News @ M-Media

Category: နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်းများ

  • ဘောလီးဝုဒ် နာမည်ကျော် မွတ်စလင် ရုပ်ရှင်မင်းသားများကို အစွန်းရောက်များ စနစ်တကျ ၀ါဒဖြန့် နာမည်ဖျက်

    ဘောလီးဝုဒ် နာမည်ကျော် မွတ်စလင် ရုပ်ရှင်မင်းသားများကို အစွန်းရောက်များ စနစ်တကျ ၀ါဒဖြန့် နာမည်ဖျက်

    ဒီဇင်ဘာ ၂၉၊ ၂၂၀၁၆
    M-Medai
    11b8f8e3e1ec492eaa9d13db9f1e08dd_9
    – အိန္ဒိယက အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ တိုင်းပြည်က နာမည်ကြီး မွတ်စလင်မင်းသားတွေအပေါ် ပြည်သူလူထုက အထင်မှားအောင် ဆိုရှယ်မီဒီယာမှာ ၀ါဒဖြန့် တိုက်ခိုက်မှုတွေကို အစီအစဉ်တကျ ပြုလုပ်နေတယ်လို့ BJP ရဲ့ IT အဖွဲ့မှာ စေတနာ့ဝန်ထမ်း လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောကြားလိုက်ပါတယ်။

    BJP ရဲ့အဲဒီ IT အဖွဲ့ဟာ အထူးသဖြင့် နိုင်ငံအတွင်း ဘာသာရေးသည်းမခံနိုင်မှုတွေ မြင့်တက်လာတယ်လို့ မနှစ်က ပြောကြားခဲ့တဲ့ ဘောလီးဝုဒ်အကျော်အမော် မင်းသား အမီးရ်ခန်းကို ပစ်မှတ်ထားတာဖြစ်ပါတယ်။

    ၂၀၁၄ မှာ တောင်ပြိုကမ်းပြိုအနိုင်နဲ့အတူ ဝန်ကြီးချူပ် ဖြစ်လာတဲ့ BJP က မိုဒီအစိုးရကို ဝေဖန်ခဲ့တဲ့ ဒီမှတ်ချက်ကြောင့် ဟိန္ဒူလက်ယာစွန်းရောက်တွေက တော်တော်လေး နေမထိထိုင်မသာ ဖြစ်ခဲ့ကြပါတယ်။

    ဒီဂယက်ကြောင့် အသက် ၅၁ နှစ်အရွယ် အမီးရ်ခန်းဟာ နောက်ပိုင်းပိုင်းမှာ အိန္ဒိယ အီလက်ထရောနစ်ကုန်သွယ်ရေးလုပ်ငန်း Snapdeal ရဲ့ သံတမန်အဖြစ် ခန့်အပ်ထားမှုကို ရုပ်ခံခဲ့ရပါတယ်။

    BJP ရဲ့ ဆိုရှယ်မီဒီယာအဖွဲ့မှာ ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ်အထိ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆဒ်ဟာဗီ ခိုစ်လာက BJP ဟာ ဆိုရှယ်မီဒီယာကို အသုံးချပြီး သူတို့ကို ဆန့်ကျင်သူတွေနဲ့ ထင်ရှားတဲ့ ဂျာနယ်လစ်တွေအပေါ်မှာ ရန်ညှိုးထားတဲ့ …. လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမီးရ်ခန်းက သံတမန်အဖြစ် ဆောင်ရွက်နေတဲ့အတွက် Snapdeal ကို တစ်ကိုယ်ရေ သပိတ်မှောက်ဖို့ BJP IT အဖွဲ့ရဲ့ (အဲဒီအချိန်က) ဥက္ကဌ အာရ်ဗင်းဒ် ဂွပ်တာက မက်ဆေ့ခ်ျပို့ ညွှန်ကြားတာမျိုး ကျွန်မ သက်သေပြလို့ ရပါတယ်။ IT အဖွဲ့က မက်ဆေ့ခ်ျမျိုးဟာ ပါတီကလာပြီဆိုရင် ဒါဟာ ပါတီရဲ့ သဘောထား အလိုလိုဖြစ်လာတာပါပဲ” လို့ ဂွပ်တာက ဆိုပါတယ်။

    ခိုစ်လာရဲ့ အဲဒီပြောကြားမှုကို ဂျာနယလစ် စွာတီ ချာတူရ်ဗီဒီ ရေးသားတဲ့ I Am A Troll ဆိုတဲ့ စာအုပ်မှာလည်း ဖော်ပြထားပါတယ်။

    အမီးရ်ခန်းဟာ နိုင်ငံရဲ့ ခရီးသွားလာရေးအစီအစဉ် Incredible India ရဲ့ မျက်နှာဖုံးအဖြစ် အသုံးပြုမှုကနေလည်း ပယ်ဖျက်ခံလိုက်ရပါတယ်။ ဒါပေမယ့် အိန္ဒိယအစိုးရကတော့ နိုင်ငံအတွင်းမှာ သည်းမခံနိုင်မှုတွေ မြင့်တက်လာတယ်ဆိုတဲ့ ခန်းရဲ့မှတ်ချက်ကြောင့် ဒီလို ဖယ်ရှားလိုက်တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

    ဒါပေမယ့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဖြစ်ပြီး BJP ရဲ့ အကြီးတန်းခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ မာနိုဟာရ် ပါရီကာက ခန်းဟာ သင်ခန်းစာကောင်းကောင်းရသွားခဲ့ပြီလို့ နောက်ပိုင်း ဟောပြောပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
    76abbe9880154cd48fb03168eecd34fc_18
    ခိုစ်လာက ဆလ်မန်းခန်းနဲ့အတူ ဘောလီးဝုဒ်ရဲ့ ခန်း ၃ ဆူထဲမှာ ပါဝင်တဲ့ အမီးရ်ခန်းနဲ့ ရှာရွတ်ခန်းတို့ဟာ သူတို့ဘာပဲပြောပြော BJP ပါတီရဲ့ ပစ်မှတ်ထားခြင်းကို ခံရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    “၂၅ နှစ်လုံးလုံး ကျွန်မက သူတို့ရဲ့ဇာတ်ကားတွေကိုကြည့်ပြီး ကြီးပြင်းလာတာပါ။ ကျွန်မအတွက်တော့ သူတို့ဟာ စူပါစတားတွေပါပဲ။ သူတို့ဟာ ဘောလီးဝုဒ်ရဲ့ အတောက်ပဆုံး ကြယ်ပွင့်တွေပါ။ မိုဒီ အာဏာရပြီးနောက်ပိုင်း သူတို့တွေဟာ ပစ်မှတ်ထား ခံလာရတယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်” လို့ သူမက ဆိုပါတယ်။

    ငြင်းဆို

    BJP ရဲ့ IT အဖွဲ့က ဥက္ကဌဟောင်းဖြစ်တဲ့ ဂွပ်တာကတော့ ခိုစ်လာရဲ့ ပြောဆိုချက်တွေဟာ မဟုတ်မတရား ပြောဆိုတာတွေသာဖြစ်ပြီး BJP ဟာ ဘယ်တုန်းကမှ ဒီလို ၀ါဒဖြန့် နာမည်ဖျက်မှုတွေကို အားမပေးဘူးလို့ Indian Express ကို ပြောကြားခဲ့ပါတယ်။

    ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက သူဟာ ဆိုရှယ်မီဒီယာလုပ်ငန်းတွေကို တိုက်ရိုက်ကြီးကြပ်တယ်ဆိုတာကိုလည်း သူက ငြင်းဆိုခဲ့ပါတယ်။

    လက်ရှိ BJP IT အဖွဲ့အကြီးအကဲ အေမစ် မာလ်ဗီယာကလည်း ပါတီဟာ ဒီလိုလုပ်ရပ်တွေကို လုပ်နေတာမျိုး မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

    “အာရ်ဗင်ဒ် (ဂွပ်တာ) ဟာ တန်ဖိုးရှိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးပါ။ သူပြီးရင် အားလုံးပြီးပါတယ်။ ဒီလိုကိစ္စမျိုးတွေနဲ့ပတ်သက်ပြီး ပါတီရဲ့ဝဘ်ဆိုက်မှာ သင့်လျော်တဲ့ လမ်းညွှန်ချက်တွေကို ဖော်ပြထားတာ ရှိပါတယ်”

    နိုင်ငံရေးပါတီတွေ မဲဆွယ်ဖို့အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုမှုမှာ BJP က နိုင်ငံရေးပါတီတွေအကြားမှာ ရှေ့ရောက်နေပါတယ်။ မိုဒီဟာ ဂူဂျာရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်စဉ်ကတည်းက ဆိုရှယ်မီဒီယာတွေကို စတင်အသုံးပြုခဲ့သူဖြစ်ပြီး အိန္ဒိယမှာ ဆိုရှယ်မီဒီယာကို အစောဆုံးအသုံးပြုတဲ့ နိုင်ငံရေးသမားတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲမှာ ပါတီဟာ ဆိုရှယ်မီဒီယာက ၀ါဒဖြန့်ဖို့အတွက် နိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပမှာ စေတနာ့ဝန်ထမ်း ထောင်နဲ့ချီ လူစုခဲ့ပြီး သူတို့ကိုတော့ အခကြေးငွေယူထားတဲ့ ၀န်ထမ်း တစ်ထောင်လောက်က ကြီးကြပ်တာ ဖြစ်ပါတယ်။

    ဟိန္ဒူကာကွယ်ရေး လိဂ် (HDL) တို့လို BJP ကို ထောက်ခံတဲ့သူတွေဟာ လူနည်းစုဆန့်ကျင်ရေး မှတ်ချက်တွေကို ပေးတယ်လို့ စွပ်စွဲချက်တွေရှိခဲ့ကြောင်း မာလ်ဗီယာက ပြောကြားခဲ့ပါတယ်။

    “သူတို့နဲ့ဆိုင်တဲ့သူကို မေးကြည့်ဗျ။ ကျွန်တော်က သူတို့အတွက် ပြောပေးလို့မရဘူး”

    အိန္ဒိယအစိုးရဟာ သူတို့ကို ကောင်းကောင်း ကာကွယ်ပြောဆိုပေးတဲ့၊ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေပြုလုပ်တဲ့ အွန်လိုင်းဝါဖြန့်သမားတွေကို လစ်လျူရှုထားတယ်လို့ စွပ်စွဲခံထားရပါတယ်။

    ဆိုရှယ်မီဒီယာ စစ်တပ်

    အထူးသဖြင့် အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေ၊ ဂျနယ်လစ်တွေကို အဓမ္မကျင့်မယ်လို့  Twitter ကနေတစ်ဆင့် ခြိမ်းခြောက်တဲ့ ဘလော့ဂါတွေ ဆိုရှယ်မီဒီယာ စေတနာ့ဝန်ထမ်းတွေကို တွေ့ဆုံမှုအတွက် မိုဒီဟာ ဝေဖန်မှုတွေကိုလည်း ခံခဲ့ရပါတယ်။

    အွန်လိုင်းအမုန်းစကားတားမြစ်ရေးဥပဒေ အိန္ဒိယမှာ ရှိနေပေမယ့် ဒါကို မဟုတ်မတရား ၀ါဒဖြန့်မှုတွေမှာ အသုံးချရမယ့်အစား ပြီးခဲ့တဲ့နှစ်တွေအတွင်း အစိုးရဟာ သဘောထားကွဲလွဲသူတွေအပေါ်မှာ လက်နက်တစ်ခုသဖွယ် အသုံးပြုခဲ့ပါတယ်။

    “BJP ဟာ ဆိုရှယ်မီဒီယာ စစ်တပ်ကြီးတစ်ခုကို ကိုင်တွယ် ထိန်းကျောင်းနေတယ်ရှင့်။ သူတို့ရဲ့လှုပ်ရှားမှုကို ကြည့်မယ်ဆိုရင် လုပ်ကြံထားတဲ့ မုသားစကားတွေကို အခြေခံတယ်။ အဲဒီ မုသားတွေကို အမှန်လို့ ထင်လာတဲ့အထိ ထပ်ခါထပ်ခါ ပြောနေတာပါ” လို့ ခိုစ်လာက ပြောကြားခဲ့ပါတယ်။

    နောက်ပြီး သူမဟာ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်၊ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးမယ် ဆိုတဲ့ ကတိတွေကြောင့် ၂၀၁၄ ရွေးကောက်ပွဲမှာ မိုဒီကို ထောက်ခံခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    “အာဏာရပြီး ၆ လကနေ ၈ လလောက် ကြာပြီးတဲ့နောက်ပိုင်း ကျွန်မ မွန်းကြပ်လာသလို၊ ယုံကြည်မှုတွေလည်း လျော့ပါးလာပါတယ်။ ဒါက ကျွန်မလိုချင်တဲ့ အစိုးရမျိုး၊ ခေါင်းဆောင်မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၁၅ အလယ်ပိုင်းလောက်မှာတော့ ဒီပါတီကို ထောက်ခံမိတာ မှားပြီလို့ ကျွန်မ ဆုံးဖြတလိုက်ပါတယ် ” လို့ ခိုစ်လာက ဆိုပြီး နှစ်ကုန်ပိုင်းမှာတော့ BJP မှာ စေတနာ့ဝန်ထမ်း လုပ်နေတာတွေကို ရပ်တန့်လိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Save cow တို့လို၊ Love Jihad တို့လို လှုပ်ရှားမှုတွေကို လုပ်လာတဲ့ ဟိန္ဒူလက်ယာစွန်းရောက်အုပ်စုတွေနဲ့ ပတ်သက်လို့ မိုဒီရဲ့ မသိကျိုးကျွန်ပြုမှုဟာ သိသာလာပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာမှာဆိုရင် မြို့တော် နယူးဒေလီအနီးက မွတ်စလင်အမျိုးသားတစ်ဦးဟာ အမဲသားစားတယ်ဆိုတဲ့ ကောလဟာလတွေကြောင့် ဟိန္ဒူ နွားချစ်သူတွေရဲ့ အသေရိုက်သတ်ခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေအရေ ကောလဟာလကို တမင်ဖန်တီးတာဖြစ်တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    “ဒီအဖြစ်အပျက်အတွက် ကျွန်မ တော်တော်လေး တုန်လှုပ်သွားတယ်ရှင့်။ ကျွန်မရော၊ ကျွန်မမိသားစုရော အမဲသားမစားပါဘူး။ ဒါပေမယ့် အမဲသားစားလို့ လူသတ်တာကိုလည်း ကျွန်မ မထောက်ခံပါဘူး။ ဒါဟာ ကျွန်မ စိတ်ကူးယဉ်ထားတဲ့ အိန္ဒိယနိုင်ငံမျိုး မဟုတ်ပါဘူး”

    Ref : Aljazeera

    http://www.aljazeera.com/news/2016/12/bjp-targeted-bollywood-star-khan-critical-remarks-161227183259484.html

  • ဆီးရီးယားနိုင်ငံတစ်ဝှမ်း အပစ်ရပ်ရေး ယနေ့ညစမည်

    ဆီးရီးယားနိုင်ငံတစ်ဝှမ်း အပစ်ရပ်ရေး ယနေ့ညစမည်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    syria

    – အစိုးရတပ်များနှင့် ကုလက အကြမ်းဖက်အဖွဲ့အစည်းဟု ကြေငြာထားသည့် အဖွဲ့များအကြား တိုက်ခိုက်နေသည့် နေရာများမှလွဲ၍ ဆီးရီးယားနိုင်ငံတစ်ဝှမ်းတွင် အပစ်ရပ်ရေးအတွက် တူရကီနှင့် ရုရှားတို့က သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    အဆိုပါသဘောတူညီမှုကို Anadolu သတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အပစ်ရပ်ရေးအစီအစဉ်ကို ဆီးရီးယား၏ ပြိုင်ဘက်အဖွဲ့များထံ တင်ပြထားကာ ယနေ့ညသန်းခေါင်ယံ GMT ၂၂ နာရီတွင် အသက်ဝင်မည်ဟု ပြောကြားခဲ့သည်။

    အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကမူ အဆိုပါ အပစ်ရပ်ရေး သဘောတူညီချက်တွင် အကြမ်းဖက်အဖွဲ့အစည်းများ မပါကြောင်း ယခုအပစ်ရပ်ရေး အောင်မြင်ပါက တူရကီနှင့် ရုရှားတို့၏ လမ်းညွှန်မှုဖြင့် ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့တွင် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဆီးရီးယား အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ ဆာမီ နက်စ်ဟာရ်ကမူ ထိုကဲ့သို့ အပစ်ရပ်ရေးကို အကောင်အထည်ဖော်မှုမှာ တူရကီအစိုးရက ဆောင်ရွက်နေသည့် ကြိုးပမ်းအားထုတ်မှုများထဲမှ အကြီးဆုံးဖြစ်သည်ဟု ချီးကျူးခဲ့သည်။

    တူရကီ၊ ရုရှားနှင့် အီရန်တို့မှာ ပြီးခဲ့သည့်သီတင်းပတ်က မော်စကို၌ တွေ့ဆုံခဲ့ပြီး အာဆတ်အစိုးရနှင့် အတိုက်အခံများအကြား ငြိမ်းချမ်းရေးအတွက် အာမခံပေးသူများအဖြစ် ဆောင်ရွက်သွားမည်ဟု သဘောတူညီခဲ့သည်။

    Ref: Aljazeera

  • ဆော်ဒီသူဌေးတစ်ဦးက အိန္ဒိယအလုပ်သမားကို သေဒဏ်မှလွတ်မြောက်အောင် ကူညီခဲ့

    ဆော်ဒီသူဌေးတစ်ဦးက အိန္ဒိယအလုပ်သမားကို သေဒဏ်မှလွတ်မြောက်အောင် ကူညီခဲ့

    ဒီဇင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    saudi

    – ဆော်ဒီမှာ လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အိန္ဓိယ အလုပ်သမားတစ်ယောက်အတွက် ဆော်ဒီသူဌေးတစ်ယောက်က ကြားဝင် အသက်လျော်ကြေးပေးကာ သေဒဏ်က လွတ်မြောက်စေခဲ့တယ်လို့ သိရပါတယ်။

    သေဒဏ်ကျခံနေရသူက လင်ဘာဒရီဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့ ၈ နှစ်က ဆော်ဒီနိုင်ငံသားတစ်ယောက်နဲ့ ရန်ဖြစ်ရင်း လူသတ်မိသွားတာ ဖြစ်ပါတယ်။ တရားရုံးကတော့ ဒီပြစ်မှုအတွက် သေစားသေဒဏ်ပြစ်ဒဏ်ကို ချမှတ်ခဲ့ပြီး ထောင်ထဲမှာ ၈ နှစ်လောက် သေမိန့်ကို စောင့်နေခဲ့ရတာပါ။

    ဒါပေမယ့် ဆော်ဒီ စီးပွားရေးလုပ်ငန်းရှင် အ၀ဒ် ဘင် ဂူရိုင်ရဟ် အလ်-ယာမီက အသက်လျော်ကြေး ဆော်ဒီရီယဲလ် ၁.၃ သန်းကို လက်ခံပြီး လင်ဘာဒရီကို ခွင့်လွှတ်ပေးဖို့ သေဆုံးသွားသူရဲ့မိသားစုကို မေတ္တာရပ်ခံခဲ့ပါတယ်။

    အဲဒီမိသားစုကလည်း အလ်-ယာမီရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာကြောင့် တရားရုံးက သေဒဏ်အမိန့်ကို ပယ်ဖျက်လိုက်တဲ့အွက် လင်ဘာဒရီဟာ လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။

    ဆော်ဒီတရားရေးစနစ်အရ လူသတ်တရားခံဟာ သေစားသေစေပြစ်ဒဏ်ကို ခံယူရလေ့ရှိပြီး သူ့ရဲ့အပြစ်ကိုနောင်တရမယ်၊ သေဆုံးသွားသူအတွက် အသက်လျော်ကြေးပေးကာ ကျန်ရစ်သူမိသားစုကလည်း လက်ခံမယ်ဆိုရင် သေဒဏ်ကနေ ကင်းလွတ်ခွင့်ရပါတယ်။

    လလင်ဘာဒရီဟာ နဂ်ျရန်ဒေသက စိုက်ပျိုးရေးလုပ်ငန်းမှာ အလုပ်လုပ်သူဖြစ်ပါတယ်။

    Ref: Saudi Gazette

  • Avatar ရုပ်ရှင်ထဲမှ လူဝင်ထိန်းနိုင်သည့် စက်ရုပ်မျိုး တောင်ကိုရီးယားပညာရှင်များ တီထွင်

    Avatar ရုပ်ရှင်ထဲမှ လူဝင်ထိန်းနိုင်သည့် စက်ရုပ်မျိုး တောင်ကိုရီးယားပညာရှင်များ တီထွင်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    avatar
    တောင်ကိုရီးယားပညာရှင်များ တီထွင်ထားသည့် Method-2 စက်ရုပ်

    – နာမည်ကျော် Avatar ရုပ်ရှင်ဇာတ်ကားထဲက လူဝင်ရောက်ကာ ထိန်းချုပ်နိုင်တဲ့ စက်ရုပ်လိုပုံစံမျိုး စက်ရုပ်တစ်ရုပ်ကို တောင်ကိုရီးယား အင်ဂျင်နီယာတွေက တီထွင်ဖန်တီးလိုက်ပါတယ်။

    Method-2 လို့အမည်ပေးထားတဲ့ အဲဒီစက်ရုံဟာ ၄ မီတာမြင့်ပြီး လူသားပုံစံ လမ်းလျှောက်နိုင်ပေမယ့် အလေးချိန်က ၁.၅ တန်လောက်ရှိနေတာ၊ လက်မောင်းတစ်ဖက်ကို ၁၃၀ ကီလိုဂရမ်လောက် လေးနေတာက သက်တောင့်သက်သာ မဖြစ်တဲ့ အခြအနေမျိုးပါပဲ။

    Hankook Mirae Technology နည်းပညာကုမ္ပဏီက ဦးစီးခဲ့တဲ့ အဲဒီ စက်ရုပ်တီထွင်ရေး စီမံကိန်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ကန်ဒေါ်လာ သန်း ၂၀၀ လောက် ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

    အခုတီထွင်ဖန်တီးလိုက်တဲ့ Method-2 ဟာ နောက်ဆုံးအဆင့် ရည်မှန်းထားတဲ့ အရွယ်အစားမျိုး မဟုတ်ပါဘူး။ လက်ရှိ နည်းပညာကို ဆက်လက်ဆန်းသစ်အောင် လုပ်ဖို့ရှိနေပြီး ၂၀၁၇ ခုနှစ် အဆုံးပိုင်းလောက်မှာ တစ်ရုပ်ကို ဒေါ်လာ ၈.၃ သန်းလောက်နဲ့ ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

    Ref : Press TV

  • အကြမ်းဖက်များကို အမေရိကန်က ထောက်ပံ့နေသည်ဟု ရုရှားနှင့် တူရကီတို့ စွပ်စွဲ

    အကြမ်းဖက်များကို အမေရိကန်က ထောက်ပံ့နေသည်ဟု ရုရှားနှင့် တူရကီတို့ စွပ်စွဲ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    thai

    – အမေရိကန်မှာ ဆီးရီးယားရှိ အကြမ်းဖက်သမားများကို ထောက်ပံ့ပေးနေသည်ဟု ရုရှားနှင့် တူရကီတို့က သီးခြားစီ စွပ်စွဲပြောကြားလိုက်သည်။

    တူရကီသမ္မတ အာဒိုဂန်က အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့များမှာ ဆီးရီးယားရှိ IS အကြမ်းဖက်အဖွဲ့နှင့် ကာ့ဒ်တပ်ဖွဲ့များဖြစ်သော YPG၊ PYD အဖွဲ့များကို ထောက်ပံ့ပေးနေသည့် အထောက်အထားများ မိမိတွင် ရှိနေသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “ကျွန်တော်တို့က IS ကို ထောက်ပံ့နေတယ်လို့ သူတို့က စွပ်စွဲတယ်ဗျ။ အခု သူတို့က IS၊ YPG နဲ့ PYD တို့အပါအ၀င် အကြမ်းဖက်အုပ်စုတွေကို ထောက်ပံ့နေတာပါ။ သိပ်ထင်ရှားပါတယ်။ ကျွန်တော်တို့မှာ ဓာတ်ပုံတွေ ဗီဒီယိုတွေလို အတည်ပြုနိုင်တဲ့ အထောက်အထားတွေ ရှိနေပါတယ်” ဟု အာဒိုဂန်က အန်ကာရာ
    တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အမေရိကန်အစိုးရကမူ အာဒိုဂန်၏ ထိုစွပ်စွဲမှုကို ငြင်းဆိုခဲ့ပြီး အခြေအမြစ်မရှိသော ရယ်စရာစွပ်စွဲချက်ဖြစ်သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ မာ့ခ်တိုနာက ပြောကြားခဲ့သည်။

    ရုရှားကလည်း အမေရိကန်အနေဖြင့် ဆီးရီးယားသူပုန်များကို လက်နက်ထောက်ပံ့ရေးကန့်သတ်ချက် ဖြေလျော့လိုက်ခြင်းမှာ ဆီးရီးယားရှိ ရုရှားတပ်ဖွဲ့များကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကလည်း အဆိုပါ လက်နက်များမှာ အလယ်အလတ်အတိုက်အခံအဖွဲ့အဖြစ် ဟန်ဆောင်ထားသည့် အကြမ်းဖက်သမားများ၏ လက်တွင်သို့ ရောက်သွားနိုင်သည်ဟုလည်း သတိပေးခဲ့သည်။

    Ref: Aljazeera