News @ M-Media
Author: YinYin
  • စက်တင်ဘာ ၂၄၊ အားကစားသတင်းများ
    စက်တင်ဘာ ၂၄၊ အားကစားသတင်းများ
    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    မန်ယူပြန်လာမည်ဟု ဗီဒစ်ဆို
    မန်ချက်စတာ ယူနိုက်တက်အသင်း၏ နောက်ခံလူဖြစ်သူ ဗီဒစ်က မန်စီးတီးအသင်းအား ၄-ဂိုး ၁-ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အသင်း၏ကစားပုံမှာ ညံ့ဖျင်းခဲ့သော်လည်း လာမည့် လီဗာပူးလ်အသင်းနှင့်ပွဲတွင် နည်းပြနှင့် ကစားသမားများမှာ အမှားများအား ပြန်လည် ပြင်ဆင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
    သိုသော်လည်း နည်းပြအား အပြစ်တင်ရန်မသင့်ဟု ထင်မြင်သည့် ဗီဒစ်က “ဒါဘီပွဲမှာ ရှုံးတာဟာ ဆိုးရွားပါတယ်။ ပြီးတော့နာလည်း နာကျင်စရာပါ။ ဒါပေမယ့်ဘယ်သူမှ ဒါကိုမှတ်မထားချင်ပါဘူး။ နိုင်တာ ရှုံးတာကိစ္စမရှိပေမယ့် နည်းပြကြောင့်လား။ ကစားသမားကြောင့်လား ဆိုတဲ့မေးခွန်းကို အမြဲတမ်းမေးကြပါတယ်။ ကျွန်တော်ကတော့ ဒီလိုမမြင်ပါဘူး။ မန်ယူဟာသမိုင်းရှိတဲ့အသင်းပါ။ ကစားသမားတွေဟာလည်း နိုင်ငံ့လက်ရွေးစင်တွေဖြစ်ပြီး ဆုဖလားများစွာရရှိခဲ့သူပါ။ ဒီအရှုံးက နာကျင်စေခဲ့ပါတယ်။ ဒါပေမယ့် နည်းပြအဟောင်းရော၊ နည်းပြအသစ်ပါ ပြောတဲ့စကားကတော့ နောက်ပွဲမှာ အကောင်းဆုံးနဲ့ အနိုင်ကစားဖို့ လိုတယ်ဆိုတာပါပဲ” ဟု Sky Sports သို့ ပြောကြားခဲ့သည်။
    goal
    ____________________
    နာပိုလီနှင်ပွဲတွင် ပြုမူခဲ့သည့် အပြုအမူကြောင့် ဘာလော့တယ်လီ ပွဲစဉ် ၃-ခု ပယ်ခံရ
    အေစီမီလန်အသင်း၏ တိုက်စစ်မှူး ဘာလော့တယ်လီမှာ နာပိုလီအသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပြသခြင်းခံခဲ့ရသည့် အနီကတ်ကြောင့် ၃-ပွဲ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်ဟုသိရသည်။ ထို့ကြောင့် လာမည့်သီတင်းပတ်တွင် ကစားမည့် ဂျူဗင်တပ်စ်အသင်းနှင့် ပွဲစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ပေ။ ဘာလော့တယ်လီမှာ နာပိုလီအသင်းနှင့်ပွဲစဉ် အပြီးတွင် ဒိုင်လူကြီးအား ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့သောကြောင့် ဒုတိယအကြိမ် အ၀ါကတ် ပြသခြင်းခံခဲ့ရသည်။
    “ပြိုက်ဘက်တွေကို သိက္ခာကျစေမှု၊ ပွဲတာဝန်ရှိသူတွေကို စောဒကတက်မှုနဲ့ ဒိုင်လူကြီးကို ခြိမ်းခြောက်စော်ကားတဲ့ အပြုအမှုတွေလုပ်တဲ့အတွက် ဒီလိုပြစ်ဒဏ်ချမှတ်လိုက်တာပါ” ဟု အီတလီဘောလုံးအဖွဲ့ချုပ်၏ တရားသူကြီးက ဆုံးဖြတ်ချက်နှင့်ပက်သက်ပြီး ပြောကြားခဲ့သည်။
    goal
    ____________________
    ရှဝိုင်းစတိုင်ဂါမှာ ဘိုင်ယန်အတွက် အသက်ဖြစ်လာသည်ဟု ရော်ဘင်ဆို
    ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်လူ အာဂျန်ရော်ဘင်က အသင်းဖော် ရှဝိုင်းစတိုင်ဂါနှင့် ဖိလစ်လမ်းတို့အား ချီးကျူးပြောဆိုလိုက်သည်။ ရှဝိုင်းစတိုင်ဂါမှာ ဒဏ်ရာကြောင့် အသင်းမှ အနားယူနေရသူဖြစ်ပြီး ဒဏ်ရာသက်သာကာ အသင်းတွင် ပြန်လည်ပါဝင်လာခြင်းမှာ ဘိုင်ယန်အတွက် အရေးပါသည်ဟု ရော်ဘင်က ခံစားနေရသည်။ ရှဝိုင်းစတိုင်ဂါမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ချယ်ဆီး၊ ဟန်နိုဗာအသင်းတို့နှင့် ကစားခဲ့သည့်ပွဲများတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိပဲ စီအက်စ်ကေအေ မော်စကိုအသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် မိနစ်-၂၀ ပါဝင်ကစားခဲ့ပြီး ပြီးခဲ့သည်တစ်ပါတ်က ကစားခဲ့သည့် ရှော်လ်ကာအသင်းနှင့် ကစားသည့်ပွဲတွင် ပထမကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။
    “ရှဝိုင်းစတိုင်ဂါပြန်ပါလာတာဟာ ကျွန်တော်တို့ အတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ အဓိကကျတဲ့ကစားသမားတွေရှိနေပြီး ဘက်စတီယန် (ရှဝိုင်းစတိုင်ဂါ)ဟာ အဲဒီထဲကတစ်ယောက်ပါပဲ။ သူဟာ ကျွန်တော်တို့အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင်တစ်ယောက်ပါ။ ပြီတော့ ရှော်လ်ကာကို ၁-ဂိုး ဂိုးမရှိနဲ့နိုင်တဲ့ပွဲမှာ သူသွင်းခဲ့တဲ့ဂိုးဟာ သိပ်ကို အရေးပါပါတယ်” ဟု ရော်ဘင်က TZ သို့ပြောကြားခဲ့သည်။ ထို့ပြင် ဘိုင်ယန်အသင်းခေါင်းဆောင် ဖိလစ်လမ်းမှာ နေရာစုံကစားနိုင်ကြောင်း၊ နည်းစနစ်ပိုင်းကောင်းမွန်ပြီး ဥာဏ်ရည်ပြည့်ဝသောကစားသမားဖြစ်ကြောင်း ရော်ဘင်က ပြောကြားခဲ့သည်။
    goal
    ____________________
    KDB Korea Open အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် ရဒ်ဝန်စကာဗိုလ်စွဲ
    တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တွင်ကျင်းပခဲ့သည့် KDB Korea Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို တနင်္ဂနွေနေ့ကကျင်းပပြုလုပ်ခဲ့ပြီး ပိုလန်တင်းနစ်မယ် အဂ်နစ်ဇ်ကာ ရဒ်ဝန်စကာက ရုရှားတင်းနစ်မယ် အန်နက်စ်တာစီယာ ပက်ဗလူချင်ကိုဗာအား အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    ၂-နာရီနှင့် ၄၈-မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် နိုင်ခြေအဆင့်-၁ ရ ရဒ်ဝန်စကာမှာ နိုင်ခြေအဆင့်-၃ ရ ပက်ဗလူချင်ကိုဗာအား အကြိတ်အနယ်ကစားကာ ၆-၇(၆-၈)၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့သည်။ “ဒီပွဲဟာ တော်တော်လေးခက်ခဲတဲ့ပွဲစဉ်ပါ။ ဒါပေမယ့် ကျွန်မဟာ အရေးကြီးတဲ့ အချိန်တွေမှာ ပိုကောင်းခဲ့ပါတယ်” ဟု ရဒ်ဝန်စကာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    skysports
    ____________________
    ပြင်သစ် ပထမတန်း(PSG) ဘောလုံးအသင်းအား ပံ့ပိုးကူညီမည့် Ooredoo ကုမ္ပဏီ
    ဒိုဟာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် Ooredoo ကုမ္ပဏီသည် ပြင်သစ် ပထမတန်း ဘောလုံးကလပ် Paris Saint – Germain (PSG) ဘောလုံးအသင်းအား ပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါ ပံ့ပိုးကူညီရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူငယ်များနှင့် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီထောက်ပံ့ပေးရန် အတွက်ဖြစ်ပြီး Ooredoo ၏ လုပ်ငန်းများဆောင်ရွက်နေသည့် အရှေ့ အလယ်ပိုင်း၊ မြောက် အာဖရိကနှင့် အရှေ့တောင် အာရှနိုင်ငံများမှ လူငယ်များအတွက် ဘောလုံး လေ့ကျင့်ရေး စခန်းကျောင်း အပါအ၀င် လူ့အဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်မှု အစီအစဉ်များကို မိတ်ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
    Ooredoo ကုမ္ပဏီ အမှတ်တံဆိပ်ကို Paris Saint – Germain (PSG) အသင်း၏ တီရှပ်နောက်ကျောနှင့် လေ့ကျင့်ရေး ပစ္စည်းများပေါ်တွင် ရိုက်နှိပ်မည်ဖြစ်ပြီး အသင်း၏ လေ့ကျင့်ရေး အဆောက်အဦးကိုလည်း Ooredoo Training Center ဟု ပြောင်းလဲ ခေါ်ဆိုမည်ဖြစ်ကြောင်းလည်း သိရသည်။
    ooredoo
  • ၀ါဒဖြန့်စာများ ဧရာဝတီတိုင်းတွင် ဖြန့်ဝေနေမှုအပေါ် တိုင်းအစ္စလာမ်ကောင်စီမှ တိုင်းဝန်ကြီးချုပ်ထံ သတင်းပို့တင်ပြ
    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    သုတ
    Ayeyarwady1
    ဧရာဝတီ ။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မလိုလားအပ်သော ဘာသာရေး အမုန်းပွားမှုများဖြစ်ပေါ်စေသည့် ၀ါဒဖြန့်စာများ ဖြန့်ဝေနေမှုအပေါ် တိုင်းအစ္စလာမ်ကောင်စီမှ သတင်းပို့တင်ပြစာ စာတစ်စောင်ကို မနေ့က ၂၃-ရက်ရက်နေ့က တိုင်းဝန်ကြီးချုပ်သို့ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ ၀ါဒဖြန့်စာများသည် ဘာသာရေး၊ လူမျိုးရေး အချင်းချင်း စိတ်ဝမ်းကွဲပြားပြီး မလိုမုန်းတီးမှုများ ပိုမို ဖြစ်ပေါ်စေသည့် ရေးသားချက်များ ပါရှိနေပြီး ဓမ္မဒါန အမည်ခံ၍ ဖြန့်ဝေနေသောကြောင့် တာဝန်ရှိသူများမှ တားဆီး ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပေးပို့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
     Ayeyarwady
  • မက္ကာမြို့သို့ ဟာ့ဂ်ျ သွားရောက်မည့် ဟာဂျီလောင်းများအား မွမ်းမံသင်တန်းပေး
    မက္ကာမြို့သို့ ဟာ့ဂ်ျ သွားရောက်မည့် ဟာဂျီလောင်းများအား မွမ်းမံသင်တန်းပေး
    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    KK
    ၀၁၂ ခုနှစ် က ဟာဂ်ျ သွားရောက်ခဲ့သည့် မြန်မာမွတ်စလင်မ် ဟာဂျီများ
    ရန်ကုန် ။ ။ ယခု ၂၀၁၃-ခုနှစ်တွင် မက္ကာမြို့သို့ ဟာ့ဂ်ျသွားရောက်ကြမည့် ဟာဂျီလောင်းများအနေဖြင့် ခရီးစဉ်တွင် လွယ်ကူမှုရှိစေရန်အတွက် မွမ်းမံသင်တန်းများကို ဟာဂ်ျကူညီရေးအဖွဲ့ချုပ်မှ စက်တင်ဘာလ ၂၁-ရက်နေ့မှ ၃၀-ရက်နေ့အထိ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
    ဟာဂ်ျကူညီရေးအဖွဲ့ချုပ်တွင် ဟာဂ်ျနှင့်ပတ်သက်သည့် စည်းကမ်းချက်များ၊ ဟာဂ်ျလုပ်ဆောင်ချက်များ၏ ကြီးမြင့်မှုနှင့်အကျိုးတရားများကိုလည်း ရှင်းလင်းပြောပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားမှုများကို မနေ့က နေ့လည် ၂-နာရီမှ ၄-နာရီထိ ပြုလုပ်ခဲ့ကြောင်းသိရသည်။
    ယခုကဲ့သို့ မွမ်းမံသင်တန်းများ ပြုလုပ်ရခြင်းမှာ ဟာဂ်ျသွားရောက်မည့် ဟာဂျီလောင်းများ လွယ်ကူစေရန်နှင့် အခက်အခဲနည်းနိုင်သမျှ နည်းပါးစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဟာဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ်မှ ရုံးအဖွဲ့မှူး ဟာဂျီဦးသိန်းဦးမှ ပြောပြခဲ့ပါသည်။
    မနေ့ကပြုလုပ်သော ဟာဂျီလောင်းများအတွက် မွမ်းမံသင်တန်းသို့ တက်ရောက်သူ (၁၂၀)ခန့်ရှိကြောင်းနှင့် ဟာ့ဂ်ျကူညီရေးအဖွဲ့ချုပ်ရုံးသည် အမှတ်(၇)၊ ဒုတိယထပ်(ယာ)၊ ဒေါ်သိန်းတင်လမ်း၊ ကန်/ရှေ့ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရှိကြောင်းလည်း သိရပါသည်။
  • အခြေခံ အဆောက်အအုံများ ပူပေါင်းတည်ဆောက်ရေး ပရောဂျက် မြန်မာ နှင့် ဂျပန် သဘောတူချက် ရရှိ
    အခြေခံ အဆောက်အအုံများ ပူပေါင်းတည်ဆောက်ရေး ပရောဂျက် မြန်မာ နှင့် ဂျပန် သဘောတူချက် ရရှိ
    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    ဓါတ်ပုံအညွှန်း- ၂၀၁၃ ခုနှစ် မေလ နောက်ဆုံးအပတ်တွင် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သာ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးနှင့် မြန်မာဒီမိုကရေစီ ခေါင်းဆောင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံစဉ်က
    ဓါတ်ပုံအညွှန်း- ၂၀၁၃ ခုနှစ် မေလ နောက်ဆုံးအပတ်တွင် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သာ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးနှင့် မြန်မာဒီမိုကရေစီ ခေါင်းဆောင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံစဉ်က
    ယခင်က ပြုလုပ်ခဲ့သည့် နိုင်ငံအတွင်း အခြေခံအဆောက်အဦးများ ဆောက်လုပ်ရေး ပရောဂျက်အား ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ သဘောတူညီမှု ရရှိခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများက ဒီကနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုပရောဂျက်တွင် သီလ၀ါနှင့် ထားဝယ် အထူးစီးပွားရေးဇုံ ဆောက်လုပ်ခြင်းများ၊ ရန်ကုန်-နေပြည်တော်-မန္တလေး ရထားလမ်းဖောက်လုပ်မှု လုပ်ငန်းနှင့် တံတားဦးလေဆိပ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ်ပြီး
    မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ဂျပန်အထက်လွှတ်တော်အမတ် အီရီကိုယာမာတာနီနှင့် သမ္မတဦးသိန်းစိန်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ် သဘောတူညီခဲ့ခြင်းဖြစ်သည်။
    ယာမာတာနီ ဦးဆောင်သည့် ဂျပန်အထက်လွှတ်တော်အမတ်များပါဝင်သည့် ဖွံ့ဖြိုးမှု ကူညီထောက်ပံ့ရေးအဖွဲ့(ODA)သည် ယမန်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ အနာဂတ် မျှော်လင့်ချက်ကို သုံးသပ်ရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကူညီရန် လာရောက်ခြင်း ဖြစ်သည်ဟု သိရသည်။ ထို့ပြင် မြန်မာနိုင်ငံသို့ လာမည့်နှစ်ဇွန်လတွင် အမေရိကန်ဒေါ်လာ သန်း-၅၀ ချေးငွေသစ် ပေးရန်လည်း ကတိပြုခဲ့သည်။ ဂျပန်နိုင်ငံသည် ရန်ကုန်မြို့ရေပေးဝေရေး စနစ်နှင့် ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများတွင်လည်း ကူညီလျက်ရှိသည်။
    Ref : xinhuanet,
  • ပြင်သစ် ပထမတန်း(PSG) ဘောလုံးအသင်းအား ပံ့ပိုးကူညီမည့် Ooredoo ကုမ္ပဏီ
    ပြင်သစ် ပထမတန်း(PSG) ဘောလုံးအသင်းအား ပံ့ပိုးကူညီမည့် Ooredoo ကုမ္ပဏီ
    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    20130912_Ooredoo-Announces-Sponsorship-of-Paris-Saint-Germain
    ဒိုဟာအခြေစိုက်  ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Ooredoo ကုမ္ပဏီသည် ပြင်သစ် ပထမတန်း ဘောလုံးကလပ် Paris Saint – Germain (PSG)  ဘောလုံးအသင်းအား ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါ ပံ့ပိုးကူညီရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူငယ်များနှင့် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီထောက်ပံ့ပေးရန် အတွက်ဖြစ်ပြီး Ooredoo ၏ လုပ်ငန်းများဆောင်ရွက်နေသည့် အရှေ့ အလယ်ပိုင်း၊ မြောက် အာဖရိကနှင့် အရှေ့တောင် အာရှနိုင်ငံများမှ လူငယ်များအတွက် ဘောလုံး လေ့ကျင့်ရေး စခန်းကျောင်း အပါအ၀င် လူ့အဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်မှု အစီအစဉ်များကို မိတ်ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
    Ooredoo ကုမ္ပဏီ အမှတ်တံဆိပ်ကို Paris Saint – Germain (PSG) အသင်း၏ တီရှပ်နောက်ကျောနှင့် လေ့ကျင့်ရေး ပစ္စည်းများပေါ်တွင် ရိုက်နှိပ်မည်ဖြစ်ပြီး အသင်း၏ လေ့ကျင့်ရေး အဆောက်အဦးကိုလည်း Ooredoo Training Center ဟု ပြောင်းလဲ ခေါ်ဆိုမည်ဖြစ်ကြောင်းလည်း သိရသည်။
    Ref : ooredoo