News @ M-Media

Category: ဦးရာဇတ်

  • အမည်မခံလိုသူ စာရေးဆရာကြီး သို့မဟုတ် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်

    တင်နိုင်တိုး(weekly Eleven)

    အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်

    ဆရာကြီးဦးရာဇတ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေစဉ် ၁၉ ဇူလိုင် ၁၉၄၇ တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူကျဆုံးခဲ့ရသော အာဇာ နည်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်ပါသည်။ဆရာကြီးသည် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သော်လည်း မြန်မာမှု ဓလေ့ထုံးစံ၊ မြန် မာစာပေတို့အပေါ်၌ လေးစားမြတ်နိုးသူဖြစ် ပါသည်။ မန္တလေးဗဟိုအမျိုးသားအထက် တန်းကျောင်းတွင် နှစ်ပေါင်းများစွာ ကျောင်း အုပ်ဆရာကြီးအဖြစ်အမှုထမ်းခဲ့သည့်နည်း တူအထက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖဆပလ အဖွဲ့ဥက္ကဋ္ဌတာဝန်ကိုလည်း ယူခဲ့ဖူးပါသည်။ဗိုလ်ချုပ်နှင့်အတူလုပ်ကြံခံခဲ့ရစဉ်က ပညာ ရေးနှင့်အမျိုးသားစီမံကိန်းဌာန၀န်ကြီးအဖြစ် တာဝန်ယူနေဆဲ ဖြစ်ပါသည်။

    ဆရာကြီးကို အာဇာနည်ခေါင်းဆောင် ကြီးတစ်ဦးအဖြစ်သိရှိကြသော်လည်း အမည်မဖေါ်လိုသူ စာရေးဆရာကြီးတစ်ဦးအဖြစ်မူ လူသိနည်းပါးလှပါသည်။

    စာပေ၀ါသနာ
    ဆရာကြီးဦးရာဇတ်ကို ၂၀ ဇန် န၀ါရီ ၁၈၉၈ တွင် မိတ္ထီလာမြို့၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ အငြိမ်းစားအင်စပက်တော် မစ္စတာအေရာမန်နှင့်ဒေါ်ငြိမ်းလှတို့ဖြစ်ကြ ပါသည်။မန္တလေးဝက်စလီယောက်ျား ကလေးကျောင်းမှ ဆယ်တန်းကိုပါဠိ၊ အင်္ဂ လိပ် ဘာသာဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့ပြီး နောက်ရန်ကုန်ကောလိပ်သို့ရောက် ခဲ့သည်။ ရန်ကုန်ကောလိပ်၌အင်္ဂလိပ် စာစီစာကုံးပြိုင် ပွဲတွင်ပထမရ၍ဘိုင်မြား ရွှေတံဆိပ်ဆုရရှိခဲ့ ပါသည်။ဆရာကြီးမှာ အင်္ဂလိပ်စာအရေး အသားကောင်းလွန်းလှသဖြင့် အင်္ဂလိပ် စာတိုစာများရေးသားရန် လိုအပ်တိုင်းသူ့ ထံသို့်အပူကပ်လေ့ရှိခဲ့ကြသည်။

    ဆရာကြီးသည် ကောလိပ်ကျောင်း သားဘ၀၌ပင် အိန္ဒိယနယူးတိုင်းမဂ္ဂဇင်းသို့ ရှမ်းပြည်နယ် ၃၆ ကောင်ထီအကြောင်း အင်္ဂလိပ်ဘာသာဆောင်းပါးရှည်ကြီးကို ရေး သားပေးပို့ခဲ့သည်။ ဆောင်းပါးတွင် ကြေး စန္ဒီနတ်ရုပ်နှင့်တကွအတိတ်ပေးပုံ၊ ပေါက် ကောင်၊ ကိုယ်စားလှယ်ကောင် စသည်တို့အကြောင်းကိုစိတ်ဝင်စားဖွယ် အသေးစိတ်ဖော် ပြရေးသားထားရာ မဂ္ဂဇင်းတိုက်၏ ဆုချီးမြှင့် ခြင်းကိုပင်ခံခဲ့ရပါသည်။

    အမျိုးသားကျောင်းအုပ်ကြီးဘဝ
    ဆရာကြီးဦးရာဇတ်သည် ၁၉၂၀ ပြည့် နှစ်တက္ကသိုလ်ကျောင်းသားသပိတ်တွင်ပါဝင် ခဲ့ပြီး ၁၉၂၁ ခုနှစ်၌ မန္တလေးဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးကို ဦးစီးဖွင့်လှစ်ခဲ့ သည်။ ကိုယ်တိုင်လည်းထိုကျောင်း၌အထက် တန်းပြဆရာဝင်လုပ်ခဲ့၏။ ၁၉၂၂ ခုနှစ်တွင် ဘီအေဘွဲ့ရရှိသောအခါ ကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့ပြီးအမျိုးသားကျောင်း၌ ကျောင်း အုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၉၄၁ ခုနှစ်အထိဖြစ်ပါသည်။

    ဆရာကြီးသည်အမျိုးသားကျောင်းအုပ်အ ဖြစ်အမှုထမ်းစဉ်အတွင်းကျောင်းပိတ်ရက်များ ၌မန္တလေးနန်းရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန်တိုက်၊ အတုမရှိတိုက်စသည့် ဘုန်း တော်ကြီးကျောင်းတိုက်များသို့ သွားရောက် ကာတိုက်အုပ်၊ တိုက်ကြပ်ဆရာတော်တို့ထံ ပါဠိစာပေများဆည်းပူးလေ့လာလေ့ရှိခဲ့၏။ မောရစ်ကောလစ်၏ စာအုပ်
    မောရစ်ကောလစ် (Maurice Collis) ရေး သားသည့် Trails in Burma(Myanmar) စာအုပ်ကို ဦးစွာဘာသာပြန်ဆိုခဲ့သူမှာ ဆရာ ကြီးဦးရာဇတ်ဖြစ်သည်။ဆရာကြီးက အခန်း တစ်ခန်းဘာသာပြန်ဆိုပြီးသောအခါမှသာ တပည့်ရင်းဖြစ်သူမအမာ(နောင်စာရေးဆရာမ ကြီးလူထုဒေါ်အမာ) အားတစ်အုပ်လုံးဆက် လက်ဘာသာပြန်ဆိုစေခဲ့ခြင်း ဖြစ်ပါသည်။

    ဆရာကြီးသည် တစ်နေ့ညနေတွင် စာအုပ်တစ်အုပ်ကိုဘယ်လက် ညှိုးခံပိတ်၍ ကိုင်ထားပြီး ညာလက်ကြား၌ ဆေးပေါ့လိပ် ကြားညှပ်ကာတပည့်မအမာ၏ အိမ်သို့ ရောက်လာ ခဲ့သည်။ ဆရာကြီးကစာအုပ်ကို ပေးလျက် မန္တလေးသူရိယသတင်းစာတွင် အမည်မခံ ဘဲ အခန်းတစ်ခန်းဘာသာပြန်ပြီး ဖြစ်ကြောင်း၊ အကယ်၍ မအမာနှစ်သက် လျှင်နာမည်ခံပြီး ဆက်လက် ဘာသာပြန် ရေးစေလိုကြောင်း ပြောကြားခဲ့သည်။ သို့ ဖြင့် မအမာ (နောင်စာရေးဆရာမကြီးလူထု ဒေါ်အမာ)က ဆက်လက် ဘာသာ ပြန်ကာ စာအုပ်အဖြစ်ရေးသားထုတ်ဝေခဲ့ပါသည်။

    ရွှေနန်းတွင်းအရေးတော်ပုံ
    ရွှေနန်းတွင်းအရေးတော်ပုံအမည်ရှိ စာအုပ်ကို မန္တလေးသူရိယသတင်းစာတိုက် က   ” ရွှေနန်းတွင်းအတ္ထုပ္ပတ္တိခေါ်လက်ထက် တော်တွင်းအဖြစ် အပျက်စာတမ်း” အမည် ဖြင့် ပထမဆုံးအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစဉ်ကစာရေးသူ၏ အမည်ကို လုံးဝဖော်ပြ ခဲ့ခြင်းမရှိပေ။ ယင်းစာအုပ်ကိုပင် ၁၉၅၉ ခု နှစ် မန္တလေးနှစ်တစ်ရာပြည့်အထိမ်းအမှတ် အဖြစ်ထပ်မံထုတ်ဝေပါသည်။ ယခုအခါ တတိယအကြိမ် ပုံနှိပ်ထုတ်ဝေပြီးဖြစ် သည်။

    မင်္ဂလာရတုပိုဒ်စုံ
    ဆရာကြီးဦးရာဇတ်သည် မင်္ဂလာရ တုပိုဒ်စုံတစ်ပုဒ်ကိုလည်းရေးဖွဲ့ခဲ့ဖူးပါသည်။ ယင်းရတုလင်္ကာမှာအောက်ပါအတိုင်းဖြစ်သည်။

    ငယ်ပေါင်းချစ်ဆွေ၊ မန်းရိပ်မြေက၊ စေ့ရေတွေးဆ၊ ချီအချဖြင့်၊ ညီမျှစေမှု၊ စုံရတုဖြင့်၊ ယခုရေးစီ၊ စာပလီကို၊ နာရီ ဖင့်လျား၊ ခွင့်မအားလည်း၊ ရင်ခြားတွေ့မူ၊ စာပေးသူ အား၊ ရေးယူကြောင်းတိတ်၊ ချစ် ကြည်စိတ်ဖြင့်၊ တဆိတ်လောက်ပင်၊ ရှုစေ ချင်သည်၊ ထိုစဉ်ငယ်သော်၊ သက်ဆယ် ကျော်က၊ နှစ်ဖော်တူကွ၊ မေတ္တာမျှ၍၊ ဒေ သကွာဝေး၊ ရှိလေသေးလည်း၊ အေးလျှင်အ တူ၊ ပူလျှင်မကွဲ၊ ရှိစမြဲဟု၊ ၀မ်းထဲပိုက်ခါ၊ ထင်မိပါ၏၊ ခုမှာတစ်ကြောင်း၊ တစ်ဇာတ် ပြောင်း၍၊ ငယ်ပေါင်းမျိုးမြတ်၊ ခင်မောင် လတ်၏၊ စုတ်သပ်ချင်ဖွယ်၊ ချစ်ကြိုးနွယ် သည်၊ ပျက်ပြယ်ထင်ရပြန်တော့သည်။

    သွယ်ပြောင်းလှစ်ချွေ၊ မှာလိုက်ပေ၏၊ ဂုဏ်ရေမကွာ၊ ထိုစဉ်ခါက၊ စာလာစာပြန်၊ စေတမန်သည်၊ ဖန်ဖန်သွယ်ဆက်၊ ရှိပါ လျက်နှင့်၊ ဖြစ်ပျက်ရပုံ၊ ကြောင်း ဥဿုံကို၊ စေ့ငုံသေချာ၊ မသိပါငဲ့၊ ထင်ရာထင်ရှား၊ ကြံ စဉ်းစားသော်၊ ရပ်ခြားနယ်ဝေး၊ မြို့မကွေး က၊ စာပေးလေတိုင်း၊ ရေလှိုင်းမြစ်ကြော၊ ၀ဲသြဃစုတ်၊ နစ်ခါမြုပ်၍၊ ငုတ်လေသလော၊ ကြံစိတ်စောလျက်၊ တွေးတောစဉ်တွင်၊ယခင် မိတ်ဦး၊ သူတထူး၏၊ အိမ်မှူးထံမှောက်၊ ဖို့ရောက်အလာ၊ လတ်၏ စာကို၊ သေချာ သိမှ၊ သတိရ၍၊ ဖြစ်ရလေကွယ်၊ ငြိုးစိတ် ငယ်သည်၊ ရှက်ဖွယ်မြင်ရပြန်တော့သည်။

    ဘယ်ကြောင်းဖြစ်ထွေ၊ မြင်ရ ချေ၏၊ ရွှေငွေစုပေါင်း၊ ရေနံချောင်းဟု၊ မြစ်ကြောင်း မို့မို့၊ မှိုင်းရည်မို့တဲ့၊ မြို့နဂရာတွင်၊ သပြာ စန်းငွေ၊ သန်းကုဋေဖြိုး၊ မှန်းခြေတိုး၍၊ အကျိုးခွင့်ပေး၊ တွင်းသူဌေး၏၊ ရင်သွေး ပိုက်ဖျား၊ပျိုနုထွားနှင့်၊စုလျားပတ်ရစ်၊ လွန် ပေါင်းကျစ်၍၊ အချစ်ဓာတ်ငွေ့၊ သူ့ရင်ငွေ့ ကြောင့်၊မေ့လေသလား၊စဉ်းစားတတ်ပေါင်၊ သို့ မောင်မောင်သည်၊ ယခေါင်ပြဇတေ့၊ စိတ်မှရွေ့လျက်၊ လိပ်မေ့ဖွတ်မေ့၊ ပတတ်မေ့ နှင့်၊မေ့အမျိုးမျိုး၊မေ့ပင်ပျိုးလည်း၊ မညှိုး မေတ္တာ၊ ရှိလျက်ပါဟု၊ ထက်ညာမန်းပျော်၊ အဆွေတော်က၊ထုတ်ဖော်ရှုဖွယ်၊ စီကုံးချယ် သည်၊ ဆက်သွယ်ခင်ရပြန်တော့သည်။

    အင်္ဂလိပ်ဆောင်းပါး
    ဆရာကြီးဦးရာဇတ်သည် မြန်မာဘာ သာ ပျို့၊ ကဗျာ၊ လင်္ကာစာပေများသာမက အင်္ဂလိပ်ဘာသာတွင်လည်း ကျွမ်းကျင်လှ သဖြင့် မျက်နှာဖြူမင်းကြီး မစ္စတာရှားမင်းက ပုလိပ်အဖွဲ့(ယခုခေတ်အခေါ်ရဲတပ်ဖွဲ့) တွင် ၀င်ရောက်အမှုထမ်းရန် ဖိတ် ခေါ်ခဲ့သည်။ အင်စပက်တော်ရာထူးတိုက်ရိုက်ခန့်အပ်မည် ဆိုခြင်းကိုပင် ငြင်းပယ်ခဲ့ပါသည်။ ဆရာကြီး ဦးရာဇတ်သည် ၁၉၄၆ခုနှစ်တွင် (နေပြည် တော်)ပျဉ်းမနားမြို့၌ ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စလင်အမျိုး သားများကွန်ဂရက်အပြီးတွင်The Cry ဂျာ နယ်၌ The Burman (Myanmar)Muslim Organization ( on account of the Formation of all Burma(Myanmar) , Burmese (Myanmar ) Muslim Congress at Pyinmana) By A. Gßazak,B.A) ဟူ၍ အင်္ဂလိပ်ဘာသာဆောင်းပါးရှည်ကြီးကို ရေး သားခဲ့သည်။

    ကျမ်းကိုး
    ၁။ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန် (မြဟန်)
    ၂။ စာရေးဆရာအမည်မခံသောစာဆိုရှင် ဦးရာဇတ် (ကျော်ဝင်းမောင်)ရတနာသစ်၊ အမှတ် (၂၂) ၁၉၉၆
    ၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၁

  • သူ့စကားများက ညွှန်းဆိုနေသည့် ဆရာကြီး ဦးရာဇတ်အကြောင်း

    သူ့စကားများက ညွှန်းဆိုနေသည့် ဆရာကြီး ဦးရာဇတ်အကြောင်း

    ကျော်မိုးအောင်

    ဆရာကြီးအကြောင်း ပုံစံအမျိုးမျိုး မှတ်တမ်းတင်ခဲ့ကြပြီးပါပြီ။ ဒီတစ်ကြိမ်မှာတော့ မနှစ်က ဆရာကြီး ဦးရာဇတ်နေ့ အခမ်းအနားအတွက် ပြင်ဆင်တုန်းက စုဆောင်း ဖြစ်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ စကားတွေကို တစ်စုတစ်စည်းတည်း ပြန်လည်ဖော်ပြလိုက်ပါတယ်။

    အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်

    ——————————————————————-

    “We don’t regard ourselves as a minority.

    We merge with the majority.…”

    “ကျွန်တော်တို့ ကိုယ့်ကိုကိုယ် လူနည်းစုလို့သဘောမထား၊

    လူများစုနှင့် ပေါင်းလိုက်တယ်။…”

    (၁၉၄၇ ခုနှစ်၊ ဇွန်လ အိန္ဒိယနိုင်ငံ မဒရပ်မြို့တွင် သတင်းထောက်တစ်ဦးက ဆရာကြီးအား မြန်မာနိုင်ငံတွင် မွတ်စလင်င်မ်လူနည်းစုတို့၏ အနေအထား မည်သို့ရှိပါသနည်းဟု မေးမြန်းစဉ် ဆရာကြီး၏ အဖြေ )

    ——————————————————————-

    “ငါတို့သည် လူမျိုးအားဖြင့် မြန်မာ၊ ဘာသာအားဖြင့် မွတ်စလင်မ်၊ နေထိုင်ရာဌာန မြန်မာပြည်၊ သယ်ပိုးရန်ကိစ္စ မြန်မာ့အကျိုး ဟူ၍ စွဲစွဲလမ်းလမ်း ကြိုးကြိုးစားစား ဆောင်ရွက်ကြရန်ဖြစ်၏။

            မြန်မာပြည်အတွင်း အယူဝါဒကွဲပြားခြင်းကို အကြောင်းပြု၍ လူမျိုးစည်းလုံးညီညွှတ်မှု၊ တိုင်းပြည်၏ တိုးတက်မှု၊ ချမ်းသာမှုတို့ကို မပျက်စီးစေရာ။ သဘောထားကြီးခြင်း၊ တိုင်းပြည်ကိုချစ်ခြင်း စသော မေတ္တာတရားတို့ဖြင့် လူမျိုးစည်းရုံးမှုကို ဖြစ်စေလျက် ငါကား သူနှင့်မတူ သီးခြားလူမျိုးဟူသော စိတ်ထားကို တိုင်းပြည်နှင့်လူမျိုးအတွက် ဖိနှိပ်ထားရာသည်။”

    (၁၉၄၁-ခု၊ မေလ ၄-ရက် နေ့ ယင်းတော်၌ ကျင်းပသည့် တတိယအကြိမ် နိုးကြားရေး ညီလာခံကြီးတွင် မြွက်ကြားသည့် အာဇာနည်ခေါင်းဆောင်ကြီး၏ မိန့်ခွန်းမှ)”

    ——————————————————————-

    ယခုခေတ်ကား ရှေးခေတ်မဟုတ်တော့ပြီ။ ယခုမင်းကား ရှေးမင်းမဟုတ်တော့ပြီ။ ယခုအုပ်ချုပ်ပုံစနစ်သည် ရှေးနည်းမဟုတ်တော့ပေ။ ငါ၏ကျေးတော်မျိုး ကျွန်တော်မျိုးများဖြစ်သော ပသီတို့သည် နိုင်ငံရပ်ခြားတိုင်းတစ်ပါးဖြစ်သော မက္ကာဟ်မြို့တော်၌ မျက်နှာငယ်ညှိုးနွမ်းချိမ့်မည်ဟု ဒေါင်းတံဆိပ်ခတ်သော ဇရပ်ကို ဆောက်လုပ်ချီးမြှင့် ပေးသနားတော်မူသော ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီး မရှိတော့ပြီ။ ယခုအုပ်ချုပ်ရေးစနစ်ကား ပသီတို့၏လိုအင်ဆန္ဒကို အစဉ်သိရှိရန် ပသီဝန်ကိုခန့်ထားသော နည်းစနစ်မဟုတ်၊ နိုင်ငံရေးခေါင်းဆောင်ကြီးများ အစဉ်သတိပေးလျက် ရှိသည့် လူမျိုးခြင်းသွေးခွဲ၍ အုပ်ချုပ်သောနည်းစနစ်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ကား လူမျိုးရေး သွေးကွဲစေမှုကို ကာကွယ်သတိပြု၍ ဆောင်ရွက်ရေးဖြစ်၏။

    (၁၉၄၁-ခု၊ မေလ ၄-ရက် နေ့ ယင်းတော်၌ ကျင်းပသည့် တတိယအကြိမ် နိုးကြားရေး ညီလာခံကြီးတွင် မြွက်ကြားသည့် အာဇာနည်ခေါင်းဆောင်ကြီး၏ မိန့်ခွန်းမှ)”

    ——————————————————————-

    ဆရာကြီးရွတ်ဆိုနေကြ ကဗျာ

    Breathes there the man,

    with soul so dead,

    Who never to himself hath said,

    “This is my own, my native land.”

    “ဒါတို့ပြည်၊ ဒါတို့မြေ” လို့ မဆိုတဲ့သူဟာ

    အသက်ရှင်လျက် ၀ိညာဉ်မဲ့နေတဲ့သူလို

    အသက်ရှင်နေပေမယ့် သေနေတဲ့သူလို

    ဘာမှ အသုံးမကျတဲ့အကြောင်း…။

    (ဗဟိုအမျိုးသားအထက်တန်းကျောင်းသားများ၏ ဦးနှောက်၊ အသည်းနှလုံးများတွင် အစဉ်အမြဲ စွဲနစ်နေအောင် ဆရာကြီးက အခါမလပ် ပြောဆို စည်းရုံးသိမ်းသွင်းပေးခဲ့တဲ့ အင်္ဂလိပ် ကဗျာလေးပါ။)

    ——————————————————————-

    “ဘာပဲလုပ်လုပ် နောက်ကလည်းမလိုက်နဲ့၊ ဘေးတိုက်လည်း ကန့်လန့်ကန့်လန့် မလိုက်နဲ့၊ ရှေ့ထိပ်က ခေါင်းဆောင် ဖြစ်အောင် ကြိုးစား။ ယုတ်စွအဆုံး ဓားပြတိုက်စားရင်တောင် ဓားပြခေါင်းဆောင်သာ ဖြစ်ပါစေ။ ဒါမှသာ ဆရာကြီးရဲ့တပည့် အမျိုးသားကျောင်းသားပီသမယ်။”

    ——————————————————————-

    “စာမေးပွဲအောင်ရုံသက်သက်နဲ့တော့ ငါ့ကျောင်းကိုမလာကြနဲ့တော့။ စာမေးပွဲအောင်ရုံဆိုရင် စိန်ပီတာတို့လို ဟိုက်စကူးကျောင်းတွေ အများကြီးရှိပါတယ်။ အဲဒီကျောင်းတွေကိုသာ သွားကြ။

    ခုချိန်မှာတိုင်းပြည်အတွက် အရေးကြီးတယ်။ မျိုးချစ်စိတ်ရှိဖို့နှင့် တိုင်းပြည်အတွက် နည်းလမ်းကောင်းတွေ ရှာဖို့ပဲ အရေးကြီးတယ်။”

    ——————————————————————-

    “မင်းတို့ BA, BSc, MA, MSc တွေ အောင်ပြီး ICS တွေ ဖြစ်လာရင် မင်းတို့အတွက် ငါ ၀မ်းသာပါတယ်၊ ဒါပေမယ့် မင်းတို့အတွက် ငါဂုဏ်မယူနိုင်သေးဘူး။

    တိုင်းပြည်အတွက် ဘယ်နေရာမှာ ဘယ်လို အနစ်နာခံပြီး ဘယ်လိုတာဝန်တွေကို ထမ်းဆောင်နေရတယ်ဆိုရင် အဲဒါအတွက် ငါ ကျေနပ်တယ်၊ဂုဏ်ယူတယ်။ အဲဒီလို တိုင်းပြည်အတွက် အနစ်နာခံပြီး လုပ်နေတာကိုသာ ငါ ဂုဏ်ယူရမှာပါ။”

    ——————————————————————-

    “တစ်ကြိမ်တစ်ခါ မှားတဲ့သူကို ပြင်ဆင်ခွင့် ပေးရမှာပေါ့။ ဒါနှင့် သူတစ်သက်လုံးအတွက် မနစ်နာစေချင်ပါဘူး။ နာမည် မပျက်စေချင်ဘူး။ သူ့ကို နားလည်အောင် သွန်သင်မယ်၊ ပြင်ချိန်ပေးမယ်၊ ပြင်စေမယ်။ ဒါအတွက်တော့ ကျောင်းက လက်ခံပေးရမယ်။ သူကြိုးစားပြီး ပြင်ဆင်သွားရင် လူတော်လူကောင်းဖြစ်မယ်။ ကျောင်းက ဂုဏ်ယူနိုင်တာပေါ့။ အဲဒီကျောင်းသားက သူ့ဓလေ့ဆိုးကို မပြင်ဘူး၊ ဆရာတွေ ပြင်မရအောင် ဆိုးနေတယ်ဆိုတော့လည်း တစ်မျိုးပေါ့လေ။”

    ——————————————————————-

    “ကဲ လူကြီးမင်းတို့… တို့ကျောင်းက သပိတ်မမှောက်တဲ့ကျောင်းသား လက်မခံဘူး။ အဲဒီတော့ ကိုယ့်မိဘထံ ပြန်ကြပေတော့။”

    ——————————————————————-

    “ငါတစ်ယောက်တည်းကို မင်းတို့ ကယ်ရာလိုက်သွားလျင် ငါ့အနေနဲ့ တစ်ကိုယ်ကောင်းကြံ၊ အဖွဲ့ကို သစ္စာဖောက်သူ ဖြစ်မယ်။ နာမည်ပျက်ချင်ပျက်ပါစေလို့ ဆုံးဖြတ်ဖို့ ငါ့စိတ်က လက်မခံဘူးကွာ။ မင်းတို့ကယ်တင်မယ့်အစီအစဉ်ကို ငါလက်မခံနိုင်ဘူး။ ငါတို့အုပ်စုအတွက် ငါအနစ်နာခံပြီး ဂျပန်တွေလုပ်သမျှ သတ်သတ်၊ညှင်းဆဲညှင်းဆဲ  ငါခံတော့မယ်။ မင်းတို့ ငါ့တစ်ယောက်အတွက်နဲ့ အသက်မစွန့်နဲ့၊ တစ်ပြည်လုံးအတွက်လုပ်ကြ။”

    (ဂျပန်ခေတ်က ဖမ်းဆီး အကျဉ်းကျခံနေရစဉ် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးဗထူးတို့၏ လျှိုဝှက်အစီအစဉ်ဖြင့် ဆရာကြီး၏တပည့်များက ဆရာကြီးအားထောင်မှ ခိုးထုတ်ကယ်တင်ရန် ကြိုးပမ်းကြစဉ်က။)

    ——————————————————————-

    ဆရာကြီးဦးရာဇတ်အား ဂုဏ်ပြု အမည်မှည့်ခေါ်ထားသော ရာဇက်ခန်းမဆောင် (မန္တလေးတက္ကသိုလ် စာကြည့်တိုက်)

    “တို့အိမ်ထောင်သက်မှာ မင်း မလုပ်မိဖို့ အချက်ကြီးနှစ်ချက်ကို သတိပြုရမယ်။ ပထမအချက်က မင်း ကျုပ်အမေကို မစော်ကားဖို့၊ ဒုတိယအချက်က ကျုပ်ကျောင်းကြီးကို မစော်ကားဖို့ပဲဖြစ်တယ်။”

    (အိမ်ထောင်ကျစ မင်္ဂလာဦးအချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်ခင်အား ပြောသည့် ဆရာကြီး၏မှာတမ်းစကား။ ဆရာကြီးသည်ကား  သူ၏ကျောင်းတော်ကြီးကို မိခင်နှင့်တစ်မျှ ထပ်တူတန်ဖိုးထားသူပင်တည်း။)

    ——————————————————————-

    “ဗိုလ်ချုပ်တို့ ငါတို့ အပါအဝင် လူကြီးပိုင်းတွေက နိုင်ငံရေး ပရိယာယ် ကျွမ်းကျင်လိမ္မာစွာနဲ့ နည်းစနစ် မှန်မှန်ကန်ကန်နဲ့ မြန်မာပြည်လွတ်လပ်ရေးရရှိဖို့အတွက် ကြိုးပမ်းနေကြပြီ၊ တစ်ယူသန် အကြမ်းဖက်နည်းတွေနဲ့ တော်လှန်ဖို့အထိ ဆန္ဒမစောသင့်ဘူးကွယ့်”

    (အင်္ဂလိပ်လူမျိုးမြင်လျင် ခဲနှင့်ထုသည်အထိ မျိုးချစ်စိတ် ပြင်းပြလွန်းလသည့် ကိုထွေးကဲ့သို့သော ကျောင်းသားလူငယ်များအား သွန်သင်သည့်စကား။ အင်္ဂလိပ်အား မိမိအတွက် နောက်ကြောင်းအန္တရာယ်လုံလုံ၊ သိက္ခာရှိရှိဖြင့် ပြနာ တစ်စုံတစ်ရာမရှိစေဘဲ လူရှေ့သူရှေ့တွင် အလဲထိုးနိုင်စေခဲ့သည့် Boxing လက်ဝှေ့ အားကစားဖြင့် မျိုးချစ် လူငယ်များအတွက်  အသေးစားတော်လှန်ရေးအခွင့်အလမ်းတစ်ရပ် ဖန်တီးပေးခဲ့သည်။)

    ——————————————————————-

    “တိုင်းပြည်မှာ လူတိုင်းလိုလို စာတတ်ရမယ်။ အင်္ဂလိပ်စာကို ပိုပြီးမှ ကျွမ်းကျွမ်းကျင်ကျင်တတ်ရမယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော် ရမယ်။ အင်္ဂလိပ်ကို ပြန်တော်လှန်မယ်ဆိုရင် သူတို့ဆီက ပညာရပ်တွေကို သူ့ဘာသာနဲ့သင်ယူပြီးမှ သူ့ကို ပြန်တော်လှန်ရမယ်”

    ——————————————————————-

    “လွတ်လပ်ရေးရပြီးလို့ အားလုံးအထိုင်ကျသွားပြီးလျင် ငါ ကျောင်းဆရာပဲ ပြန်လုပ်မှာကွ။”

    (ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး ဆရာကြီး ဦးရာဇတ်က မိမိ တပည့်များအား တွေ့ဆုံခိုက် ပြောကြားသည့်စကား)

    ——————————————————————-

    “ကျွန်တော်က အရေးမကြီးပါ။ ဗိုလ်ချုပ်နှင့် သခင်မြတို့က ပိုဆိုးပုံရတယ်။ သူတို့ကိုသာ ဂရုစိုက်ကြပါ။”

    (သေနတ်ဒဏ်ရာများဖြင့် ဝေဒနာခံစားနေရစဉ်တွင်ပင် ကိုယ်ကျိုးမငဲ့သည့် စံပြ အာဇာနည် ဆရာကြီး၏ နောက်ဆုံးစကား။)

    ကိုကျော်မိုးအောင် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇတ်နေ့ ကျင်းပမည်။

    အမျိုးသားခေါင်းဆောင်ကြီးဦးရာဇတ်၏ ဇန္န၀ါရီလ (20) ရက်တွေ့တွင်ကျရောက်မည့် (၁၁၄) နှစ်မြောက်မွေးနေ့မှစတင်၍ နှစ်စဉ် “ဆရာကြီးဦးရာဇတ်နေ့” ကျင်းပနိုင်ရေးအတွက်Myanmar Muslim Education & Cultural Society မှ ကြီးမှူးလျက် ”Sayar Gyi U Razak’s Day” ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းခဲ့ပါသည်။

    ဆရာကြီး ဦးရာဇတ်နေ့ ဖြစ်မြောက်ရေး ကော်မတီ အလုပ်အမှုဆောင် အဖွဲ့

    ဦးဆောင် နာယကကြီးများ

    • ဦးကျော်ဝင်းမောင် (၀မ်းအိုဝမ်း)၊
    • ဦးတင်မြင့် (ဆရာကြီး၏သား)
    • ဒေါ်ခင်ခင်စိန် (ဆရာကြီး၏သမီး)
    • စာရေးဆရာကြီးလူထုဦးသစ်လွင်
    • ဦးမောင်မောင်ကြီး-မန်း (စာရေးဆရာ၊သမိုင်းသုတေသီ)
    • ဦးဝင်းငြိမ်း (အလင်းတန်း၊ ရွှေအမြုတေ)
    • စာရေးဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)
    • ဆရာကြီး ဦးမောင်မောင်ကြီး (ကျောင်းအုပ်ကြီး-ငြိမ်း)
    • ဦးတင်မောင် (မြို့မ) (အမျိုးသားကျောင်း ကျောင်းသားဟောင်း)
    • ဦးတင်မောင် (နိုတြီရီပတ်ဘလစ် တရားရုံးချုပ်ရှေ့နေကြီး) (အမျိုးသားကျောင်းသားဟောင်း)
    • ဒေါ်ခင်ဝင်းမေ (ကျောင်းအုပ်ကြီး-ငြိမ်း) (အမျိုးသားကျောင်းသူဟောင်း)
    • ဦးဝင်းမောင် (ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်-ငြိမ်း၊) (အမျိုးသားကျောင်းသားဟောင်း)
    • ဦးခင်မောင်လေး (မြို့နယ်သမဦးစီးမှူး-ငြိမ်း) (အမျိုးသားကျောင်းသားဟောင်း) (ဆရာကြီး၏တူ)
    • ဦးရာစိုး (ရာစိုး-လူမှု၊ ဥက္ကဋ္ဌ- မဟာအောင်မြေမြို့နယ်စာပေနှင့်စာနယ်ဇင်း)

    အလုပ်အမှုဆောင် အဖွဲ့

    • ဥက္ကဋ္ဌ  ဒေါက်တာဦးမျိုးညွန့် (ပါမောက္ခ-ငြိမ်း၊ ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီး)
    • ဒု- ဥက္ကဋ္ဌ (၁)  ဆရာဦးညီပုလေး
    • ဒု- ဥက္ကဋ္ဌ (၂) ဒေါက်တာ ဦးမောင်မောင် (နှင်းမေတ္တာ ဆေးတိုက်)
    • ဒု- ဥက္ကဋ္ဌ (၃) ဦးတင်ဝင်းမောင် (ကီးမားတင်ဝင်း) (မြို့မကျောင်းသားဟောင်း)
    • အထွေထွေ အတွင်းရေးမှူး ဦးထွန်းလွင်ဦး (ထွန်းသင်းဘရားသား)
    • တွဲဖက် အတွင်းရေးမှူး (၁) ဆရာရွှေနောင်ရိုး
    • တွဲဖက် အတွင်းရေးမှူး (၂) ဦးနေ၀င်း (YMCA)
    • တွဲဖက် အတွင်းရေးမှူး (၃) ဦးဝင်းမောင် (ဖောင်တော်ဦးကျောင်း)
    • ဘဏ္ဍာရေးမှူး ဦးစိန်လင်း (မောင်စိန်ဝင်းနှင့်ညီများ)
    • တွဲဖက် ဘဏ္ဍာရေးမှူး ဦးခင်မောင်ဝင်း (အထက်တန်းရှေ့နေ)
    • စာရင်းစစ် (၁) ဦးဥာဏ်လင်း (ဧရာဝတီဘဏ်)
    • စာရင်းစစ် (၂) ဦးခင်မောင်ဝင်း (ဓူဝံ)

    သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ
    စာရေးဆရာမိုသျှန်း၊ ကိုခင်မောင်ထွေူး(ဂျူပီတာ)၊ ကိုမင်းမင်းလတ်၊ ကိုစိုင်းဇော်ဇော်ဝင်း
    ကိုမျိုးကိုကိုလတ်

    အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ
    ဦးတင့်ဆွေ(ခ)ဦးနေအောင်၊ ကိုကျော်မိုးအောင်၊ကိုကျော်စွာ၊ ကိုညီညီနိုင်၊ ကိုစိုးမင်း

    ဘဏ္ဍာရှာကြံရေး ဆပ်ကော်မတီ
    ဦးသန်းတင့် (ကြည်ရတနာ) ဦးစိန်ဝင်း (MSW)၊ ဦးနီထွန်း

    စည်းရုံးရေး ဆပ်ကော်မတီ
    ဦးကိုကိုကြီး (မင်းကွန်းလူအိုရုံ အတွင်းရေးမှူး –  ငြိမ်း၊ အမျိုးသားကျောင်း ကျောင်းသားဟောင်း)
    ဦးချစ်ဖူး၊ ဦးမင်းအောင်၊ ပသီဦးအေးမောင်၊ ပသီဦးလှမြင့်

    ပြည်သူ့ဆက်ဆံရေး ဆပ်ကော်မတီ
    ဦးထွန်းအောင်ကျော် (ရှေ့နေကြီး။ အမျိုးသားကျောင်း ကျောင်းသားဟောင်း)
    ဦးခင်မောင်သန်း (ရှေ့နေ)၊ ဒေါ်ခင်ခင်အေး ((ရှေ့နေ)၊  ဒေါ်ခင်ခင်ဝင်း (ခင်ခင်ဝင်း-ပညာရေး)၊ ဦးလှမြင့် (အထပြ-ငြိမ်း)

    မန္တလေးမြို့မ အထက်တန်းအမျိုးသားကျောင်း၏ ကျောင်းအုပ်ကြီးနှင့် လွတ်လပ်ရေးအကြိုခေတ်တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဆရာကြီးဦးရာဇတ်အား ဂုဏ်ပြုချီးမြှင့်လိုသောကြောင့် ဆရာကြီးနေထိုင်ကြီးပြင်းခဲ့သော မန္တလေးမြို့၌ ဆရာကြီးကိုချစ်မြတ်နိုးကြသော အလွှာစုံ၊ ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်များပါဝင်သည့် ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းထားပါသည်။

    ဖ.ဆ.ပ.လ/ ဖ.တ.ပ.လ ခေတ်တွင် မန္တလေးခရိုင် ဥက္ကဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သောဆရာကြီး ဦးရာဇတ်သည် မိတ္ထီလာမြို့တွင် မွေးဖွားခဲ့ပြီး မန္တလေးမြို့တွင် နေထိုင်ကြီးပြင်းခဲ့ကြောင်းနှင့် ပထမဆုံး အမျိုးသားကောလိပ် ဘွဲ့ရဖြစ်ကြောင်းလည်းသိရပါသည်။ ဆရာကြီးသည် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ၁၉၄၇၊ ဂျူလိုင် (၁၉)ရက်နေ့တွင် ကျဆုံးခဲ့ပါသည်။ အဆိုပါဆရာကြီး ဦးရာဇတ်နေ့တွင် ဆရာကြီးအားလေးစားဂုဏ်ပြုသောအားဖြင့်စာတမ်းဖတ်ပွဲများ၊ သမိုင်းဝင်ဓါတ်ပုံပြပွဲများနှင့် ဆုပေးပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ပါ၍ စာတမ်းဖတ်လိုသူများ၊ သမိုင်းဝင်ဓါတ်ပုံများ ပါဝင်ပြသလိုသူများ၊ အမျိုးသားကျောင်းသားဟောင်းများအနေဖြင့် “ဆရာကြီးဦးရာဇတ်နေ့” ဖြစ်မြောက်ရေး ကော်မတီသို့ 2012 ဇန္န၀ါရီလ (16) ရက်နေ့ နောက်ဆုံးထားဆက်သွယ်နိုင်ပါသည်။

    “ဆရာကြီးဦးရာဇတ်နေ့” ဖြစ်မြောက်ရေး ကော်မတီ (၀၉-၄၃၀၆၁၂၁၂၊ ၀၉-၅၁၆၂၀၆၂၊ ၀၉-၇၃၁၉၂၁၁၉၊ ၀၉-၂၀၀၉၁၁၀၊ emial: myanmarmuslim.ecs@gmail.com)

  • အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း

    အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း

    မြန်မာအာဇာနည် ဆရာကြီးဦးရာဇတ် (ခ) Mr. Abdur Razak (ခ) ဦးမောင်မောင်ကြီး (၁၈၉၈-၁၉၄၇)

    ပညာရေးနှင့် အမျိုးသားစီမံကိန်း ဌာန၀န်ကြီး ဗဟိုအမျိုးသားကျောင်း ကျောင်းအုပ်ဆရာကြီး

    ဦးရာဇတ်ကို တိုက်ပိုင်အင်စပတ်တော် မစ္စတာရှိတ်ခ်အဗ္ဗဒူရ်ရဟ်မန်နှင့် ဒေါ်ပလုတ်ခေါ် ဒေါ်ငြိမ်းလှတို့မှ မွေးဖွားသည်။ သားသမီး ၁၃-ယောက် အနက် စတုတ္ထသားဖြစ်သည်။ ဆရာကြီးကို ၁၈၉၈-ခု ဇန်န၀ါရီလ ၂၀ရက်တနင်္လာနေ့၌ မိတ္ထီလာမြို့တွင် ဖွားမြင်သည်။ မောင်မောင်ကြီး ဟူ သော အမည်ရှိသော်လည်း မတွင်ခဲ့ပါ။

    မိသားစုသည် အလုပ်တာဝန်ကြောင့် မိတ္ထီလာမြို့မှ မန္တလေးမြို့သို့ ပြောင်းရွှေ့ရသောအခါ ဆရာကြီးသည် မန္တလေးမြို့ ၀က်စလီယန် မိန်းကလေးကျောင်းတွင် သူငယ်တန်းမှစ၍ ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်း အောင်မြင်သောအခါ ၀က်စလီယန် ယောကျာ်းလေး ကျောင်းသို့ ပြောင်းရွှေ့သင်ကြားသည်။ ထူးချွန်သဖြင့် အတန်းကျော်၍ တက္ကသိုလ်ဝင်တန်းသို့တင်ပေးရသည်။ ၁၉၁၂-ခု တက္ကသိုလ်ဝင်စာမေးပွဲကို ထိုကျောင်းမှ အောင်မြင်သည်။ ၁၉၁၇-ခုနှစ် ရန်ကုန်မြို့ ကောလိပ်သိပ္ပံကျောင်းတွင် အိုင်အေ အထက်တန်းတက်နေချိန် အင်္ဂလိပ်စာစီစာကုံးပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာပထမဆုရရှိ၍ ဘိုင်မြား(Bhai Meah)ရွှေတံဆိပ်ဆု ချီးမြှင့်ခြင်း ခံရသည်။ အိန္ဒိယနိုင်ငံထုတ် New Time မဂ္ဂဇင်းတွင် ရှမ်းပြည် နယ်မှ ၃၆-ကောင်ထီ အကြောင်း ဆောင်းပါး ရေးသား ပေးပို့ခဲ့ရာပထမတန်း ဆောင်းပါးဆု ရရှိသည။် ဆရာကြီးသည် စာပေပညာတွင် ထူးချွန်ရုံမျှမက ခရစ်ကက်၊ လက်ဝှေ့၊ တင်းနစ်၊ ဘောလုံး စသည့် အားကစားများတွင် တက္ကသိုလ်က သတ်မှတ်ပေးသည့် Blue အဆင့်ရရှိသည်။ ဘောလုံးတွင် College First Eleven Player တစ်ဦးဖြစ်သည်။ (more…)

  • မန္တလေး ၁၃ဝဝ ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်

    (၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့တွင် ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်သို့ )

    (၁)

    Breathes be the man.
    With soul so dead.
    To never himself hath said th,
    This is my own,
    My native land.

    အမျိုးသား အာဇာနည်  ခေါင်းဆောင်ကြီး ဦးရာဇတ်မှ၊ မန္တလေးမြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်း ကျောင်းအုပ်ကြီးအနေဖြင့် သူ၏တပည့်များအား မကြာခဏ ရွတ်ပြလေ့ရှိသည့် ကဗျာတပုဒ်ဖြစ်သည်။ မြန်မာလို ပြန်လျှင်မူ …

    “ဒါ တို့ပြည် ဒါတို့မြေလို့ မဆိုတဲ့သူဟာ
    အသက်ရှင်လျက် ဝိဥာဉ်မဲ့နေတဲ့သူလို
    အသက်ရှင်နေပေမယ့် သေနေတဲ့သူလို
    ဘာမှ အသုံးမကျဘူး” ဟူ၍ ဖြစ်မည်။

    ဆရာကြီးသည် ဤကဗျာလေး၏ လမ်းညွှန်ချက်အတိုင်းပင်၊ သူ၏ အမျိုးသားကျောင်းသားများအား လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်။ (more…)