတဲ့အချိန်မှာ အီရတ် အမျိုးသားလုံခြုံရေးအကြံပေး ကာစင် အလ်-အရဂျ်က Twitter စာမျက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
“မဟာမိတ်အဖွဲရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အဆုံးသတ်ပြီလို့ တရားဝင်ကြေငြာလိုက်ပါတယ်။ လေ့ကျင့်သင်ကြားရေး၊ အကြံပေးရေးနဲ့ စွမ်းရည်မြှင့်တင်ရေးတွေမှာတော့ နိုင်ငံတကာမဟာမိတ်အဖွဲ့နဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမှာပါ”
အီရတ်ရဲ့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမေရိကန်ဖက်က တုန့်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် နှစ်ကုန်မှာ အီရတ်က စစ်ရေးလှုပ်ရှားမှုအားလုံး အဆုံးသတ်မယ်ဆိုတဲ့ ကတိကဝတ်ကို စောင့်ထိန်းမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက မနေ့မှာ ထုတ်ပြန်ပါတယ်။
ဘဂ္ဂဒတ်က ဆွေးနွေးပွဲကိုတက်ခဲ့တဲ့ ကာ့ဒ်တပ်ဖွဲ့က ဗိုလ်မှူးချုပ် ဟဇ်ဟာ အစ္စမာအီလ်က စစ်ရေးလှုပ်ရှားမှု အခုနှစ်ကုန်မှာ အဆုံးသတ်မယ်ဆိုတဲ့ ကတိကဝတ်ကို အကောင်ထည်ဖော်ဖို့ အဆင်သင့် ဖြစ်နေတဲ့အကြောင်း ဟာမိတ်အဖွဲ့က ပြောခဲ့တယ်လို့ ဆိုပါတယ်။
‘အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲ’ ခေါင်းစဉ်နဲ့ အီရတ်ကို အမေရိကန်က ၂၀၀၃ ခုနှစ်မှာ ကျူးကျော်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အီရတ်က အမေရိကန်စစ်သားအရေအတွက်ဟာ ၂၀၀၇ ခုနှစ်မှာ ၁ သိန်း ၇ သောင်းအထိ ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြန်လျှော့ခဲ့ကာ လက်ရှိမှာတော့ အမေရိကန်စစ်သား ၂၅၀၀၊ မဟာမိတ်စစ်သား တစ်ထောင်လောက်သာ ကျန်ရှိပါတယ်။
Ref: Aljazeera
Comments