News @ M-Media

Tag: Philippine

  • ဖိလစ်ပိုင် မုန်တိုင်း သေဆုံးသူ ၂၃ ဦးရှိပြီ

    ဖိလစ်ပိုင် မုန်တိုင်း သေဆုံးသူ ၂၃ ဦးရှိပြီ

    ဒီဇင်ဘာ ၉ ၊ ၂၀၁၄
    M-Media
    m_id_439473_typhoon_haiyan
    – နိုင်ငံ အလယ်ပိုင်းဒေသသို့ တိုင်ဖုန်းဟာဂူပစ် ၀င်ရောက်ပြီးနောက် ဖိလစ်ပိုင်တွင် သေဆုံးသူ အရေအတွက်မှာ အနည်းဆုံး ၂၃ ဦးအထိ ရှိနေသည်ဟု ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    `ဆာမာရ်ဒေသအရှေ့ပိုင်းမှာ လူ ၂၃ ဦးသေဆုံးတဲ့ သတင်းကို ကျွန်တော်တို့ အတည်ပြုပြီးပါပြီ။ အဲဒီအထဲက ၁၆ ဦးဟာ ဘိုရွန်ဂန် ဒေသကပါ´ ဟု ဖိလစ်ပိုင် အမျိုးသား ကြက်ခြေနီအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဂွမ်ဒိုလစ် ပန်က ယနေ့တွင် ပြောကြားခဲ့သည်။

    စောစောပိုင်းတွင် မုန်တိုင်းကြောင့် သေဆုံးသူမှာ သုံးဦးသာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူ အရေအတွက် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

    မုန်တိုင်းကြောင့် နိုင်ငံအလယ်ပိုင်း ပြည်နယ်များတွင် ရေကြီးခြင်း၊ အဆောက်အဦးများ ပျက်ဆီးခြင်း၊ မိုးကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယခုလက်ရှိတွင် မုန်တိုင်းမှာ အားပျော့သွားပြီး မြို့တော် မနီလာသို့ ဦးတည်ရွေ့လျားနေကာ ကျောင်းများ၊ အစိုးရအဆောက်အဦးများနှင့် ဈေးဆိုင်အများစုကိုလည်း ပိတ်ထားသည်ဟု သိရသည်။

    ပြီးခဲ့သည့်နှစ်က လူပေါင်းထောင်ချီသေဆုံးခဲ့သည့် တိုင်ဖုန်းဟိုင်ယန်ကို တွေ့ကြုံခဲ့ရသည့် ဖိလစ်ပိုင်မှာ ယခု ဟာဂူပစ်တိုင်ဖုန်း အတွက် အသေအချာ ပြင်ဆင်ထားပြီးပြီး ယာယီကယ်ဆယ်ရေး စခန်း ၁၀၀၀ ကျော်ကို ဖန်တီးကာ လူပေါင်း သန်းဝက်ကျော်ကို ရွှေ့ပြောင်းထားရှိသည်။

     Al Jazeera and agencies
  • တိုင်ဖုန်း မုန်တိုင်း ဟာဂူပစ် အားပျော့သွား၊ ဖိလစ်ပိုင်နိုင်ငံ အတွင်း ကြီးကြီးမားမား ပျက်စီးမှုမရှိ

    တိုင်ဖုန်း မုန်တိုင်း ဟာဂူပစ် အားပျော့သွား၊ ဖိလစ်ပိုင်နိုင်ငံ အတွင်း ကြီးကြီးမားမား ပျက်စီးမှုမရှိ

    ဒီဇင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    10334314_859723997395804_696323829767155477_n
    ဖိလစ်ပိုင်ကမ်းခြေတစ်လျှောက် အင်အားပြင်းထန်စွာတိုက်ခတ်ခဲ့တဲ့ ဟာဂူပစ် (Hagupit) တိုင်ဖုန်း မုန်တိုင်းကြောင့် သစ်ပင်မြောက်များစွာပြိုလဲပြီး လူ ၆ သိန်းခွဲလောက် ကို နေရာရွှေ့ပေးခဲ့ ရပါတယ်။ ဒါပေမယ့် ခုတနင်္ဂနွေနေ့မှာ တိုင်ဖုန်း မုန်တိုင်းဟာ အားပျော့သွားခဲ့ပါတယ်။

    မနှစ်က မထင်မှတ်တဲ့ မုန်တိုင်းကြောင့် အကြီးအကျယ်ပျက်စီးခဲ့တဲ့ ဖိလစ်ပိုင်အလယ်ပိုင်းဟာ ယခုမုန်တိုင်းကြောင့် ထပ်မံပျက်စီးမှုအန္တရာယ်က သက်သာရာ ရသွားပါတယ်။ အရှေ့ဘက်ဆာမားနဲ့ အခြားကျွန်းတွေကို အပြင်းအထန်ဝင်ရောက်တိုက်ခတ်ပြီးနောက် အနည်းငယ်ရေလွှမ်းမိုးတာတွေနဲ့၊ တဲအိမ်ငယ်တွေ ပျက်စီးတာတွေ၊ သွပ်ပြားလန်တာတွေနဲ့ ဒေသမှာပြည့်နေပေမယ့် ကြီးကြီးမားမား ပျက်စီးတာတွေနဲ့ လူသေဆုံးမှုမရှိသေးပါဘူး။ ဟာဂူပစ် တိုင်ဖုန်းမုန်တိုင်းဟာ ပုံမှန် တစ်နာရီ (၁၄၀) ကီလိုမီတာနဲ့ နဲ့ အပြင်းထန်ဆုံး (၁၇၀) ကီလိုမီတာ အထိတိုက်ခတ်နေခဲ့တာပါ။ ခန့်မှန်းသူတွေက အားပျော့သွားပေမယ့် မုန်တိုင်းဟာ အန္တရာယ်ရှိနေတုန်းပဲလို့ဆိုပါတယ်။

    ဖိလစ်ပိုင်အစိုးရဟာ စစ်တပ်အင်အား တစ်သိန်းကျော်နဲ့ လူသေမှုလုံးဝမရှိရအောင် ဆောင်ရွက်သွားဖို့ အကြီးအကျယ်ပြင်ဆင်လုပ်ဆောင်နေပြီး အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ပါဝင်တဲ့ နိုင်ငံ (၁၂) နိုင်ငံခန့် အရေးအပေါ် အကြီးအကျယ်ပျက်စီးမှုတွေဖြစ်ပျက်လာရင် အဆင်သင့်ကူညီဖို့ ပြောဆိုထားပါတယ်။

    10481987_859722947395909_2764251282418241239_o

    10801740_859723990729138_2017112423311850358_n

    10847984_859722937395910_1135251629994985659_n

    Source AP

  • အင်အားပြင်း  မုန်တိုင်းကြောင့် ဖိလစ်ပိုင်ပြည်သူများအား ဘေး လွတ်ရာသို့ ပြောင်းရွှေ့ပေးနေ

    အင်အားပြင်း မုန်တိုင်းကြောင့် ဖိလစ်ပိုင်ပြည်သူများအား ဘေး လွတ်ရာသို့ ပြောင်းရွှေ့ပေးနေ

    ဒီဇင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    201412673822579734_20
    – ဆူပါတိုင်ဖုန်းမုန်တိုင်းအဆင့်ရှိ ဟာဂူပစ် တိုင်ဖုန်း မုန်တိုင်း ၀င်ရောက်မည့် အခြေအနေ ရှိနေသောကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် လူပေါင်း သန်းဝက်ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေး ခဲ့ရသည်ဟု သိရသည်။

    ဒီဇင်ဘာ ၆ ရက်နေ့တွင် နိုင်ငံအတွင်းသို့ ၀င်ရောက်မည်ဟု ခန့်မှန်းထားသည့် အဆိုပါမုန်တိုင်း လမ်းကြောင်းကို တာဝန်ရှိသူများက တွက်ဆ၍ မရနိုင်သေးဘဲ နိုင်ငံ၏ ပြည်နယ် ၈၁ ခုတွင် ၄၇ ခုမှာ အဆိုပါတိုင်းဖုန်းအန္တရာယ်ကို ကြုံတွေ့ရမည့် အခြေအနေတွင် ရှိနေသည်။

    ထို့ကြောင့် နိုင်ငံအလယ်ပိုင်း ဆာမာရ်နှင့် လေတီပြည်နယ် ကမ်းရိုးတမ်းဒေသများရှိ ကျေးရွာများနှင့် မြေပြိုနိုင်ချေရှိသည့် ရွာများမှ လူပေါင်း ၅ သိန်းခန့်ကို အစိုးရက ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးထားသည်။

    `မိသားစု ၁ သိန်းလောက်ကတော့ ကယ်ဆယ်ရေးစင်တာတွေကို ရောက်ရှိနေပါပြီ။ မိသားစုတစ်ခုကို လူ ၅ ယောက်နှုန်းနဲ့ မြှောက်မယ်ဆိုရင်တော့ လူ ၅ သိန်းလောက်တော့ ရှိမှာပါ´ ဟု ပြည်သူ့ရေးရာဌာနမှ အတွင်းရေးမှူး ကိုရာဇန် ဆိုလီမန်က ပြောကြားခဲ့သည်။

    ကုသမဂ္ဂ ဘေးအန္တရာယ်လျှော့ချရေးရုံးကမူ စီဘူးကျွန်းတစ်ခုတည်းတွင်ပင် လူပေါင်း ၂ သိန်းခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    ဖိလစ်ပိုင်မှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း အင်အားကြီးမားသည့် ဟိုင်ယန် တိုဖုန်းမုန်တိုင်းဒဏ်ကို ခံစားခဲ့ရပြီး လူပေါင်း ၇၃၀၀ ကျော် သေဆုံးခဲ့သည်။

    Agencies
  • ဖိလစ်ပိုင်တွင် ကွန်မြူနစ် သူပုန်များ အရေးပေါ်ယာဉ်အား ချုံခိုတိုက်ခိုက်၊ အရပ်သား လေးဦးသေဆုံး

    ဖိလစ်ပိုင်တွင် ကွန်မြူနစ် သူပုန်များ အရေးပေါ်ယာဉ်အား ချုံခိုတိုက်ခိုက်၊ အရပ်သား လေးဦးသေဆုံး

    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    66364
    – ဖိလစ်ပိုင်နိုင်ငံရှိ ပြည်နယ်တစ်ခုတွင် ကွန်မြူနစ်သူပုန်များက အရေးပေါ်လူနာတင်ယာဉ်တစ်စီးအား ချုံခိုတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ပြည်သူ့တပ်မတော်သစ် NPA ဟု အမည်ရသည့် အဆိုပါ လက်နက်ကိုင်တပ်မှ အဖွဲ့ဝင်များမှာ တနင်္ဂနွေနေ့ ညနေပိုင်းက နိုင်ငံတောင်ပိုင်း Agusan del Sur ပြည်နယ်ရှိ မာဖီလ်ရွာအနီး အရေးပေါ် လူနာတင်ယာဉ်တစ်စီးကို တပ်ဖွဲ့ဝင် ၂၀ ခန့်ဖြင့် ချုံခိုတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး အလ်ဗာတို ကာရ်ဘာရ်က Anadolu သတင်းဌာနသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါ ယာဉ်တွင် ကလေးငယ် ၈ ဦး အပါအ၀င် လူပေါင်း ၁၅ ဦး လိုက်ပါ စီးနင်းလာပြီး အခင်းဖြစ်ပွားရာနေရာတွင် ၂ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်။ အခြား ၂ ဦးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ပြီး အသက် ၈ နှစ်ရွယ် မိန်းကလေးတစ်ဦး အပါအ၀င် အခြား ၄ ဦးမှာလည်း ဒဏ်ရာရခဲ့သည်။

    ကာရ်ဘာရ်ကမူ အဆိုပါ တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့သူများအား ဖမ်းဆီးရန် အတွက် စစ်တပ်များကို တပ်ဖြန့်ချထားလိုက်ပြီဟု ပြောကြားခဲ့သည်။

    အဆိုပါ လူနာတင်ယာဉ်မှာ မာဖီလ်ရွာအနီးရှိ နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းတွင်ပြုလုပ်သော  ကျေးဇူးတော် ချီးမွမ်းပွဲမှ ပြန်လာခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများထဲတွင် မာဖီလ်ရွာ၏ အကြီးအကဲ အီမီလီယို ဆိုလီဒိုရ်လည်း ပါဝင်ခဲ့သည်။

    ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် NPA မှာ ၁၉၆၉ ခုနှစ်ကတည်းက ဖိလစ်ပိုင်အစိုးရအား ဆန့်ကျင်တိုက်ခိုက်လာခြင်းဖြစ်ပြီး အစိုးရ၏ ထုတ်ပြန်မှုအရ NPA ၏ တိုက်ခိုက်မှုကြောင့် လွန်ခဲ့သည့် ၈ နှစ်တာကာလအတွင်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု သိရသည်။

    ဖိလစ်ပိုင်အာဏာပိုင်များကမူ အဆိုပါ NPA အဖွဲ့မှာ ငှက်ပျောသီး၊ နာနတ်သီး၊ ရာဘာစိုက်ခင်းများ၊ မွေးမြူရေးခြံများနှင့် သတ္တုတွင်းများမှ ဆက်ကြေးကောက်ခံကြသည်ဟုလည်း ပြောဆိုကြသည်။

    NPA ပြောက်ကြားတပ်ဖွဲ့မှာ Agusan del Sur ပြည်နယ်အပါအ၀င် နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း တိုက်ခိုက်မှုများကို ပြုလုပ်နေသည်။

     

    World Bulletin

  • လေကြောင်း အန္တရာယ် ကင်းရှင်းရေး Blacklist မှ ဖိလစ်ပိုင်လေကြောင်းလိုင်းအား အမေရိကန် ပယ်ဖျက်

    ဧပြီ ၁၁၊ ၂၀၁၄
    M-Media

    – ဖိလစ်ပိုင်လေကြောင်းလိုင်းအား လေကြောင်း အန္တရာယ်ကင်းရှင်းရေး blacklist အတွင်း ထည့်သွင်းထားမှုအပေါ် အမေရိကန်ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးဌာန FAA က ပယ်ဖျက်လိုက်သည်ဟု ဖိလစ်ပိုင်နိုင်ငံက ယနေ့တွင် ကြေညာခဲ့ပြီး ထိုကဲ့သို့ ပယ်ဖျက်ပေးခြင်းမှာ ဖိလစ်ပိုင် လေကြောင်းလိုင်း အမေရိကန်သို့ တိုးချဲ့ပြေးဆွဲရန် အတွက် တံခါးဖွင့်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

    Philippine_Airline

    လေကြောင်း အန္တရာယ်ကင်းရှင်းရေး စနစ်များကို ဖိလစ်ပိုင်နိုင်ငံမှ အဆင့်မြှင့်တင်ခဲ့ပြီးနောက် ဥရောပသမဂ္ဂကလည်း ၎င်းတို့၏လေပိုင်နက်အတွင်း ဖိလစ်ပိုင်လေကြောင်းလိုင်းမှ လေယာဉ်များ ပျံသန်းခွင့် ပိတ်ပင်ထားခြင်းအား ပြီးခဲ့သည့်နှစ် ဇူလိုင်လက ပယ်ဖျက်ပေးခဲ့သည်။

    “၂ နှစ်တာကလအတွင်းမှာ အောင်မြင်မှုတစ်ခုကနေ နောက်အောင်မြင်မှုတစ်ခု ရလာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ စနစ်တွေနဲ့ ကိုက်ညီအောင် လေကြောင်းကဏ္ဍတိုးမြှင့်ရေး ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့နိုင်ငံက ပြုလုပ်ခဲ့ပါတယ်” ဟု ဖိလစ်ပိုင် ပို့ဆောင်ရေးဌာနမှာ ဂျိုးဆက်ပ် အဘာယာက ကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုကဲ့သို့ အဆင့်မြှင့်တင်မှုက နိုင်ငံ၏ စီးပွားရေး၊ ခရီးသွား ကဏ္ဍတိုးမြှင့်ခြင်း ၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်သွယ်မှုများကို သိသာသောအကျိုးသက်ရောက်မှုများ ရှိလာမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဖိလစ်ပိုင်လေကြောင်းလိုင်း၏ အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ချက်များမှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် မညီသောကြောင့် FAA မှ လေကြောင်းအန္တရာယ်ကင်းရှင်းရေး blacklist “အုပ်စု ၂” တွင် ၂၀၀၈ ခုနှစ်က ထည့်သွင်းထားခြင်းဖြစ်သည်။

်ထို့ကြောင့် ဖိလစ်ပိုင်လေကြောင်းလိုင်းမှ လေယာဉ်များမှာ အမေရိကန်သို့ ပျံသွန်းခွင့်မရဘဲ၊ ၂၀၁၀ ခုနှစ်တွင် ဥရောပ သမဂ္ဂကလည်း အန္တရာယ်ကင်းရှင်းရေး အကြောင်းကြောင့်ပင် ဖိလစ်ပိုင်လေကြောင်းလိုင်းအား ပိတ်ပင်ခဲ့သည်။

    – AFP/ac