News @ M-Media

Tag: Pakistan

  • ပါကစ္စတနှ်နိုင်ငံ ဆိုင်ရာ သြစတေးလျ သံအမတ် တစ်ဦး အစ္စလာမ်ဘာသာ သို့ ကူးပြောင်း

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
    M-Media

    ပါကစ္စတန်မှ သြစတေးလျ သံအမတ်တစ်ဦး အစ္စလာမ်ဘာသာသို့ကူးပြောင်းပြီး၊ ပါကစ္စတန်ရုပ်သံဌာန အစီအစဉ် တင်ဆက်သူ Sadia Afzaal နှင့် အိမ်ထောင်ထူခြင်း

    Austrian-ambassador-in-Pakistan-Axel-Wech-and-Sadia-Afzaal-

     အစ္စလာမ္မဘတ် ။  Axel Wech  အမည်ရှိ ပါကစ္စတန်မှ သြစတေးလျသံအမတ်သည် အစ္စလာမ်သာသနာကို သက်ဝင် လက်ခံလိုက်ပြီး ပါကစ္စတန်နိုင်ငံပိုင် ရုပ်မြင်သံကြား၏ နာမည်ကြီး News Night အစီအစဉ်တင်ဆက်သူ Sadia Afzaal နှင့် အိမ်ထောင်ထူခဲ့ကြောင်း ကြာသပတေးနေ့ facebook စာမျက်နှာတစ်ခုမှ ရေးသားလိုက်သည်။

    သြစတေးလျသံအမတ်သည် Sadia Afzaal နှင့် လက်ထပ်ထိမ်းမြားမှုမပြုမီ အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ရန် ဆုံးဖြတ်ပြီးသည့်နောက်မှ အိမ်ထောင်ထူခြင်းဖြစ်ကြောင်း ပါကစ္စတန်မီဒီယာစောင့်ကြည့်ရေး အဖွဲ့ထံမှ သတင်းရရှိသည်။

    သတင်းများအရ သူတို့နှစ်ဦးသည် မိမိတို့၏ နိကဟ် (ထိမ်းမြားလက်ထပ်မှုအခမ်းအနား) နှင့် ကူးပြောင်း သက်ဝင်မှုဆိုင်ရာ အသေးစိပ် အချက်အလက်များကို ဖုံးကွယ်ထားသည်ဟု ဆိုသည်။

    Sadia Afzaal သည် အစ္စလာမ္မဘတ်၌ အခြေစိုက်သူ သတင်းထောက်တစ်ဦးဖြစ်ကာ နိုင်ငံခြားရေးဌာန၊ ပါလီမန်အထိ ပေါက်ရောက်သူဖြစ်သည်။ သမ္မတများဖြစ်သော President Asif Ali Zardar နှင့် President Pervez Musharraf  PM Yousaf Raza Gillani, PM Shaukat Aziz တို့အပါအ၀င် နိုင်ငံခေါင်းဆောင် အများအပြားကို အင်တာဗျူး ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်သည်။

    သူမသည် အခြားလုပ်ငန်းများတွင်လည်း ထိထိရောက်ရောက်ပါဝင်ဆောင်ရွက်မှု ရှိသည်။ ISPR နှင့် လက်တွဲပြုလုပ်သည့် Swat အစီအစဉ်၌ ပထမဆုံးသော အမျိုးသမီး anchor ဖြစ်သည့်အပြင် ၂၀၀၅ ခုနှစ် မြေငလျင်၊ ၂၀၁၀ ခုနှစ် ရေဘေး၊ VOA နှင့်လက်တွဲ၍ ၂၀၀၈ ခုနှစ် သမ္မတ အိုဘားမားရွေးကောက်ပွဲ ယှဉ်ပြိုင်မှုကိစ္စ စသည့် အရေးအရာအများအပြားတွင် ပါဝင်လှုပ်ရှားခဲ့သည်။

    ဤသည်မှာ Sadia Afzaal အဖို့ ဒုတိယမြောက် အိမ်ထောင်ထူခြင်း ဖြစ်သည်။ ယခင်က သူမအား Sadia Zafar ဟု လူသိများကြပြီး ပထမခင်ပွန်းနှင့် သားတစ်ဦး ရရှိထားသည်။

    ယခုဖြစ်ပေါ်နေသည့် သတင်းနှင့်စပ်လျဉ်း၍ မြို့တော်တွင်ရှိနေသော သြစတေးလျသံအမတ်ကြီးက တရားဝင်ငြင်းပယ် ပြောဆိုမှု မပြုဟု အစ္စလာမ္မဘတ်မှ The News Tribe သတင်းဌာနမှ ပြောကြားသည်။

    Read more: http://www.themuslimtimes.org/2013/02/countries/pakistan/austrian-ambassador-accepts-islam-marries-ptv-host-sadia-afzaal#ixzz2M0u1CTW8

    http://www.thenewstribe.com/2013/02/21/austrian-ambassador-in-pakistan-converts-to-islam-ties-knot-with-ptv-anchor-sadia-afzaal/

  • ပါကစ္စတန်နိုင်ငံ ဆွားသ်ဒေသတွင် ဗုဒ္ဓရုပ်ပွားတော်ကို ပြန်လည်တူးဖော်မည်

    ပါကစ္စတန်နိုင်ငံ ဆွားသ်ဒေသတွင် ဗုဒ္ဓရုပ်ပွားတော်ကို ပြန်လည်တူးဖော်မည်

    သြဂုတ်လ ၁၁ ရက်၊ ၂၀၁၂

    source: http://www.aljazeera.com/video/asia/2012/08/201281118348543239.html

     

    ရပ်ဝေးဒေသနိုင်ငံများမှ ကိုးကွယ်ယုံကြည်သူများနှင့် ခရီးသွားများကို ဆွဲဆောင်နေသည့် ဗုဒ္ဓရုပ်ပွားတော် များထဲမှ တာလီဘန်များလက်ထဲတွင် မပျက်မစီးဘဲကျန်နေသေးသည့် ဆွားသ်ဒေသမှ ရုပ်ပွားတော်များကို ဆက်လက်တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

    အီတလီလူမျိုးရှေးဟောင်းသုတေသီ ပရောဖက်ဆာလူကာသည် ပါကစ္စတန်နိုင်ငံသို့ပြန်လာပြီး ထိုရုပ်ပွား တော်များ တူးဖော်ရေးကို ဦးဆောင်သွားမည်ဖြစ်သည်။ ရုပ်ပွားတော်များမှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီလည်းဖြစ်သည်။

    လွန်ခဲ့သည့်ငါးနှစ်ခန့်က ဂျဟန်ဒါဘတ်မြို့အနီးရှိ ထိုသမိုင်းဝင်လက်ရာများကို ဒေသခံတာလီဘန်များက ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့ကြဖူးသည်။

    ဟိန္ဒူ၊ ဗုဒ္ဓနှင့် အာဖဂန်နိုင်ငံများကို သိမ်းပိုက်ခဲ့သည့် ဂရိလူမျိုး အလက်ဇန္ဒါးသည်ဂရိတ်က ပါကစ္စတန်နိုင်ငံ ဆွားသ်ဒေသသို့  အစ္စလာမ်သာသနာကို ဆောင်ယူလာခဲ့သူဖြစ်ပြီး ထိုဒေသ၌ပင် ၁၁ ရာစုက အာဖဂန်ဘုရင်များ တည်ဆောက်ထားသော ဒေသတွင်း သက်တမ်းအရင့်ဆုံးဗလီတစ်လုံးလည်း တည်ရှိနေပေသည်။

    ရှေးဟောင်းသုတေသီများကမူ ဆွားသ်ဒေသမှ သမိုင်းဝင်ရှေးဟောင်းအဆောက်အဦလက်ရာများထဲမှ ၁၆၀ စတုရန်းကီလိုမီတာရှိသည့် ၁ရာခိုင်နှုန်းပမာဏလောက်ကိုသာ တူးဖော်ပြီးဖြစ်သည်ဟု ယုံကြည်နေကြသည်။.ထို့ကြောင့် ရှေးဟောင်းလက်ရာအမြောက်အမြားကို ဆက်လက်တူးဖော်ရန် ကျန်ရှိနေသေးသည်။

    ရဲများနှင့်ဒေသခံ ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူများကလည်း ထိုသမိုင်းဝင် လက်ရာများတူးဖော် ရေးကို ဆောင်ရွက်နေကြကြောင်း သိရှိရသည်။

    အလ်ဂျဇီးရားမှ ကမားလ်ဟိုင်ဒါ၏ သတင်းတင်ပြချက်ဖြစ်ပါသည်။

  • ပါကစ္စတန် သမ္မတ မြန်မာသမ္မတထံ ရိုဟင်ဂျာအရေး စာပို့

    ပါကစ္စတန် သမ္မတ မြန်မာသမ္မတထံ ရိုဟင်ဂျာအရေး စာပို့

    (ကြားဖြတ်နှင့် သတင်းကျဉ်း)
    မဇ္ဈိမသတင်းဌာန |
    အင်္ဂါနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၆ မိနစ်

    နယူးဒေလီ (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်မှ လူမျိုးရေး ပဋိပက္ခများအတွင်း ရိုဟင်ဂျာ မူဆလင်များ သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ လေးနက်စွာ စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန်သမ္မတ Asif Ali Zardari က မြန်မာသမ္မတ ဦးသိန်းစိန်ထံ အင်္ဂါနေ့က စာရေးသား ပေးပို့လိုက်သည်။

    ပါကစ္စတန် သမ္မတ Zardari

    သမ္မတ Zardari ၏ စာထဲတွင် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အား မြန်မြန်ထက်ထက် ဆောင်ရွက်ရန် တောင်းဆိုထားပြီး သို့မှသာ ရိုဟင်ဂျာများ ၎င်းတို့နေအိမ်များသို့ ပြန်သွားကာ လုံခြုံစိတ်ချရသည့်ဘဝသို့ ရောက်ရှိစေ မည်ဟု ပါရှိကြောင်း ပါကစ္စတန် အေပီ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

    ပါကစ္စတန် အစိုးရနှင့် ပြည်သူများအနေဖြင့် မူဆလင်များ သေဆုံးကြရမှုအပေါ် များစွာ ကြေကွဲရပြီး အတိဒုက္ခရောက်မှု များ အတွက်လည်း နက်ရှိုင်းစွာ စိုးရိမ်ပူပန်လျက် ရှိကြကြောင်းလည်း Zardari က ဆိုသည်။

    ထို့အပြင် လူမှုအသိုက်အဝန်းများ ငြိမ်းချမ်းစွာ အတူနေထိုင်ခြင်းကသာလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းမပြန်ရန် အာမခံပေးနိုင်မည်ဖြစ်ကြောင်းလည်း ပါကစ္စတန် သမ္မတက ဦးသိန်းစိန်ထံ စာရေးသားပေးပို့ လိုက်သည်။

    ရခိုင်ပြည်နယ်မှ လူမျိုးရေးပဋိပက္ခများအတွင်း မူဆလင် အများအပြား သေဆုံးသွားရကြောင်း သတင်းများကြောင့် ပါကစ္စတန်ရှိ လက်ျာ နိုင်ငံရေးပါတီများ၊ ဘာသာရေး အခြေခံအဖွဲ့များက ၎င်းတို့အစိုးရအား အရေးတယူ ဆောင်ရွက် ပါရန် တောင်းဆိုမှုများ ရှိနေသည်။ ထို့အပြင် ပါကစ္စတန်အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့တခုဖြစ်သည့် (TTP)ကလည်း မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးအား ပိတ်ရန်နှင့် နှစ်နိုင်ငံ အဆက်အသွယ်များ
    ဖြတ်တောက်ရန် Zardari အစိုးရအား တောင်းဆိုထားပြီး သို့မဟုတ်ပါက လက်တုန့်ပြန် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု မြန်မာအစိုးရအား ခြိမ်းခြောက်မှုများ ရှိနေသည်။

  • တူရကီ ပညာရေးစနစ်ကို နမူနာယူဖို့ ပါကစ္စတန်ကြိုးပမ်း

    တူရကီ ပညာရေးစနစ်ကို နမူနာယူဖို့ ပါကစ္စတန်ကြိုးပမ်း

    ဘာသာရေးစာသင်ကျောင်းတွေမှာ ဘာသာရေးပညာသာမက ခေတ်ပညာပါ တွဲဖက်သင်ကြားပေးတဲ့ တူရကီ ပညာရေးစနစ်ကို နမူနာ ယူဖို့ပါကစ္စတန်က စီစဉ်နေပါသည်။  ဒီအစီအစဉ်ကို တောင်အာရှမွတ်စလင်နိုင်ငံတစ်ခုဖြစ်တဲ့ ပါကစ္စတန်ရဲ့ ကျောင်းတော်စွဲဝါဒပိုင်းဆိုင်ရာ သဘောထားတင်းမာမှုကို လျှော့ချပြီး အစ္စလာမ်က တကယ်လိုလားသော ပညာရေးစနစ်ဆီသို့ ပြန်လည်တည်ဆောက်မည့် အစီအစဉ်အဖြစ်လည်း ရှူ့မြင်ကြပါသည်။

    “သူတို့(တူရကီ) ရဲ့ပညာရေးစနစ်ကို တကယ်အားကျမိပါတယ်။ ကျတော်တို့ သူတို့ဆီကနေ သင်ယူဖို့လိုပါတယ်။ ဒီပညာရေးစနစ်က အဆင့်မြင့်ပညာကို ဆက်လက်သင်ယူမယ့် ကျောင်းသားတွေ ဟာ တက္ကသိုလ်တွေ ကောလိပ်တွေမှာ ကိုယ်သင်ယူမယ့် ဘာသာကို ရွေးချယ်လို့ရပါတယ်။” လို့ Islamic Ideological Council (IIC) ရဲ့အတွင်းရေးမှူး မိုဟမ္မဒ်အီးလီးယက်စ်ခန်း(Mohammad Ilyas Khan)က OnIslam သတင်းဌာနသို့ ပြောကြားပါသည်။

    IIC ကိုယ်စားလှယ်အဖွဲ့ ဟာ တူရကီက Imam Hatip ကျောင်းလို့ လူသိများတဲ့ ဘာသာရေးကျောင်းတွေကို ပြီးခဲ့တဲ့လက သွားရောက်လေ့လာခဲ့ကြပါသည်။ ဒီပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ တူရကီပညာရေး ဌာနက တာဝန် ရှိသူတွေနဲ့လည်း တွေ့ဆုံးဆွေးနွေးခဲ့ကြတယ်လို့သိရပါသည်။

    “တူရကီကျောင်းတွေရဲ့ သင်ရိုးညွန်းတမ်းတွေကို နမူနာယူသင်ကြားဖို့အတွက် ကျတော်တို့ကိုတူရကီဘာသာရေး ဥက္ကဌ က ကမ်းလှမ်းထားပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲ လိုက်မယ်ဆိုရင် ကျတော်တို့ ဘာသားရေးကျောင်းက ကလေးတွေအတွက် အခွင့်အရေးတွေပိုရလာမှာဖြစ်ပါတယ်။ အခုကျင့်သုံးနေတဲ့ လက်ရှိစနစ်အရဆိုရင် ဘာသာရေးကျောင်းတွေက ကျောင်းပြီးတဲ့ကလေးတွေဟာ ဗလီရှေ့ဆောင်ဆရာ လုပ်ရင်လုပ် မဟုတ်ရင် ဘာသာရေးကျောင်းတွေမှာပဲ ဆရာပြန်လုပ်။ ဒါပဲရှိပါတယ်။” လို့ ခန်း က ဆက်လက်ပြောကြားပါသည်။

    တူရကီရဲ့ Imam Hatip ကျောင်းတွေဟာ ဘာသာရေးပညာသာမက သိပ္ပံ၊ ၀ိဇ္ဇာ ဘာသာရပ်တွေကိုလည်း တခြား အထက်တန်းကျောင်းတွေမှာသင်သလိုပဲ သင်ကြားပေးပါသည်။ ဒီကျောင်းတွေကို ၁၉၂၀ မှာ မွတ်စလင် အီမာန်တွေကို လေ့ကျင့်ပေးဖို့အတွက် တည်ထောင်ခဲ့တာဖြစ်ပါသည်။ အခုတော့ ဒီကျောင်းတွေရဲ့ သင်ရိုးညွန်းတမ်းမှာ ၄၀% က ဘာသာရေးပညာကို သင်ယူကြရပြီး ၆၀% ကို တခြားဘာသာရပ်တွေ သင်ယူကြ ရပါသည်။

    ၂၀၀၂ မှာ အာဏာရခဲ့တဲ့ Islamist-rooted Justice and Development Party  ခေါင်းဆောင်တွေကို ဒီကျောင်းတွေကနေ မွေးထုတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ၀န်ကြီးချုပ် အာဒိုဂန် (Recep Tayyip Erdogan) နဲ့ သူ့အစိုးရ အဖွဲ့သုံး ပုံတစ်ပုံလောက်ဟာ ဒီကျောင်းထွက်တွေဖြစ်ပါသည်။ ၀န်ကြီးချုပ်ဟာ ဒီကျောင်းက ထွက်ပြီး စီးပွားရေးပညာကို ဆက်လက်ဆည်းပူးခဲ့ ခြင်းဖြစ်ပါသည်။

    အခုတူရကီရဲ့လက်ရှိပညာရေးစနစ်အရ မသင်မနေရအခြေခံကျောင်းမှာ ၈ နှစ်သင်ပြီးမှ Imam Hatip ကျောင်းကို ၀င်ခွင့်ရပါသည်။ ဒါပေမယ့် ဒီသက်မှတ်ချက်ကို ပြင်ဆင်ပြီး ကျောင်းသားအသက် ၁၀ နှစ်လောက်က စပြီး ဒီကျောင်းတွေမှာ ၀င်ခွင်ရဖို့အတွက် ပညာရေးဥပဒေကို ပြင်ဆင်ရန်ကြိုးစားနေပါသည်။

    “တူရကီဘာသာရေးကိုယ်စားလှယ်အဖွဲ့ မကြာမှီမှာ ပါကစ္စတန်ကိုလာဖို့ရှိပါတယ်။ ဒီက ဘာသာရေး ကျောင်းအုပ်တွေနဲ့ တွေ့ဆုံပြီး ပြုပြင်ပြောင်းလဲ ရေးအစီအစဉ်တွေကို ဆွေးနွေးကြပါမယ်။” လို့  ခန်း က ဆက်ပြောပါသည်။

    ပါကစ္စတန်မှာ မဒရက်စာ ဘာသာရေးကျောင်းပေါင်း ၂၂၀၀၀ ကျော်လောက်ရှိပြီး အများစုက အစဉ်အဆက် သင်လာခဲ့တဲ့ ဘာသာရေး ပညာတွေကိုသာ သင်ကြားကြပါသည်။ အနောက်နိုင်ငံ မီဒီယာတွေကတော့ ဒီကျောင်းတွေဟာ တာလီဘန် တွေအတွက်လူသူစုဆောင်းပေးနေတယ်လို့ စွပ်စွဲကြပါသည်။ ဒီစွပ်စွဲချက်ကို ကျောင်းတွေဘက်က ငြင်းဆိုခဲ့ပါသည်။

    အမေရိကန်ကွန်ဂရက်စုံစမ်းရေးအဖွဲ့ကတော့ ဒီကျောင်းတွေဟာ အာဖဂန်နစ္စတန်မှာ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့ကို တိုက်ခိုက်ဖို့အတွက် လက်နက်ကိုင် တပ်သားတွေ မွေးထုတ်နေတယ်လို့ ပြစ်တင်ခဲ့ပါသည်။ တာလီဘန်ခေါင်းဆောင် မူလာအိုမာ အပါအ၀င် တာလီဘန်ခေါင်းဆောင်ပိုင်းတွေဟာ ပါကစ္စတန်က မဒ်ရက်စာ တွေမှာ ပညာသင်ကြားခဲ့ကြပါသည်။ အဲဒီအချိန်တုန်းကတော့ အာဖဂန်နစ္စတန်ကနေ ရုရှားတွေကို မောင်းထုတ် ဖို့အတွက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ကိုယ်တိုင်ပဲ ဒီကျောင်းတွေကို ထောက်ပံ့ အားပေးအားမြှောက်လုပ် ခဲ့ကြတာဖြစ်ပါတယ်။

    ပါကစ္စတန်လူမျိုးအများစုကတော့ ဒီကျောင်းတွေဟာ နိုင်ငံတွင်းမှာ ပညာရေးအတွက် အကြီးဆုံး NGO အဖွဲ့အ စည်း အဖြစ်ရှူ့မြင်ကြပါသည်။ ဘာလို့လဲ ဆိုတော့ ဒီကျောင်းတွေဟာ ဆင်းရဲတဲ့ကျောင်းသားတွေအတွက် အခမဲ့ ပညာရေး ဖြစ်လို့ပါ။ နိုင်ငံအစွန်အဖျားမှာနေတဲ့ ဆင်းရဲသားတွေဟာ ဈေးကြီးတဲ့ အခြားကျောင်းတွေကို တက်ရောက်ဖို့ မတက်နိုင်ကြပါဘူး။ ဒါကြောင့် ဒီမဒ်ရက်စာတွေ သာလျှင် သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်နေပါသည်။

    ကမ္ဘာ့ဘဏ်ရဲ့စာရင်းဇယားတွေအရ ပါကစ္စတန်လူဦးရေရဲ့ ၃၄% ဟာ ဆင်းရဲနွမ်းပါးမှု့သက်မှတ်ချက်အောက် အောက်မှာ နေကြရပါတယ်။ ပါကစ္စတန်အစိုးရကတော့ ၁၈% နှင့် ၂၀%ကြားမှာ ရှိတယ်လို့ဆိုပါသည်။

    ပါကစ္စတန်တာဝန်ရှိသူတွေကတော့ ဒီလို သင်ရိုးညွန်းတမ်းကိုပြောင်းလဲ လိုက်ခြင်းအားဖြင့် နိုင်ငံတွင်းမှာ ရှိတဲ့ လူတန်းစားခွဲခြားမှု့ကို လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည်ကြပါသည်။

    Source-www.onislam.net

    ဘာသာပြန်-လူမင်းဟန်

  • ပါကစ္စတန်တက္ကသိုလ်ကျောင်းသား အခမဲ့ SMS တီထွင်

    ပါကစ္စတန်တက္ကသိုလ်ကျောင်းသား အခမဲ့ SMS တီထွင်

    ပါကစ္စတန်တွင် FACEBOOK နှင့် အင်တာနက် အသုံးပြုနိုင်မှုမှာ လူ့ချမ်းသာများအတွက်သာ ဖြစ်နေပါသည်။ Social networking များမှာ အခြေခံလူတန်းစားများအတွက် မဟုတ်သေး။

    ဤအတွက် ပထမနှစ် တက္ကသိုလ်ကျောင်းသား Shehzad Khan က အခမဲ့ SMS နတ်ဝါ့ကို တီထွင်ဖေါ်ထုတ်လိုက်သည်။ မိုဘိုင်းဖုန်းမှတဆင့် အခမဲ့ SMS ၀န်ဆောင်မှု ဖြစ်သည်။

    အချိန်ပြည့် ၀န်ထမ်း သူတစ်ဦးတည်းသာရှိသော Smile SMS ၀န်ဆောင်မှုမှာ ၃ လအတွင်း လူဦးရေ သန်းတ၀က်ခန့် (ငါးသိန်း) အတွက် အခမဲ့ ၀န်ဆောင်မှု ပေးနိုင်ပြီဖြစ်သည်။

    “လူဦးရေ သန်း ၁၈၀ ထဲမှာ သန်း ၃၀ လောက်ပဲ အင်တာနက် သုံးနိုင်တာပါ။ သန်း ၁၅၀ က အင်တာနက် မသုံးနိုင်ဘူးလေ။ အဲဒီအတွက် ကျနော် လူထုအတွက် တီထွင်လိုက်တာပါ။ SMS ၀န်ဆောင်မှုဟာ အခမဲ့ FACEBOOK ပါပဲ။” Khan က ရှင်းပြသည်။

    မြတ်ပန်းရှင်

    မောက္ခနိုင်ငံတကာသတင်း

    Source: Aljazeera