မေ ၁၄၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ အင်းစိန်မြို့နယ် ကမ်းနားလမ်းအလယ်ရပ်ကွက် လှိုင်မြစ်လမ်းတွင် ဦးလှထွေး လက်သမား ဆိုသူ အသက် (၄၇) နှစ်သည် ဒေါ်ခင်မြအေး၏ အိမ်အနောက်ဘက်တွင် ဂိုဒေါင်ဆောက်ရန် တိုင်ကီပေါ်တက်၍ တန်းရိုက်နေစဉ် ဓာတ်လိုက်၍ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဦးလှထွေးသည် ဒေါ်ခင်မြအေး၏ အိမ်အနောက်တွင် တိုင်ကီဆောက်ရန်အတွက် ၁၄၀၀ အချိန် သံတိုင်အား တိုင်ကီအပေါ်တက်၍ တန်းရိုက်နေစဉ် ကျောက်စက် (ဂလိုင်နာ) အားမီးသွယ်တန်းထားသည့် လျှပ်စစ်ကြိုးမှာသံတိုင်နှင့်ထိမိပြီး ဓါတ်လိုက်မှုဖြစ်ပွား၍ တိုင်ကီပေါ်မှ ပတ်လက်လှန်ကျကာ ဦးခေါင်းနှောက်စေ့ ပေါက်ပြဲဒဏ်ရာ(၁)ချက် ရရှိ၍ လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ခဲ့စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။
၎င်းသေဆုံးမှုသည် ဓမ္မတာအတိုင်းသေဆုံးရခြင်း ဟုတ်မဟုတ်သိရှိစေရန် အင်းစိန်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂၄/၁၄)ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
Author: YinYin
-
တိုင်ကီပေါ်တက်၍ တန်းရိုက်နေစဉ် လူတစ်ဦးဓာတ်လိုက်သေဆုံး
-
ဒလမြို့နယ် သောက်ရေရှားပါးမှုအတွက် ကုသိုလ်ဖြစ် ပါဝင်နိုင်
မေ ၁၅၊ ၂၀၁၄
M-Media
K Kရန်ကုန် ။ ။ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်တွင် သောက်ရေရှားပါးခြင်းနှင့် ကြုံတွေ့နေရသည့်အတွက် စေတနာရှင်များ စုပေါင်း လှူဒါန်းမည်ဖြစ်ပြီး စုပေါင်း ပါဝင် လှူဒါန်းနိုင်ကြကြောင်း သိရသည်။
သောက်ရေလှူဒါန်းခြင်းအတွက် ကုသိုလ်ဖြစ် အလှူရှင်များ လှူဒါန်းခြင်းကို မေလ ၉-ရက် နေ့ ညနေ ၆း၁၅ နာရီအချိန်တွင် လှူဒါန်းနေကြသဖြင့် ဆက်သွယ် မေးမြန်းစုံစမ်းရာ ယခုကဲ့သို့ သောက်ရေရှားပါးခြင်း ဒုက္ခနှင့် ရင်ဆိုင်နေရသူများကို လှူဒါန်းလိုသည့် ကုသိုလ်ရှင်နှင့် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းအောက်လမ်းတွင် Alpine သောက်ရေသန့် ဆိုင်ခွဲ ဖွင့်လှစ်ထားသည့် ဆိုင်မှ ကုသိုလ်ရှင်တို့အတူ ရပ်ကွက်အရောက် ကုသိုလ်ပြုဝန်ဆောင်မှု ပေးနေကြောင်းနှင့် လှူဒါန်းလိုပါက ဖုန်းနံပါတ် 01-251441, 09-73002160, 09-421013349 သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
-
မ.မ.လ ဌာနချုပ်မှ အစ္စလာမ့်သာသနာ စာပေမှတ်ကျောက် တင်ပြိုင်ပွဲ ကျင်းပ
မေ ၁၄၊ ၂၀၁၄
M-Media
လမင်းမွတ်စလင်လူငယ်များ အစ္စလာမ့်သာသနာ အသိပညာတိုးပွားစေရန် မ.မ.လ ဌာနချုပ်မှ အစ္စလာမ့်သာသနာ စာပေမှတ်ကျောက် တင်ပြိုင်ပွဲကျင်းပ
ရန်ကုန် ။ ။ မွတ်စလင်လူငယ်များ အစ္စလာမ့်သာသနာ အသိပညာများ တိုးပွားစေရန်၊ ရှာဖွေလေ့လာလိုသော စိတ်များထက်သန်စေရန် အတွက် မ.မ.လ ဌာနချုပ်မှ ဦးစီးပြီး အစ္စလာမ့်သာသနာ စာပေမှတ်ကျောက်တင်ပြိုင်ပွဲတစ်ရပ်ကို မေလ ၁၃ ရက်နေ့က ရန်ကုန်မြို့ မွတ်စလင် အမျိုးသမီးသာသနာ့ ရိပ်သာတွင် ပြုလုပ်ကျင်းပ ခဲ့သည်။
“ကျွန်တော်တို့က အဓိကတော့ အစ္စလာမ့် အသိပညာတွေကို ပြန့်ပွားစေချင်တာပါ။ ဘက်ပေါင်းစုံ ကဏ္ဍစုံကနေ ယှဉ်ပြိုင်တာပါကလေးတွေက ခေတ်ပညာတွေ သင်ရင်းပဲ အချိန်ကုန်နေကြတယ်။ အခုလို ယှဉ်ပြိုင်နိုင်အောင် ကလေးတွေကျောင်းပိတ်ရက်မှာ ပြုလုပ်ပေးတာပါ။ ဒေသပေါင်းစုံက အစ္စလာမ် အချင်းချင်းလည်း ဒီပွဲလေးမှာတွေ့နိုင်အောင် အနယ်နယ် အရပ်ရပ်ကယှဉ်ပြိုင်နိုင်အောင်ပြုလုပ်ပေးထားပါတယ်” ဟု မ.မ.လ အဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ထွန်းကပြောကြားခဲ့သည်။်
ကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ် သရဇ္ဈာယ်မှု၊ အူရ်ဒူတေး ကဗျာ၊ မြန်မာတေး ကဗျာ၊ ဟောပြောမှုပြိုင်ပွဲ တို့ကို ယှဉ်ပြိုင်မှုများပြုလုပ်ခဲ့သည်။ ဘာသာပေါင်းစုံချစ်ကြည်ရေး၊ စည်းလုံးညီညွတ်ရေးကို ထိပါးစေသော အပြောအဆိုများကိုရှောင်ကြဉ်ရမည်ဖြစ်ပြီး မြန်မာတေးကဗျာ ရွတ်ဆိုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော တေးသွားများကို ယှဉ်ပြိုင်ခွင့်မပြုသည့် စည်းကမ်းချက်များကို သတ်မှတ်ထားသည်။
၎င်းပြိုင်ပွဲမျိုးကို နှစ်စဉ်နှစ်တိုင်းပြုလုပ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်မြောက်သည် ၁၅ ကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်များ ကိုလည်း မေလ ၁၈ ရက်နေ့တွင် ဆုပေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ -
ရန်ကုန်မြို့တွင် ယာဉ် မရပ်ရ လမ်းများ ထပ်မံ တိုးမြှင့်မည်
မေ ၁၃၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ ရန်ကုန်မြို့တွင် မရပ်ရလမ်းများ ၁၀ လမ်းနီးနီး ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောခဲ့သည်။
ယာဉ်ကြော ရှင်းလင်းစေရန်အတွက် ယခင်က မရပ်ရလမ်း ၆၇ လမ်း သတ်မှတ်ထားသော်လည်း အဲ့ဒီလမ်းတွေနဲ့စပ်ဆက်နေတဲ့ လမ်းတွေကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကအခု လမ်း ၁၀ လမ်းလောက် ထပ်တိုးသတ်မှတ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နောက်တိုးမဲ့လမ်းတွေထဲမှာ ဆက်စပ်တဲ့လမ်းတွေပါနေတယ်။ စပ်ဆက်လမ်းတွေကြောင့် ကားတွေပိတ်နေရခြင်းဖြစ်ပြီး ထိုစပ်ဆက်လမ်းများကို ဦးစားပေးသတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်ကြောပိတ်ဆို့မှုများကင်းစေရန်အတွက် ၂၀၁၃ မှစတင်ကာ ၆ လမ်းသွားလမ်းမကြီး ၂၆ လမ်းကို ယာဉ်မရပ်ရနေရာအဖြစ် သတ်မှတ်ထားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ထပ်မံတိုးမြှင့်ခဲ့ရာ ၆၇ လမ်းထိရှိခဲ့သည်။ ယခု ၁၀ လမ်းထပ်မံတိုးမြှင့်မည်ဆိုပါက ရန်ကုန်မြို့တွင်ယာဉ်မရပ်ရနေရာ ၇၇ လမ်းထိရှိလာမည်ဖြစ်ပါသည်။ -
ရာဇာမင်း ခရီးသည်တင် ယာဉ်တိမ်းမှောက်မှု ခရီးသွား အာမခံကြေးပေးအပ်
မေ ၁၄၊ ၂၀၁၄
M-Media
K Kဓါတ်ပုံ – ရဲဇာနည်အင်တာနက် စာမျက်နှာ နေပြည်တော် ။ ။ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၉၇/၆ တွင် မေလ ၁၂-ရက်ညနေ ၆း၄၅-နာရီခန့်က ရာဇာမင်း ခရီးသည်တင် တိမ်းမှောက်ခဲ့မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရသူများ အတွက် ခရီးသွား အာမခံလျော်ကြေး ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁-နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ခရီးသွား အာမံကြေးပေးအပ်ပွဲသို့ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယ ၀န်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ထမ်းများ၊ နေပြည်တော်ကောင်စီဝင် ဦးစောလှ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် သိန်းဦး၊ အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်း၊ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (နေပြည်တော်) ဥက္ကဌ ဦးဝင်းဆွေနှင့် မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူများနှင့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံး ဒဏ်ရာရသူများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ခရီးသွားအာမခံလျော်ကြေးငွေကျပ်သိန်း (၆၃၀)၊ အသက်ဆုံးရှုံးသူများအတွက် ရာဇာမင်း မော်တော်ယာဉ်လိုင်းမှ ပေးအပ်သည့် ကရုဏာကြေး ကျပ်သိန်း (၂၀၀)တို့ကို တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ပြီး အမြန်လမ်း ရဲတပ်ဖွဲ့ ရဲမှူးကြီးနေ၀င်းက အဝေးပြေး လမ်းမကြီး လုံခြုံရေး စီမံထားရှိမှု ကြိုတင် ကာကွယ်မှုများ အကြောင်းအား ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
Image via-Master Gyi FB ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ယာဉ်မတော်တဆမှုများ မြင့်တက်လျှက်ရှိပြီး ပညာရှင်များအကြား လမ်းအရည်အသွေးနှင့် ပတ်သက်ပြီး ဝေဖန်မှုများ မြှင့်တက် လျက်ရှိသည်။ သို့သော် ယခု ယာဉ်မတော်တဆမှုတွင် လူမျိုးရေးဘာသာရေး မုန်းတီးမှုများ မြင့်တက်လာစေရန် ဆိုရှယ်မီဒီယာတွင် လှုံဆော်ေ၇းသားမှုများကို တွေ့ရှိရပါသည်။
ကိုးကား – ရဲဇာနည်