News @ M-Media

Tag: EPL

  • လီဗာပူးလ်၊ ချယ်ဆီးတို့ ဂိုးမြူးခဲ့ကြပြီး ထိပ်ဆုံး ၃ သင်းရဲ့ အမှတ်ကွာဟမှု ၂ မှတ်သာရှိတော့တဲ့ ပရီးမီယားလိဂ်ပွဲစဉ် ၂၆

    လီဗာပူးလ်၊ ချယ်ဆီးတို့ ဂိုးမြူးခဲ့ကြပြီး ထိပ်ဆုံး ၃ သင်းရဲ့ အမှတ်ကွာဟမှု ၂ မှတ်သာရှိတော့တဲ့ ပရီးမီယားလိဂ်ပွဲစဉ် ၂၆

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media

    epl 1

    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ အာဆင်နယ်က ထိပ်ဆုံးက လက်စတာကို နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်ရကာ အမှတ်ကွာခြားမှု ကျဉ်းမြောင်းအောင် လုပ်နိုင်ခဲ့ပြီး ဒုတိယနေရာက စပါးကလည်း မန်းစီးတီးကို အနိုင်ယူကာ ချန်ပီယံအိပ်မက်အတွက် ရှေ့တစ်လှမ်း တိုးလာခဲ့ပါတယ်။ လီဗာပူးလ်နဲ့ ချယ်ဆီးတို့ကတော့ ဂိုးမြူးခဲ့ကြပြီး မန်ယူက ရှုံးနိမ့်ခဲ့ပါတယ်။

    အီမရိတ်မှာကစားခဲ့တဲ့ အာဆင်နယ်နဲ့ လက်စတာတို့ပွဲဟာ ရင်သပ်ရှုမောခဲ့ရပြီး နောက်ဆုံးမိနစ်ကျမှ အနိုင်ဂိုး ရခဲ့ပေမယ့် ကစားပုံကို ခြုံကြည့်ရင် အာဆင်နယ်တို့ ၃ မှတ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ပထမပိုင်း ပြီးကာနီးမှာ ဗာဒီရဲ့ ပင်နယ်တီဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ တစ်ယောက်အသာရ၊ ကစားကွက်မိပြီး တောက်လျှောက်ဖိကစားတဲ့ အာဆင်နယ်တို့ ဂိုးသွင်းခွင့် အမြောက်အများ ရရှိခဲ့တာဖြစ်ပါတယ်။ ချေပဂိုးကိုတော့ လူစားဝင်လာတဲ့ ဝေါလ်ကော့က မိနစ် ၇၀ မှာ သွင်းယူပေးခဲ့တာပါ။ အနိုင်ဂိုးရှင် ၀ဲလ်ဘတ်ကလည်း အရန်ခုံက ထလာတာဖြစ်ပြီး ဧပြီနောက်ပိုင်းမှာ ပထမဆုံး ပြန်လည်ကစားနိုင်တာဖြစ်ပါတယ်။

    epl 2

    ပြီးခဲ့တဲ့တစ်ပတ် အီတီဟတ်မှာ လက်စတာကို အရှုံးပေးခဲ့ရတဲ့ မန်စီးတီးတို့ ဒီတစ်ပတ် ဒုတိယနေရာက စပါးနဲ့အတွေ့မှာလည်း တူညီတဲ့ ကံကြမ္မာဆိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ စပါးတို့ ၅၃ မိနစ်မှာ ဟယ်ရီကိန်းရဲ့ ပင်နယ်တီနဲ့ ဦးဆောင်ဂိုးရခဲ့ပြီး ၇၄ မိနစ်မှာ အိမ်ရှင်တို့ ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကစားပုံပိုကောင်းတဲ့ စပါးတို့ ခရစ်ရှန် အဲရစ်ဆန်ရဲ့ ၈၃ မိနစ်ဂိုးနဲ့ အနိုင် ၃ မှတ် ရခဲ့ပါတယ်။ မန်စီးတီးနည်းပြ ပယ်လီဂရီနီကတော့ ၂ ပွဲဆက်အရှုံးဟာ တော်တော်လေးလွန်ပေမယ့် မျှော်လင့်ချက်ကို စွန့်လွှတ်သွားမှာမဟုတ်ဘူးလို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဆန်းဒါးလန်းကတော့ မန်ယူကို တစ်ခါမှမနိုင်ဖူးတဲ့ မှတ်တမ်းကို အိမ်ကွင်းမှာ ချိုးဖျက်နိုင်ခဲ့ပါတယ်။ ၃ မိနစ်မှာပဲ ၀ါဟ်ဘီ ခါဇ်ရီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့တဲ့ အိမ်ရှင်တို့ မန်ယူထက် ကစားပုံပိုကောင်းခဲ့တာပါ။ ၃၉ မိနစ်မှာ မန်ယူလူငယ်ကစားသမား အန်တိုနီ မာရှယ်က ချေပဂိုပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်းဒါးလန်းရဲ့ သွက်သွက်လက်လက်ကစားမှုကို မန်ယူတို့ မယှဉ်နိုင်ခဲ့ဘဲ ၈၂ မိနစ် ဂိုးသမား ဒီဂီယာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် အိမ်ရှင်တို့ အနိုင် ၃ မှတ်ရခဲ့ပါတယ်။ ဆန်းဒါးလန်းတိုက်စစ်ရဲ့ အပိုင် ဂိုးသွင်းခွင့် ၂ လုံးကိုသာ ဒီဂီယာ မကာကွယ်နိုင်ရင် ဒီထက်တောင်ပိုပြီး ဂိုးပြတ်သွားနိုင်ပါတယ်။ ဗန်ဂါးလ်ကတော့ အသင်းဟာ အဆင့် ၄ အတွင်းကို မ၀င်တော့ဘူးလို့ ၀န်ခံခဲ့ပါတယ်။

    epl 3

    လီဗာပူးလ်ကလည်း စတားရစ်ဂ်ျပြန်လာမှုနဲ့အတူ ဇယားအောက်ခြေက အက်စတွန်ဗီလာကို ၆ ဂိုးပြတ်ခဲ့ပြီး ချယ်ဆီးကတော့ တန်းဆင်းဇုန်က နယူးကာဆယ်ကို ၅ ဂိုးပြတ်ခဲ့ပါတယ်။

    epl 4ဒီတစ်ပတ်ပရီးမီးယားလိဂ် ရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဆန်းဒါးလန်း ၂-၁ မန်ယူ
    ဘုန်းမောက် ၁-၃ စတုတ်
    ခရစ္စတယ်ပဲလေ့စ် ၁-၂ ၀က်ဖို့ဒ်
    အဲဗာတန် ၀-၁ ၀က်စ်ဘရွန်း
    နော်ဝစ်ခ်ျ ၂-၂ ၀က်စ်ဟမ်း
    ဆွမ်ဆီး ၀-၁ ဆောက်သက်တမ်
    ချယ်ဆီး ၅-၁ နယူးကာဆယ်
    အာဆင်နယ် ၂-၁ လက်စတာ
    အက်စတွန်ဗီလာ ၀-၆ လီဗာပူးလ်
    မန်စီးတီး ၁-၂ စပါး

  • မန်ယူ၏ ချန်ပီယံလိဂ်လူစာရင်းတွင် ဂိုးသမား ဒီဂီယာ ပါဝင်လာ

    မန်ယူ၏ ချန်ပီယံလိဂ်လူစာရင်းတွင် ဂိုးသမား ဒီဂီယာ ပါဝင်လာ

    သြဂုတ် ၁၂၊ ၂၀၁၅
    M-Media

    mu

    – ရီးယဲလ်သို့ ရောက်ရှိတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့သည့် မန်ယူဂိုးသမား ဒီဂီယာမှာ ချန်ပီယံလိဂ် Play-off ကစားမည့် မန်ယူအသင်း၏ လူစာရင်းတွင် ပါဝင်လာခဲ့သည်။

    ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် စနေနေ့က စပါးနှင့် ကစားခဲ့သည့်ပွဲတွင် ဒီဂီယာမှာ ချန်လှပ်ခြင်းခံခဲ့ရပြီး၊ နွေရာသီအပြောင်းအရွှေ့တွင် ရီးယဲလ်နှင့် လိပ်ခဲတည်းလည်းဖြစ်နေသည့်အချိန် ဒီဂီယာမှာ ပွဲအတွက် လုံလောက်စွာ အာရုံစိုက်နိုင်မည်ဟုတ်ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ချန်ပီယံလိဂ် အုပ်စုအဆင့်ကို တက်ရောက်နိုင်ရေး ဘလ်ဂျီယံထိပ်သီး ကလပ်ဘရုဂျီနှင့် ကစားရမည့် Play-off ပွဲစဉ်များ၏ လူစာရင်းတွင် ဒီဂီယာမှာ ပြန်လည် ပါဝင်လာခဲ့သည်။

    ဒီဂီယာမှာ မန်ယူတွင် ၎င်း၏ နောက်ဆုံးနှစ်ကို ဖြတ်သန်းနေရခြင်းဖြစ်ပြီး မိမိအနေဖြင့် ရီးယဲလ်သို့ ပြောင်းရွှေ့ချင်သည်ဟု မန်ယူအား အတိအလင်း အသိပေးထားသူလည်းဖြစ်သည်။ သို့သော်လည်း နှစ်သင်းစလုံးမှာ ယခုအချိန်အထိ သဘောတူညီမှု မရသေးဘဲ အဓိကပြဿနာမှာ ပြောင်းရွှေ့ကြေး ပြဿနာ ဖြစ်နေသည်။

    လက်ရှိအချိန်တွင် မန်ယူအသင်း၏ ဂိုးသမားနေရာတွင် အသစ်ခေါ်ယူထားသည့် ဆာဂျီယို ရိုမဲရိုးသာ တည်တည်ငြိမ်ငြိမ်ရှိနေသည်။ ၎င်းမှာ အဖွင့်ပွဲတွင် စပါးအသင်း၏ အပိုင် ဂိုးသွင်းခွင့် ၂ လုံးကို ကာကွယ်ခြင်းနှင့်အတူ အကောင်းဆုံးလက်စွမ်းကို ပြသနိုင်ခဲ့သည်။

    Ref: Goal

  • အသင်းဆရာဝန်အား ပွဲများတွင် တာဝန်ထမ်းဆောင်ခြင်းမပြုရန် မော်ရင်ဟိုတားမြစ်

    အသင်းဆရာဝန်အား ပွဲများတွင် တာဝန်ထမ်းဆောင်ခြင်းမပြုရန် မော်ရင်ဟိုတားမြစ်

    သြဂုတ် ၁၂၊ ၂၀၁၅
    M-Media

    doc

    – ဆွမ်ဆီးနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် မော်ရင်ဟိုနှင့် မကျေမလည်ဖြစ်ခဲ့သည့် ချယ်ဆီးအသင်း၏ ဆရာဝန်အမျိုးသမီး အီဗာ ကာနီရိုမှာ အသင်း၏ ပွဲစဉ်များတွင် ပါဝင်ခွင့်ရတော့မည်မဟုတ်ဟု သိရသည်။

    ၂ ဂိုးစီသရေကျခဲ့သည့် အဆိုပါပွဲတွင် ပွဲပြီးကာနီး၌ ကွင်းလယ်လူ အေဒင် ဟဇာ့ဒ် ဒဏ်ရာရရှိသွားချိန်တွင် ကာနီရိုနှင့် ဆေးအဖွဲ့မှာ ကွင်းထဲသို့ အလျင်အမြန် ၀င်ရောက်သွားခဲ့ပြီး ဟာဇာ့ဒ်အား အပြင်ခေါ်ထုတ်ကာ ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။

    ထိုအချိန်တွင် ချယ်ဆီးမှာ ၁၀ ယောက်တည်းဖြင့် ၂ ဂိုးစီ သရေရလဒ်ကို ထိန်းကစားနေရချိန် ဖြစ်ပြီး ဟဇာ့ဒ်အား ကွင်းပြင်ထုတ်သွားမှုကြောင့် ၉ ယောက်ဖြစ်သွားသည့်အတွက် မော်ရင်ဟိုက ကာနီရို၏ လုပ်ရပ်ကို သဘောမတွေ့ခဲ့ဘဲ အပြန်အလှန် စကားများခဲ့ကြသည်။

    “ကျွန်တော့်ရဲ့ ဆေးဘက်ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် သဘောမတွေ့ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ တကယ်လို့ ခင်ဗျားဟာ ကွင်းဘေးအရန်ခုံမှာနေရတဲ့ ဒေါက်တာ ဒါမှမဟုတ် အတွင်းရေးမှူးဖြစ်ရင် ပွဲရဲ့အနေအထားကို နားလည်ရမှာပါ။ ကစားသမားတစ်ယောက်လျော့နေတဲ့ နောက်ဆုံးမိနစ်မှာ ကစားသမားတစ်ယောက်ကို ကူညီဖို့ ကွင်းထဲဝင်သွားပြီဆိုရင် အဲဒီ ကစားသမားဟာ ဆိုးရွားတဲ့ ပြဿနာရှိနေတာ သေချာလားဆိုတာ ခင်ဗျား သိရမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင် ဟဇာ့ဒ်မှာ ဒဏ်ရာရခဲ့ခြင်းမဟုတ်ဘဲ မောပမ်းနွမ်းနယ်နေခြင်းသာ ဖြစ်ကြောင်း၊ မိမိ၏ ဆေးအဖွဲ့မှာ ကစားသမား ၈ ယောက်ဖြင့် မိမိအား သောကရောက်စေခဲ့ကြောင်း မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။

    ကာနီရိုမှာ အသင်း၏ ဆရာဝန်အဖြစ် ဆက်ရှိနေမည်ဖြစ်သော်လည်း မော်ရင်ဟိုက အသင်း၏ လေကျင့်ရေးကွင်း၊ အသင်းတည်းခိုမည့်ဟိုတယ်နှင့် အသင်းကစားသည့်ပွဲများတွင် ကာနီရို လာရောက်ခြင်းမပြုရန် တားမြစ်ခဲ့သည်။

    မော်ရင်ဟိုနှင့် မကျေမလည်ဖြစ်ခဲ့သော်လည်း ချယ်ဆီးပရိတ်သတ်များက ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကာနီရိုအား အားပေးခဲ့ကြသည်။

    ကာနီရိုမှာ ၂၀၁၁ ခုနှစ် နည်းပြ ဗီလာဘိုအာ့စ်လက်ထက်တွင် ချယ်ဆီးအသင်းကြီး၏ ဆရာဝန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ဒီမက်တီယို၊ ရာဖာဘင်နီတက်ဇ်နှင့် ယခု မော်ရင်ဟိုလက်ထက်အထိပါ ဆက်လက်တည်မြဲနေခဲ့သည်။

    Ref: Dailymail

  • ကစားပုံထက် အနိုင်ရမှုကသာ အခရာဟု လီဗာပူးလ်ကွင်းလယ်လူပြော

    ကစားပုံထက် အနိုင်ရမှုကသာ အခရာဟု လီဗာပူးလ်ကွင်းလယ်လူပြော

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    liver

    – မိမိတို့အသင်း အနိုင်ရရှိရန်သာ လိုအပ်ပြီး ကစားပုံမကောင်းမှုကို ဂရုမစိုက်ဟု လီဗာပူးလ်အသင်း၏ ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာက ပြောကြားလိုက်သည်။

    ပရီးမီးယာလိဂ်အဖွင့်ပွဲစဉ်အဖြစ် စတုတ်စီးတီးနှင့် တနင်္ဂနွေနေ့က ကစားခဲ့သောပွဲတွင် လီဗာပူးလ်အသင်းမှာ ကော်တင်ဟို၏ ၈၆ မိနစ်ဂိုးဖြင့် အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့သည်။ သို့သော်လည်း ကစားပုံမှာ သွက်လက်ခြင်း မရှိခဲ့ပေ။

    ယခုနှစ်မှ ပြောင်းရွှေ့လာခဲ့သော မီလ်နာကမူ ကစားပုံမကောင်းခဲ့သော်လည်း စတုတ်စီးတီးအသင်း၏ ဘရစ်တာနီယာကွင်းမှ ၃ မှတ်ယူခဲ့ခြင်းကသာ အခရာကျသည်ဟု ပြောကြားခဲ့သည်။

    “အမြဲတမ်း ရလဒ်ကိုပဲ ကြည့်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ ရာသီရဲ့ ပွဲတိုင်းကို ဆိုးဆိုးဝါးဝါးကစားမယ်၊ ပြီးတော့ တစ်ပွဲချင်းစီကို နိုင်ခဲ့မယ်ဆိုရင် လူတိုင်းက ဒီအတွက် ပျော်ရွှင်ကြမှာပါပဲ။ ကျွန်တော်တို့ ဘောလုံးကို ကိုင်ထားနိုင်တာပဲဖြစ်ဖြစ်၊ တိုက်ပွဲတစ်ပွဲလို ပွဲမျိုးပဲဖြစ်ဖြစ် ဒီလို အနိုင်ရဖို့သာ အခရာပါ။ ပြီးတော့ ဒါကိုပဲ ကျွန်တော်တို့ လုပ်ရမှာပါ” ဟု မီလ်နာက ပြောကြားခဲ့သည်။

    ထို့ပြင် အခြေအနေကို သုံးသပ်ရန် လိုအပ်ပြီး မတူညီသောအသင်းများ၊ မတူညီသော ဖွဲ့စည်းပုံများအတွက် ပြောင်းလဲကစားနိုင်ရမည်ဖြစ်ကြောင်း ထိပ်တန်းအသင်းဆိုသည်မှာ မိမိတို့၏ စိတ်ကြိုက် မဖြစ်သည့်အခါ လိုက်လျောညီထွေ ဖြစ်ရမည်ဖြစ်ပြီး ပွဲများအား နိုင်အောင်ကစားနိုင်ရမည် ဖြစ်ကြောင်း ၎င်းက ထည်သွင်းပြောကြားခဲ့သည်။

    အဖွင့်ပွဲစဉ်တွင် အနိုင်ဂိုးသွင်းပေးခဲ့သည့် ကော်တင်ဟိုကိုလည်း မီလ်နာက ချီးကျူးခဲ့သည်။

    “သူက တစ်ချိန်လုံး တိုးတက်နေတဲ့သူလို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့နှစ်မှာ ဒီလို စွမ်းဆောင်တာမျိုး အကြိမ်အနည်းငယ် တွေ့ဖူးပါတယ်။ ဒါ့ကြောင့် ကျွန်တော် ကွင်းထဲမှာ၊ သူ့အသင်းမှာ ရှိနေတဲ့အချိန် သူဒီလိုလုပ်တာ သိပ်ကောင်းပါတယ်။ သူဟာ အရည်အချင်းရှိပြီး တစ်သင်းလုံးမှာ အရည်အချင်းရှိတယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်”

    Ref: Goal

  • ကော်တိုအစ်အတွက် ချယ်ဆီး အယူခံဝင်မည်

    ကော်တိုအစ်အတွက် ချယ်ဆီး အယူခံဝင်မည်

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    chel

    – ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ဆွမ်ဆီးနှင့်ပွဲတွင် အနီကဒ်ဖြင့် အထုတ်ခံခဲ့ရသည့် ဂိုးသမား ကော်တိုအစ်အတွက် အယူခံဝင်သွားမည်ဟု ချယ်ဆီးအသင်းက ပြောကြားခဲ့သည်။

    ၂ ဂိုးစီ သရေကျခဲ့သည့် အဆိုပါပွဲတွင် ချယ်ဆီးအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နေသည့်အချိန် ၅၂ မိနစ်တွင် ကော်တိုအစ်မှာ ဆွမ်ဆီးတိုက်စစ်မှူး ဘာဖီတင်မ်ဘီ ဂိုမစ်၏ ဂိုးရနိုင်သည့် ကြိုးပမ်းမှုကို ရှင်းလင်းရာမှ တိုက်ရိုက်အနီကဒ်ဖြင့် အထုတ်ခံခဲ့ရပြီး ပင်နယ်တီပါ ပေးခဲ့ရသည်။

    ထိုအနီကဒ်ကြောင့် တစ်ပွဲပယ်ခံရမည့် ကော်တိုအစ်မှာ လာမည့် တနင်္ဂနွေနေ့တွင်ကစားမည့် မန်စီးတီးအသင်းနှင့်ပွဲတွင် ပါဝင်နိုင်မည်ဟုတ်ချေ။ သို့သော်လည်း ချယ်ဆီးက ဘောလုံးအဖွဲ့ချုပ်သို့ ယနေ့တွင် အယူခံဝင်သွားမည်ဖြစ်သည်။

    ချယ်ဆီးအသင်း၏ တာဝန်ရှိသူဟောင်းဖြစ်သည့် မာ့က်ဟာလ်ဆေးကမူ မော်ရင်ဟိုမှာ ထိုကိစ္စအတွက် အယူခံဝင်သင့်သည်ဟု ပြောကြားခဲ့သည်။

    “ပင်နယ်တီပေးရတာကတော့ ရှင်းပါတယ်။ ဒါပေမယ့် အနီကဒ် ပြရမလား၊ မပြရဘူးလားဆိုတာကတော့ ပါရမီရှိတဲ့ လူငယ်ဒိုင်လူကြီး မိုကယ်အိုလီဗာအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ ဂိုးရနိုင်တဲ့ အခွင့်အရေးကို ပျက်ပြယ်စေခဲ့လားဆိုတာ သူ ဆုံးဖြတ်ရတယ်။ ဒါ့ကြောင့် ဒီလိုအဖြစ်အပျက် ဖြစ်တဲ့အခါ စက္ကန့်ပိုင်းအတွင်းမှာ သူဟာ အကြောင်းအချက် တော်တော်များများကို စဉ်းစားရပါတယ်။ ဂိုးနဲ့အကွာအဝေး၊ ဂိုမစ်က ဘောလုံးကို ထိန်းချုပ်ထားတဲ့ အနေအထား၊ တည်နေရာနဲ့ အနီးဆုံးမှာရှိနေတဲ့ နောက်ခံလူ အရေအတွက် စတာတွေပေါ့” ဟု ၎င်းက ပြောကြားခဲ့သည်။

    လာမည့်တစ်ပတ်တွင် ချယ်ဆီးနှင့် တွေ့ဆုံရမည့် မန်စီးတီးအသင်းမှာ ယနေ့မနက်က အကောင်းဆုံး ခြေစွမ်းပြ၍ ၀က်စ်ဘရွန်းအသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ အဖွင့်ပွဲတွင် အနိုင် ၃ မှတ် ရယူနိုင်ခဲ့သည်။

    Ref: Goal