News @ M-Media
Tag: EPL
  • ယခုနှစ်တွင် မိမိတို့မှာ ချယ်ဆီးကို ကျော်တက်ကာ ဗိုလ်စွဲနိုင်မည်ဟု မန်စီးတီးဂိုးသမားဆို
    ယခုနှစ်တွင် မိမိတို့မှာ ချယ်ဆီးကို ကျော်တက်ကာ ဗိုလ်စွဲနိုင်မည်ဟု မန်စီးတီးဂိုးသမားဆို
    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media
    jhar
    – ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် ၅ မှတ် ကွာဟနေသော်လည်း မိမိတို့အသင်းမှာ ချယ်ဆီးအား ကျော်တက်ကာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း မန်စီးတီးအသင်း၏ ဂိုးသမား ဂျိုးဟတ်က ပြောကြားလိုက်သည်။
    ချယ်ဆီးနောက် တောက်လျှောက်လိုက်လာခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ် အာဆင်နယ်အသင်းကို အိမ်ကွင်း၌ ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့မှုက မန်စီးတီးအသင်းအား ၅ မှတ် ကွာဟသွားစေခဲ့ပြီး ယခုနှစ်ရာသီ အိမ်ကွင်း ပထမမြောက် ရှုံးပွဲလည်းဖြစ်ခဲ့သည်။
    သို့သော်လည်း ဂျိုးဟတ်ကမူ အမှတ်ကွာဟမှုကို လျှော့ချရန်အတွက် မိမိတို့အသင်းတွင် စွမ်းအားအပြည့် ရှိနေသည်ဟု ပြောကြားခဲ့သည်။
    `ဒါဟာ ပရီးမီးယားလိဂ်ပါ။ ကျွန်တော်တို့ ဗိုလ်စွဲတဲ့ ရာသီတွေတုန်းကလည်း ဒီလိုမျိုး (နောက်ကလိုက်ရတာ) ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း အကြိမ်တော်တော်များများ ဖြစ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ လမ်းမပျောက်သေးပါဘူး။ ကျွန်တော်တို့မှာ ယုံကြည်မှုရှိပါတယ်´ ဟု ဂျိုးဟတ်က Manchester Evening News သတင်းစာသို့ ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အသင်းမှာ ယခုနှစ် ပွဲအများစုတွင် စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ကြောင်း၊ အမှတ်ကွာဟမှုမှာ တစ်ခါတစ်ရံတွင် ဖြစ်တတ်သော်လည်း မိမိတို့အနေဖြင့် လျှော့ချသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    ချယ်ဆီးမှာ FA ဖလားအဖြစ် မစ်ဒဘရော့နှင့် ကစားရန်ရှိနေပြီး ထို့နောက် တနင်္ဂနွေနေ့တွင် ချယ်ဆီးအသင်းနှင့် ကစားရမည်ဖြစ်သည်။
    Ref: goal.com
  • ဂျရတ် လီဗာပူးလ်မှ ထွက်ခွာမည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု မော်ရင်ဟိုဆို
    ဂျရတ် လီဗာပူးလ်မှ ထွက်ခွာမည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု မော်ရင်ဟိုဆို
    ဇန်န၀ါရီ ၂၁၊ ၂၀၁၅
    M-Media
    grd
    – လီဗာပူးလ်ကွင်းလယ်လူဂျရတ်မှာ ယခုနှစ်ရာသီကုန်တွင် ပရီးမီးယားလိဂ်မှ ထွက်ခွာတော့မည်အတွက် မိမိနေဖြင့် ၀မ်းနည်းမိသည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    ၂၀၁၄-၂၀၁၅ ခုနှစ် ဘောလုံးရာသီကုန်တွင် လီဗာပူးလ်၏ သက်တော်ရှည်ကစားသမား ဂျရတ်မှာ အမေရိကန်မေဂျာလိဂ်ကလပ် LA Galaxy အသင်းသို့ ပြောင်းရွှေ့တော့မည်ဖြစ်သည်။ ၂၀၀၅ ခုနှစ် ချယ်ဆီးသို့ စရောက်စဉ်က ဂျရတ်အား ခေါ်ယူရန် ကြိုစားခဲ့ဖူးသည့် မော်ရင်ဟိုက ဂျရတ် ပရီးမီးယားလိဂ်မှ ထွက်ခွာသွားခြင်းကြောင့် ပရီးမီးယားလိဂ်မှာ အားနည်းသွားလိမ့်မည်ဟု ဆိုသည်။
    `သူထွက်သွားမှာကို ကျွန်တော် မပျော်ရွှင်ပါဘူး။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမားတွေ စုနေတာကိုပဲ ကျွန်တော် နှစ်သက်ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် လိုအပ်တဲ့အရည်အသွေးထက် ပိုရှိနေသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ကျွန်တော့်ရဲ့ ပြိုင်ဘက်အသင်းက ဖြစ်ပေမယ့် သူထွက်သွားတော့မယ်ဆိုတာအတွက်
    ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်´ ဟု မော်ရင်ဟိုက လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ လီဗာပူးလ်နှင့် ၁ ဂိုးစီ သရေကျခဲ့သည့် ပွဲအပြီးတွင် BBC Radio 5 Live သို့ ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်ရာသီက ချယ်ဆီးမှထွက်ခွာသွားခဲ့သည့် လမ်းပတ်မှာ မန်စီးတီးတွင် ခြေစွမ်းပြနေပြီး၊ ဂျရတ်ကိုလည်း ချယ်ဆီးသို့ ခေါ်ယူရန် ဖြစ်နိုင်မည်လားဟု မေးမြန်းရာ မော်ရင်ဟိုက အငှားဖြင့် ခေါ်ယူရန် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု အရွှန်းဖောက်ပြောကြားခဲ့သည်။
    Ref: goal.com
  • အာဆင်နယ်နှင့်ပွဲ ဖန်တီးနိုင်စွမ်းနည်းခဲ့ကြောင်း ပယ်လီဂရီနီ ၀န်ခံ
    အာဆင်နယ်နှင့်ပွဲ ဖန်တီးနိုင်စွမ်းနည်းခဲ့ကြောင်း ပယ်လီဂရီနီ ၀န်ခံ
    ဇန်န၀ါရီ ၁၉၊ ၂၀၁၅
    M-Media
    awg
    – တနင်္ဂနွေနေ့က ကစားခဲ့သည့်ပွဲတွင် အာဆင်နယ်အား ၂ ဂိုး ပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ မိမိတို့အသင်း ဖန်တီးနိုင်စွမ်း နည်းခြင်းကြောင့် ဖြစ်သည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
    ထိုပွဲတွင် မန်စီးတီးအသင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ကာဇိုလာ၏ ပင်နယ်တီ၊ ဂျရူး၏ ခေါင်းတိုက်ဂိုးတို့ဖြင့် အရှုံးပေးခဲ့ရခြင်းဖြစ်ပြီး ယခုနှစ် ပထမဆုံး အိမ်ကွင်းရှုံးပွဲလည်း ဖြစ်ခဲ့သည်။
    ပယ်လီဂရီနီကမူ ပယ်နယ်တီအတွက် စိတ်မသက်မသာဖြစ်ရသည်ဟု ပြောကြားခဲ့ပြီး အသင်း၏ စွမ်းဆောင်ရည်မှာ ပုံမှန်အောက် ရောက်နေသည်ဟုလည်း ၀န်ခံသွားခဲ့သည်။
    `ရှုံးရတဲ့ အဓိကအကြောင်း နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ပင်နယ်တီပေးလိုက်ရတာဖြစ်ပါတယ်။ ဒါဟာပယ်နယ်တီပေးရမယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် ကွန်ပနီဟာလည်း ဒီလိုကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ဖို့ မလိုအပ်ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ ပွဲက ပြောင်းသွားပြီး ကျွန်တော်တို့လည်း ဂိုးသွင်းခွင့်တစ်ကြိမ်တောင် မရခဲ့ပါဘူး။ ကျွန်တော်တို့အသင်းဟာ ဖန်းတီးနိုင်စွမ်းရှိတဲ့အသင်း မဟုတ်ခဲ့ပါဘူး´ ဟု ပယ်လီဂရီနီက ပွဲအပြီးတွင်း Sky Sports သို့ ပြောကြားခဲ့သည်။
    ထိုပွဲအရှုံးမှာ နောက်ဆုံး ၁၅ ပွဲတွင် မန်စီးတီး၏ ပထမဆုံးအရှုံးလည်းဖြစ်ပြီး ပယ်လီဂရီနီကမူ အာဆင်နယ်မှာ အာရုံစူးစိုက်မှုရှိခဲ့ကြောင်း၊ မိမိတို့မှာ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့သော်လည်း ဂိုးသွင်းခွင့်များကို မဖန်တီးနိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    မန်စီးတီးမှာ လက်ရှိအချိန်တွင် ဦးဆောင်သူ ချယ်ဆီးထက် ၅ မှတ်အကွာ ဒုတိယနေရာတွင်ရှိနေပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ သွားရောက် ကစားရမည်ဖြစ်သည်။
    `(ချယ်ဆီးကို မရှုံးဖို့ဆိုတာ) သိပ်ကိုအရေးကြီးပါတယ်။ ဘာ့ကြောင်လည်းဆိုတော့ ၈ မှတ်ကွာသွားရင် အမီလိုက်ဖို့ အရမ်းခက်သွားမယ်။ အခု သူတို့က ကျွန်တော်တို့ထက် ၅ မှတ်သာနေတယ်။ နောက်ပွဲမှာ ချယ်ဆီးနဲ့ ကစားရဖို့ရှိပြီး ကျွန်တော်တို့ အနိုင်ကစားဖို့ ကြိုးစားရပါမယ်။ ဒါမှသာ အမှတ်ကွာဟမှုကို လျှော့ချနိုင်မှာပါ´ ဟု ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။
    Ref :goal.com
  • အိမ်ကွင်းပထမဆုံးအရှုံးနဲ့ မန်စီးတီး၊ ချယ်ဆီး အနိုင်ပြတ်သားခဲ့ပြီး၊ မန်ယူ၊ လီဗာပူးလ်တို့ အောင်ပွဲခံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂
    အိမ်ကွင်းပထမဆုံးအရှုံးနဲ့ မန်စီးတီး၊ ချယ်ဆီး အနိုင်ပြတ်သားခဲ့ပြီး၊ မန်ယူ၊ လီဗာပူးလ်တို့ အောင်ပွဲခံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂
    ဇန်န၀ါရီ ၁၉၊ ၂၀၁၅
    M-Media
    ars
    – ဒီတစ်ပတ်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ မှာတော့ မန်စီးတီးကလွဲလို့ အသင်းကြီးအားလုံး အနိုင်ရခဲ့ပါတယ်။ နယူးကာဆယ်နည်းပြဟောင်း ပါဂျူးကလည်း အသင်းသစ်ကို ဒုတိယမြောက်နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဇယားအောက်ခြေက ၄ သင်းစလုံး ရှုံးနိမ့်ခဲ့ပါတယ်။
    စနေနေ့က အစောဆုံးကစားခဲ့တဲ့ပွဲမှာတော့ လီဗာပူးလ်တို့ အဝေးကွင်းမှာ အက်စတွန်ဗီလာကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ နောက်ပိုင်းပွဲတွေမှာ ခြေပြန်မှန်လာတဲ့ လီဗာပူးလ် ဒီတစ်ပတ်မှာလည်း အကောင်းဆုံးကစားနိုင်ခဲ့ပြီး ပထမပိုင်း ၂၄ မိနစ်မှာပဲ ဘိုရီနီက ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။
    ဒုတိယပိုင်းမှာ အိမ်ရှင်တို့ ဖိအားပေးနိုင်ခဲ့ပေမယ့် လီဗာပူးလ်က ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ရစ်ကီ လမ်ဘာ့တ်က ၇၉ မိနစ်မှာ ၁ ဂိုး ထပ်သွင်းပေးခဲ့တာကြောင့် အနိုင်သုံးမှတ် ရရှိခဲ့ပါတယ်။ အက်စတွန်ဗီလာကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ နိုင်ပွဲမရသေးပါဘူး။
    မန်ယူက နောက်ဆုံး ၄ ပွဲမှာ ပထမဆုံးနိုင်ပွဲအဖြစ် ကျူပီအာရ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ကျူပီအာရ်က ပိုကောင်းခဲ့ပြီး မန်ယူနောက်တန်းက အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တာကြောင့် မန်ယူတို့ အနိုင်သေချာခဲ့တာလည်းဖြစ်ပါတယ်။ မန်ယူဘက်က အပိုင် ဂိုး ၂ လုံးလောက်ကို ဂိုသမားရောဘတ်ဂရင်း ကာကွယ်နိုင်ခဲ့တာကြောင့်လည်း မန်ယူတို့ ဒီထက်ပို ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ မန်ယူအတွက် ဂိုးတွေကိုတော့ ၅၈ မိနစ်မှာ ဖယ်လိုင်နီနဲ့ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ဂျိမ်းစ်ဝီလ်ဆင်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
    ဒီတစ်ပတ်ရဲ့ Match of The Week ဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲမှာတော့ ၀င်းဂါးရဲ့ အာဆင်နယ် အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး ကာဇိုလာ၊ ဂျရူးတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲအရှုံးဟာ နောက်ဆုံး ၁၅ ပွဲမှာ မန်စီးတီးရဲ့ ပထမမြောက် အရှုံးလည်း ဖြစ်ပြီး ဒီရာသီ အိမ်ကွင်း ပထမဆုံး ရှုံးပွဲတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ မန်စီးတီးနည်းပြ ပယ်လီဂရီနီက မိမိတို့အသင်းဟာ ကစားပုံမကောင်းခဲ့ဘူးလို့ ၀န်ခံသွားခဲ့ပါတယ်။
    ထိပ်ဆုံးကချယ်ဆီးကတော့ ဆွမ်ဆီးကို အဝေးကွင်းမှာ ၅ ဂိုး ပြတ်နဲ့အနိုင်ရခဲ့ပြီး ပွဲစပြီး နာရီဝက်အကျော်မှာတင် ၄ ဂိုး ပြတ်ခဲ့တာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းက ဇယားအောက်ခြေက ဘန်လေကို နောက်က ဂိုးတွေလိုက်သွင်းပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲအနိုင်ဟာ အလန်ပါဂျူး ခရစ္စတယ်ပဲလေ့စ်ကို ကိုင်တွယ်ပြီးတဲ့နောက်ပိုင်း ရာနှုန်းပြည့်အနိုင်လည်း ဖြစ်ခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ရဲ့ အနိုင်၊ အရှုံး ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    အက်စတွန်ဗီလာ ၀-၂ လီဗာပူးလ်
    ဘန်လေ ၂-၃ ခရစ္စတယ်ပဲလေ့စ်
    လက်စတာ ၀-၁ စတုတ်
    ကျူပီအာရ် ၀-၂ မန်ယူ
    ဆွမ်ဆီး ၀-၅ ချယ်ဆီး
    စပါး ၂-၁ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၂ ဆောက်သက်တမ်
    မန်စီးတီး ၀-၂ အာဆင်နယ်
  • ဆောင်းရာသီတွင် နောက်ခံလူတစ်ဦး မခေါ်နိုင်ပါက အသင်းအတွက် အန္တရာယ်များမည်ဟု  အာဆင်ဝင်းဂါးဆို
    ဆောင်းရာသီတွင် နောက်ခံလူတစ်ဦး မခေါ်နိုင်ပါက အသင်းအတွက် အန္တရာယ်များမည်ဟု အာဆင်ဝင်းဂါးဆို
    ဇန်န၀ါရီ ၁၈၊ ၂၀၁၅
    M-Media
    awg
    – ဆောင်းရာသီအပြောင်းအရွှေ့တွင် နောက်ခံလူတစ်ဦး မခေါ်ယူနိုင်ခဲ့ပါက မိမိတို့အသင်းမှာ အလွန်အန္တရာယ်များမည်ဖြစ်ပြီး ကစားသမားသစ်များကို ခေါ်ယူရန် ကြိုးစားသွားမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    အာဆင်နယ်အသင်း၏ အားထားရသော နောက်ခံလူ ဒီဘောက်ချီမှာ ပခုံးဒဏ်ရာကြောင့် ၃ လခန့် အနားယူရမည် ဖြစ်သောကြောင့် အာဆင်နယ်နောက်တန်းတွင် ပြဿနာရှိနေသည်။ ၀င်းဂါးကလည်း နောက်တန်းအားနည်းမှုကို ၀န်ခံခဲ့ပြီး နောက်ခံလူအသစ် ထပ်မခေါ်ဘဲ
    ကျန်ရှိသည့်ရာသီဝက်ကို ဖြတ်သန်းနိုင်မည်လားဟု သတင်းထောက်များက မေးမြန်းရာ ၀င်းဂါးက
    `ကျွန်တော်တို့ ဖြန်သန်းနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ (ကာလန်) ချိန်ဘာ၊ မာတာဆက်ကာနဲ့ ကွန်စီယဲလ်နီတို့ ရှိနေတာကြောင့်ပါပဲ။ ဒါပေမယ့် အခုတော့ နောက်ခံအလယ်လူအဖြစ် ကစားနိုင်တဲ့ ဒီဘောက်ချီကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ပါတယ်။ (နာချို) မွန်ရီယဲလ်က နောက်ခံအလယ်လူအဖြစ် ကစားနိုင်ပါတယ်။ ဂစ်ဘ်ကလည်း နားနေရတယ်။ တကယ်လို့ နောက်ထပ် တစ်ယောက်နှစ်ယောက်လောက် ဒဏ်ရာရသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ ရုန်းကန်ရပါတော့မယ်။ သိပ်အန္တရာယ်များပါတယ်´ ဟု ပြန်လည်ဖြေကြားခဲ့သည်။
    ထို့ပြင် ကမ္ဘာ့အဆင့်နောက်ခံလူတစ်ဦး ရှာဖွေရန်အတွက် ခက်ခဲနေကြောင်း၊ သို့ရာတွင် ကစားသမားများခေါ်ယူရန်အတွက် မိမိတို့က ကြိုးစားနေကြောင်း အာဆင်ဝင်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: goal.com