News @ M-Media

Tag: myanmarmuslim

  • မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သော စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင်

    မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သော စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင်

    ‘ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ မကယ်တင်ဘူးဆိုရင် ကျွန်တော် လူသားမဆန်တဲ့သူ”

    ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မှ ရန်ကုန်သို့ သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်လာသော အမှတ်(၁၇၆)အစုန်ရထား၊ ဒါးပိန်ဘူတာသို့ မရောက်မီ တံတားအမှတ်(၂၈)ပေါ်တွင် ရှိသော အသက် ၆၂ နှစ်အရွယ် အမယ်အိုကြီးတစ်ဦး နှင့် အသက်ရှစ်နှစ်အရွယ် လူမမယ် အရွယ်မြေးမလေးတစ်ဦး၊ တစ်နည်းဆိုသော် သေခြင်းတရားနှင့် လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေသော မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သူ တစ်ဦး၊ အကြောင်းမလှပါက ကယ်တင်သူ အပါအ၀င် သုံးချောင်းသော အသက်တို့ ဆုံးရှုံးပျက်စီးဖွယ် အခြေအနေတစ်ရပ်မှ သုံးဦးစလုံး ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ကြသည်။ ဤကဲ့သို့ ဖြစ်ပွားခဲ့စဉ်ကို ထိုသူသုံးဦးအနက်မှ မိမိအသက်ကို ပဓာနမထားဘဲ မြေးအဘွားနှစ်ဦးအား ကယ်တင်နိုင်ခဲ့သူ စက်ခေါင်းမှူး လက်ထောက် ဦးဌေးနိုင်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    မေး – စတင်ဖြစ်ပွားမှု တွေ့ကြုံစဉ်က မြင်ကွင်းအခြေအနေကို သိပါရစေ။

    ဖြေ – စတွေ့တယ်ဆိုတာလည်း ကျွန်တော်တို့က မော်လမြိုင်ကနေ ရန်ကုန်ကို ညပြန်လာတဲ့ ရထားလေ။ အဲဒီတော့ ဒါးပိန်ဘူတာအ၀င် မိုင်၂၄/၁ နဲ့ မိုင် ၂၃/၂၄ ကြားမှာရှိတဲ့ တံတား အမှတ် (၂၈)။ အဲဒီတံတားပေါ်မှာ အမြဲတမ်းလည်း ခရီးသည်တွေ ဖြတ်သွားဖြတ်လာရှိတယ်။ ဘူတာတစ်ခုကို ချဉ်းကပ်ဝင်ရောက်တော့မယ်ဆိုရင် ကျွန်တော်တို့မီးရထားနဲ့ ပတ်သက်တဲ့ စက်ခေါင်းမောင်းနဲ့ ပတ်သက်တဲ့ အချက်ပြတွေကို တိတိကျကျလိုက်နာရပါမယ်။ အချက်ပြတွေ အကုန်လုံးRight အနေအထားမှာရှိတဲ့အတွက် ကျွန်တော့် စက်ခေါင်းမောင်းမှူးကလည်း သတ်မှတ်မိုင်နှုန်း အတိုင်းမောင်းနှင်တာပဲ။ အဲဒီအချိန် မှာ တံတားပေါ်မှာ ခရီးသွားလေး၊ ငါးယောက်တွေ့လိုက်ရတယ်။ ကျွန်တော်တို့က သတိပေးဥသြဆွဲတယ်။ ရထားမောင်းလာတဲ့အချိန် တံတားရဲ့ သုံးချိုးနှစ်ချိုးလောက်မှာ မြေးအဘွားနှစ်ဦးကို တွေ့လိုက်ရတယ်။ သူ တို့ဆုံးဖြတ်ချက်က တံတားကိုဆက်ပြီး ကူးပြေးတော့မလိုလို လုပ်ကြတယ်။ အမယ်အိုကြီးက လူမမယ် ကလေးတစ်ယောက်ပါတော့ ရှေ့ကို မပြေးတော့ဘဲ နောက်ကြောင်းပြန် လှည့်ပြေးလို့ရှိရင် နီးမယ်လို့ သူတွေးထင်လိုက်တယ် ထင်တယ်။ နောက် ပြန်လှည့်ပြေးရင်လည်း ပေ ၅၀ ကျော်လောက် ကျန်မှာပေါ့။ အဲဒီလိုအနေအထားမှာ ကျွန်တော့်စက်ခေါင်းမောင်းမှူးက စက်ရှိန်ကို လျှော့ချလိုက်ပြီ။ နောက်ဆုံးသတိထားပြီး မလွတ်တော့တဲ့အချိန်မှာ အရေးပေါ်ဘရိတ်ကို ဆွဲချလိုက်တယ်။ အရေးပေါ် ဘရိတ်ဆွဲလိုက်တာနဲ့ နောက်မှာပါလာ တဲ့ခရီးသည်တွေ၊ တွဲတွေ၊ ၀န်ချိန် တွေဟာ တွန့်ခေါက်လျော့ရဲ ဆုံးရှုံးပျက်စီးနိုင်တယ်။ တော်တော်ကို ဂရုစိုက်ပြီး ထိန်းသိမ်းရတယ်။

    မေး – အဲဒီအချိန်မှာ တံတားပေါ်က မြေးအဘွားနှစ်ဦးရဲ့ အခြေအနေကို သိပါရစေ။

    ဖြေ – ဆရာက သူ့အပိုင်းအခြားနဲ့ သူထိန်းသိမ်းပေမယ့် ဒီမြေးအဘွား နှစ်ယောက်က မလွတ်တော့ဘူး။ အဲဒီမှာ အမေကြီးကထိုင်ချလိုက်ပြီး မြေးမလေးကို ကောက်ဖက်ထားတယ်။ ဒါပေမယ့် ဘရိတ်ဖမ်းရပ်လို့ရမယ့် အကွာအဝေး မဟုတ်တာကြောင့် အန္တရာယ် နဲ့နီးကပ်နေတယ်။ အရေးပေါ်ဘရိတ် ကို လိုအပ်တဲ့ပမာဏအတိုင်း သုံးစွဲ ကိုင်တွယ်ထားပေမယ့် အကွာအဝေး က အမယ်အိုကြီးမြေးအဘွားရဲ့ အနေအထားနဲ့ လျှပ်တစ်ပြက်လောက်ပဲရှိတာမို့ အချိန်မီ ရထားရပ်တန့်သွားဖို့ မဖြစ်နိုင်တော့ဘူး။ နောက်ဆုံးသေချာပေါက် ရထားတိုက်ခံရမယ့် အနေအထားကို ရောက်သွားပြီ။ တအား ကြောက်လန့်နေပြီး လူတစ်ယောက် ရဲ့နောက်ဆုံး သေငယ်ဇောအချိန်ပဲ။ ကိုယ့်ကိုဝင်တိုက်တော့မယ့် အစီးအနင်းကြီးတစ်ခုကို မြင်တွေ့နေရတဲ့။ မိမိအသက် ဆုံးရှုံးရတော့မယ်ဆိုတာ သိနေတဲ့လူတစ်ယောက်ရဲ့ သေငယ်ဇောနဲ့ ကြောက်နေတဲ့ပုံမျိုးဘဲ။ ဒီအချိန်မှာ အမယ်အိုကြီးရဲ့ အသက်အရွယ်နဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ အသိတရား၊ ၀န်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေတဲ့ သူရဲ့မြေးမလေးနဲ့ သူလွတ်မြောက်အောင် ပြေးနိုင်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ တံတားအောက် ကို ခုန်ချဖို့ဆိုတာလည်း တံတားအမြင့်က ၁၂ ပေနဲ့ ၁၄ ပေကြားမှာရှိတယ်။ အောက်မှာရေစီးနေတယ်။ ဒီအသက်အရွယ်နဲ့ မိန်းမသားတွေ ခုန်မချနိုင်ဘူး။

    မေး – အဲဒီလိုအခြေအနေမှာ ကယ်တင်လိုက်ရပုံကိုလည်း ဆက်ပြောပေး ပါဦး။ အခုလိုကယ်တင်ဖို့ ဘယ်လိုစိတ်မျိုးနဲ့ လုပ်ဆောင်ခဲ့တာပါလဲ။

    ဖြေ – ကျွန်တော် စက်ခေါင်းမှူးက ထိန်းသိမ်းပေးတဲ့အချိန်မှာ ကျွန်တော် ကဖြစ်မှာစိုးလို့ စက်ခေါင်းပေါ်ကနေ ခေါင်းထွက်ပြီး ‘မယ်’ ‘မယ်’ နဲ့ထွက်အော်ချိန်မှာ ဟွန်းကလည်း ဆွဲထားတယ်။ ဂရုဏာဒေါသနဲ့ အော်နေတယ်။ အဲဒီအချိန်မျာ ကျွန်တော်ခန္ဓာကိုယ်က လက်ကိုင်ဘေးကနေ အပြင်ကိုပတ်ထွက်ပြီး ရထားရဲ့တွဲချိတ် ဆက်ပေါ်မှာ မတ်တပ်ရပ်နေတာ အဆင်သင့်ဖြစ်သွားတယ်။ ကျွန်တော့် စိတ်ရဲ့စေ့ဆော်မှုလို့ ပြောရမလား မသိဘူး။ ဒီအမေအိုကြီး မြေးအဘွား ကို ဘယ်လိုမှမကယ်နိုင်တဲ့ အနေအထားမှာ ဆင်းတွန်းမှရမလဲ ဆိုတဲ့ သဘာဝအလျောက် အတွေးလေး ၀င်သွားတယ်။ အလိုအလျောက်ဘဲ ရထားပေါ် က ဆင်းလိုက်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တွန်းဖယ်လိုက်တယ်။ ငါးစက္ကန့်လောက် အတွင်းမှာဘဲ ကျွန်တော်ကိုယ်တိုင်လည်း နှစ်လှမ်းလောက် လှမ်းလိုက်ပြီး ခုန်ဆင်းလိုက်တယ်။ “ဆင်း၊ လှမ်း၊ တွန်း၊ ခုန် ဆင်း”ပေါ့။ မြေးအဘွားနှစ်ယောက် ရေတောထဲကို ကျသွားပြီး ဖက်တွယ်ထားကြတယ်။ ကျွန်တော်က အရှိန် နဲ့ကျောက်ခုံစပ်ကို ကျသွားတယ်။ အကုန်လုံးရေတော ရွှံတောထဲမှာ ရေအနက်က ခန့်မှန်းခြေလေးပေလောက် ရှိမယ်။ ရေမြှုပ်သွားရင်လည်း အနီးဆုံးနေရာမှာရှိတဲ့ ကျွန်တော်က ဆက်ကယ်ရဦးမှာဘဲ။

    မေး – အခုလို သူ့အသက်နှစ်ချောင်း ကို ကယ်တင်နိုင်ခဲ့တဲ့ အတွက်ရော ဘယ်လိုခံစားရပါသလဲ။

    ဖြေ – ဟာ . . . ပျော်တယ်။ အရမ်း ၀မ်းသာပီတိဖြစ်တယ်။ ဒီအမေအိုကြီးရော မြေးမလေးရော၊ ကျွန်တော် ရော ဘာမှမဖြစ်ပွားတဲ့အခါ၊ ရေထဲက ဆယ်ယူပြီးတဲ့အချိန် ဒီကလေးမလေးရဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါ မှာ ကျွန်တော့်သားသမီးကို မြင်လိုက်ရသလိုပါဘဲ။ ကျွန်တော်မှာလည်း သားလေးတစ်ယောက်ရှိတယ်။ သက်တူရွယ်တူလောက်ပါဘဲ။ ကျွန်တော့် ရင်ထဲမှာ ၀မ်းသာဝမ်းနည်းဖြစ်ပြီး တော့ စကားလည်းမပြောနိုင်ဘူး။ မျက်ရည်ကျပြီး အသားတွေလည်း တစ်ဆတ်ဆတ်တုန်နေတယ်။ အဲဒီလိုခံစားမှုမျိုး ခံစားရလိမ့်မယ်လို့ ထင်တောင်ထင်မထားမိဘူး။ အခုလို ကယ်တယ်နိုင်လိုက်လို့ သူတို့ဘ၀တွေ ပါရမီရှိသလောက် သက်တမ်းစေ့ နေနိုင်သွားတော့မယ် ဆိုတဲ့ အသိဝင်လာတဲ့အခါ အရမ်းကိုပီတိဖြစ်မိတယ်။ ဌာနတွင်းကလည်း ချီးကျူးဂုဏ်ပြုကြလို့ အရမ်းဝမ်းသာဂုဏ်ယူမိပါ တယ်။

    မေး – အခြားဖြည့်စွက်ပြောလိုတာများ ရှိပါသေးလား။

    ဖြေ – ကျွန်တော့်အနေနဲ့ သူတို့ကို မသေစေချင်တဲ့စိတ်ဆန္ဒရဲ့ စေ့ဆော်မှုအရ ကယ်တင်နိုင်ဖို့ အခွင့်အရေး ကြုံတဲ့အခါမှာ ကယ်တင်နိုင်လိုက်တာဟာ သူတို့ကုသိုလ်ကံ၊ ကျွန်တော့် ကုသိုလ်ကံ ပါရမီအကြောင်းဆုံလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။ အဲဒီတော့ ဘယ်ဘာသာ၊ ဘယ်လူမျိုးရယ်မှ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကယ်တင်ထိုက်သူကို ကယ်တင်ရမယ်လေ။ ကျွန်တော့် အနေအထားအရလည်း တာဝန်ပိုင်းမှာ ဖြစ်နေတယ်လေ။ ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ ကျွန်တော်မကယ်တင်ဘူး ဆိုရင် လူသားမဆန်တဲ့သူ ဖြစ်သွားမယ်။ ၀န်ထမ်းကောင်းတစ်ဦးရဲ့ ကိုယ်ကျင့်စရိုက်၊ အတွေးစိတ်မရှိသူ ဖြစ်သွားမယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တဲ့ စကားလေးတစ်ခုရှိတယ်။ အခုလို ပြန်ပြောတဲ့အချိန်မှာလည်း အရမ်းခံစားရတယ်။ ကျွန်တော်တို့ စက်ခေါင်းမောင်းတွေမှာ လူတွေကို အသားလွတ်တိုက်သွားတယ်။ သေကြေပျက်စီးစေလိုတဲ့ စိတ်လုံးဝမရှိကြပါဘူး။ ကျွန်တော်တို့ လူရယ်လို့ဖြစ် လာရင် ညီအစ်ကို၊ မောင်နှမ၊ မိဘ ဘိုးဘွား အကုန်ရှိကြတာပါပဲ။

    ရထားနှင့် တိုက်မိတော့မည့် မြေးအဖွားနှစ်ဦးအား ကယ်တင်ခဲ့သည့် ဖြစ်စဉ်အကျဉ်း

    ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်ထွက်ခွာလာသည့် အမှတ်(၁၇၆) အစုန်ရထားသည် ဒါးပိန်ဘူတာ အ၀င်ရှိ ရထားလမ်းတံတားသို့ အရောက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

    အဆိုပါရထားလမ်းတံတားပေါ်တွင် လမ်းလျှောက်ဖြတ်ကူးနေသော မြေးအဖွားနှစ်ဦးသည် ရုတ်တရက်ကြောက်လန့်ကာ တံတားအလယ်၌ တစ်ဦးကို တစ်ဦးဖက်လျက် အနေအထားဖြင့် ရှိနေခဲ့သည်။

    အမှတ်(၁၇၆) အစုန်ရထားသည် တံတားပေါ်တွင် မြေးအဖွားနှစ်ဦးကို မြင်သည့်အတွက် ဥသြဆွဲခဲ့သော်လည်း မြေးအဖွားနှစ်ဦးသည် အကြောက်လွန်၍ တံတားအလယ်တွင် ရှိနေခဲ့သည်။

    အဆိုပါရထားစက် ခေါင်းမောင်းမှ အရေးပေါ်ဘရိတ်ဆွဲသော်လည်း မောင်းနှင်လာသော အရှိန်ဖြင့် ချိန်ဆ လုပ်ဆောင်ရခြင်းကြောင့် ရထား၏အရှိန်လျော့သွားသော်လည်း ချက်ချင်းရပ်၍မရခဲ့။

    အရှိန်မရပ်သောရထား မြေးအဖွားနှစ်ဦးဆီ ဦးတည်နေရာ လက်ထောက် စက်ခေါင်းမောင်း ကိုဌေးနိုင်က စက်ခေါင်းပေါ်မှခုန်ချကာ မြေးအဖွားနှစ်ဦးစလုံး နှင့်အတူ ရထားလမ်းတံတားပေါ်မှ ရေထဲသို့ခုန်ဆင်း၍ အသက်ကယ်တင်ခဲ့။

    ဖြစ်စဉ်ကြောင့် အဆိုပါသုံးဦးစလုံး အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိ။

    အသက်ကယ်တင်ခံခဲ့ရသော မြေးအဖွားနှစ်ဦးမှာ ဒါးပိန်မြောက်ပိုင်း လက်ပံတန်းရပ်ကွက်တွင် နေထိုင်သူ ဒေါ်မြင့်ကြည် အသက်(၆၂)နှစ် ၎င်း၏မြေးတော်စပ်သူ မသဲစုဝင်း(၈)နှစ်တို့ဖြစ်သည်။

    ကိုယ်ရေးအကျဉ်း

    အမည် – ဦးဌေးနိုင်

    မိဘအမည် – ဦးမူဆာ၊ ဒေါ်မြင့်မြင့်ကြည်

    မွေးသက္ကရာဇ် – ၁၅-၉-၁၉၇၃

    မွေးရပ် – ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။

    ရာထူး – စက်ခေါင်းမှူးလက်ထောက်(၁)။

    တိုင်းအမှတ်(၇)၊ မလွှကုန်း ဒီဇယ်စက်ခေါင်းပြုပြင်စက်ရုံ၊

     

    Credit-Weekly Eleven

  • ဒီနေ့ မနက် အိုးဘိုထောင် ရှေက မန်းလေးမွတ်စလင်များ ပူပေါင်းကူညီမှု မြင်ကွင်းများ

    အိုးဘိုထောင်ရှေက  ကြော်ငြာစာ

    စစ်ကိုင်းတန်းဗလီက  ကူညီဖို့ အသင့်စောင့်နေတဲ့  ကား…

    ကားဂိတ်တွေ လိုက်ပို့ဖို့နဲ့  လွတ်မြောက်လာသူတွေ ကို ပေးဖို့

    ရေသန့်ဘူး  အချိုရည်ဘူးတွေ ကားပေါ်မှာပါတယ်။

    ကားဂိတ်ကို သွားဖို့ စောင့်နေပုံ

    ကားခနဲ့ လမ်းသုံးစရိတ်များ ပေးအပ်နေစဉ်

    ကိုယ်အိမ်ကို ပြန်ကြလေပြီး…..

    Photo Credit to  ကိုရဲရင့်ကျော်

  • မမလဌာနချူပ်မှ ဦးစီးပြီး မြန်မာမွတ်စလင်မ်များ ၈ကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲပြုလုပ်မည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့(မမလဌာနချုပ်)
    အဌမအကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲ

     မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့(မမလဌာနချုပ်)က စီစဉ်ကျင်းပမည့် အဌမအကြိမ်မြောက်စုပေါင်းသွေးလှုဒါန်းပွဲ ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် သွေးလိုအပ်နေသော လူနာများကို မိမိသွေးဖြင့် လှုဒါန်းကူညီလိုသူအစ္စလာမ်ဘာသာဝင်အမျိုးသား၊ အမျိုးသမီးများအနေဖြင့် ပါဝင်၍ သွေးလှုဒါန်းခြင်းဖြင့် ကုသိုလ်ယူနိုင်ကြမည် ဖြစ်ပါသည်။

    သွေးလှုဒါန်းပွဲအစီအစဉ်
    နေ့ရက်    – ၈-၁-၂၀၁၂(တနင်္ဂနွေနေ့)
    အချိန်    – နံနက် ၉း၀၀ နာရီမှ ၁၂း၀၀နာရီအထိ
    နေရာ    – အမျိုးသားသွေးလှုဌာန၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊
    လေဟာပြင်ဈေးဟောင်းအနီး၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

    မြန်မာမွတ်စလင်မ် ညီအစ်ကိုမောင်နှမများ အနေဖြင့် အထက်ပါသွေးလှုဒါန်းမှုအစီအစဉ်တွင် ပါဝင်၍ သွေးလှုဒါန်းလိုပါက မမမဌာနချုပ်၊ အမှတ်(၁၉၄/၁၉၆)၊ အခန်းအမှတ်(၄-A)တွင် (၅-၁-၂၀၁၂) (ကြာသပတေးနေ့) နောက်ဆုံးထား၍  ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

    ဖုံးဖြင့် ဆက်သွယ်၍ အမည်စာရင်းပေးသွင်းလိုပါက ၀၁-၂၄၁၂၁၂၊ ၀၁-၂၅၂၇၉၉တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။

  • ဦးအောင်သင်း (M.A., B.L., K.S.M)

    အထက်လွှတ်တော်အမတ် ၀တ်လုံတော်ရမင်း

    ၁၉၃၀-ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့မှ ၁၉၃၁-ခု ဇန်န၀ါရီလ (၁၉)ရက်နေ့အထိ ဘိလပ်တွင် ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးသို့  တက်ရောက်ရန် မြန်မာပြည်မှ ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်ခဲ့ပါသည်။

    (၁) ဦးဘဖေ၊  (၂) ဦးမောင်မောင်အုန်းခိုင်၊  (၃) ဆာဂလန်ဘီနှင့်  (၄) ဦးအောင်သင်းတို့ တက်ရောက်ခဲ့ပါသည်။

    ထိုအစည်းအဝေးမှ မြန်မာနိုင်ငံအုပ်ချုပ်ရေးကို ပြောင်းလဲပေးနိုင်ရန်အတွက် အစီရင်ခံစာ တစ်စောင်ရေးရန် (၁၄)ဦးပါသည့် ကော်မတီတစ်ရပ်ဖွဲ့စည်းပေးခဲ့ပါသည်။ ၁၄-ဦးကော်မတီက တင်ပြသည့် အချက်(၆)ချက်ကို မျက်နှာစုံညီဆွေးနွေးကြရန် မြန်မာပြည်မှ ကိုယ်စားလှယ် (၁၄)ဦးကို ဘိလပ်ပါလီမန်က ဖိတ်ခေါ်ခဲ့ပါသည်။ မြန်မာပြည်မှ တက်ရောက်သည့် အဆိုပါ ကိုယ်စားလှယ် (၁၄)ဦးတွင် ဦးအောင်သင်း ပါဝင်ပါသည်။

    အထက်လွှတ်တော်အမတ် ဦးအောင်သင်းမှာ တိုင်းရင်းသား အစ္စလာဘာသာဝင် ဗမာမွတ်စလင်မ်တစ်ဦး ဖြစ်ပါသည်။

    —————–

    (ရန်ကုန်တက္ကသိုလ် မွတ်စလင်(မ်)မဂ္ဂဇင်း သမိုင်း၊ စာမျက်နှာ-၁၄၄)

  • ဟာဂျီ ဦင်္းကာလူ၏ ကုရ်အာန်ဘာသာပြန် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဟောပြောပွဲ စင်ကာပူတွင် အောင်မြင်စွာကျင်းပ ပြီးစီး

    ဒါရွလ်အရ်ကမ် စင်ကာပူရှိ အလ်-မော်ရီဒ် စာကြည့်တိုက်မှ ဟာဂျီ ဦင်္းကာလူ၏ ကုရ်အာန် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဟောပြောပွဲ အခမ်းအနားကို ၁၁.၁၂.၂၀၁၁ တနင်္ဂနွေန့တွင် ဒါရွလ်အရ်ကမ် စင်ကာပူရှိ ခန်းမဆောင်တွင် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။ အခမ်းအနားမှုး အဖြစ် ဆရာ အိုမရ် ကျော်ဇင်ထွန်း ဒါရွလ်အရ်ကမ် စင်ကာပူမှ ဆောင်ရွက်ခဲ့ပြီး၊ မြန်မာမွတ်စလင်မ် ကလပ် စင်ကာပူ၏ နာယကနှင့် ပင်ထိုင် ဓမ္မကတိကဖြစ်သော ဆရာ ဂျမားလ် စိုးသိန်းမှ သဘာပတိ အဖြစ် တာဝန်ယူ ကျင်းပခဲ့သည်။ မော်လာနာ အက်ဘရ်ရှား (Lecturer, International Islamic University Malaysia)မှ ကုရ်အာန်ကျမ်းတော်မြတ်၏ ရည်ရွယ်ချက်နှင့် ဝိသေသများခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေ ဆရာ ဝါးခယ်မ မောင်မင်းနိုင်မှ သုခမိန် ဦးလူ၏ ကုရ်အာန် အဋ္ဌကထာကျမ်း သမိုင်းပုံရိပ်ခေါင်းစဉ်ကိုလည်းကောင်း၊ အသီးသီး ဟောပြောခဲ့ရာ စင်ကာပူရောက် မြန်မာ မွတ်စလင်မ်ပေါင်း ၁၀၀နီးပါး တက်ရောက်ရှိခဲ့သည်။

    ဟောပြောပွဲ အခမ်းအနား အစီအစဉ် အကျဉ်းကို အောက်ပါအတိုင်း မှတ်တမ်း တင်အပ်ပါသည်။

    အစီအစဉ်(ဝ၁) ။ ။ အခမ်းအနား အစီအစဉ်များ နှင့် အခမ်းအနား ဖွင့်လှစ်ကြောင်းကြော်ငြာခြင်း။
    ဆရာ အိုမရ် ကျော်ဇင်ထွန်း (ဒါရွလ်အရ်ကမ် စင်ကာပူ)
    အစီအစဉ်(ဝ၂) ။ ။ ကုရ်အာန် ကျမ်းမြတ်အား ဖတ်ရွတ်ခြင်း။
    အိမ်ရာန် အိလ်ယားစ်

    အစီအစဉ်(ဝ၃) ။ ။ ဖတ်ရွတ်သွားသည့် ကုရ်အာန် ကျမ်းမြတ် မြန်မာဘာသာပြန်အား ဖတ်ကြားခြင်း။
    ရိုဇီမဟ် နန်းမြရတနာမောင်

    အစီအစဉ်(ဝ၄) ။ ။ သဘာပတီမှ အဖွင့် အမှာစကား ပြောကြားခြင်း။
    ဆရာ ဂျမားလ် စိုးသိန်း (မြန်မာမွတ်စလင်မ် ကလပ် စင်ကာပူ)

    အစီအစဉ်(ဝ၅) ။ ။ ဧည့်သည်တော် အမှာစကား ပြောကြားခြင်း။
    ဆရာ ဂျာဝိဒ်သန်း

    အစီအစဉ်(ဝ၆) ။ ။ မော်လာနာအက်ဘရ်ရှား၏ အတ္ထုပ္ပတ္တိ အကျဉ်းအား ဖတ်ကြားခြင်း။
    အဗ်ဒွရ်ရဟ်မာန် လွင်ကိုကိုဦး

    အစီအစဉ်(ဝ၇) ။ ။ ကုရ်အာန်ကျမ်းတော်မြတ်၏ ရည်ရွယ်ချက်နှင့် ဝိသေသများ
    မော်လာနာ အက်ဘရ်ရှား

    အစီအစဉ်(ဝ၈) ။ ။ အဆွရ် ဆွလာဟ်ဝတ်ပြုခြင်းနှင့် မြန်မာမွတ်စလင်မ် ကလပ် စင်ကာပူမှ လဘ္ကရည်၊ မုန့်များဖြင့် တည်ခင်း ဧည့်ခံခြင်း။

    အစီအစဉ်(ဝ၉) ။ ။ ဝါးခယ်မ မောင်မင်းနိုင်၏ အတ္ထုပ္ပတ္တိ အကျဉ်းအား ဖတ်ကြားခြင်း။
    ဇင်ဘိုအောင် (မြန်မာမွတ်စလင်မ် ကလပ် စင်ကာပူ)

    အစီအစဉ်(၁၀) ။ ။ သုခမိန် ဦးလူ၏ ကုရ်အာန် အဋ္ဌကထာကျမ်း သမိုင်းပုံရိပ်
    ဝါးခယ်မ မောင်မင်းနိုင်

    အစီအစဉ်(၁၁) ။ ။ တက်ရောက်လာသည့် ဧည့်သည်တော်များ ကိုယ်စား ဟာဂျီ ဦးမြင့်နိုင် (ဥက္ကဌ၊ မြန်မာမွတ်စလင်မ် ကလပ်
    စင်ကာပူ)မှ ဟောပြောပေးသည့် ဆရာများအား လက်ဆောင် ပဏာများ ချီးမြှင့်ခြင်း။

    အစီအစဉ်(၁၂) ။ ။ ကျေးဇူးတင် စကားပြောကြားခြင်း။
    ဆရာ အိုမရ် ကျော်ဇင်ထွန်း (ဒါရွလ်အရ်ကမ် စင်ကာပူ)

    အစီအစဉ်(၁၃) ။ ။ အခမ်းအနားပြီးဆုံးကြောင်း ကြော်ငြာခြင်းနှင့် ဒိုအာဆုမွန်တောင်းခြင်း။
    ဆရာ အိုမရ် ကျော်ဇင်ထွန်း (ဒါရွလ်အရ်ကမ် စင်ကာပူ)

    ဒါရွလ်အရ်ကမ် အ၀င် ဟောပြောပွဲ ပိုစ်တာ

    အခမ်းအနားမှုး ဆရာ အိုမရ် ကျော်ဇင်ထွန်း (ဒါရွလ်အရ်ကမ် စင်ကာပူ) အစီအစဉ်များ နှင့် အခမ်းအနား ဖွင့်လှစ်ကြောင်းကြော်ငြာနေစဉ်။

    အိမ်ရာန် အိလ်ယားစ်မှ ကုရ်အာန် ကျမ်းမြတ်အား ဖတ်ရွတ်နေစဉ်။

    ဖတ်ရွတ်သွားသည့် ကုရ်အာန် ကျမ်းမြတ် မြန်မာဘာသာပြန်အား ရိုဇီမဟ် နန်းမြရတနာမောင် ဖတ်ကြားနေစဉ်။

    ဆရာ ဂျမားလ် စိုးသိန်း (မြန်မာမွတ်စလင်မ် ကလပ် စင်ကာပူ)မှ သဘာပတီ အဖွင့် အမှာစကား ပြောကြားနေစဉ်။

    ဆရာ ဂျာဝိဒ်သန်းမှ ဧည့်သည်တော် အမှာစကား ပြောကြားနေစဉ်။

    အဗ်ဒွရ်ရဟ်မာန် လွင်ကိုကိုဦး မော်လာနာအက်ဘရ်ရှား၏ အတ္ထုပ္ပတ္တိ အကျဉ်းအား ဖတ်ကြားစဉ်။

    ကုရ်အာန်ကျမ်းတော်မြတ်၏ ရည်ရွယ်ချက်နှင့် ဝိသေသများခေါင်းစဉ်ဖြင့် မော်လာနာ အက်ဘရ်ရှား ဟောကြားနေစဉ်။

    မြန်မာမွတ်စလင်မ် ကလပ် စင်ကာပူမှ လဘ္ကရည်၊ မုန့်များဖြင့် တည်ခင်း ဧည့်ခံနေစဉ် (၁)။

    မြန်မာမွတ်စလင်မ် ကလပ် စင်ကာပူမှ လဘ္ကရည်၊ မုန့်များဖြင့် တည်ခင်း ဧည့်ခံနေစဉ် (၂)။

    ဇင်ဘိုအောင် (မြန်မာမွတ်စလင်မ် ကလပ် စင်ကာပူ)မှ ဝါးခယ်မ မောင်မင်းနိုင်၏ အတ္ထုပ္ပတ္တိ အကျဉ်းအား ဖတ်ကြားနေစဉ်။

    ဆရာ ဝါးခယ်မ မောင်မင်းနိုင် သုခမိန် ဦးလူ၏ ကုရ်အာန် အဋ္ဌကထာကျမ်း သမိုင်းပုံရိပ် ခေါင်းစဉ်ဖြင့် ဟောကြားနေစဉ်။

    စိတ်ပါဝင်စားစွာ နားသောတဆင်လျက်ရှိသော ပရိသတ်များ (၁)။

    စိတ်ပါဝင်စားစွာ နားသောတဆင်လျက်ရှိသော ပရိသတ်များ (၂)။

    ပရိသတ် အင်အားစု။

    အခမ်းအနား အပြီး အမှတ်တရ (စင်ကာပူ စံတော်ချိန် ည (၇)နာရီခန့်)

    ကျေးဇူးတင်လွှာ

    ဟောပြောပွဲ ပိုစ်တာ အမှတ်တရ။