News @ M-Media

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးတပ်ဖွဲ့များ ထိခိုက်သေဆုံးမှု ရှိလာ

အောက်တိုဘာ ၃၊ ၂၀၂၄
M-Media

(ဓာတ်ပုံ – လက်ဘနွန်တောင်ပိုင်းမှ အစ္စရေး၏ တိုက်ခိုက်မှု)

-လက်ဘနွန်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ၂ ရက်စတင်တဲ့ အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ထိတွေ့မှုဖြစ်ကာ အစ္စရေးဖက်က ထိခိုက်သေဆုံးမှုတွေ ရှိလာတယ်လို့ သိရပါတယ်။

အနည်းဆုံး အစ္စရေးစစ်သား ၈ ဦးကို ဟစ်ဇ်ဘိုလာက သုတ်သင်နိုင်ခဲ့ပြီး၊ Merkava တင့်ကား ၃ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်သေဆုံးသူတွေကို အစ္စရေးစစ်ဖက်ရဟတ်ယာဥ်နဲ့ သယ်ထုတ်သွားတာကိုလည်း မီဒီယာတွေက ဖော်ပြပါတယ်။

အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းကို လေကြောင်းရော၊ ကြည်းကြောင်းနဲ့ပါ ကျူးကျော် တိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့၀င်တွေကို ချေမှုန်းနိုင်ခဲ့တယ်လို့ အစ္စရေးဖက်က ထုတ်ပြန်ပါတယ်။

Ref: Aljazeera