News @ M-Media

Tag: iraq

  • အီရတ်တွင် IS ကြောင့် ပျက်ဆီးသွားသည့် ခရစ်ယာန်ဘုရားကျောင်းကို မွတ်စလင်များ ပြန်ဆောက်ပေး

    အီရတ်တွင် IS ကြောင့် ပျက်ဆီးသွားသည့် ခရစ်ယာန်ဘုရားကျောင်းကို မွတ်စလင်များ ပြန်ဆောက်ပေး

    ဇွန် ၂၊ ၂၀၁၇
    M-Media

     

    – အီရတ်နိုင်ငံ မူဆိုးလ်မြို့ကို IS က သိမ်းပိုက်စဉ်အတွင်းမှာ ဖျက်ဆီးခံခဲ့ရတဲ့ သမိုင်းဝင် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း ပြန်လည်တည်ဆောက်ရေး မွတ်စလင်တွေက ပါဝင်ကူညီနေကြပါတယ်။

    အီရတ်နိုင်ငံမှာ ခရစ်ဘာသာဝင် အနည်းစုသာရှိပေမယ့်၊ အရှေ့အလယ်ပိုင်းမှာ သက်တမ်းရင့် ခရစ်ယာန်လူ့အဖွဲ့အစည်းဖြစ်ပြီး မူဆိုးလ်ကို IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်လိုက်ချိန်မှာတော့ ခရစ်ယာန်တွေဟာ ငြှင်းပမ်းနှိပ်စက် ခံခဲ့ရပါတယ်။

    ဘုရားကျောင်းတွေ ဖျက်ဆီးခံခဲ့ရသလို ခရစ်ယာန်တွေရဲ့ ဓမ္မစာအုပ်တွေနဲ့ အခြား အထွဋ်အမြတ်ထားရာတွေလည်း အဂါရ၀ပြုခံခဲ့ရပါတယ်။

    အီရတ်အစိုးရတပ်ဖွဲ့တွေနဲ့ ကာ့ဒ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး မူဆိုးလ်မြို့သိမ်းပိုက်ရေး ထိုးစစ်ဆင်မှုအတွင်းမှာ မြို့ရဲ့ အစိတ်အပိုင်း တော်တော်များများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒီလအကုန်လောက်မှာ တစ်မြို့လုံးကို သိမ်းပိုက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    မူဆိုးလ်မြို့ရဲ့ အလ်-အာရဘီရပ်ကွက်မှာ တည်ရှိတဲ့ Chaldean ခရစ်ယာန်ဘုရားကျောင်းဟာ ၁၀ ရာစုကတည်းက ဘုရားကျောင်းဖြစ်ပြီး IS အကြမ်းဖက်သမားတွေရဲ့လက်အောက်မှာ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ပါတယ်။

    IS လက်က လွတ်မြောက်လာပြီးတဲ့နောက်မှာ ဒီ ဘုရားကျောင်းကို ပြန်လည်ပြင်ဆင်မှုတွေ လုပ်နေပြီး ဒေသခံ မွတ်စလင်စေတနာ့ဝန်ထမ်းအဖွဲ့တစ်ခုက ဒီဆောက်လုပ်ရေးလုပ်ငန်းမှာ ၀င်ရောက်ကူညီကာ ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓာတ်ကို ပြသခဲ့ကြပါတယ်။

    ဘုရားကျောင်းကို သန့်ရှင်းရေးလုပ်တာ၊ ပျက်ဆီးနေတဲ့ ၀တ်ပြုခန်းတွေ၊ အခြား အခန်းတွေကို မွတ်စလင်တွေ ပြင်ဆင်ပေးနေတဲ့ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပါတယ်။

    မူဆိုးလ်မြို့ခံတွေက သူတို့ရဲ့ ဒီလိုကူညီမှုဟာ ‘မိမိတို့အနေနဲ့ တစ်မြို့တဲ့သားချင်းဖြစ်ပြီး ဘာသာမတူမှုကအ ရေးမပါကြောင်း၊ မတူကွဲပြားမှုဆိုတာ အင်အားတစ်ခုဖြစ်ကြောင်း’ ပြသဖို့အတွက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Metro

  • IS အကြမ်းဖက်အဖွဲ့က မူဆိုးလ်ရှိ ရှေးဟောင်းဗလီကြီးတစ်လုံးကို အပိုင်စီး

    IS အကြမ်းဖက်အဖွဲ့က မူဆိုးလ်ရှိ ရှေးဟောင်းဗလီကြီးတစ်လုံးကို အပိုင်စီး

    ဇွန် ၁၊ ၂၀၁၇
    M-Media

    – အီရတ်စစ်တပ်က မူဆိုးလ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အရှိန်မြှင့်နေချိန်တွင် IS အကြမ်းဖက်အဖွဲ့က အလ်-နူရီဗလီဝတ်ကျောင်းတော်ကြီးကို သိမ်းပိုက်ကာ ခံတပ်အဖြစ် ပြုလုပ်နေသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

    အလယ်ခေတ်က တည်ဆောက်ခဲ့သည့် အဆိုပါ ဗလီကြီး ၂၀၁၄ ခုနှစ်က IS ခေါင်းဆောင် အလ်-ဘဂ္ဂဒါဒီက ခလီဖိတ်အဖြစ် ကြေငြာခဲ့သည့် နေရာဖြစ်ပြီး ပြီးခဲ့သည့် ၄၈ နာရီအတွင်း IS တိုက်ခိုက်ရေးသမားများမှာ ထိုဗလီတစ်ဝိုက်တွင် နေရာယူနေကြသည်ဟု မျက်မြက်သက်သေများက ဆိုသည်။

    အရှေ့အလယ်ပိုင်း အစိုးရများစွာ၏ အကြံပေးအဖြစ် ဆောင်ရွက်သော ဟီရှမ် အလ်-ဟာရှီမီက IS တိုက်ခိုက်ရေးသမားများမှာ ထိုဗလီဝတ်ကျောင်းတော်ကြီး၏ အရေးပါပုံကို သိရှိပြီး ထိုနေရာတွင် အဓိက တိုက်ပွဲဆင်နွှဲရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အီရတ်တပ်ဖွဲ့များက မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ရန်အတွက် ထိုးစစ်အတွင်း ဒေသတော်တော်များများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး IS က ကျန်ရှိသည့်နယ်မြေများ မစွန့်လွှတ်ရရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုကာ ခုခံနေသည်။

    လက်ရှိ မူဆိုးလ်ရှိ IS ထိန်းချုပ်ရာ ဒေသများတွင် ပိတ်မိနေသူ ၂ သိန်းခန့် ရှိနေပြီး အစားအသောက်၊ သောက်သုံးရေ၊ ဆေးဝါးများနည်းပါးမှုနှင့် ရင်ဆိုင်နေရသည်။

    Ref: Aljazeera

  • Google က ဂုဏ်ပြုတဲ့ အမျိုးသမီး ဗိသုကာပညာရှင် ဇာဟာ ဟာဒစ်ဆိုတာ ဘယ်သူလဲ

    Google က ဂုဏ်ပြုတဲ့ အမျိုးသမီး ဗိသုကာပညာရှင် ဇာဟာ ဟာဒစ်ဆိုတာ ဘယ်သူလဲ

    မေ ၃၁၊ ၂၀၁၇
    M-Media

    ၂၀၁၇ ခုနှစ် မေလ ၃၁ ရက်နေ့ Google ၏ Home page တွင် ဇာဟာ ဟာဒစ်အား ဂုဏ်ပြုဖော်ပြထားသည့် doodle

    – အီရတ်ဖွား ဗြိတိန်နိုင်ငံသူ ဇာဟာ ဟာဒစ်ဟာ ဗိသုကာလောကရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆု Pritzker Architecture Prize ကို ၂၀၀၄ ခုနှစ်ရဲ့ ဒီနေ့မှာ ရရှိခဲ့ပြီး ဒီဆုကို ရရှိတဲ့ ပထမဆုံးအမျိုးသမီး ဗိသုကာပညာရှင်လည်း ဖြစ်ပါတယ်။

    သူမဟာ ဗြိတိန်ရဲ့ အကြီးကျယ်ဆုံး ဗိသုကာဂုဏ်ပြုဆု Stirling Prize ကိုလည်း ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ Royal Institute of British Architects က ချီးမြှင့်တဲ့ Royal Gold Medal ဆုတံဆိပ်ကို ရရှိတဲ့ ပထဆုံး အမျိုးသမီးလည်း ဖြစ်ခဲ့ပါတယ်။

    ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပြီး၊ အမျိုးသမီးတစ်ယောက်ရဲ့ လုပ်နိုင်စွမ်း ကန့်သတ်ချက်ကို ဖောက်ထွက်ပြခဲ့တဲ့ ဟာဒစ်ကို ဒီနေ့မှာ Google က သူတို့ရဲ့ Home Page မှာ ဂုဏ်ပြုခဲ့ပါတယ်။

    အစောပိုင်းဘဝ

    ဇာဟာ ဟာဒစ်ဟာ ဟာရှီမိုက်မင်းဆက်အုပ်စိုးတဲ့ နောက်ဆုံးနှစ်တွေမှာ ဘဂ္ဂဒတ်က ထင်ရှားတဲ့ မိသားစုကနေ မွေးဖွားလာခဲ့သူပါ။

    ဗိုလ်ချုပ် အဘ်ဒူလ် ကရင်မ် ကာစင်မ် ဦးဆောင်တဲ့ စစ်အာဏာသိမ်းအစိုးရအောက်မှာ ကြီးပြင်းလာခဲ့ပြီး နောက်ပိုင်းမှာ သင်္ချာအထူးပြုနဲ့ ကောလိပ်ဆက်တက်ဖို့အတွက် ဘေရွတ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ဟာဒစ်ဟာ လန်ဒန်ကိုသွားပြီး ဗိသုကာပညာကို လေ့လာဆည်းပူးခဲ့ပါတယ်။

    “ဟာဒစ်ဟာ အမိမြေက လှပကောင်းမွန်တဲ့ အရာတိုင်းကို ယူဆောင်သွားခဲ့ပြီး သူမ ရောက်ရှိခဲ့တဲ့ ကမ္ဘာ့နေရာတိုင်းမှာ သူမရဲ့ အမှတ်သညာကို ရေးထိုးခဲ့ပါတယ်” လို့ ဟာမစ် ဒါဘာရှီက ရေးသားခဲ့ပါတယ်။

    ၁၉၇၉ ခုနှစ်မှာ ဟာဒစ်ဟာ လန်ဒန်မှာ Zaha Hadid Architects လို့ခေါ်တဲ့ ဗိသုကာ လုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အမျိုးသားတွေသာ ကြီးစိုးတဲ့ ဒီနယ်ပယ်မှာ ၀င်တိုးရတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပေမယ့် သူမရဲ့ စိတ်ဆန္ဒက ဗိသာကာပညာရပ်မှာ ကန့်သတ်ထားမှုတွေကို ဖောက်ထွက်ဖို့ ဖြစ်ပါတယ်။

    “အမျိုးသမီး ဗိသုကာပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုတဲ့ အချက်ကို ကျွန်မဘယ်တော့မှ ရှေ့တန်းမတင်ဘူး။ ဒါပေမယ့် သူတို့ဟာ သာမန်အခြေအနေကနေ ဖောက်ထွက်နိုင်တယ်ဆိုတာ ဒီအချက်က လူငယ်တွေကို သိစေခဲ့ရင်လည်း ကျွန်မ ဘာမှ မဖြစ်ပါဘူး” လို့ ဟာဒစ်က Icon မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ ပြော
    ကြား ခဲ့ဖူးပါတယ်။

    သူမဟာ သဘာဝမြင်ကွင်းက ပုံစံတွေအတိုင်း အဆောက်အဦးတွေကို ပုံဖော်ကာ ခေတ်သစ် ဗိသုကာနယ်ပယ်ကို ဆန်းသစ်စေခဲ့သလို၊ neofuturistic ဒီဇိုင်းတွေကြောင့်လည်း နာမည်ကျော်ပါတယ်။

    ဂျာမနီက Vitra Fire Station မီးသတ်ဌာန အဆောက်အဦးကို ပုံဖော်ထားတဲ့ ထောင့်ချိုးတွေ၊ လိုင်းတွေဟာ အနီးအနားမှာတွေ့ရတဲ့ စပျစ်ခင်းတွေကနေ ပုံစံယူထားတာဖြစ်ပြီး၊ လန်ဒန်က Aquatic Centre အဆောက်အဦးကတော့ ရေလှိုင်းပုံစံကို အတုယူ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။

    “ဗိသုကာနယ်ပယ်မှာတော့ သူမဟာ တကယ့်ကို ရှေ့ဆောင်လမ်းပြတစ်ဦးပါ။ သူမဟာ Pritzker Architecture Prize ဆုရဲ့ အမြင့်ဆုံးဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်” လို့ ဆုချီးမြှင့်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

    ဟာဒစ်ဟာ ပြီးခဲ့တဲ့နှစ်က မမျှော်လင့်ဘဲ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး သူ ဒီဇိုင်းဆွဲပေးခဲ့တဲ့ အဆောက်အဦးတော်တော်များများက လတ်စမသတ်သေးပါဘူး။

    ၂၀၂၂ ခုနှစ် ကာတာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာဖလားပွဲအတွက် Al Wakrah ဘောလုံးကွင်းကိုလည်း ဟာဒစ်က ဒီဇိုင်းဆွဲပေးခဲ့တာဖြစ်ပါတယ်။

    အောက်မှာ ဖော်ပြထားတဲ့ အဆောက်ဦးတွေကတော့ ဇာဟာ ဟာဒစ် ဒီဇိုင်းဆွဲပေးခဲ့တဲ့ နာမည်ကျော် အဆောက်အဦးတွေဖြစ်ပါတယ်။

    လန်ဒန်မှ Aquatics Centre စင်တာ
    အဇာဘိုင်ဂျန်မြို့တော် ဘာကူမှ Heydar Aliyev Center
    အဇာဘိုင်ဂျန်မြို့တော် ဘာကူမှ Heydar Aliyev Centre
    တရုတ်နိုင်ငံမှ Guangzhou Opera House
    တရုတ်နိုင်ငံ ဘေဂျင်းမှ Galaxy Soho အဆောက်အဦး
    ကာတာနိုင်ငံမှ Al Wakrah ဘောလုံးကွင်း

    Ref: Aljazeera

  • ဘဂ္ဂဒတ်တွင် ရေခဲမုန့်ဝယ်နေသူများကို IS က ကားဗုံးခွဲတိုက်ခိုက်

    ဘဂ္ဂဒတ်တွင် ရေခဲမုန့်ဝယ်နေသူများကို IS က ကားဗုံးခွဲတိုက်ခိုက်

    မေ ၃၀၊ ၂၀၁၇
    M-Media

    – အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ရှိ နာမည်ကြီး ရေခဲမုန့်ဆိုင်တွင် ယနေ့မနက် အစောပိုင်းက အသေခံဗုံးခွဲသမားတစ်ဦးက ကားဗုံးခွဲ တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ဘဂ္ဂဒတ်မြို့လယ်ကောင် ကာရာဒါရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၃၀ ဏ်ရာရရှိခဲ့သည်။ သေဆုံးဒဏ်ရာရသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်သည်။

    အမည်မဖော်လိုသည့် တာဝန်ရှိသူများက ရပ်ထားသောကားတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တပ်ဆင်ကာ ဗုံးခွဲသမားတစ်ဦးက စနက်တံ ဖြုတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    IS အကြမ်းဖက်အဖွဲ့က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး၊ အသေခံဗုံးခွဲသမားတစ်ဦးမှာ ရှီအာများ စုဝေးရာနေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် ရမ်ဇာန်ဥပုသ်လကလည်း IS အကြမ်းဖက်အဖွဲ့မှာ ထရပ်ကားဖြင့် ဗုံးခွဲခဲ့ပြီး လူရာချီ သေဆုံးခဲ့သည်။

    Ref: Aljzeera

  • မူဆိုးလ်တွင် အရပ်သားရာချီသေဆုံးသည့်တိုက်ခိုက်မှု ၎င်းတို့လက်ချက်ဟု အမေရိကန် ၀န်ခံ

    မူဆိုးလ်တွင် အရပ်သားရာချီသေဆုံးသည့်တိုက်ခိုက်မှု ၎င်းတို့လက်ချက်ဟု အမေရိကန် ၀န်ခံ

    မတ် ၂၆၊ ၂၀၁၇
    M-Media

    – မူဆိုးလ်မြိုအနောက်ပိုင်းတွင် အရပ်သားများစွာ သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကို မိမိတို့က ပြုလုပ်ခြင်းဖြစ်သည်ဟု အီရတ်တွင် IS များကို ဗုံးကြဲတိုက်ခိုက်နေသော အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က ၀န်ခံပြောကြားလိုက်သည်။

    မတ်လ ၁၇ ရက်နေ့က IS သိမ်းပိုက်ထားရာ အလ်-ဂျာဒီဒါရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း အရပ်သားများ ရာနှင့်ချီ သေဆုံးခဲ့ပြီး ကုလကမူ “တုန်လှုပ်စရာကောင်းသည့်” အဖြစ်အပျက်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့နောက် နာရီအနည်းငယ်အကြာတွင် အမေရိကန်၏ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က ထိုတိုက်ခိုက်မှုမှာ မိမိတို့ပြုလုပ်ခြင်းဖြစ်သည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အီရတ်လုံခြုံရေးတပ်ဖွဲ့များ၏ တောင်းဆိုမှုကြောင့် ထိုတိုက်ခိုက်မှုကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အရပ်သားများ သေဆုံးသည်ဆိုသည့် အချက်အ
    လက်များနှင့် သတင်း ခိုင်လုံမှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    မူဆိုးလ်ခရိုင်ကောင်စီ အကြီးအကဲ ဘက်စ်မာ ဘာဆင်မ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း၊ ထိုအဖြစ်အပျက်ကို ကြုံတွေ့ရသူများက အရပ်သားများကို တမင် ပစ်မှတ်ထား တိုက်ခိုက်နေသည်လားဟု မေးခွန်းထုတ်နေကြောင်း ပြော
    ကြားခဲ့သည်။

    Ref : Aljazeera