News @ M-Media

Tag: EPL

  • မန်စီးတီးကွင်းလယ်လူ နာဆရီ ဒဏ်ရာကြောင့် ၁ လခန့် နားရမည်

    မန်စီးတီးကွင်းလယ်လူ နာဆရီ ဒဏ်ရာကြောင့် ၁ လခန့် နားရမည်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media

    na

    – အသင်း၏ အားထားရသော ကွင်းလယ်လူ နာဆရီမှာ ဒဏ်ရာကြောင့် တစ်လနီးပါး အနားယူရတော့မည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    နာဆရီမှာ ခြေသလုံးကြွက်သားဒဏ်ရာ ရနေပြီး စမ်းသပ်စစ်ဆေးမှုများအရ သီတင်းပတ် သုံးပတ်ခန့် အနားယူရမည်ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ပတ်ကစားမည့် အသင်းဟောင်း အာဆင်နယ်နှင့်ပွဲတွင် ပါဝင်နိုင်မည်မဟုတ်ဘဲ၊ ဇန်န၀ါရီ ၃၁ ရက်နေ့တွင် ကစားမည့် ဇယားထိပ်မှ ချယ်ဆီးနှင့်ပွဲတွင်လည်း ပါဝင်နိုင်မည်ဟုတ်ပေ။

    သို့သော်လည်း ဒဏ်ရာရနေသည့် နောက်ခံလူ ဗင်းဆင့် ကွန်ပနီနှင့် တိုက်စစ်မှူး အဂူရိုတို့မှာ ပြန်လည်ပါဝင်နိုင်မည်ဟု ပယ်လီဂရီနီက ဆိုသည်။

    `ကံမကောင်းအကြောင်းမလှစွာပဲ ဆာမီရ် နာဆရီဟာ ခြေသလုံးဒဏ်ရာ ရနေပါတယ်။ သူ ၃ ပတ်လောက်တော့ နားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကွန်ပနီကတော့ ရာနှုန်းပြည့် ကြံ့ခိုင်နေပါပြီ။ ဇက်ကိုကိုတော့ စောင့်ကြည့်ရပါမယ်´ ဟု ပယ်လီဂရီနီက
    သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အာဆင်နယ်နှင့်ပွဲမှာ အရေးကြီးသည်ဟုလည်း ဖွင့်ဟခဲ့သည်။ မန်စီးတီးမှာ ဒီဇင်ဘာအပြောင်းအရွှေ့ အစောပိုင်းတွင်ပင် တိုက်စစ်မှူးဘိုနီကို ခေါ်ယူထားပြီး ပယ်လီဂရီနီကမူ နောက်ထပ် ကစားသမားအသစ်များ ခေါ်ယူသွားမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref : goal.com

  • အသင်းမှ ထုတ်ပယ်ခံရမည်မဟုတ်ဟု ကျူပီအာရ်နည်းပြ ပြော

    အသင်းမှ ထုတ်ပယ်ခံရမည်မဟုတ်ဟု ကျူပီအာရ်နည်းပြ ပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၅
    M-Media

    rnap

    – အသင်း၏ ဆိုးရွားသော အခြေအနေကြောင့် မိမိ၏ အနာဂတ်မှာ ယခုတစ်ပတ် မန်ယူအသင်းနှင့်ပွဲတွင် မူတည်နေသည်ဆိုသော သတင်းများကို ကျူပီအာရ်နည်းပြ ဟယ်ရီ ရက်နပ်က ငြင်းပယ်လိုက်သည်။

    ကစားပြီးသမျှ အဝေးကွင်းပွဲစဉ် ၁၀ ပွဲတွင် အားလုံးရှုံးနိမ့်ကာ စံချိန်တင်ထားသည့် ကျူပီအာရ်အသင်းမှာ လက်ရှိတွင် အဆင့် ၁၉ တွင် ရှိနေပြီး အောက်ဆုံးမှ လက်စတာနှင့် ၂ မှတ်သာ ကွာဟသည်။ ထို့ကြောင့် ၎င်း၏ အနာဂတ်မှာ ယခုတစ်ပတ် စနေနေ့တွင် ကစားမည့် မန်ယူနှင့်ပွဲရလဒ်တွင် မူတည်နေသည်ဟု သတင်းများက ဖောပြခဲ့ကြသည်။

    သို့သော်လည်း ရက်နပ်က ထိုသတင်းအား ငြင်းဆိုခဲ့ပြီး မိမိနှင့် အသင်းပိုင်ရှင်တို့မှာ ကောင်းမွန်သော ဆက်ဆံရေးရှိသည်ဟု ပြောကြားခဲ့သည်။

    `အသင်းပိုင်ရှင်၊ ရှယ်ယာရှင်တွေနဲ့ ကျွန်တော်ဟာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်။ ဒါပေမယ့် သူတို့က အခြေအနေကို ပြောင်းလဲချင်တယ်ဆိုရင်တော့ ဒါဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ သူတို့ဆောင်ရွက်တာနဲ့ ပတ်သက်ပြီး ကျွန်တော်လုပ်နိုင်တာ ဘာမှမရှိပါဘူး။ (အသင်းပိုင်ရှင်) တိုနီဖာနန်ဒက်ဇ်နဲ့ ကျွန်တော် မနေ့ကရော၊ တစ်ပတ်လုံး စကားပြောခဲ့ပြီး ကျွန်တော့်ကိစ္စနဲ့ ပတ်သက်လို့တော့ သူ ဘာမှ မပြောပါဘူး´ ဟု ရက်နပ်က ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Ref: goal.com

  • ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုများ ချီးမြှင့်

    ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုများ ချီးမြှင့်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    Pr Shoot - Barclays PR Shoot 14/01/2015 - Manchester City Training Ground - 14/1/15 Manchester City manager Manuel Pellegrini receives the Barclays manager of the month award for December Mandatory Credit: Action Images / Jason Cairnduff Livepic EDITORIAL USE ONLY. ast

    – ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ မန်စီးတီးနည်းပြ ပယ်လီဂရီနီနှင့် ကျူပီအာရ်တိုက်စစ်မှူး ချာလီအော်စတင်တို့က အသီးသီး ရရှိခဲ့သည်ဟု သိရသည်။

    ပယ်လီဂရီနီမှာ ဒီဇင်ဘာလအတွင်း ကစားခဲ့သည့် မန်စီးတီး၏ ပွဲစဉ် ၆ ပွဲတွင် ၅ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ရှုံးပွဲ လုံးဝမရှိခဲ့ချေ။ ထို့ပြင် အများဆုံး ရရှိနိုင်သည့် အမှတ် ၁၈ မှတ်မှ ၁၆ မှတ်အထိရရှိအောင် နည်းပြပေးနိုင်ခဲ့သောကြောင့် တစ်လတာ အကောင်းဆုံးနည်းပြဆု ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မန်စီးတီးမှာ ထိပ်ဆုံးမှ ချယ်ဆီးနှင့် အမှတ်ကွာဟချက် ၂ မှတ်သာ ရှိတော့သည်။

    တိုက်စစ်မှူး အော်စတင်မှာ ကျူပီအာရ်အသင်းနှင့်အတူ ခြေစွမ်းပြနေပြီး အသင်းအတွင် စုစုပေါင်း ၁၃ ဂိုး သွင်းပေးထားသည်။ ဒီဇင်ဘာလအတွင်း ၀စ်က်ဘရွန်းအသင်းနှင့်ပွဲ ဟက်ထရစ်အပါအ၀င် ပရီးမီးယားလိဂ်တွင် ၅ ဂိုး သွင်းယူပေးခဲ့သည်။ ထို့ပြင် ဂိုးသွင်းယူနိုင်ရန်အတွက် ဖန်တီးပေးပို့မှု တစ်ကြိမ် ပြုလုပ်ပေးခဲ့ပြီး ၎င်း၏ ပေးပို့မှုများမှ ၇၀ ရာခိုင်နှုန်းမှာ အသင်းအတွက်
    အထောက်အကူပြုခဲ့သည်။

    အော်စတင်မှာ ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာ၊ ဆောက်သက်တမ် တိုက်စစ်မှူး ဂရာဇီယာနို ပီလီ၊ ၀က်စ်ဟမ်းတိုက်စစ်မှူး ဆာခို၊ မန်စီးတီး တိုက်စစ်မှူး အဂူရိုတို့ပြီးနောက် ယခုနှစ် ဘောလုံးရာသီအတွင်း တစ်လတာ အကောင်းဆုံးကစားသမားဆုအား ရရှိခဲ့သည့် ပဉ္စမမြောက် တိုက်စစ်မှူးလည်းဖြစ်သည်။

    Ref : dailymail

  • မိမိတို့ပစ်မှတ်မှာ ချန်ပီယံလိဂ်ဖြစ်သည်ဟု ဆောက်သက်တမ်ကွင်းလယ်လူ ဆို

    မိမိတို့ပစ်မှတ်မှာ ချန်ပီယံလိဂ်ဖြစ်သည်ဟု ဆောက်သက်တမ်ကွင်းလယ်လူ ဆို

    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media

    sut

    – အာဆင်နယ်နှင့် မန်ယူတို့ကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီးနောက် မိမိတို့၏ ပစ်မှတ်မှာ ချန်ပီယံလိဂ် ၀င်ခွင့်ရရေးပင် ဖြစ်သည်ဟု ဆောက်သက်တမ်ကွင်းလယ်လူ စတီဗင် ဒါးဗီးစ်က ပြောကြားလိုက်သည်။

    ရာသီအစကတည်းက ခြေစွမ်းကောင်းများ ပြသခဲ့သည့် ဆောက်သမ်တမ်မှာ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်က ခြေစွမ်း ပြန်ကျခဲ့သည်။ သို့သော်လည်း နောက်ဆုံး ၅ ပွဲတွင် ချယ်ဆီးအသင်းကိုသာ ၁ ဂိုး စီသရေကျခဲ့ပြီး အဲဗာတန်၊ အာဆင်နယ်၊ မန်ယူတို့ကို အနိုင်ကစားနိုင်ခဲ့ကာ အများဆုံးရရှိနိုင်သည့် ၁၅ မှတ်တွင် ၁၃ မှတ်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။

    ထို့ကြောင့် ယခုလက်ရှိတွင် အမှတ်ပေးဇယား တတိယနေရာတွင်ရှိနေကာ အဆင့် ၄ မှ မန်ယူအား ၂ မှတ် ဖြတ်ထားသည်။

    `ကျွန်တော်တို့ အသင်းလိုက်ပုံစံနဲ့ သွားနေတာပါ။ တကယ်လို့များ ကျွန်တော်တို့ဟာ ဇန်န၀ါရီလကုန်၊ ဒါမှမဟုတ် ဖေဖော်ဝါရီလကုန်မှာ ဒီအဆင့်မျိုး ရှိနေခဲ့ရင် ချန်ပီယံလိဂ်ဝင်ကစားရဖို့ ဖြစ်နိုင်ပါပြီ´ ဟု ဒါးဗီးစ်၏ ပြောကြားမှုကို အသင်း၏ ၀ဘ်ဆိုက်၌ ဖော်ပြထားသည်။

    ထို့ပြင် မိမိတို့အသင်းအနေဖြင့် ပွဲတိုင်းတွင် ပိုကောင်းအောင် ကြိုးစားနေပြီး ကွင်းအတွင်းသို့ဝင်ကာ ရလဒ်ကောင်းများရယူရန် စိတ်ဆန္ဒရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • အာဆင်နယ်နှင့် ထိပ်တိုက်တွေ့ရမည် စိုးသောကြောင့် မန်ယူသို့ မပြောင်းရွှေ့ဖြစ်ခဲ့ဟု နာဆရီ ဖွင့်ဟ

    အာဆင်နယ်နှင့် ထိပ်တိုက်တွေ့ရမည် စိုးသောကြောင့် မန်ယူသို့ မပြောင်းရွှေ့ဖြစ်ခဲ့ဟု နာဆရီ ဖွင့်ဟ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၅
    M-Media

    nsr

    – ဖာဂူဆန်နှင့်တွေ့ဆုံခဲ့ပြီး မန်ယူနှင့်သို့ရောက်ရန် နီးစပ်ခဲ့သော်လည်း အာဆင်နယ်အသင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အကြောင်း ဖန်လာသောကြောင့် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။

    အာဆင်နယ်၌ ကစားနေစဉ် နာဆရီမှာ ဖာဂူဆန်နှင့် ပြင်သစ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မန်ယူသို့ပြောင်းရန် ဆွေးနွေးမှုများရှိခဲ့သော်လည်း၊ မန်စီးတီး၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။

    `ကျွန်တော်တို့ ဖာဂူဆန်နဲ့ ပဲရစ်မှာတွေ့ဆုံခဲ့ပါတယ်။ ကောလဟာလတွေ ဖြစ်မလာအောင် လျှို့ဝှက်နေရာတစ်ခုမှာ တွေ့တာပါ။ ဒါပေမယ့် ပြဿနာတစ်ခု ရှိခဲ့ပါတယ်။ ဒါကတော့ မန်ယူကိုပြောင်းဖို့ အာဆင်နယ်နဲ့ အကြိတ်အနယ် ဆွေးနွေးခိုင်းတာပါပဲ။ ဒီလိုလုပ်ဖို့ မဖြစ်ဖူးဆတိုတာ ကိုယ့်ကိုယ်ကို သိခဲ့ပါတယ်။ အထူးသဖြင့် အဆင်ဝင်းဂါးနဲ့ပေါ့ဗျာ´ ဟု နာဆရီက Beln Sports သတင်းစာသို့ ၀န်ခံပြောကြားခဲ့သည်။

    ထို့ပြင် မန်စီးတီး၏ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး မန်စီနီကလည်း နေ့စဉ်နေ့တိုင်း ဖုန်းခေါ်ခဲ့ကြောင်း၊ ထို့နောက် မိမိအနေဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အဆင်ဝင်းဂါးကိုယ်တိုင်က နာဆရီမှာ ငွေကြေးမက်လုံးကြောင့် မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။ မန်စီးတီးသို့ ရောက်ရှိခဲ့သည့် နာဆရီမှာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်နှင့် လိဂ်ဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သည်။

    Ref : goal.com