News @ M-Media

Tag: EPL

  • ပက်ဒရိုအပြောင်းအရွှေ့အတွက် ဘာကာနှင့် မန်ယူ သဘောတူ

    ပက်ဒရိုအပြောင်းအရွှေ့အတွက် ဘာကာနှင့် မန်ယူ သဘောတူ

    သြဂုတ် ၆၊ ၂၀၁၅
    M-Media

    pedro

    – တိုက်စစ်မှူး ပက်ဒရို အပြောင်းအရွှေ့နှင့်ပတ်သက်၍ ဘာစီလိုနာနှင့် မန်ယူတို့မှာ သဘောတူညီချက် ရရှိခဲ့ပြီး လာမည့်တစ်ပတ် ယူအီးအက်ဖ်အေ စူပါဖလားပြီးနောက်ပိုင်းမှ မန်ယူသို့ ရောက်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။

    ပြောင်းရွှေ့ကြေး ကနဦး ပေါင် ၁၈.၁ သန်းနှင့် နောက်ထပ် ဘောနပ်စ် ပေါင် ၄.၂ သန်းတို့ဖြင့် ၎င်းတို့နှစ်သင်းမှာ သဘောတူညီချက် ရရှိထားသော်လည်း ပက်ဒရိုနှင့် မန်ယူတို့မှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီချက် မရသေးပေ။

    သို့သော်လည်း ဥရောပချန်ပီယံဖြစ်သော ဘာစီလိုနာမှာ ယူရိုပါလိဂ်ချန်ပီယံ ဆီးဗီးလားအသင်းနှင့် ဥရောပ စူပါဖလားကို လာမည့် အင်္ဂါနေ့တွင် ကစားရန်ရှိနေပြီး ပက်ဒရိုအား ထိုပြိုင်ပွဲတွင် ထည့်သွင်းအသုံးပြုရန် ဆန္ဒရှိနေသည်။

    ထို့ကြောင့် လာမည့်စနေနေ့တွင် ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်အဖြစ် စပါးအသင်းနှင့်ကစားမည့်ပွဲတွင် ပက်ဒရိုမှာ မန်ယူ၌ ပါဝင်ကစားနိုင်မည် မဟုတ်ချေ။

    ပက်ဒရိုမှာ ပြီးခဲ့သည့် ဇွန်လအတွင်းကပင် အသင်းနှင့် ၄ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး ထိုစာချုပ်တွင် ပက်ဒရို အသင်းမှထွက်ခွာလိုပါက ထွက်ခွာနိုင်သည်ဟူသော ခွင့်ပြုချက်ကိုလည်း ထည့်သွင်းထားသည်။ ပက်ဒရိုကိုယ်တိုင်ကလည်း ကစားခွင့် ပိုမိုရရှိမည့်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ချင်နေသည်။

    ဗန်ဂါးလ်က ပက်ဒရိုအား ခေါ်ယူချင်နေသည်ဟု မကြာသေးမီက ၀န်ခံပြောဆိုထားသည်။ ပက်ဒရိုမှာ ဘာစီလိုနာအသင်းအတွက် ၃၁၈ ပွဲကစာထားပြီး ၉၈ ဂိုး သွင်းယူပေးထားနိုင်သူဖြစ်သည်။

    Ref: Goal

  • ချယ်ဆီးအသင်း ကစားသမားသစ်များကို ခေါ်ယူမည်မဟုတ်တော့

    ချယ်ဆီးအသင်း ကစားသမားသစ်များကို ခေါ်ယူမည်မဟုတ်တော့

    သြဂုတ် ၆၊ ၂၀၁၅
    M-Media

    morinho

    – အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ နောက်ထပ်ကစားသမားအသစ်များကို ခေါ်ယူသွားမည်မဟုတ်တော့ဟုချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    အသက်အရွယ်ရနေပြီဖြစ်သည့် ၀ါရင့်နောက်ခံလူ ဂျွန်တယ်ရီ၏နေရာကို ရေရှည်အစားထိုးရန် မော်ရင်ဟိုမှာ အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို ခေါ်ယူလိုနေပြီး ၂ ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း အဲဗာတန်အသင်းက ပယ်ချခဲ့သည်။

    “ရာသီတိုင်းမှာ ကျွန်တော်တို့ ဒီလိုမျိုး ထပ်လုပ်ပါတယ်။ ကျွန်တော့်အတွက်တော့ အပြောင်းရွှေ့ဟာ ပြီးဆုံးသွားခဲ့ပါပြီ။ ပြိုင်ပွဲစတဲ့အချိန် လူဝယ်တာမျိုးကို ကျွန်တော် မကြိုက်ပါဘူး။ ဈေးကွက်ဖွင့်ထားတယ်။ ကျွန်တော့်အသင်းကလည်း ၀ယ်လို့ရောင်းလို့ရတယ်။ ဒါပေမယ့် ကျွန်တော် ဒါကို စိတ်မ၀င်စားပါဘူး။ ဘောလုံးအသင်းနည်းပြတစ်ယောက်အနေနဲ့ အခုအချိန်မှာ ကျွန်တော့်ကစားသမားတွေအကြောင်း၊လူစာရင်းအကြောင်းပဲ စဉ်းစားနေပါတယ်။ အပြောင်းအရွှေ့ဈေးကွက်အကြောင်း မစဉ်းစားပါဘူး” ဟု မော်ရင်ဟိုက talkSPORT သို့ ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ အော့ဂ်ဘာ့ဂ်အသင်း၏ နောက်ခံလူ ဘာဘာရဟ်မန်အား ခေါ်ယူရန် နီးစပ်နေပြီး နောက်ခံလူ ဖီးလစ်လူးဝစ်မှာ အက်သလက်တီကိုသို့ ပြောင်းရွှေ့ရန် ရှိနေကာ မော်ရင်ဟိုမှာ ဘယ်နောက်ခံလူ ပြဿနာရှိနေသည်။

    “ဘာဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်ကတော့ အပြောင်းအရွှေ့အကြောင်း စဉ်းစားဖို့ တစ်မိနစ်လောက်တောင် အချိန်ကုန်မခံနိုင်ပါဘူး။ ရှိတဲ့ကစားသမားနဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ”

    Ref: Goal

  • ရှဝိုင်းစတိုင်ဂါမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ကြံ့ခိုင်မှု မပြည့်ဝခဲ့ဟု ဂွါဒီယိုလာ သတိပေး

    ရှဝိုင်းစတိုင်ဂါမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ကြံ့ခိုင်မှု မပြည့်ဝခဲ့ဟု ဂွါဒီယိုလာ သတိပေး

    သြဂုတ် ၄၊ ၂၀၁၅
    M-Media

    mu

    – မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူလိုက်သည့် ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါ ကြံ့ခိုင်မှု မပြည့်ဝသည်မှာ ၂ နှစ်ခန့်ရှိနေပြီဟု အသင်းဟောင်း ဘိုင်းယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက သတိပေး ပြောကြားလိုက်သည်။

    ကစားသမားဘ၀ သက်တမ်းတစ်လျှောက်လုံးကို ဘိုင်ယန်၌ ကုန်ဆုံးခဲ့သည့် အသက် ၃၁ နှစ်အရွယ် ရှဝိုင်းစတိုင်ဂါမှာ ပေါင် ၁၂ သန်းဖြင့် ယခုနှစ်နွေရာသီတွင် မန်ယူသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းမှာ ပြီးခဲ့သည့် ရာသီများတွင် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်ခဲ့ရသူဖြစ်သည်။

    ယမန်နှစ်တွင် ရှဝိုင်းစတိုင်ဂါမှာ ဘွန်ဒစ်လီဂါ၌ ဘိုင်ယန်အတွက် ၁၅ ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ဘိုင်ယန်နည်းပြ ဂွာဒီယိုလာကမူ ၎င်း၏ ဒဏ်ရာအခြေအနေက စိုးရိမ်စရာဖြစ်သည်ဟု ဆိုသည်။

    “ဒဏ်ရာပြဿနာ မရှိတဲ့အခါတွေဆိုရင် မန်ယူမှာ သူဟာ ကောင်းကောင်းကစားနိုင်မယ်လို့ ကျွန်တော် အပြည့်အ၀ ယုံကြည်ပါတယ်။ သူက ထိပ်တန်းကစားသမားတစ်ဦးပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ ပြီးခဲ့တဲ့ ၂ နှစ်မှာ သူဟာ ဒဏ်ရာပြဿနာအချို့ ရှိခဲ့ပါတယ်။ သူဟာ အမြဲတမ်း ရာနှုန်းပြည် မကြံ့ခိုင်ပါဘူး” ဟု ဂွါဒီယိုလာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂျာမနီအသင်းနှင့် အောင်မြင်မှုရရှိခဲ့သည့် ရှဝိုင်းစတိုင်ဂါမှာ ပြိုင်ပွဲမတိုင်ခင်နှင့် ပြိုင်ပွဲအပြီးတွင် ကြံ့ခိုင်မှုအတွက် ရုန်းကန်ခဲ့ရပြီး၊ ကမ္ဘာ့ဖလားပြီးနောက်ပိုင်း လိဂ်ပြိုင်ပွဲများတွင်ပွဲ ၂၀ သာ ပါဝင်ကစားခွင့်ရခဲ့ကာ ချန်ပီယံလိဂ် ၁၂ ပွဲတွင်လည်း ၆ ပွဲတိတိ လွဲချော်ခဲ့သည်။

    သို့သော်လည်း ဂွါဒီယိုလာကမူ ရှဝိုင်းစတိုင်ဂါမှာ မန်ယူတွင် ကစားပုံကောင်းလိမ့်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ရှဝိုင်းစတိုင်ဂါမှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဘိုင်ယန်၌ နည်းပြဗန်းဂါးလ်နှင့် လက်တွဲဖူးသူလည်း ဖြစ်သည်။

    Ref: Goal

  • အိုဇေးလ်မှာ ယခုနှစ်တွင် ပိုကောင်းလာမည်ဟု ၀င်းဂါးပြော

    အိုဇေးလ်မှာ ယခုနှစ်တွင် ပိုကောင်းလာမည်ဟု ၀င်းဂါးပြော

    သြဂုတ် ၂၊ ၂၀၁၅
    M-Media

    ozil

    – အသင်းရှိ ဂျာမန်အလယ်တန်းလူ မီဆု အိုဇေးလ်မှာ ပို၍ တောင့်တင်းလာသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်ပြီး ယခုရာသီတွင် တောက်ပမည့် ကြယ်ပွင့်များထဲမှ တစ်ပွင့်ဖြစ်သည်ဟု ဆိုသည်။

    လွန်ခဲ့သည့် ၂ နှစ်အရင် ရီးယဲလ်မှ ကလပ်စံချိန်တွင် ပြောင်းရွှေ့ကြေး ယူရို ၄၂.၅ သန်းဖြင့် ရောက်ရှိလာပြီးကတည်းက အိုဇေးလ်မှာ ၎င်း၏ စွမ်းဆောင်ရည်များအတွက် ချီးကျူးမှုများကို ခံခဲ့ရသလို၊ ဝေဖန်မှုများကိုလည်း ခံခဲ့ရသည်။

    သို့သော်လည်း ၀င်းဂါးကမူ လာမည့် ၂၀၁၅-၁၆ ဘောလုံးရာသီတွင် အိုဇေးလ်ထံမှ ၎င်း၏ ပုံမှန် ဖန်တီးမှုဖြစ်သော ဖြတ်တင်ဘောများနှင့် လှုပ်ရှားမှုကို တွေ့မြင်ရခြင်းအပြင် ဂိုးများလည်း သွင်းနိုင်မည်ဟု မျှော်လင့်နေသည်။

    “အရင်ကထက် ပွဲကို မောင်းနှင်ဖို့ လုပ်ပိုင်ခွင့် ပိုလာတယ်ဆိုတာကို သူက ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယရာသီဝက်မှာ သူ့ရဲ့ ဖြတ်တင်ဘောစွမ်းရည်ကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့ ကစားပုံကို မာကျောစေဖို့ ထပ်ပြီးဖြစ်လာတဲ့ အခြေအနေပါပဲ။၂၀၁၅-၁၆ ဘောလုံးရာသီမှာ သူဟာ ကြီးကျယ်တဲ့ ကစားသမားတွေထဲက တစ်ယောက် ဖြစ်နိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၀င်းဂါးက အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အိုဇေးလ်မှာ ပွဲတစ်ပွဲ၏ အဓိကအခန်းကဏ္ဍမှ ပါဝင်ကစားပြီး၊ ဂိုးများသွင်းခြင်းဖြင့် အသင်းအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ လွန်ခဲ့သည့်နှစ်များတွင် ၎င်းမှာ ရာသီအကြိုပြင်ဆင်မှု အားနည်းခဲ့ပြီး ယခုအချိန်တွင် အင်္ဂလန်၌ ပိုမို၍ အခြေကျခဲ့ပြီဖြစ်ကြောင်း ၀င်းဂါးက
    ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ယခုနှစ်တွင် မန်ယူအသင်း ၄-၃-၃ ဖြင့် ကစားသွားမည်

    ယခုနှစ်တွင် မန်ယူအသင်း ၄-၃-၃ ဖြင့် ကစားသွားမည်

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    mu

    – ရာသီကြို စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် လာမည့်ရာသီတွင် မိမိတို့မှာ ၄-၃-၃ ကစားကွက်ဖြင့် ကစားသွားမည်ဟု မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ လူးဝစ် ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် ပထမရာသီဝက်တွင် ဗန်ဂါးလ်မှာ ၃-၅-၂ ပုံစံဖြင့် အသင်းအား အထိုင်ချခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ချန်ပီယံလိဂ်တွင် တစ်နှစ်ကြာ လစ်လပ်ခဲ့ပြီးနောက် ပြန်လည်ရှင်ပြိုင်ခွင့်ရခဲ့သည့် ယခုနှစ်တွင် ခြေစစ်ပွဲအောင်မြင်ရေးအတွက် ဆိုးရွားသော ရာသီအစကို ဖြတ်ကျော်ရန် ဗန်ဂါးလ်မှာ ရာသီကြိုခြေစမ်းပွဲများတွင် ၎င်း၏ လူစာရင်းအား ပြောင်းလဲအသုံးပြုမှုများ ပြုလုပ်ခဲ့သည်။

    အဆိုပါ ခြေစွမ်းပွဲများတွင် မန်ယူမှာ ကလပ်အမေရိကကို ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း ဘာစီလိုနာအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သော်လည်း ပီအက်စ်ဂျီအသင်းအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ဗန်ဂါးလ်မှာ ၎င်း၏ နည်းစနစ်ဆိုင်ရာ အစီအစဉ်ကို ဆုံးဖြတ်ခဲ့သည်။

    “ဘာပဲဖြစ်ဖြစ် ၄-၃-၃ ပါပဲ။ ပြီးခဲ့တဲ့နှစ်က ဒုတိယရာသီဝက်မှာ ကျွန်တော်တို့ ဒီပုံစံ ကစားခဲ့ပါတယ်။ ဒါဟာ ကျွန်တော်အသုံးပြုချင်တဲ့စနစ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ (ခြေစမ်းပွဲတွေမှာ) ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပုံစံနဲ့ ကစားခဲ့သလို၊ ကျွန်တော်တို့ ကစားရမယ့် ပုံစံမျိုနဲ့လည်း ကစားခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော် ကျေနပ်ခဲ့ပါတယ်” ဟု ဗန်ဂါးလ်က မန်ယူအသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် တစ်ခါတစ်ရံတွင် ကွယ်းလယ်ကစားသမားက တိုက်စစ်မှူး၏ အရှေ့ရောက်နေသည်မှာ မကောင်းကြောင်း၊ မိမိတို့၏ တိုက်စစ်မှာ ပြိုက်ဘက်များအပေါ် မူတည်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal