News @ M-Media

Tag: EPL

  • မိမိအား မနိုင်မှုအတွက် အာဆင်ဝင်းဂါးအား မော်ရင်ဟို ပြက်ရယ်ပြု

    မိမိအား မနိုင်မှုအတွက် အာဆင်ဝင်းဂါးအား မော်ရင်ဟို ပြက်ရယ်ပြု

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    mrn

    – ၎င်းနှင့်တွေ့ဆုံသည့်ပွဲများအတွင်း အနိုင်မရမှုနှင့်ပတ်သက်၍ ချယ်ဆီးနည်းပြ မော်ရင်ဟိုက အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးအား ပျက်ရယ်ပြု ပြောဆိုလိုက်ပြီး၊ တိုနီပူးလစ်မှာ မိမိ ပြိုင်ဘက်ဖြစ်သည်ဟု ဆိုသည်။

    အာဆင်ဝင်ဂါးမှာ မော်ရင်ဟိုနှင့် ယခင်တွေ့ဆုံခဲ့သည့် ၁၃ ကြိမ်တွင် နိုင်ပွဲမရရှိခဲ့ဘဲ မနက်ဖြန်တွင်လည်း ၎င်းတို့ ၂ သင်းမှာ ကွန်မြူနီဒိုင်းအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    သို့သော်လည်း မော်ရင်ဟိုကမူ ၀င်းဂါး၏ ထိုမှတ်တမ်းအား ပြက်ရယ်ပြုလိုက်ပြီး အာဆင်နယ်၏ အနိုင်မရခဲ့မှုကို အဆုံးသတ်ရန် အဖြေလည်း ရှာတွေ့လိမ့်မည်ဟု ခနဲ့ခဲ့သည်။ ထို့ပြင် တိုနီပူးလစ်ကသာ မိမိအား အန္တရာယ်အပေးနိုင်ဆုံးဟုလည်း ဆိုသည်။

    “တိုနီပူးလစ်ကို ၂ ကြိမ်ရှုံးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့တစ်ကြိမ် ၀က်စ်ဘရွန်းနဲ့ တစ်ကြိမ်ပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    အာဆင်ဝင်းဂါးအား ထိုကဲ့သို့ ခနဲ့ခဲ့သော်လည်း အာဆင်နယ်မှာ ယခုနှစ်တွင် ချန်ပီယံဆုအတွက် စိန်ခေါ်သူဖြစ်သည်ဟုလည်း မော်ရင်ဟိုက ၀န်ခံခဲ့ကာ မနက်ဖြန်တွင်ကစားမည့် ကွန်မြူနတီဒိုင်းမှာ ချစ်ကျည်ရေးပွဲထက် ပိုလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “အာဆင်နယ်ဟာ ချန်ပီယံဆုဖလားအတွက် စိန်ခေါ်သူလို့ ကျွန်တော် အမြဲတမ်း တွေးထားခဲ့ပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၂ နှစ်က အင်္ဂလန်ကို ဒုတိယံမိ ပြန်ရောက်လာတဲ့အခါ သူတို့မှာ ကောင်းမွန်တဲ့ လူစာရင်း ရှိလာပါတယ်”

    Ref: Goal

  • ဥရောပပြိုင်ပွဲများအတွက် ပရီးမီးယားလိဂ် ပွဲစဉ်များကို ရွှေ့ပေးမည်မဟုတ်

    ဥရောပပြိုင်ပွဲများအတွက် ပရီးမီးယားလိဂ် ပွဲစဉ်များကို ရွှေ့ပေးမည်မဟုတ်

    ဇူလိုင် ၃၁၊ ၂၀၁၅
    M-Medias

    epl

    – ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အသင်းများအတွက် ပရီးမီးယားလိဂ် ပွဲစဉ်များကို ပြောင်းလဲရေးဆွဲမည်ဆိုသည့် သတင်းအား ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူ ရစ်ချက် စကူဒါမိုးက ငြင်းဆိုလိုက်သည်။

    ဥရောပရှိ အချို့သောလိဂ်များတွင် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ၀င်ရောက်ယှဉ်ပြိုင်မည့် အသင်းများအတွက် ၎င်းတို့၏ ပြည်တွင်းလိဂ်ပွဲစဉ်ကို ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပေးသည့် ဆောင်ရွက်မှုများရှိသည်။

    ပရီးမီးယားလိဂ်တွင်မူ ထိုကဲ့သို့ ဆောင်ရွက်မှုမရှိဘဲ၊ နောက်ပိုင်းတွင်လည်း ဆောင်ရွက်ပေးသွားမည်မဟုတ်ဟု စကူဒါမိုးက အတည်ပြု ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အဆင့်သတ်မှတ်ချက် လျော့ကျလာမှုကြောင့် ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရအသင်းကို
    ယူအီးအက်ဖ်အေက ၃ သင်းအထိ လျှော့ချခဲ့သည်။

    သို့သော်လည်း စကူဒါမိုးကမူ ပရီးမီးယားလိဂ်အသင်းများ၏ ဥရောပစွမ်းဆောင်ရည် မြင့်တက်ရန်အတွက် ပြည်တွင်းလိဂ်ပွဲများအား ပြင်ဆင်ရေးဆွဲရေးမှာ အကောင်အထည်ဖော်ရန်ခက်ခဲသည်ဟု ဆိုသည်။

    “ဟုတ်ပါတယ်။ ဒါက စိုးရိမ်စရာပါ။ လက်တွေ့ကျကျပြောရရင် ကျွန်တော်တို့ အဆင့်လျှော့ချခံရတာဟာ မကောင်းပါဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ်တစ်နေရာဟာ လျော့သွားပါတယ်။ ကျွန်တော်တို့ ဂရုစိုက်ရမှာပါ” ဟု စကူဒါမိုးက ဥရောပပြိုင်ပွဲ
    နေရာလျှော့ချခံရမှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    ထို့ပြင် ပရီးမီးယားလိဂ်ပွဲစဉ်များ ပြင်ဆင်ရေးနွှဲရေးနဲ့ပတ်သက်၍လည်း “၂၀၁၆-၁၇ ဘောလုံးရာသီကနေစပြီး တစ်ချို့ပွဲတွေကို သောကြာနေ့ညမှာ ကစားမှာပါ။ ဒါပေမယ့် အသင်းတိုင်းအတွက် လုပ်လို့မရတာကြောင့် တစ်ပွဲချင်းစီကိုတော့ ရွှေ့ပေးမှာ မဟုတ်ပါဘူး။
    ချန်ပီယံလိဂ်အသင်းတွေက အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ကစားပါတယ်။ ဒါ့ကြောင့် အသင်းတစ်သင်းအတွက် အဆင်ပြေစေဖို့ ပွဲတွေကို ရွှေ့လို့ မဖြစ်နိုင်ပါဘူး” ဟု ထပ်လောင်းပြောကြားခဲ့သည်။

    ယူရိုပါလိဂ် ၀င်ရောက်ယှဉ်ပြိုင်ရသော အသင်းများအတွက် တစ်ပတ်လျှင် ၂ ပွဲကစားရမှုမှာ ခက်ခဲနိုင်သည်ဟု စကူဒါမိုးက ၀န်ခံခဲ့သည်။

    “ယူရိုပါလိဂ်မှာတော့ နည်းနည်းခြားနားတယ်လို့ ကျွန်တော်ထင်ပါတယ်”

    Ref: Goal

  • ဖယ်လ်ကာအို မှာ ကြောက်စရာတိုက်စစ်မှူး ပြန်ဖြစ်လာမည်ဟု မော်ရင်ဟိုပြော

    ဖယ်လ်ကာအို မှာ ကြောက်စရာတိုက်စစ်မှူး ပြန်ဖြစ်လာမည်ဟု မော်ရင်ဟိုပြော

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    chel

    – တိုက်စစ်မှူးဖယ်လ်ကာအိုအနေဖြင့် ချယ်ဆီးအသင်းတွင် ဂိုးသွင်းခြေ ပြန်ရမည်ဖြစ်ပြီး ၎င်းအတွက် မိမိအနေဖြင့် မည်သည့်စိုးရိမ်မှုမှမရှိဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    အက်သလက်တီကိုမက်ဒရစ်အသင်း၌ ပွဲပေါင်း ၉၀ ကစားကာ ဂိုး ၇၀ သွင်းယူနိုင်ခဲ့သည့် ဖယ်လ်ကာအိုမှာ ယမန်နှစ်က မန်ယူသို့ အငှားလာရောက်ကစားသည့်အချိန်တွင် ၄ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

    သို့သော်လည်း မော်ရင်ဟိုက ဇူလိုင်လအစောပိုင်းတွင် ခေါ်ယူခဲ့ပြီး မိမိ၏လက်အောက်တွင် ဖယ်လ်ကာအိုမှာ ကြောက်စရာကောင်းသည့်တိုက်စစ်မှူးတစ်ဦး ပြန်ဖြစ်လာနိုင်မည်ဟု ဆိုသည်။

    ထို့ပြင် မန်ယူသို့ပြောင်းရွှေ့သွားကတည်းက မိမိတို့မှာ အဆိုးများနှင့် ရင်ဆိုင်ရတော့မည်ဟု တွေးထားခဲ့ကြောင်း ၎င်းက ၀န်ခံခဲ့သည်။

    “သူ မန်ယူကို ရောက်သွားတဲ့အခါ ကျွန်တော်တို့ နည်းနည်းကြောက်ခဲ့တယ်လို့ ပြောရမယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူက ပင်နယ်တီစည်းအတွင်းမှာ သားရဲတစ်ကောင်လိုပါပဲ။ ပြီးတော့ တစ်ချိန်လုံး ဂိုးတွေသွင်းတဲ့သူ တစ်ယောက်ပါ။ သူကစားခဲ့တဲ့ ကလပ်အသင်းတိုင်းရဲ့ လိဂ်ပြိုင်ပွဲတိုင်းမှာ သူ ဒီလို ဂိုးတွေသွင်းခဲ့တာကိုး။ ဒါ့ကြောင့် ကျွန်တော်တို့ အင်္ဂလန်မှာလည်း
    သူဒီလိုပဲ ဂိုးသွင်းမယ်လို့ ယုံကြည်ခဲ့တယ်” ဟု မော်ရင်ဟိုက ESPN သို့ ပြောကြားခဲ့သည်။

    ဖယ်လ်ကာအို မန်ယူ၌ ခြေစွမ်းမပြနိုင်ခြင်းမှာ ကြံ့ခိုင်မှုကြောင့်မဟုတ်ဘဲ မိမိအနေဖြင့် စိုးရိမ်မှုမရှိဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

    “၀ယ်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ ကျွန်တော်တို့ဟာ အသည်းအသန်ကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဆရာဝန်က ဒီကိစ္စတွေအားလုံးအတွက် စုံစမ်းမှုတွေ တကယ့်ကို လုပ်ခဲ့ပါတယ်။ သေချာတာက သူဟာ ရုပ်ပိုင်းဆိုင်ရာပြဿနာ မရှိပါဘူး။ ဒါ့ကြောင့် ရုပိုင်းဆိုင်ရာ ပြဿနာမရှိရင် ကျွန်တော်တို့ သူ့ကို ဂိုးတွေပြန်သွင်းအောင် လုပ်နိုင်ပါလိမ့်မယ်”

    Ref: Goal

  • စတာလင် မန်စီးတီးပြောင်းရွှေ့မှုကို တယ်ရီထောက်ခံ

    စတာလင် မန်စီးတီးပြောင်းရွှေ့မှုကို တယ်ရီထောက်ခံ

    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media

    man

    – ရဟီးမ်စတာလင်အား ခေါ်ယူနိုင်ခဲ့ခြင်းမှာ မန်စီးတီးအသင်း၏ ပြောင်မြောက်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး သုံးစွဲခဲ့ရသည့် ငွေကြေးကို မေ့ထားရမည်ဟု ချယ်ဆီးဝါရင့်နောက်ခံလူ တယ်ရီက ပြောကြားလိုက်သည်။

    လီဗာပူးလ်အသင်းတွင် ခြေစွမ်းပြခဲ့သော စတာလင်မှာ အသင်းနှင့် သက်တမ်းတိုးရန် အဆင်မပြေဖြစ်ပြီးနောက် မန်စီးတီးက ပေါင် ၄၉ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထိုပြောင်းရွှေ့ကြေးအတွက် ဘောလုံးအသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများ ရှိခဲ့သော်လည်း တယ်ရီကမူ ထိုက်တန်သည့် တန်ဖိုးဖြစ်သည်ဟု ဆိုသည်။

    “စတာလင်ဟာ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ ပြီးခဲ့တဲ့နှစ်က သူနဲ့ ကျွန်တော် ဆုံဖူးပါတယ်။ သူက တော်တော်လေး ဒုက္ခပေးတဲ့သူပါ။ သူတို့ (မန်စီးတီး)အတွက်တော့ သူဟာ ထင်ရှားတဲ့ကစားသမားတစ်ယောက် ဖြစ်လာတော့မှာပါ။ ပိုက်ဆံကတော့ သိပ်များတာပေါ့။ ဒါပေမယ့် တစ်ခြား အင်္ဂလိပ်ကစားသမားတစ်ယောက်ကို ဘယ်လိုရှာပြီး ၀ယ်နိုင်မလဲ။ ကျွန်တော့်အတွက်တော့ သူဟာ ပရီးမီးယားလိဂ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါပဲ” ဟု တယ်ရီက မီဒီယာသို့ ပြောကြားခဲ့သည်။

    စတာလင် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ချန်ပီယံလိဂ်တွင် ပါဝင်ကစားလိုခြင်းက အကြောင်းအရင်းတစ်ရပ် ဖြစ်နေပြီး တယ်ရီကလည်း လီဗာပူးလ်မှာ ထိုအဆင့်ကို မရောက်ခဲ့သောကြောင့် စတာလင်၏ဆန္ဒမှာ မမှားယွင်းဟုဆိုသည်။

    “သူဘယ်ကလာပြီး သူ့ဆန္ဒဘယ်လိုရှိလဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ ထိပ်တန်း အင်္ဂလိပ်ကစားသမားတစ်ယောက် ဖြစ်တယ်လို့ ကျွန်တော်ထင်လို့ပါပဲ။ ပိုက်ဆံအကြောင်း မေ့လိုက်စမ်းပါ”

    Ref: Goal

  • ဗန်ဂါးလ်မှာ မန်ယူအား ဖလားသုံးလုံးအောင်ပွဲသို့ ခေါ်သွားနိုင်သည်ဟု အန်းရစ်ပြော

    ဗန်ဂါးလ်မှာ မန်ယူအား ဖလားသုံးလုံးအောင်ပွဲသို့ ခေါ်သွားနိုင်သည်ဟု အန်းရစ်ပြော

    ဇူလိုင် ၂၆၊ ၂၀၁၅
    M-Media

    baca

    – နည်းပြဗန်ဂါးလ်အနေဖြင့် မန်ချက်စတာယူနိုက်တက်အသင်းအား ဖလားသုံးလုံးအောင်ပွဲဆီသို့ ခေါ်ဆောင်သွားနိုင်သည်ဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    ယမန်နေ့က အမေရိကန်တွင် ကစားခဲ့သည့် ခြေစမ်းပွဲတွင် မန်ယူမှာ ဘာစီလိုနာအား ရူနီ၊ လင်ဂါ့ဒ် ယာနူဇေးတို့၏ ဂိုးများကြောင့် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အသက် ၄၅ နှစ်အရွယ်ရှိ အန်းရစ်မှာ ဘာစီလိုနာအသင်း၏ ကစားသမားအဖြစ် ဗန်ဂါးလ်၏ နည်းစနစ်များကို ကြုံတွေ့ရခဲ့ပြီး ဗန်ဂါးလ်မှာ မန်ယူအား အောင်မြင်မှုဆီသို့ ခေါ်ဆောင်နိုင်စွမ်းရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

    “ဗန်ဂါးလိုနည်းပြမျိုး၊ သူတို့မှာရှိတဲ့ ကစားသမားမျိုးတွေနဲ့ဆိုရင် အသင်းဟာ အရာရာတိုင်းအတွက် ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ တစ်နှစ်အတွင်းမှာ ကိစ္စတွေအများကြီး ဖြစ်နိုင်ပါတယ်။ ဖလားလက်မဲ့ရာသီကနေ ကျွန်တော်တို့ ပြန်လာခဲ့ပြီး ဖလားသုံးလုံး ရခဲ့ပါတယ်။ ယူနိုက်တက်ကလည်း ဒီလိုမျိုး လုပ်နိုင်ပါတယ်။ သူတို့ဟာ ကြီးကျယ်တဲ့ ကလပ်အသင်းပါ” ဟု အန်းရစ်က မီဒီယာသို့ ပြောကြားခဲ့သည်။

    သို့သော်လည်း မန်ယူအား ရှုံးနိမ့်ခဲ့ရမှုအတွင်း အသင်း၏ အခြေအနေအတွက် အန်းရစ်က စိတ်ပျက်နေသည်။

    “ကွင်းကြီးက ပျင်းခြောက်ခြောက်ဖြစ်နေတာဟာ ရှက်စရာပါပဲ။ နှစ်သင်းစလုံးကို ထိခိုက်စေပါတယ်”

    ဘာစီလိုနာမှာ ယနေ့တွင် ရာသီကြိုခြေစမ်းပွဲအဖြစ် ဖီအိုရင်တီးနားအသင်းနှင့် ကစားရမည်ဖြစ်သည်။

    Ref: Goal