News @ M-Media
Tag: EPL 2015-16
  • ယနေ့ပွဲအတွက် အသင်းမှာ အကောင်းဆုံးဖြစ်ရမည်ဟု ၀င်းဂါးပြော
    ယနေ့ပွဲအတွက် အသင်းမှာ အကောင်းဆုံးဖြစ်ရမည်ဟု ၀င်းဂါးပြော
    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media
    arsenal
    – မိမိတို့အသင်းမှာ ယနေ့ပွဲတွင် အလွန်အမင်း ကောင်းမွန်ရမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်ပြီး အဖွင့်ပွဲ ၀က်စ်ဟမ်းနှင့်ပွဲတွင် အသင်းမှာ လုံလောက်သည့်နိုင်လိုစိတ် ပျောက်ဆုံးခဲ့သည်ဟု ၀န်ခံခဲ့သည်။
    ရာသီအစ ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် ချယ်ဆီးကို အနိုင်ရခဲ့သည့် အာဆင်နယ်မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ၀က်စ်ဟမ်းအား ဂိုးပြတ်ဖြင့် အရှုံးပေးခဲ့ရသည်။
    “တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ တော်တော်လေး ကောင်းနိုင်ရပါမယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျွန်တော်တို့ရဲ့ နိုင်လိုစိတ်အဆင့်ဟာ မလုံလောက်ဖူးလို့ ပြောရင် အဲဒါကို ကျွန်တော် သဘောတူပါတယ်။ အဲဒါဟာ ဒီပွဲကို ဘယ်လိုပဲ ဖြစ်ဖြစ်နိုင်မှာပဲဆိုတဲ့ ယုံကြည်မှုလွန်ကဲခြင်းနဲ့ ဆက်စပ်နိုင်ပြီး၊ ၀က်စ်ဟမ်းက ကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    တနင်္ဂနွေနေ့တွင် ကစားမည့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင်မှု မိမိတို့အသင်းမှာ အကောင်းဆုံးအနေအထားရှိရန် လိုအပ်ပြီး မတူညီသော စွမ်းဆောင်ရည်ကို ပြသရမည်ဖြစ်ကြောင်း၊ မိမိတို့အသင်း အဆင်သင့်မဖြစ်ပါက ဘာဖြစ်မည်ဆိုသည်ကို မိမိတို့ သိရှိပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • မော်ရင်ဟိုအား လက်ဆွဲနှုတ်ဆက်မည်ဟု ပယ်လီဂရီနီပြော
    မော်ရင်ဟိုအား လက်ဆွဲနှုတ်ဆက်မည်ဟု ပယ်လီဂရီနီပြော
    သြဂုတ် ၁၅၊ ၂၀၁၅
    M-Media
    man
    – မော်ရင်ဟိုနှင့်ပတ်သက်၍ မိမိတွင် မည်သည့် အာဃာတမှမရှိဘဲ တနင်္ဂနွေနေ့တွင် ကစားမည့် ပရီးမီးယားလိဂ်ပွဲတွင်လည်း မော်ရင်ဟိုအား လက်ဆွဲနှုတ်ဆက်သွားမည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
    ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် မန်စီးတီးအသင်းအား ချယ်ဆီးက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ပယ်လီဂရီနီမှာ မော်ရင်ဟိုကို လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆိုခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ ကြားထဲတွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။
    သို့သော်လည်း ပယ်လီဂရီနီကမူ အီတီဟတ်တွင်ကစားမည့် ယခုတစ်ပတ်ပွဲတွင် ထိုကဲ့သို့ ပြုလုပ်မည်မဟုတ်ဟု ဆိုသည်။
    “သူနဲ့ ကျွန်တော်ဟာ သဘောထားခြင်း တော်တော်လေးခြားနားပါတယ်။ ဒါပေမယ့် အမြဲတမ်း ကျွန်တော် သူ့ကို လက်ဆွဲနှုတ်ဆက်ပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
    မန်စီးတီးတွင် အားထားရသည့် တိုက်စစ်မှူး ဆာဂျီယိုအဂူရိုမှာ ထိုပွဲတွင် ပြန်ပါဝင်နိုင်ဖွယ်ရှိနေပြီး ပယ်လီဂရီနီကမူ အဂူရိုမှာ တစ်ပတ်လုံး မည်သည့်ပြဿနာမှမရှိဘဲ အလုပ်လုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
    “သူ ရာနှုန်းပြည့်တော့ မကြံ့ခိုင်သေးပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ရှည်လျားတဲ့ ရာသီကြိုမှာ ပိုကောင်းအောင် လုပ်ခဲ့တာကြောင့်ပါပဲ။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီး ဆာဂျီယိုကလည်း ဘာပြဿနာမှ မရှိပါဘူး”
    Ref: Goal
  • ပက်ဒရိုမှာ အသင်းက လိုအပ်နေသည့် ကစားသမားများဖြစ်သည်ဟု ဗန်ဂါးလ်ပြော
    ပက်ဒရိုမှာ အသင်းက လိုအပ်နေသည့် ကစားသမားများဖြစ်သည်ဟု ဗန်ဂါးလ်ပြော
    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media
    baca
    – ဘာစီလိုနာတိုက်စစ်မှူး ပက်ဒရိုမှာ မိမိတို့အသင်းတွင် လိုအပ်နေသော ကစားသမားမျိုး ဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ၀န်ခံပြောကြားလိုက်သည်။
    အသက် ၂၈ နှစ်အရွယ်ရှိ ပက်ဒရိုမှာ အပြောင်းအရွှေ့ဈေးကွက် တစ်လျှောက်လုံးတွင် အသင်းမှထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ဆီးဗီးလားနှင့် ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲတွင်လည်း ပွဲထွက်ကစားသမားများအဖြစ် ပါဝင်ခွင့်မရခဲ့ပေ။ သို့သော်လည်း လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို အချိန်ပိုတွင် သွင်းယူပေးနိုင်ခဲ့သည်။
    ပက်ဒရိုမှာ မန်ယူသို့ ရောက်ရှိတော့မည်ဟု ကောလဟာများလည်း ထွက်ပေါ်နေပြီး စူပါဖလားပွဲမတိုင်ခင် နာရီအနည်းက ပက်ဒရိုမှာ အသင်းမှထွက်ခွာရန် တောင်းဆိုထားပြီးဖြစ်သည်ဟု ဘာစီလိုနာက ကြေညာခဲ့သည်။
    ဗန်ဂါးကလည်း မန်ယူသို့ ရောက်ရှိမည်ဆိုသည့်သတင်းကို ငြင်းဆိုခဲ့ခြင်းမရှိဘဲ ပက်ဒရိုမှာ အသင်းမှ လိုအပ်နေသည့် ကစားသမားဖြစ်သည်ဟု ဆိုသည်။
    “ပက်ဒရိုကိုမေးရမှာပါ။ ကျွန်တော့်ကို မေးရမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အဖြေကတော့ ဒါဟာ အသင်းရယ်၊ ကစားသမားရယ် လုပ်ရမယ့် ဖြစ်စဉ်ပါပဲ။ ကျွန်တော်တို့လည်း အဲဒီမှာ ပါပါတယ်။ သူလက်မှတ်မထိုးမချင်း ကျွန်တော် ဘာမှ မပြောနိုင်ပါဘူး” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    အသင်းရှိ ဂိုးသမား ဒီဂီယာနှင့်ပတ်သက်၍မူ ဗန်ဂါးလ်က ၎င်းမှာ အသင်း၌ မကစားချင်ဟု ဆိုသည်။
    “ဖရန့်စ် ဟွက် (ဂိုးနည်းပြက) ဒေးဗစ်ဒီဂီယာနဲ့ ဆွေးနွေးခဲ့ပြီး သူ့ကို “မင်းကစားချင်လား” လို့ မေးခဲ့ပါတယ်။ ဒီဂီယာကတော့ မကစားချင်ဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ ဆုံးဖြတ်ချက် ချခဲ့ရပြီး ဒါကလည်း ဖြစ်စဉ်တစ်ခုပါပဲ”
    Ref: Goal
  • အသင်းဆရာဝန်ကို ဆဲရေးခဲ့သည့် မော်ရင်ဟို ဝေဖန်ခံနေရ
    အသင်းဆရာဝန်ကို ဆဲရေးခဲ့သည့် မော်ရင်ဟို ဝေဖန်ခံနေရ
    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media
    chel
    – ချယ်ဆီးအသင်း၏ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်၌ အသင်းဆရာဝန်နှင့် အချေအအတင်ဖြစ်ရာတွင် မော်ရင်ဟိုက ဆဲရေးတိုင်းထွာသည့် ဗီဒီယိုမှတ်တမ်းကို Sky Sport ရုပ်သံက ထုတ်ပြန်ခဲ့ပြီးနောက် မော်ရင်ဟိုအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
    ဆွမ်းဆီးအသင်းနှင့် ၂ ဂိုးစီသရေကျခဲ့သည့် အဆိုပါပွဲတွင် ပွဲပြီးကာနီး ၁၀ ယောက်ဖြင့် ကစားနေရချိန် ကွင်းလယ်လူ ဟာဇာ့ဒ် လဲကျသွားခဲ့သည့်အခါ အသင်းဆရာဝန် အီဗာ ကာရိုနီနှင့် ဆေးအဖွဲ့မှာ ကွင်းအတွင်းသို့ ပြေးဝင်သွားခဲ့ပြီး ဟာဇာ့ဒ်အား ကွင်းပြင်သို့ခေါ်ထုတ်ကာ ဆေးကုသမှု ပြုလုပ်ပေးခဲ့သည်။
    ကွင်အတွင်း ၉ ယောက်ဖြစ်သွားမည်ကို စိုးရိမ်ခဲ့သည့် မော်ရင်ဟိုက ဟာဇာ့ဒ်မှာ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ မောပန်း၍သာဖြစ်သည်ဟုဆိုကာ ကာရိုနီ၏ လုပ်ရပ်အတွက် မကျေမချမ်းဖြစ်၍ အချေအတင် စကားများခဲ့သည်။
    ထိုသို့စကားများရာတွင် မော်ရင်ဟိုမှာ ကာရိုနီအား ပေါ်တူဂီဘာသာစကားဖြင့် filho da puta (son of a b***h) ဟု ဆဲရေးတိုင်းထွာခဲ့ပြီး ထိုအဖြစ်အပျက်ကို ဖမ်းယူရိုက်ကူးထားသည့် ဗီဒီယိုကို Sky Sports က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
    ကာရိုနီအပြင်၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်သူ ဂျွန် ဖီအန်ကိုလည်း မော်ရင်ဟိုက အော်ငေါက်ခဲ့ကြောင်း ထိုဗီဒီယိုတွင် တွေ့ခဲ့ရသည်။ ထိုပြင် မော်ရင်ဟိုမှာ အခြားသော ရိုင်းပြသည့်စကားများဖြင့်လည်း ဆေးအဖွဲ့အား ဟစ်အော်ပြောဆိုခဲ့သည်။
    ထိုအဖြစ်အပျက်ကြောင့် အသင်းဆရာဝန် ကာရိုနီအား အသင်း၏ ပွဲများတွင် ပါဝင်ခြင်းမပြုရန် မော်ရင်ဟိုက အမိန့်ထုတ်ခဲ့သည်။ ချယ်ဆီးပရိတ်သတ်များကမူ ကာရိုနီအား ဆိုရှယ်မီဒီယာမှတစ်ဆင့် အားပေးနှစ်သိမ့်မှုများ ပြုလုပ်ခဲ့ပြီး မော်ရင်ဟို၏ ထိုလုပ်ရပ်အတွက်လည်း ဝေဖန်ပြောဆိုခဲ့ကြသည်။
    မော်ရင်ဟိုမှာ တီဗွီနှင့် ရေဒီယိုများတွင်လည်း ကာရိုနီအား ဝေဖန်မှုများပြုလုပ်ခဲ့ပြီး၊ ၎င်းမှာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိသော်လည်း ပွဲတစ်ပွဲ၏ အခြေခံအချက်ကို နားမလည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အသင်းအတွင်း ထိုကဲ့သို့ မပြေလည်မှုများအတွက် ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျကလည်း စိတ်ကသိကအောက် ဖြစ်နေသည်။
    အင်္ဂလိပ် အားကစားသတင်းစာ Sportsmail ကမူ မော်ရင်ဟိုမှာ ယခုတစ်လောတွင် ကစားသမားများနှင့် အသင်းရှိဝန်ထမ်းများအား ပစ်မှတ်ထား၍ ပြစ်တင်မှုများ ပြုလုပ်နေပြီး ထိုကိစ္စအတွက် ကစားသမားများကလည်း အနည်းငယ် မကျေမနပ်ဖြစ်နေသည်ဟု ဖော်ပြခဲ့သည်။
    Ref: Dialymail
  • ဗန်ဂါးလ်နဲ့ ရော်ဂျာတို့ အဖွင့်လှခဲ့ပြီး မော်ရင်ဟိုနဲ့ အာဆင်ဝင်းဂါး မျက်နှာမရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်
    ဗန်ဂါးလ်နဲ့ ရော်ဂျာတို့ အဖွင့်လှခဲ့ပြီး မော်ရင်ဟိုနဲ့ အာဆင်ဝင်းဂါး မျက်နှာမရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်
    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media
    pel 2
    – ပရီးမီးယားလိဂ် ရာသီသစ်ကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ စတင်ကစားခဲ့ပြီး မန်ယူ၊ လီဗာပူးလ်တို့ အနိုင်ရခဲ့ကာ ချယ်ဆီးက သရေကျပြီး အာဆင်နယ်ကတော့ အံအားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။
    ပြီးခဲ့တဲ့ ဘောလုံးရာသီက တာထွက်မလှခဲ့တဲ့ ဗန်ဂါးလ်ရဲ့မန်ယူက စနေနေ့က ကစားခဲ့တဲ့ အိမ်ကွင်းအဖွင့်ပွဲစဉ်မှာ ဂိုးသမားသစ် ရိုမဲရိုးရဲ့ အကောင်းဆုံး လက်စွမ်းနဲ့အတူ အနိုင် ၃ မှတ် ရအောင်ယူနိုင်ခဲ့ပါတယ်။ ကစားပုံသွက်ခဲ့တဲ့မန်ယူအတွက် အနိုင်ဂိုးက စပါးနောက်ခံလူ ကီလီဝေါလ်ကာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ရခဲ့တာဖြစ်ပြီး စပါးရဲ့ အပိုင်ကန်ချက် ၂ လုံးလောက်ကို ရိုမဲရိုး ကာကွယ်သွာနိုင်ခဲ့တာကြောင့်လည်း အဖွင့်လှခဲ့တာဖြစ်ပါတယ်။
    လက်ရှိချန်ပီယံ ချယ်ဆီးက အိမ်ကွင်းမှာ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ဆွမ်ဆီးရဲ့ ဂိုး ၂ ဂိုးကိုလည်း ပြန်လည်ခွင့်ပြုခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ၅၅ မိနစ်မှာ ဂိုးသမား ကော်တိုအစ် အထုတ်ခံခဲ့ရပြီး ပင်နယ်တီပေးလိုက်ရတာကြောင့်လို့ ပြောလို့ရပေမယ့် ချယ်ဆီးရဲ့ အနေအထားအရ ဒီထက်ပိုကောင်းနဲ့ ရလဒ်နဲ့ ထိုက်တန်ခဲ့တာပါ။
    ကစားသမားအသစ်တွေကို ပွဲထုတ်ခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ လီဗာပူးလ် ဂိုးသွင်းခွင့်တွေကို သိပ်မဖန်တီးနိုင်ခဲ့ပေမယ့် ၈၆ မိနစ်မှာ ကော်တင်ဟိုရဲ့ ဂိုးနဲ့ စတုတ်ကိုနိုင်ပြီး ၃ မှတ်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က အဝေးကွင်းမှာ စတုတ်ရဲ့ ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
    ရာသီကြိုခြေစမ်းပွဲတွေမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာလည်း အမြဲတမ်းအသာမရခဲ့တဲ့ ချယ်ဆီးကို အနိုင်ကစားနိုင်ခဲ့တဲ့ အာဆင်နယ်က ၀က်စ်ဟမ်းကို ၂ ဂိုးပြတ်နဲ့ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။ ဒါဟာ ၀က်စ်ဟမ်းအတွက် အာဆင်နယ်ကို ရှစ်နှစ်အတွင်း အဝေးကွင်းမှာ ပထမဆုံး အနိုင်ရခဲ့တာဖြစ်ပြီး အနိုင်ဂိုးတွေကိုတော့ ၄၃ မိနစ်မှာ ကူယာတီနှင့် ဇဲရာတေးတို့က သွင်းယူပေးတာဖြစ်ပါတယ်။
    တန်းတက်အသင်းတွေထဲမှာ ၀က်ဖို့ဒ်က အဲဗာတန်နဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး နော်ဝစ်ခ်ျက ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကာ ဘုန်းမောက်ကတော့ အက်စတွန်ဗီလာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၁ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်ယူ ၁-၀ စပါး
    ဘုန်းမောက် ၀-၁ အက်စတွန်ဗီလာ
    အဲဗာတန် ၂-၂ ၀က်ဖို့ဒ်
    လက်စတာ ၄-၂ ဆန်းဒါးလန်း
    နော်ဝစ်ခ်ျ ၁-၃ ခရစ္စတယ်ပဲလေ့စ်
    ချယ်ဆီး ၂-၂ ဆွမ်ဆီး
    အာဆင်နယ် ၀-၂ ၀က်စ်ဟမ်း
    နယူးကာဆယ် ၂-၂ ဆောက်သက်တမ်
    စတုတ် ၀-၁ လီဗာပူးလ်