News @ M-Media

Tag: Pakistan

  • ပါကစ္စ္စတန်၏ မာသာထရီဇာ သို့မဟုတ် အဗ္ဗဒူလ် စတ္တာရ်း အီဒီ

    ပါကစ္စ္စတန်၏ မာသာထရီဇာ သို့မဟုတ် အဗ္ဗဒူလ် စတ္တာရ်း အီဒီ

    အရောင် ခပ်ဖျော့ဖျော့ အ၀တ်အစား နှင့် အဘိုးအို တစ်ဦး ရွှံ ထူထူလမ်းကလေးကနေ လူ အုပ် ကြီး ဆီ လမ်းလျှောက် လာနေသည်။ ထို့နောက် အဘိုးအိုက ပါကစ္စတန်ရေဘေးဒုက္ခ သည်များ အကြောင်း ပြောဆိုလိုက်သည်နှင့် အလွှာစုံ  ပါကစ္စတန်ပြည် သူများက သဒ္ဒါတရား အပြည်ဖြင့် ငွေများ လှူဒါန်းလိုက် ကြသည်။ ၄နာရီပင် မကြာလိုက်ချေ။  ပါကစ္စတန်ပြည်သူများ လှူလိုက် သော  ဒေါ်လာ ၁၅၀၀၀ ခန့် မှာ  အလှုပုံး အတွင်းပြည့်နှက် သွားတော့သည်။ ဤမျှအထိ ပြည်သူ များ ၏ ယုံကြည်ကိုးစား ခံနေရသူကား ကျောမွဲ များအတွက် နှစ်ပေါင်း ၆၀ကျော် နှစ်မြုပ် ကူညီ နေ သူ၊ အဗ္ဗဒူစတာရ်း အီဒီအမည်ရ အသက်၈၀ကျော် အဖိုးအိုဖြစ်သည်။

    မဟတ္တမဂန္ဒီ၊ မာသာထရီဇာတို့ ကဲ့သို့ အီဒီ သည်လည်း ပါကစ္စတန်လူမျိုး တို့၏ လူသာချင်းစာနာ ထောက်ထားမှုတရား အမှတ်သညာ ဖြစ်လို့ လာနေသည်။ အီဒီဘ၀ကို လေ့လာမည်ဆိုလျှင် ဖအေမပေါ်၊ အမေမပေါ် ကလေးများ ကအစ အကြမ်းဖတ်ဒဏ်သင့် ပြည်သူများအလယ်၊ ပိုင် ရှင် မဲ့ သူသေအလောင်းများအဆုံး စသည့် လူမှုကူညီရေး လုပ်ငန်းများအတွက်  ဘ၀တစ် ခုလုံး နှစ်မြုပ် အချိန်ပေးခဲ့သည်။ အီဒီ၏ အားထုတ်ကြိုးပမ်မှုကြောင့် ယနေအခါတွင် ပါကစ္စတန်နိုင်ငံ တစ်ဝှမ်း လုံးတွင် လူမှုရိပ်သာပေါင်း ၂၅၀ကျော် ဖွင့်လှစ်ကာ အခမဲ့ ကူညီေ စာင့် ရှောက် ပေး လျက်ရှိသည်။ ထိုပြင့် အကြမ်းဖတ်တိုက်ခိုက်မှုများကြောင့် သေကျေ၊ ဒဏ်ရာ ရသူများ၊ ကား မတော် တဆ ဖြစ်မှုများအတွက်လည်း လူနာတင်ကားများ စွာကိုလည်းသူ က စီစဉ်ပေးထား သည်။

    ဘာသာတရာကိုင်းရှိုင်းတက်သူ အီဒီကတော့ အယူအဆပြင်းထန်သူ  အစွန်းရောက်များကို လည်း  ပွင့်ပွင့်လင်းလင်း ဝေဖန်တက်သည်။ “တချို့ဘာသာရေး ဆရာတွေက ပြည်သူတွေကို နွမ်းပါးချို့တဲ့ သူတွေ ဒုက္ခရောက်နေရသူတွေ ကို ကူညီ ရမဲ့အကြောင်း တိုက်တွန်းဖို့ ထက်  ကျင့်ကြံ အားထုတ်မှုတွေ၊ ငရဲ ပြည်အကြောင်းတွေ ၊ နာမ်ပိုင်းဆိုင်ရာ ယုံကြည်ချက်ကို ထိန်းသိမ်းရမဲ့အကြောင်း တွေ လောက်ပဲ ဟောပြောကြတာ ပါ ” ဟု အဖိုးအို အီဒီက ထောက်ပြပါသည်။

    လူမှုကူညီရေး လုပ်ငန်း အများ အခေါ် NGO တစ်ခုကို ထူထောင်ထားသူ  တစ်ဦးနေအိမ်မှာ လူ ကုံတန်များ ၏ ဆိတ်ငြိမ်ရပ်ကွက် သို့မဟုတ် မိုးမျှော် ကွန်ဒို တွင် ရှိသည် ဟုမှန်းဆမည်ဆိုလျှင် အဖိုးအို အီဒီ အတွက်တော့ တက်တက်စင် မှားသွားလိမ့်မည် ။    အီဒီမှာ  ကရာချိမြိုရှိ သူပိုင် လူမှုရိပ်သာ အဆောင်အုံ၏ အခန်း ငယ်လေးတွင် သူစောင့်ရှောက်ထား သော ကျောမွဲများနှင့် အတူနေထိုင် လျက်ရှိသည်။ သူနှင့် အတူ ဇနီးသည် ကလည်း ပါရီဖြည့်ဘက်ကောင်းပီသစွာနှင့် သူ၏လူမှုကူညီရေးတွင် လုပ်အားပေး အဖြစ်တာဝန် ထမ်းဆောင်နေပါသည်။ အီဒီက သူ အခန်းရှိ သစ်သားကုတင်လေးကို နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်းအဖြစ် မှတ်ယူထား သူဖြစ်သည်။

    ကံအကြောင်းမလှ သဖြင့် ဒုသ္ခရောက်နေသူများ အပေါ်တွင် ထားရှိသည့် သူသဘော ထားမှာလည်း အတုယူစရာ ကောင်းလှသည်။ “ကျွန်တော်ကတော့ ..ဒီ ဆင်းရဲသားတွေ ရဲ့ သူဖုန်းစားပါ သူတို့ အတွက် ပိုက်ဆံတောင်းပေးနေသူပါ..”ဟု ဇရာထောင်းအပြုံးဖြင့် ဆိုပါသည်။

    ပါကစ္စတန်ရှိ အစွန်းရောက်တို့၏ လေလုံးထွားပြော ဆိုနေမှုများအပေါ် အဖိုးအို အီဒီက “ သူတို့တွေ ဆိုနေကြတဲ့ မြင့်မြတ်တဲ့ ဘာသာရေးစစ် (ဂျီဟာဒ်)ဆိုတာ က အမှန်တကယ် မှာ လူသားချင်း စာနာထောက်ထား မှုပါ၊ ဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်ရေးပါ ” ဟု သူ့အမြင်ကို ပြောဆိုသည်။

    လူမှု ကူညီရေးလုပ်ငန်များကို ဇောက်ချလိုပ်ကိုင်နေသူ အီဒီမှာ သေခြင်းနှင့် ရှင်ခြင်းကြားက ဘ၀များစွား အတွက်  အလုပ်များနေသူ ဟုဆိုရမည်ဖြစ်သည်။ အကြောင်း အမျိုးမျိုးကြောင့် လောက ထဲရောက်လာသူ၊ လူမည်ကလေးငယ်များအတွက်လည်း ကလေးဂေဟာ ဖွင့်လှစ်ပေး ထားသကဲ့သို့  လောက ထဲေ၇ာက်လာမည့် ရင်သွေးများ ဖွားမြင်နိုင်ရန် အတွက်လည်း သားဖွားခန်းကိုပါ ထူထောင်ထား ရှိသည်။ ထို့ပြင် လောကမှ ပြန်ထွက်သွားသည့် သူများအတွက် ရေခဲတိုက် ကနေ မြေမြုပ် သဂြိုလ်ရေး အထိတာဝန် ယူဆောင်ရွက် ပေးနေသည်။ ပါကစ္စတန် ရှိ ဆင်ရဲသားများအတွက် မင်္ဂလာခန်းမကို ပင်မကျန် အဖတ်ဖတ်မှ ပြည်စုံအောင် စီစဉ်ပေး ထားသည်။  သူ မတည်ပေးထားသည့် ပေါင်မုန့်ဖိုများ ကနေ သူတို့အတွက် ၀င်ငွေ ဖန်တီးပေးထားသည်။“ ဆင်ရဲနွမ်းတဲ့သူတွေ ဟာ ဒီကိုလာပြီး သူတို့ရဲ့ အခက်ခဲတွေ ရဲ့အဖြေကို ဒီကိုလာပြီး လာယူနိုင်ပါတယ် ပုခတ်တွင်းကနေ သင်ချိုင်းအထိပေါ့ဗျာ..” ဟု အီဒီကို လိုလားသူ ဖခင်တစ်ဦးက ဆိုပါသည်။

    အီဒီကို အိန္ဒိယတွင် မွေးဖွားခဲ့ကာ ပါကစ္စတန် သို့ ၁၉၄၇ တွင် သူမိဘနှင့် ပြောင်းရွေ့လာခဲ့သည်။ အီဒီဖခင်ကတော့ နယ်လှည် အရောင်းသမားဖြစ် သည်။ အီဒီ၏ ဤသို့သောလူ မှု ကူညီရေးစိတ်ဓါတ်ကို မိခ်င်ဖြစ်သူက ပုံသွင်းခဲ့သည်ဟု သူကပြောပြသည်။ ”မေမေ က တို့အိတ်ကပ်ထဲပိုက်ဆံ တစ်ဝတ်ကို နွမ်းပါးတဲ့သူတွေကို နေ့တိုင်း ပေးလှူဖို့ အမြဲဆုံးမတယ်ကွဲ့ ၊ တကယ်လို့များ လှူဖို့မေ့သွားတယ်ဆိုရင် တိုကို တစ်ကိုယ်ကောင်း၊အတ္တသမား၊ ဘယ်လိုလူစားလဲလို့ ဆူပူကြိမ်းမောင်ပါလေရော ၊ နောက် အမေဆုံးပြီးနောက်မှာတော့ ဒီလူမှု ကူညီရေး လုပ်ငန်မှာ တို့ဘ၀ကိုနှစ် မြုပ်ဖြစ်ခဲ့တယ် ” ဟု သူဘ၀ကို ပြန်ပြောင်းပြောပြပါသည်။

    ကြီးမားကျယ်ပြန် နေပြီဖြစ်သော သူ၏ လူမှုကူညီရေး လုပ်ငန်း ၁၉၅၁ခုနှစ် တွင်ကိုယ်ပိုင်ငွေဖြင့် ၀ယ်ယူခဲ့သော ရာချိ ဆင်းရဲသားရပ်ကွက် ရှိ ၈ ပေပတ် လည်အခန်းကျဉ်းကလေး ကနေ စတင် ခဲံ့သည်။ ၇ နှစ်ကြာပြီးနောက်မှာ ကားငယ်လေးတစ်စီးကို ၀ယ်ယူကာ ဒုက္ခရောက် နေသူများ ၊ သဘာဝဘေးအန္တရယ်သင့် ပြည်သူများကို နိုင်ငံအနံသွား ရောက်ကူညီခဲံသည်။ ၁၉၈၀နှင့် ၁၉၉၀ နှစ်များအတွင် အီဒီသည် နိုင်ငံတစ်ဝှမ်းတွင် လူမှုဂေဟာများ လူနာတင်ယာဉ်များ တည်ထောင် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ အကြင်နာမေတ္တရှင် အီဒီမှာ  ပြည်တွင်သာမက နိုင်ငံရပ်ခြားဘေး အန္တရယ်သင့် ဒေသများသို့လည်း ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့သေးသည်။

    အီဒီ၏ ကြီးမားသည့် လူမှုကူညီရေး လုပ်ငန်းများအတွက် လိုအပ်သော ငွေကြေး ကို တိုင်းခြား အစိုးရများ ၊ပါကစ္စတန် အစိုးရ တို့ ၏ ထောက်ပံ့ငွေကြေးများကိုလက် ခံခြင်းမရှိခြင်း မှာလည်း သူ့ လုပ်ငန်း၏ ထူးခြားချက်ဖြစ်နေသည်။ “ အရေးကြီးဆုံးက ပြည်သူချင်း ချင်းထောက်ပံ့ကူညီမှုပါ. .ဘယ်အစိုးရ ၊ ဘယ်နိုင်ငံတကာ အဖွဲ့စည်းတွေ့ရဲ့ငွေကြေးကို သုံးစွဲတာမရှိပါဘုး ”ဟု အီဒီ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူက ပြောပြပါသည်။ (ဇကားသ်) ဆင်းရဲသားဒါနကြေးငွေ ဒေါ်လာ သန်း ၈၀၀ ကို ပါကစ္စတန်ပြည်သူများက နွမ်းပါးချိုတဲ့သူများအတွက်   လှူဒါန်းခဲ့ကြောင်း ၁၉၉၈ ခုနှစ် တွင် စစ်တမ်း များက ဆိုသည်။ ပင်လယ်ရပ်ခြားသို့ရောက်ရှိနေကြသော ပါကစ္စတန်လူမျိုးများ၊ ပြည်တွင်းရှိ သဒ္ဒါတရားထက်သန် သူများ ဆီကနေ ရရှိသော(ဇကားသ်)
    ဆင်းရဲသား ဒါနကြေးများ၊ အလှူငွေများဖြင့်သာ သူမှုကူညီရေး လုပ်ငန်းကို လည်ပတ်နေသည်။  လွန်ခဲ့သော နှစ် အတွင်း အီဒီသည် သူလုပ်ငန်များအတွက်  အမေ၇ိကန်ဒေါ်လာ ၅သန်းခန့် သုံးစွဲခဲ့ကြောင်း ၄င်းက ဆိုပါသည်။

    ပါကစ္စတန်ရှိ လူမှုကူညီရေးအဖွဲ့အစည်းများ NGO များသည် ၀န်ထမ်းများလစာအတွက်  များပြား လှသည့် လှူဒါန်ငွေများကို သုံးစွဲပြစ်လိုက်ကြသည်မှာ နို့ခွက်ထဲက မလိုင် ခပ်စားနေ သကဲ့သို့ဖြစ် နေကြောင်း ကိုလည်း သူက ထောက်ပြပါသည်။ ပါကစ္စတန်ရှိ အုပ်ချုပ်ရေး လူတန်းစားများ ကို လည်း  အီဒီ နှစ်ခြိုက်မှု မရှိချေ။ “ နိုင်ငံရေးသမားတွေနဲ့  ကင်းကင်း နေပါတယ် . တို့ကို အသုံးချသွား မှာစိုးတယ် ..သူတို့တတွေက ဘုရားရှင်ကိုတောင် အသုံးချတက်ကြတယ်” ဟု အီဒီက ဝေဖန်ပါသည်။

    ဤသို့ အီဒီ၏ တိုးတက်သော အမြင်ဖြင့် လုပ်ဆောင်နေသော လူမှုကူညီရေးလုပ်ငန်းများသည် လည်း သဘောထား တင်းမားသူအ ချို ၏ ဝေဖန် မှုများနှင့် မလွတ်ပေ။ “ သူတို့ က အဖေ၊ အမေ မပေါ်တဲ့ကလေးတွေကို တို့တတွေ စောင့်ရှောက် ပြုစုပေးနေတာ ကို  လက်မထက်ပဲ လိင်မှု ကိစ္စတွေကို အားပေးနေရ ရောက်နေတယ် လို့ စွပ်စွဲနေတာ” ဟု သူအတွေကြုံကို ဆို သည်။  ”ကျွန်တော် တို့ သူတို့တွေနဲ့ ဆုံဖြစ်ပါတယ် သူတို့ သတင်းစာတွေလည်း ဖတ်ဖြစ်ပါတယ် ကျွန်တော်တို့ ကို မွတ်စလင်တွေ မဟုတ်ဘူး ကွန်မြူနစ်တွေ လို့ ကောလဟလ တွေထုတ်လွင့် နေတာပါ  ”ဟု အီဒီ၏ သားဖြစ်သူ ဖိုင်ဆယ် အီဒီက ပြောပြပါသည်။ ပုန်ကန်တိုက်ခိုက်ရေးအုပ်စုတွေက တို့တတွေကိုမျက်စိ စပါးမွေးစူနေကြတာ လူသားချင်စာနာမှုတရားကို သူတို့တတွေ သိမဲ့ပုံ မပေါ်ပါဘူး ဟု လည်း သူက သုံးသပ်ပါသည်။

    အသက်၈၀ကျော်နေပြီဖြစ်သည့် အီဒီမှာ ကြီးမားကျယ်ပြန့် သော သူ၏ လူမှုကူညီရေး ကွန် ရက် ကြီး ကို လူငယ်လေး တစ်ဦး အလား တက်တက်ကြွကြွ ဆောင်ရွက်နေသော်လည်း သူ၏  ကျန်းမား ရေး အတွက် သားသမီးများက စိုးရိမ်ကြီး နေကြသည်။ “ဖေဖေကို အေးအေးဆေး ဆေးပဲနေတော့ပါ သိပ်အပင်ပန်းမခံပါနဲ့လို့ ပြောတာ ဖေဖေက နားမထောင်ပါဘူး ..အဖေက အမြဲလိုလို ဆင်းရဲသားတွေ အတွက် အလုပ်များနေတာ ..”ဟု သမီးဖြစ်သူက အီဒီ့ ကျန်းမာ ရေးအကြောင်း ပြောပြခဲံသည။် AP
    http://www.google.com/hostednews/ap/article/ALeqM5jobQzB5hDwq1UuX_jDpODPl7_n0QD9HTIPVO0

  • ပါကစ္စတန်ရေဘေးအတွက် မွတ်စလင်နိုင်ငံများက ဒေါ်လာ ၁ဘီလီယံလှုဒါန်း

    သီတင်းပတ် ၅ပတ်ကြာ ရေလွှမ်းမိုးခံလိုက်ရသော ပါကစ္စတန် ရေဘေး ကူညီရေးအတွက် မွတ်စလင်နိုင်ငံများ ၊မွတ်စလင်လူ မှုကူညီရေးအဖွဲ့စည်းများက အမေရိကန်ဒေါ်လာ ၁ဘီလီယံ လှုဒါန်းမည်ဟု ကတိပြုလိုက်ကြပါသည်။ အစ္စလာမ်နိုင်ငံများ ညီလာခံအဖွဲ့ OIC အကြီးအကဲ အက္ကမီလဒ္ဒင်း အဲဟ်ဆန်နိုလူမှ ယင်းငွေကြေးများကို ပါကစ္စတန် ရှိ မည်သည့် အဖွဲအစည်းထံပေးပို့မည်ဟု ထုတ်ဖေါ်မပြောကြားခဲ့သော်လည်း လှုဒါန်သူများက သူတို့၏ ကတိ က၀တ်ကို ချက်ချင်းအကောင် အထည်ဖေါ်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ပါကစ္စတန် ၀န်ကြီးချုပ် ယူစွဖ် ရာဇာ ဂီလာနီက ပါကစ္စတန်သို့ပေးပို့လှုဒါန်းသော အထောက်အပံ့များ ကို နိုင်ငံတော် အစိုးရထက် NGOများသို့ ပေးအပ်နေခြင်းပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး ပေးပို့လှုဒါန်သည့် ငွေကြေး ၈၀%သည် အမှန်တကယ် ဒုက္ခရောက်နေသူများထံမရောက်ပဲ NGOများ၏ အိတ်ကပ်ထဲသို့ ရောက်နေရကြောင်း အစောပိုင်းတွင် ဝေဖန်ခဲ့သည်။ ပါကစ္စတန်သမိုင်းတွင် အဆိုးဝါးဆုံး ဖြစ်ခေဲ့သော ယင်းရေးဘေးဒဏကို လူပေါင်း ၁၇သန်းကျော် ထိခိုက်ခဲ့ရာပြီး နေအိမ်ပေါင်း .၂သန်းကျော် ပျက်စီးခဲ့ရသည်။ ယင်းရေဘေးသည် ဟေတီငလျင်၊ အင်ဒိုနီရှား ဆူနာမီ စသည့် သဘာဝဘေးအန္တရယ်များထက် ပိုမိုဆိုးဝါးခဲ့ကြောင်း လေ့လာသူများကဆိုပါသည်။ Al jazeerah