News @ M-Media

Tag: Black Eagle

  • ရခိုင်ပြည် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းရန် The Council of the Asian Muslim Action Network တိုက်တွန်း

    ရခိုင်ပြည် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းရန် The Council of the Asian Muslim Action Network တိုက်တွန်း

    2 July 2012

    The AMAN Council
    http://www.aman-asia.org/

    အာရှဒေသရှိ နိုင်ငံပေါင်း ၁၅-နိုင်ငံအား ကိုယ်စားပြုသော အာရှမွတ်စလင်အလုပ်အမှုဆောင်ကွန်ယက် (the Council of the Asian Muslim Action Network (AMAN))မှ အဖွဲ့ဝင်များဖြစ်ကြသည့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း မကြာသည်မီက ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်အဓိကရုန်း နောက်ဆက်တွဲ သေကျေပျက်စီးမှုများ၊ လူပေါင်းများစွာ ပျောက်ဆုံးနေခြင်းများနှင့် ပြည်သူလူထုပိုင် အိုးအိမ်စည်းစိမ်များကို ပျက်စီး(ဖျက်စီး)နေခြင်းများ ဆက်လက်ဖြစ်ပွါးနေခြင်းအပေါ် အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိကြောင်း အသိပေးပြောကြားလိုပါ၏။

    ရခိုင်ပြည်နယ်အတွင်း အိုးမဲ့အိမ်မဲ့ဖြစ်ကျန် တည်ရှိနေသော လူဦးရေများစွာနှင့် ယာယီအဖြစ် သတ်မှတ်ထားသော နေရာများ၌ ခိုလှုံနေကြရသူ အမြောက်အများမှာ ရေသန့်၊ စားနပ်ရိက္ခာ၊ ဆေးဝါး အစရှိသည့် လူသားခြင်းစာနာထောက်ထားမှု အကူအညီများ အလွန်အရေးတကြီး လိုအပ်နေသည့်အတွက်လည်း စိုးရိမ်သောက ဖြစ်ရပါ၏။

    မြန်မာနိုင်ငံအစိုးရ၏ တားဆီးကန့်သတ်မှုများကြောင့် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများစွာမှာလည်း ဒုက္ခဘေးသင့်မိသားစုပေါင်းများစွာထံသို့ အရေးပေါ်လိုအပ်ချက်များကို အရောက်ပို့ဆောင်နိုင်ခြင်း မရှိပါ။

    မိမိတို့အနေဖြင့် မြန်မာနိုင်ငံအစိုးရအား ပန်ကြားလိုသည်မှာ –

    ၁။    ဒုက္ခဘေးသင့်မိသားစုပေါင်းများစွာထံသို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများအား အရေးပေါ်လိုအပ်ချက်များကို အရောက်ပို့ဆောင်ရန်အတွက် ခွင့်ပြုပေးပါရန်။

    ၂။   ရာဇဝတ်မှုကျူးလွန်သူများအား တရားဥပဒေအရ ဖော်ထုတ်အရေးယူနိုင်ရန်အတွက် လွတ်လပ်သော ကြားနေစုံစမ်း စစ်ဆေးရေးဖွဲ့များ တည်ထောင်ဖွဲ့စည်းခွင့်ပြုပါရန်။ လူမျိုးဘာသာဝင်များအားလုံး သင့်မြတ်စွာ အတူယှဉ်တွဲ ရပ်တည်နေထိုင်နိုင်ရေးအတွက် ဘာသာရေးအဖွဲ့အစည်းများ၊ အစိုးရအာဏာပိုင်များ၊ အခြားလူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးခေါင်းဆောင်များ ပူးပေါင်းလက်တွဲ၍ ဆွေးနွေးညှိနှိုင်းမှုများ စတင် အကောင်အထည်ဖော်ရန် တိုက်တွန်း အပ်ပါသည်။

    လူမျိုးဘာသာဝင်များအားလုံး တန်းတူညီမျှ ပါဝင်လုပ်ဆောင်နိုင်ရေး၊ လူအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မတူကွဲပြားသော ဗဟုလူအဖွဲ့အစည်းအတွင်း အပြန်အလှန် ယုံကြည်လေးစားမှုရှိရေး အစရှိသည့် မူဝါဒများနှင့် လမ်းစဉ်များ အကောင်အထည်ဖော်ရန် ဆွေးနွေးညှိနှိုင်းကြရန်လည်း တိုက်တွန်းအပ်ပါသည်။

     

    ဘာသာပြန် – လင်းယုန်နက် (ခြင်္သေ့မြို့တော်)

     

  • ၂၀၁၂-ခုနှစ် ရခိုင်အဓိကရုန်းအရေး သူ့တို့ပြောကြလေသမျှ အပိုင်း(၁)

    ၂၀၁၂-ခုနှစ် ရခိုင်အဓိကရုန်းအရေး သူ့တို့ပြောကြလေသမျှ အပိုင်း(၁)

    စုစည်းတင်ပြသူ – လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်ပြီး နိုင်ငံရေး ပါတီ ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဘာသာရေးအဖွဲ့များ၊ အနုပညာရှင်များ၊ နယ်ပယ်အသီးသိးမှ ထင်ရှားသူများရဲ့ ပြောကြားခဲ့သည်များကို လက်လှမ်းမှီသလောက် စုစည်းပေးလိုက်ပါတယ်

    ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု အရေးကြီးတယ်။ အဲဒီပဋိပက္ခတွေ စတင်ဖြစ်ပွားချိန်မှာ ထိထိရောက်ရောက် ကိုင်တွယ် အရေးယူတာမျိုး မရှိခဲ့တာကြောင့် အခုလို မလိုလားအပ်တဲ့ ပဋိပက္ခတွေ ထပ်ဖြစ်လာရတာ။ ဒါအပြင် ဒီပဋိပက္ခတွေမှာ လှုံဆော်နေတဲ့ သူတွေများရှိမလားလို့ သံသယဖြစ်မိတယ်။

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဇွန်လ ၆-ရက် ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ် သတင်းစာရှင်းလင်းပွဲ)

     

    ကျွန်တော် တို့ မြန်မာနိုင်ငံက ဘာသာရေးအပေါ်မှာ အခြေခံပြီးတော့လုပ်တာ ဖွဲ့စည်းပုံ ထဲမှာမပါဘူး။ ဘာသာရေးက အားလုံး လွတ်လပ်ခွင့်ရှိတယ်။ ဘာသာရေးအပေါ်မှာ အခြေခံပြီးဖြစ်တယ်ဆိုတာ ဟာ ပြည်သူပြည်သားတွေအားလုံး အတွက် အကျိုးမရှိဘူးလို့ ကျွန်တော် ပြောချင်တယ်။

    ဦးဥာဏ်ဝင်း   [အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ]  (ဇွန်လ ၆-ရက်)

     

    အခြေခံဥပဒေမှာ နိုင်ငံတော်က အသိအမှတ်ပြုတဲ့ ဘာသာများကို နိုင်ငံတော်က ကာကွယ်စောင့်ရှောက် ရမယ်လို့ ပုဒ်မ ၃၆၂ တို့၊ ၃၆၃ တို့မှာ ဖော်ပြထားတာ ရှိပါတယ်။ အဲဒီ အခြေခံဥပဒေ ပြဋ္ဌာန်းချက်ကို နိုင်ငံ ရဲ့လူနည်းစုလည်း ခံစားပိုင်ခွင့်ရှိ တယ်။ အခုပေါ်ပေါက်တဲ့ကိစ္စကို ကြည့်ရင် ဖြစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် သဘောမပေါက်ကြတာပါ ပါတယ်။ အခုအဓမ္မပြုကျင့်ခံရတဲ့ ကိစ္စမှာ အဓမ္မပြုကျင့်မှုနဲ့ အရေးယူဖို့ ဥပဒေမှာ ပြဋ္ဌာန်းပြီးသားဖြစ်တယ်။ အဲဒါကို တရားဥပဒေဘောင်အတွင်း ကပဲ ဖြေရှင်းရမယ်။

    ဦးသိန်းညွန့် [ပြည်သူလွှတ်တော်ကိုယ်စားလှယ်] (ဇွန်လ ၆-ရက်)

     

    မသီတာထွေး အဓမ္မပြုကျင့်ပြီး သတ်ခံရတယ်တဲ့ကိစ္စဟာ လူပုဂ္ဂိုလ်ချင်းဖြစ်တဲ့ကိစ္စပေါ့။ အမှုမှန်ဖော် ထုတ်ဖို့နဲ့ ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ ဥပဒေ အကြောင်းအရ အရေးကြီးတယ်။ မသီတာထွေး ကိစ္စပြီးတဲ့အချိန် တောင်ကုတ်မှာ နောက်ထပ်လူသတ် မှုထပ်ဖြစ်တယ်။ ဒါတွေက စိတ်ဆန္ဒ အလျောက် ဒေါသမကျေနပ်မှုအလျောက် လုပ်တယ်ဆိုရင်တောင်မှ ဒါဟာ ရာဇ၀တ်မှုတွေဖြစ်ပါတယ်။

    ဦးကိုကိုကြီး [ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ](ဇွန်လ ၆-ရက်)

     

    ဒီကိစ္စမှာ အငြိမ်းချမ်းဆုံးနည်းလမ်းနဲ့ ပြေလည်အောင် ဖြေရှင်းကြစေချင်ပါတယ်။ ကျွန်တော့် အနေနဲ့ ရခိုင်အမျိုးသားတွေ အတွက် သာမကဘဲ အားလုံးအတွက် ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်း ရှိစေချင်ပါတယ်။ အဲဒီလိုပြေလည်ပါစေလို့ လည်း ဆုတောင်းပေးနေပါတယ်။

    ရခိုင်လူမျိုး သရုပ်ဆောင်နေတိုး (ဇွန်လ ၆-ရက်)

     

    လက်ရှိ ရခိုင်မှာဖြစ်ပျက်နေတဲ့ တရားခံထဲမှာ နှစ်ပေါင်းများစွာ ယိုယွင်းခဲ့တဲ့ တရားစီရင်ရေးလည်းပါ မယ်လို့မြင်တယ်။  ပြည်သူတွေက အမှု ဖြစ်တိုင်း ထိထိရောက်ရောက်အရေး ယူပါ့မလားလို့ ကနဦးစိုးရိမ်ပြီးဖြစ်တာ လည်းပါမယ်။

    UMFCCI ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအေးလွင် (ဇွန်လ ၆-ရက်)

     

    နိုင်ငံကို အားလုံးက လက်တွဲပြီး တည်ဆောက်ကြရမည့် အချိန်။ လူလူချင်းဆိုသည့် အမြင်ဖြင့် ပြေလည်အောင် ဖြေရှင်းကြစေချင်ပါတယ်။

    ဒါရိုက်တာ ၀ိုင်း (ဇွန်လ ၆-ရက်)

     

    အခုပြဿနာဟာ နယ်စပ်ကနေခိုးဝင်လာတဲ့ပြမဟုတ်တော့ဘဲ အခြေတကျဝင်ပြီးတော၊့ နေရာစိုက်ထူပြီး ကိုယ့်အရပ်ကိုယ့်ရွာ ကိုယ့်တိုင်းပြည်လို တောင်းဆိုတာတွေ ရပ်တည်လာတာတွေဖြစ်လာတဲ့ အနေအထားဖြစ်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ သူတို့ကိုယ်သူတို့ မြန်မာလူမျိုးပါ မြန်မာတိုင်းရင်းသားဖြစ်တယ် အဲဒါကြောင့်သူတို့ကို အခွင့်အရေးတွေပေးရမယ်။ အဲဒီကနေတဆင့် ပြည်နယ်တောင်းတဲ့အဆင့် တပြည်လုံးမှာ ပြည်နယ်ခွဲထွက်တဲ့အဆင့်တွေတောင်ရောက်နိုင်တဲ့ အနေအထားတွေဖြစ်သွားနိုင်ပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးဝင်းတင် (ဇွန်လ ၁၅-ရက်)

     

    ကျွန်တော်တို့ ဆက်ပြီးဒီမြေပေါ်မှာအတူတူနေသွားရမယ့် သူတွေအနေနဲ့ ကတော့ သဘောထားကြီးမှု ပြကိုပြရမယ်။ တစ်ဖက်နိုင်ငံက၀င်လာတဲ့ ဒုက္ခသည်ကိစ္စကို သပ်သပ် စည်းစားရမယ်။ ပိုင်းခြားပြီးမြင်ရမယ်။ ဒုက္ခသည်ကို ဒုက္ခသည် လို့မြင်ရမယ်။ နိုင်ငံသားပေးတဲ့လူကို နိုင်ငံသားအနေနဲ့ မြင်ရမယ်။ လူဆိုပြီးခြုံပြီးတော့ ကြည့်တဲ့အမြင်လည်းရှိပါတယ်။

     ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် (ဇွန်လ ၂၂-ရက်)

     

    ရခိုင်အရေးနဲ့ပတ်သက်လို့ လက်တွေ့ကျကျဖြေရှင်းနိုင်မယ့် ပြသနာတွေကို ပထမဖြေရှင်းရမယ်။ ကိုယ့်ရဲ့ဘာသာကို ကိုယ်လေးစားသလို ကိုယ့်ရဲ့လူမျိုးကို ကိုယ်တန်ဖိုးထားသလို တခြားဘာသာဝင်တွေကိုလည်း လေးစားရမယ်၊ နားလည်မှုရှိရမယ်။

     လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်    အင်္ဂလန်ရောက်ရှိစဉ် (ဇွန်လ ၂၃-ရက်)

     

    ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ၊ သမိုင်းကြောင်းအရ၊ ပထဝီအနေအထားအရ၊ နိုင်ငံရေး သဘောတရား အရ ရိုးသားစွာဖြေရှင်းရမယ့် ကိစ္စဖြစ်တဲ့အတွက်ကြောင့် လတ်တလောတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့တော့ ကျနော်တို့ ဘာမှ ပြောလို့ မရသေးပါဘူး။ ကျနော်တို့အနေနဲ့တော့ အကြမ်းဖက်မှုမှန်သမျှကို မလိုလားဘူး။ တည်ငြိမ်အေးချမ်းရေးအတွက် တတ်နိုင်တဲ့ ဘက်က အစွမ်းကုန်ကြိုးစားသွားမယ်။

     နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ အတွင်းရေးမှူးချုပ် ဦးကျော်ခင် (ဇွန်လ ၂၆-ရက်)

     

    ရခိုင်ပြည်နယ်တွင်းက ဘင်္ဂလီလူမျိုးများကို ရခိုင်လူမျိုးများနှင့်နီးကပ်မှုမရှိအောင် သင့်တော်ရာမှာယာယီနေရာချထားရေးနှင့် တတိယနိုင်ငံဆီရွှေ့ပြောင်းနေထိုင်ရေးကို လိုလားပါတယ်။

    ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP (ဇွန်လ ၂၆-ရက်)

     

    NGO က လာတော့ ဘာလုပ်ပေးမလဲလို့ မေးတော့၊ ဘာလုပ်ပေးရမလဲလို့ လာကြည့်တာတဲ့၊ ဒီတော့ မင်းတို့မှာ ဦးတည်ချက် ပျောက်နေတယ်၊ မင်းတို့ အကူအညီလည်း ကျုပ်တို့ မလိုအပ်ဘူးလို့ ပြန်ပြောလိုက်တယ်။ မယုံကြည်လို့ လက်မခံဘူးလို့ ပြောရမှာပေါ့၊ ဒေသခံတိုင်းရင်းသားတွေကို နည်းနည်းလေး ကူညီပေးပြီးတော့ ဒီဒေသတွေကို ပြန်ဝင်ဖို့ ကြိုးစားနေတယ်လို့ မြင်တယ်။

    လိုတော်ပြည့် ကျောင်းတိုက်မှ ဦးမဏိစာရ (ဇူလိုင်လ ၆-ရက်)

     

    ကျနော်တို့ အစ္စလမ်ဘာသာဝင်တွေလည်းပဲ World Food Program (WFP) က လှူတဲ့ ဆန်လောက်ပဲ ရပါတယ်၊ ဒုက္ခသည်တွေက လိုအပ်တာတွေများ တော့ ကျနော်တို့ကလည်းပဲ အလှူခံတာတွေ လုပ်နေဆဲပါ။

     အိုလမာ အစ္စလာမ် ဘာသာရေး အဖွဲ့ချုပ်မှ ဦးရဲနောင်သိမ်း (ဇူလိုင်လ ၆-ရက်)

     

    References: Eleven Media Group, The Voice Weekly, Popular Myanmar News Journal, The Irrawaddy Blog, DVB TV News

  • ဩစတြီးယားနိုင်ငံ(Austria) ‘အစ္စလာမ် ရာပြည့်’ အခမ်းအနားကျင်းပ

    ဩစတြီးယားနိုင်ငံ(Austria) ‘အစ္စလာမ် ရာပြည့်’ အခမ်းအနားကျင်းပ

    July 3 2012
    ဩစတြီးယားဟာ အနောက်ဥရောပမှာ အစ္စလာမ်သာသနာကို နိုင်ငံတော် ဘာသာတရား တစ်ခုအဖြစ် ၁၉၁၂-ခုနှစ်မှာ ပထမဦးဆုံး သတ်မှတ်ခဲ့တဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၂-ခုနှစ် ဇွန်လကုန်-ဇူလိုင်လဆန်းမှာ ‘အစ္စလာမ် ရာပြည့်’ အခမ်းအနားကျင်းပခဲ့ရာ အစိုးရထိပ်တန်း အရာရှိများပါ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။

    အစိုးရကျောင်းများ၌ အစ္စလာမ်ဘာသာရေး ပညာသင်ကြားနိုင်ရန်၊ လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့်များရရှိရန် The Law on Islam ဆိုပြီး ဥပဒေပြဌာန်း ထားပါတယ်။ Austria’s Islamic Community ခေါင်းဆောင်ဖြစ်သူ Fuat Sanac က ဥပဒေပြဌန်းထားခြင်း၊ ဩစတြီးယား ပြည်သူအများစုက  အစ္စလာမ်သာသနာကို အန္တရယ်(danger)လို့ မမြင်၊ (enrichment) လို့မြင်ခြင်းမှာ အခြား ဥရောပနိုင်ငံများအတွက် စံနမူနာ တစ်ခုပင်ဖြစ်ကြောင်း ဗီရင်နာ(Vienna) မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပသော အခမ်းအနားတွင် ထည့်သွင်း ပြောကြားသွားပါတယ်။

    Telfs. မြို့မှ ဗလီဝတ်ကျောင်းတော် (Photo-wiki)

    အခမ်းအနားသို့ ဩစတြီးယားသမ္မတ Heinz Fischer ကိုယ်တိုင်တက်ရောက်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနှင့် အပြန်အလှန် လေးစားမှုရှိရေးတို့ကို မိန့်ကြားပြီး မည်သည့် ဘာသာဝင်မဆို နိုင်ငံတော်ဥပဒေများကို လေးစား လိုက်နာရမည် ဖြစ်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။

    Muslim dignitaries celebrated the Austrian law that protects their community’s rights (Photo-BBC)

    မြို့တော်ဝန်တစ်ဦးဖြစ်သူ Omar Al-Rawi ကလည်း အစ္စလာမ်ဘာသာနဲ့ဆက်ဆံရေးမှာ ဩစတြီးယားဟာ ဥရောပရဲ့ စံနမူနာဖြစ်ပြီး ဩစတြီးယားမွတ်စလင်များကလည်း အခြားဥရောပမွတ်စလင်များအတွက် စံနမူနာတရပ်ဖြစ်ကြောင်း ထပ်လောင်းပြောကြားပါတယ်။  ဩစတြီးယားမွတ်စလင်များဟာ ဩစတြီးယားနိုင်ငံက သူတို့အား လေးစားဂုဏ်ပေးခြင်း၊ အသိအမှတ်ပြုခြင်းနှင့် အချို့ မွတ်စလင်နိုင်ငံများ၌တောင် မရရှိနိုင်တဲ့ အကျိုးကျေးဇူးများ ရရှိခံစားရတဲ့အတွက် ကမ္ဘာအနှံ့မှာ ‘ငါတို့ဟာ
    ဩစတြီးယားပြည်သူတွေ’ ‘ငါတို့ဟာ  ဩစတြီးယန်းတွေ’လို့ ဂုဏ်ယူ ဝင့်ကြွားနိုင်ကြပါတယ်လို့လည်း တင်ပြသွားပါတယ်။

    ဩစတြီးယားဧကရာဇ် Habsburg Emperor Franz Joseph ဟာ ၁၉၁၂-ခုနှစ်မှာ ဘော့စနီးယား-ဟာဇီဂိုဗီးနား(Bosnia-Hercegovina)ကို သိမ်းပိုက်အောင်မြင်ပြီး မိမိတပ်မတော်ထဲ ဘော့စနီးယား မွတ်စလင်စစ်သားများ ရှိလာသောအခါ အစ္စလာမ်သာသနာကို နိုင်ငံတော်ဘာသာတရားတစ်ခုအဖြစ် The Law on Islam ဖြင့် အတည်ပြုပေးခဲ့ပါတယ်။

     

    Law on Islam 1912

    Article 1: The adherents of Islam shall be granted recognition as a religious community in the kingdoms and crown-lands represented in the Imperial Council in the meaning of the Constitutional Law of 21 December, 1867… The religious community of the adherents of Islam according to the Hanafite rite shall… enjoy the same legal protection as is granted to other legally recognised religious communities. The doctrines of Islam, its institutions and customs shall enjoy the same protection too, unless they are in contradiction to state law.

    ပထမကမ္ဘာစစ်ပြီးနောက် အင်ပါယာ ပြိုကွဲသွားသောအခါ ဩစတြီးယား၌ မွတ်စလင်ရာပေါင်း အနည်းငယ်သာကျန်ရှိခဲ့ပြီး တဖန် ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၆၀- ကာလများအတွင်း တူရကီနှင့် ယူဂိုစလားဗီးယားမှ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်သူများနှင့် ၁၉၉၀-ကာလများအတွင်း ဘော့စနီးယားမှ စစ်ပြေးခိုလှုံသူများ ရောက်ရှိလာခဲ့တာပါ။

    ယခုအခါ ဩစတြီးယား၌ အစ္စလာမ်သာသနာဟာ ရိုမန်ကက်သလစ်ပြီးနောက် ဒုတိယအကြီးဆုံးဖြစ်ပြီး လူဦးရေ ၉-သန်းခန့်ရှိကာ အစ္စလာမ်ဘာသာဝင် ၆-ရာခိုင်နှုန်းရှိပါတယ်။ အစိုးရကျောင်းများ၌ အစ္စလာမ်ဘာသာရေး ပညာသင်ကြားနေသူ ကျောင်းသား ၆၀၀၀၀-ခန့်ရှိပြီး နိုင်ငံတော်ဘာသာစကား ‘ဂျာမန်’ (German)ဖြစ်ပါတယ်။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    References:

    http://en.wikipedia.org/wiki/Islam_in_Austria

    http://www.bbc.co.uk/news/world-europe-18675493

    http://www.bbc.co.uk/news/world-europe-17407298

     

     

  • ကုလသမဂ္ဂ မှ “ရခိုင်ပြည်အရေး” ယနေ့ သတင်းအစီရင်ခံစာ ထုတ်ပြန်

    06 July 2012

    မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်၌ မြန်မာအာဏာပိုင်များက ကမ္ဘာ့ကုလသမဂ္ဂဝန်ထမ်းများအပါအဝင် စုစုပေါင်း လူမှုကယ်ဆယ်ရေးဝန်ထမ်း ၁၀-ဦးကို ဖမ်းဆီးထားကြောင်းနှင့် ရိုဟင်ဂျာ မွတ်စလင်များအားလည်း အစုလိုက်အပြုံလိုက် ဖမ်းဆီးထားကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ United Nations က ယနေ့သောကြာနေ့တွင် အတည်ပြုသတင်း ထုတ်ပြန်လိုက်သည်။

    ‘စုံစမ်းမေးမြန်စစ်ဆေးရန်’ အကြောင်းပြချက်ဖြင့် ဖမ်းဆီးထားပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ မေးမြန်းစုံစမ်းခြင်းများကိုလည်း မြန်မာအစိုးရမှ ပြန်လည်ဖြေကြားခြင်း မရှိကြောင်းကိုလည်း သတင်းထုတ်ပြန်ချက်၌ ထည့်သွင်းရေးသားထားသည်။

    ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့က မြန်မာအစိုးရအား ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ဖမ်းဆီးထားခြင်းခံရသည့် အကြောင်းရင်းအချက် အလက်များပေးပါရန်လည်း မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။

    နယ်စည်းမခြားဆရာဝန်များအဖွဲ့ Medecins Sans Frontieres (Doctors Without Borders)မှ ဝန်ထမ်း ၆-ဦးပါရှိပြီး မြန်မာအစိုးရထံမှ မည်သည့်အကြောင်းပြချက်မျှ မရရှိကြောင်း အဖွဲ့ကြီးက ပြောကြားလိုက်ပြီး လက်ရှိအချိန်၌ လူမှုကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုလည်း အခြေအနေအရ ယာယီ ရပ်ဆိုင်းထားရကြောင်း သိရှိရသည်။

    ယနေ့သောကြာနေ့၌ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch က သတင်းထုတ်ပြန်ရာတွင် မြန်မာစစ်တပ်နှင့် လုံထိန်းများက ရိုဟင်ဂျာ မွတ်စလင်မြောက်များစွာအား ဖမ်းဆီးထားခြင်း၊ ဥပဒေဘောင်မဲ့ကျူးလွန်ခြင်း အများအပြားပြုလုပ်လျက်ရှိကြောင်း၊ မကြာသေးမီ ရက်သတ္တပတ်များ အတွင်း ပိုမိုဆိုးရွားလာကြောင်း သတင်းပါရှိသည်။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    အကိုးအကားနှင့် မူရင်းသတင်းများ

    http://www.channelnewsasia.com/stories/afp_asiapacific/view/1211950/1/.html

    http://www.straitstimes.com/BreakingNews/SEAsia/Story/STIStory_819344.html

    http://vancouverdesi.com/news/10-aid-workers-held-for-questioning-in-myanmar-un/

    http://presstv.com/detail/2012/07/06/249568/10-aid-workers-detained-in-myanmar-un/

    http://www.taiwannews.com.tw/etn/news_content.php?id=1959363

    http://www.onenewspage.com/n/Asia-Pacific/74rc57wjk/10-aid-workers-held-for-questioning-in-Myanmar.htm

    http://www.qatar-tribune.com/data/20120630/content.asp?section=southasia1_1

  • မြန်မာနှင့် ဘင်္ဂလားဒေရှ် ဆွေးနွေး သဘောတူညီချက် သတင်း

    မြန်မာနှင့် ဘင်္ဂလားဒေရှ် ဆွေးနွေး သဘောတူညီချက် သတင်း

     July 2, 2012

    source:http://www.thedailystar.net/

    ၃-ရက်ကြာခရီးရောက်ရှိနေသော မြန်မာနိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော ၆-ဦးအဖွဲ့အား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအရာရှိ Mijarul Quayes ဦးဆောင်သော ၉-ဦးအဖွဲ့က လက်ခံတွေ့ဆုံ၍ လက်ရှိနယ်စပ်တွင်ဖြစ်ပွါးနေသော အခြေအနေများနှင့်တကွ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းလက်တွဲလုပ်ကိုင်ရေးအပြင် အခြားသော အကြောင်းအရာများ ဆွေးနွေးခဲ့ကြပါတယ်။

    မြန်မာ-ဘင်္ဂလားဒေရှ် နယ်စပ် တနေရာ

    ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေး၊ လေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်းဆက်သွယ်မှု တိုးမြှင့်ရေးများပါ ထည့်သွင်းဆွေးနွေးကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့တင်သွင်းရေး၊ ရေအောက်ဆက်သွယ်ရေးလိုင်း၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ပူးတွဲလုပ်ကိုင်ရေးများလည်းပါဝင်ပါတယ်။ မှောင်ခိုလုပ်ငန်းများတိုက်ဖျက်ရေး၊ ကာကွယ်ရေးရာပူးပေါင်းမှုများ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးအပြင် အိန္ဒိယနှင့်ကဲ့သို့ ပူးတွဲနယ်စပ်ထိန်းသိမ်းကွပ်ကဲရေးအဖွဲ့ (Joint Border Management) ဖွဲ့စည်းရေးများကိုလည်း ဆွေးနွေးကြပါတယ် လို့ Mijarul Quayes ကပြောကြားပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရုံးမှ သတင်းထုတ်ပြန်ချက်အရ ဒုက္ခသည်စခန်း ၂-ခုရှိ ရိုဟင်ဂျာ ၂၉၀၀၀-ခန့်အနက် မြန်မာအစိုးရသစ်က ၂၄၁၅-ဦးအား စိစစ်အတည်ပြုပြီးဖြစ်ပြီး အခြားရိုဟင်ဂျာမိသားစု ၁၀-ခုကလည်း မိမိတို့ဆန္ဒအလျောက် နေရပ်ပြန်ရန်စီစဉ်ထားသော်လည်း လတ်တလောဖြစ်ပွါးခဲ့သော အဓိကရုန်းကြောင့် ဤအစီအစဉ် နှောင့်နှေးသွားခဲ့ရကြောင်း သိရပါတယ်။

    တရားဝင် ဒုက္ခသည်ရိုဟင်ဂျာ များစွာ အပြင် တရားမဝင် (မှတ်ပုံတင်မဲ့) ဝင်ရောက်ခိုလှုံနေသူ ရိုဟင်ဂျာ ၄-သိန်းခန့်နှင့် မြန်မာနိုင်ငံသား အကျဉ်းကျခံနေရသူ ၁၀၀-ကျော် ရှိနေကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရုံးမှ ဇူလိုင်လတွင် ၃-ရက်ကြာခရီးရောက်ရှိနေသော မြန်မာနိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးမောင်မြင့်အား ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နှင့်  မြန်မာ နိုင်ငံခြားရေးဝန်ကြီးအဆင့် အထူးပူးတွဲကော်မရှင် ဖွဲ့စည်းဖို့လည်း သဘောတူဆုံးဖြတ်ခဲ့ကြပြီး  ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ မူးယစ်ဆေးဝါးနှင့် လက်နက်များ မြန်မာနိုင်ငံဘက်မှ မှောင်ခိုဝင်ရောက်မှုကို အထူးကြပ်မတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ၁၂၈-ကီလိုမီတာအရှည်ရှိ နှစ်နိုင်ငံဆက်သွယ်လမ်း ဖောက်လုပ်ရန်အသင့်ရှိပြီး မြန်မာနိုင်ငံအတွင်းမှာ ၂၃-ကီလိုမီတာအထိ ဘင်္ဂလားဒေ့ရှ်က ကူညီဖောက်လုပ်ပေးဖို့ ကမ်းလှမ်းထားပြီး ကျန် ၁၀၅-ကီလိုမိတာကို မြန်မာနိုင်ငံမှ ဆက်လက်ဖောက်လုပ်ရမှာ ဖြစ်ပါတယ်။

    ရေအားလျှပ်စစ်တင်ပို့မှုနှင့်ပတ်သတ်၍ မြန်မာနိုင်ငံက ပြည်တွင်းလိုအပ်ချက်ကို ဦးစွာဖြည့်ဆီးရန် လိုအပ်မှုကြောင့် တင်ပို့နိုင်မှုမရှိသေးကြောင်းလည်း သိရှိရပါတယ်။  နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးအတွက် မကြာမီ ရန်ကုန်မြို့၌ ဘင်္ဂလားဒေ့ရှ်ကုန်စည်ပွဲတော် ကျင်းပမှာဖြစ်ပါတယ်။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    ၂၀၁၂-ခုနှစ် ဇွန်လ ၂-ရက် (တနင်္လာနေ့)၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ The Daily Star သတင်းစာ၌ပါရှိသော Refugees to be taken back (Myanmar to verify their nationality first) ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။
    http://www.thedailystar.net/newDesign/news-details.php?nid=240596