News @ M-Media

Tag: India

  • နိုင်ငံ၏ နျူလက်နက် ပေါ်လစီအား ပြောင်းမည့် သတင်းကို အိန္ဒိယ အတိုက်အခံ ပါတီငြင်းဆို

    ဧပြီ ၁၄၊ ၂၀၁၄
    M-Media

    – မိမိတို့အာဏာရလာပါက နိုင်ငံ၏ နျူးကလီးယား ပေါ်လစီကို ပြောင်းလဲပစ်မည်ဟု သတင်းထွက်ပေါ်နေမှုအား အိန္ဒိယအတိုက်အခံ BJP ပါတီက ငြင်းဆိုလိုက်သည်။

    tH4mFfo-360

    လက်ရှိပြုလုပ်နေသော ရွေးကောက်ပွဲတွင် အနိုင်ရရှိလိမ့်မည်ဟု ရေးပန်းစားနေသည့် BJP ပါတီအနေဖြင့် နိုင်ငံ၏ “နျူလက်နက် ဦးစားပေး မသုံးစွဲရေး” ပေါ်စီကို ပြင်ဆင်မှုများ ပြုလုပ်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်မှစ၍ သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

    “နျူကလီးယား လက်နက်တွေအတွက် “နျူလက်နက် ဦးစားပေး မသုံးစွဲရေး” ပေါ်လစီဟာ သေသေချာချာ စီစဉ်ခဲ့တဲ့ ပေါ်လစီတစ်ခုပါ။ အဲဒါကို ပြောင်းလဲဖို့ ကျွန်တော်တို့မှာ ရည်ရွယ်ချက်မရှိပါဘူး” ဟု BJP ပါတီ ဥက္ကဌ ရဂ်ျနသ် ဆင်းက Hindustan Times သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပြီး ထိုအင်တာဗျူးအား ယနေ့ထုတ် သတင်းစာတွင်ဖော်ပြခဲ့သည်။

    ၁၉၉၈ ခုနှစ် BJP ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရလက်ထက်အတွင်း ပြင်းထန်သော နျူကလီးယား လက်နက် စမ်းသပ်မှုများ ပြုလုပ်ခဲ့သောကြောင့် နိုင်ငံတကာမှ ရှုတ်ချမှုများ၊ အနောက်နိုင်ငံများမှ ကုန်သွယ်ရေး ပိတ်ပင်မှုများကို ပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံက အဆိုပါပေါ်လစီကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

    အိန္ဒိယနိုင်ငံအနေဖြင့် ၁၉၇၀ ခုနှစ် ကုလသမဂ္ဂ၏ နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း အဆိုပါပေါ်လစီကြောင့် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာတွင် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

    ဧပြီ ၇ ရက်နေ့မှ မေလ ၁၆ ရက်နေ့အထိ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် BJP ပါတီအနိုင်ရရှိမည်ဟု ခန့်မှန်းနေကြပြီး၊ အိန္ဒိယ၏ နျုကလီးယားလက်ပေါ်လစီ မည်သည့်ပြောင်းလဲမှုမျိုးမဆို ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့အတွက် အရေးပါဆုံး ဖြစ်လာမည်ဖြစ်သည်။

    AFP/ac

  • မွန်ဘိုင်း အုပ်စုဖွဲ့အဓ္ဓမပြုကျင့်သူ ၃ ဦးအား သေဒဏ်ပေး

    ဧပြီ ၅ ၊ ၂၀၁၄
    M-Media

    – ပြီးခဲ့သည့်နှစ်က မွန်ဘိုင်းမြို့ရှိ အထည်လိပ်စက်ရုံအဟောင်း တစ်ခုအတွင်း ဓာတ်ပုံဂျာနယ်လစ်တစ်ဦးအား အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်ခဲ့သူများမှ ၃ ဦးကို အိန္ဒိယတရားရုံးက သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

    201444131731448734_20

    ပြစ်မှုကျူလွန်ခဲ့သူ ၄ ဦးးနက် ကျန်ရှိသည့်တစ်ဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း၊ အဆိုပါ တရားခံလေးဦးအား ၂၀၁၂ ခုနှစ် ဒေလီ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုပြီးနောက်ပိုင်း နိုင်ငံတွင်ပြဌာန်းခဲ့သည့် ပြင်းထန်သည့် မုဒိမ်းမှုပပျောက်ရေး ဥပဒေအတိုင်း စီရင်ခဲ့ခြင်းဖြစ်သည်ဟု အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး အူဂ်ျဝဲလ် နစ်က်မန်က Reuters သတင်းဌာနသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “အဓ္ဓမပြုကျင့်ခံရသူ အသက်ရှင်လျက်ရှိနေစဉ်အတွင်းမှာ တရားခံတွေကို သေဒဏ်ချမှတ်ခဲ့တာဟာ အိန္ဒိယမှာ ဒါပထမဆုံးပါပဲ” ဟု နစ်က်မန်က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါတရားခံ ၃ ဦးမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက အဆိုပါ စက်ရုံအဟောင်းတွင်ပင် တယ်လီဖုန်း အော်ပရေတာအမျိုးသမီးတစ်ဦးကိုလည်း အဓ္ဓမပြုကျင့်ခဲ့သေးသည်။ ၎င်းတို့ ၃ ဦးမှာ ထိုကဲ့သို့ အုပ်စုဖွဲ့အဓ္ဓမပြုကျင့်မှုကို လုပ်လေ့လုပ်ထရှိသူများဖြစ်သည်ဟု တရားသူကြီးကဆိုသည်။

    အသက် ၂၃ နှစ်အရွယ်ရှိ ဆေးကျောင်းသူတစ်ဦးကို နယူးဒေလီမြို့ရှိ ဘတ်စ်ကားပေါ်တွင် လူလေးဦးမှ အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများအတွက် သေဒဏ်အထိတိုးမြှင့်ခဲ့ပြီး ယခင်က ကြာမြင့်ခဲ့သည့် တရားရုံးရက်ချိန်းများကိုလည်း အမြန်ဆုံးဖြစ်စေရ အစိုးရက ပြင်ဆင်ပေးခဲ့သည်။ နယူးဒေလီနှင့် မွမ်ဘိုင်းမြို့များတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့အဓ္ဓမပြုကျင့်မှုများအတွက် စုစုပေါင်း တရားစီရင်ချိန်မှာ ၇ လ သာ ကြာမြင့်ခဲ့သည်။

    Ref: Agencies

  • မွန်ဘိုင်းမှ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်သူ လေးဦးအား တရားရုံးမှ သေဒဏ်ချမှတ်

    မတ် ၂၁၊ ၂၀၁၄
    M-Media

    – ပြီးခဲ့သည့်နှစ်က မွန်ဘိုင်းတွင်ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုနှစ်ခုတွင် ကျူးးလွန်သူ လေးဦးအား မွန်ဘိုင်းတရားရုံးက သေဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

    2014166932455734_20
    မုဒိမ်းမှု များကို ဆန့်ကျင်ဆန္ဒပြနေသူများ (Photo- AFP)

    မွန်ဘိုင်းမြို့ရှိ အသုံးမပြုတော့သော သီးနှံကြိတ်ခွဲစက်အတွင်း အမျိုးသမီး ၂ ဦးအား သီးခြားစီ အဓ္ဓမပြုကျင့်ခဲ့ကြောင်း ၎င်းတို့ လေးဦးမှ ယမန်နေ့တွင် ၀န်ခံခဲ့ပြီးနောက် တရားရုံးက ယနေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ယနေ့ချမှတ်ခဲ့သည့် ပြစ်ဒဏ်မှာ တယ်လီဖုန်းအော်ပရေတာ အမျိုးသမီးတစ်ဦးအား ကျူးးလွန်ခဲ့သည့် အမှုအတွက်ဖြစ်ပြီး၊ ဓာတ်ပုံဂျာနယ်လစ်အား ကျူးလွန်ခဲ့သည့် အမှုအတွက်ကိုမူ လာမည့် သီတင်းပတ်တွင် ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။

    ဓာတ်ပုံဂျာနယ်လစ်အား အုပ်စုဖွဲ့၍ အဓ္ဓမပြုကျင့်မှုမှာ သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ရဲတပ်ဖွဲ့က တရားခံများအား ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် တယ်လီဖုန်းအော်ပရေတာ အမျိုးသမီးတစ်ဦးက ၎င်းမှာလည်း ထိုနေရာတွင်ပင် ဇူလိုင်လအတွင်းက အုပ်စုဖွဲ့၍  မုဒိမ်းကျင့်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သောကြောင် တရားရုံးက တရားခံများအား အမှု ၂ နှစ်ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

    အိန္ဒိယနိုင်ငံတွင် မကြာသေးသော လများအတွင်းက ဖြစ်ပွားခဲ့သည် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများကြောင့် နိုင်ငံတစ်ဝှမ်းတွင် အုံကြွမှုများဖြစ်လာခဲ့ကာ၊ ထိုပြစ်မှုများအတွက် တင်းကျပ် ထိရောက်သော ဥပဒေများပြဌာန်းပေးရန် အစိုးရအား တောင်းဆိုခဲ့ကြသည်။

    ပြီးခဲ့သည့် တစ်လကျော်ကလည်း အိန္ဒိယနိုင်ငံအရှေ့ဘက် ဘန်ဂေါလ်ပြည်နယ်ရှိ ရွာတစ်ရွာတွင် အမျိုးသမီးတစ်ဦးအား ရည်းစားဖြစ်သူနှင့် အတူတွေ့ရှိခဲ့သောကြောင့် အပြစ်ပေးသည့်အနေဖြင့် အုပ်စုဖွဲ့၍ မုဒိမ်းကျင့်ရန် ရွာသူကြီးက အမိန့်ပေးခဲ့သည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။

    Al Jazeera

  • ဒေလီအုပ်စုဖွဲ့ အဓ္ဓမကျင့်မှုတွင် ပါဝင်သူများကို ကြိုးပေးကွပ်မျက်မည်

    ဒေလီအုပ်စုဖွဲ့ အဓ္ဓမကျင့်မှုတွင် ပါဝင်သူများကို ကြိုးပေးကွပ်မျက်မည်

    မတ် ၁၃၊ ၂၀၁၄
    M-Media

    – ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက နယူးဒေလီတွင် ဆေးကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သော တရားခံလေးဦးကို အိန္ဒိယတရားရုံးက သေဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

    Mukhesh၊ Vinay Sharma၊ Pawan နှင့် Akshay လေးဦးတို့အား အဓ္ဓမပြုကျင့်မှုနှင့် လူသတ်မှုတို့ဖြင့် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ကြိုးပေးကွပ်မျက်ရန် ဒေလီတရားရုံးက ယနေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ယောက်ျားလေး သူငယ်ချင်းဖြစ်သူနှင့် ရုပ်ရှင်သွားကြည့်ရာမှ ပြန်လာသော အဆိုပါ ဆေးကျောင်းသူအား ဘတ်စ်ကားပေါ်တွင် ၎င်းတို့လေးယောက်က အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်ခဲ့ကာ ရိုက်နှက်ခဲ့ပြီးနောက် လမ်းပေါ်၌ စွန့်ပစ်ထားခဲ့သည်။ သူမ၏သူငယ်ချင်းဖြစ်သူမှာလည်း ရိုက်နှက်ခြင်းခံခဲ့ရသည်။

    ဘတ်စ်ကားယာဉ်မောင်းအပါအ၀င် ထိုအမှုတွင် ပါဝင်သူမှာ ၆ ဦးဖြစ်ပြီး ယဉ်မောင်းမှာ ဒေလီရှိ Tihar အကျဉ်းထောင်တွင် သေဆုံးသွားခဲ့ကာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ခြင်ဟု ယူဆရသည်။ အခြားတစ်ဦးမှာ အသက်မပြည့်သေးသူဖြစ်ပြီး ပြစ်မှုကျူးလွန်ရာတွင် အနည်းငယ်သာ ပါဝင် ပတ်သက်ခဲ့သောကြောင့် လူငယ်စာရိတ္တပြုပြင်ရေးကျောင်းတွင် ၃-နှစ် အကျဉ်းကျခံရန် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

    ထိုကဲ့သို့ အုပ်စုဖွဲ့အဓ္ဓမကျင့် လူသတ်မှုသတင်းက အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံးအား တုန်လှုပ်စေခဲ့ပြီး ပြ ည်သူများကလည်း နိုင်ငံတစ်ဝှမ်း မကြုံစဖူး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကာ ပြစ်ဒစ်ကျူးလွန်သူများအား ထိရောက်သော အပြစ်ပေးမှုများ ပြုလုပ်ရန်နှင့် နိုင်ငံအတွင်း အမျိုးသမီးများအား အကာအကွယ် ပေးရန် အစိုးရအားတိုက်တွန်းခဲ့ကြသည်။ ထိုအမှုကြောင့် ပြည်နယ်များတွင် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများအတွက် တင်းကျပ်သော ဥပဒေများပြဌာန်း ခဲ့သည်။

    အိန္ဒိယနိုင်ငံတွင် အုပ်စုဖွဲ့အဓ္ဓမပြုကျင့်မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး အာဏာပိုင်များကလည်း ထိရောက်သော အရေးယူဆောင်ရွက်မှုများ ထိထိရောက်ရောက် ပြုလုပ်ခြင်းများမရှိချေ။

    Ref : Aljazeera

  • မြန်မာနယ်စပ်၌ အိန္ဒိယ ကုန်သည်နှစ်ဦး၏ အလောင်းများ တွေ့ရှိ

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media

    19TH_BORDER_TRADE_1761666f
    အင်မ်ဖာလ်။    ။ မြန်မာနိုင်ငံ တမူးမြို့အတွင်း ပျောက်ဆုံးနေသည်ဆိုသော အိန္ဒိယ ကုန်သည်နှစ်ဦးကို မြန်မာ-မဏိပူရ နယ်စပ်တွင် သေဆုံးနေသည့် အလောင်းများအဖြစ်နှင့် ပြန်လည်တွေ့ရှိခဲ့ကြသည်။ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် မီးလောင်ကွက် အပါအ၀င် ဒဏ်ရာ အများအပြား ရရှိထားကြသည်။

    သေဆုံးသူများမှာ ဥတ္တားပရာဒက်ရှ်မှ Sanvendar Singh (၃၀ နှစ်) နှင့် မွမ်ဘိုင်းမှ Daljeet Singh (၃၃ နှစ်) တို့ဖြစ်ကြပြီး ၎င်းတို့သည် အိမ်သုံးနှင့်ကျောင်းသုံး ပစ္စည်းများရောင်းချရန် မိုရေးသို့ရောက်လာကြသည်။ တစ်လအကြာ မိုရေးမြို့နယ် မဏိပူရနယ်စပ်နှင့် ၁၀ မိနစ် ခရီးတာအကွာရှိ တမူးသို့ ၀င်ရောက်ပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပျောက်ဆုံးသွားသည်ဟု ရဲတပ်ဖွဲ့မှ ပြောကြားသည်။

    သူတို့က မြန်မာအာဏာပိုင်များထံမှ ၀င်ခွင့်တောင်းခံပြီးနောက် အမှတ် ၂ နယ်စပ်ဝင်ပေါက်မှ တမူးမြို့ထဲ ၀င်ရောက်သွားခြင်း ဖြစ်ကြောင်း၊ ချန်ဒဲလ်ခရိုင် မိုရေးတောင်ဖက် ၄၅ မီတာအကွာ မဏိပူရနယ်စပ် အခြမ်းရှိ  Jangnomphai ရွာအနီး၌ ရွာသားတို့၏အကြောင်းကြားချက်အရ သူတို့၏ အလောင်းများကို ပြန်တွေ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်များက ဆိုသည်။

    ယမန်နှစ် ဧပြီလ ၁၀ ရက်တွင် မိုရေးမှ ရဲကွန်မန်ဒို တစ်ဦးနှင့် အရပ်သားတစ်ဦးတို့သည် ၆ ကီလိုမီတာအကွာရှိ မြန်မာဖက်သို့ ငါးဖမ်းထွက်ခဲ့ရာ ဖမ်းခေါ် သတ်ဖြတ်ခံခဲ့ရသည်။ မိုရေး နှင့် တမူးသည် အိန္ဒိယ-မြန်မာ နယ်စ ပ်ကုန်သွယ်ရေး၏ တံခါးဝများဖြစ်ရာ နှစ်ဖက်ကုန်သည်များက နံနက် ၇ နာရီမှ ညနေ ၄ နာရီအတွင်း အပြန်အလှန် ကူးသန်းသွားလာလေ့ရှိ၏။

    မဏိပူရ အာဏာပိုင်တို့သည် မိုရေး၌ နယ်စပ် စစ်ဆေးရေးဌာနတစ်ခုကို မကြာသေးမီကပင် တည်ဆောက်လိုက်ကြသည်ဟု သတင်းများ၌ ဖော်ပြသည်။ အမှတ် ၁ နှင့် ၂ ၀င်ပေါက်အကြားရှိ ယင်းဌာနနေရာမှာ မိမိတို့၏ ပိုင်နက်ထဲဖြစ်နေကြောင်း မြန်မာဖက်က ဆိုထားပါသည်။
    Ref: Telegraph India