News @ M-Media

Tag: UK

  • ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး စတီဖင်ဟော့ကင်း ကွယ်လွန်

    ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး စတီဖင်ဟော့ကင်း ကွယ်လွန်

    မတ် ၁၄၊ ၂၀၁၈
    M-Media

    – ရီလစ်တစ်ဗတီ သီအိုရီ၊ Black Hole သီအိုရီတွေကြောင့် ကျော်ကြားပြီး ကမ္ဘာ့ထိပ်တန်း ဗြိတိသျှ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ စတီဖင်ဟော့ကင်း ကွယ်လွန်သွားပြီလို့ မိသားစု ဒီကနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

    အသက် ၇၆ နှစ်အရွယ်ရှိတဲ့ စတီဖင်ဟော့ကင်းဟာ ကမ်းဘရစ်ဂ်ျမြို့က သူ့နေအိမ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

    “ချစ်ခင်ရတဲ့ ကျွန်မတို့အဖေ ဒီကနေ့မှာ ကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ အဖေဟာ ကြီးကျယ်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့လုပ်ဆောင်ခဲ့မှုတွေ၊ အမွေအနှစ်တွေဟာ နှစ်တော်တော်များများ ဆက်လက်ရှင်သန်နေအုံးမှာ ဖြစ်ပါတယ်” လို့ သားသမီးတွေဖြစ်တဲ့ လူစီ၊ ရောဘတ်နဲ့ တင်မ်တို့က ပြောကြားခဲ့ပါတယ်။

    ပြီးတော့ ဖခင်ဖြစ်သူဟာ သတ္တိရှိကာ၊ ဘ၀ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သူဖြစ်ပြီး သူရဲ့ ဉာဏ်ထက်မှု၊ ဟာသဉာဏ် ကြွယ်ဝမှုတို့ကို ကမ္ဘာ့ပြည်သူတွေက လေးစားအထင်ကြီးရတယ်လို့လည်း သူတို့က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စတီဖင်ဟော့ကင်းကို ၁၉၄၂ ခုနှစ် ဇန်န၀ါရီ ၈ ရက်နေ့က အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်မြို့မှာ မွေးဖွားခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ အောက်စဖို့ဒ်တက္ကသိုလ်မှာ နေရာတစ်နေရာ ရရှိခဲ့ပါတယ်။ နောက်ပိုင်း ကမ်းဘရစ်ခ်ျတက္ကသိုလ်မှာ ဒေါက်တာဘွဲ့ ရယူခဲ့ပါတယ်။

    ၁၉၆၃ ခုနှစ်မှာ ထူးဆန်းတဲ့ အာရုံကြောရောဂါတစ်ခုကို ခံစားခဲ့ရပြီး ဆရာဝန်တွေက စတီဖင်ဟော့ကင်းဟာ ၂ နှစ်သာ အသက်ရှင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဒီထက်ပို အသက်ရှင်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ Black hole သီအိုရီကို ထုတ်ဖော်ခဲ့သလို ၁၉၈၈ ခုနှစ်မှာ ‘အချိန်၏ သမိုင်းအကျဉ်း’ ဆိုတဲ့ နာမည်ကျော် သိပ္ပံစာအုပ်ကို ထုတ်ဝေခဲ့ကာ ကမ္ဘာတစ်ဝှမ်း ၁၀ သန်းလောက် ရောင်းချခဲ့ရပါတယ်။

    စတီဖင်ဟော့ကင်းဟာ အခြား သိပ္ပံဆိုင်ရာ စာအုပ်စာတမ်း တော်တော်များများကိုလည်း ရေးသားခဲ့ပါတယ်။

    သူ့ရဲ့ ဘ၀အကြောင်းရုပ်ရှင် The Theory of Everything ကို ၂၀၁၄ ခုနှစ်မှာ ရိုက်ကူးပြသခဲ့ပါတယ်။

    Ref: BBC

  • အင်္ဂလိပ်ဘောလုံးလောကက မီးမောင်းထိုးပြတဲ့ ကလေးများ လိင်စော်ကားခံရမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများ

    အင်္ဂလိပ်ဘောလုံးလောကက မီးမောင်းထိုးပြတဲ့ ကလေးများ လိင်စော်ကားခံရမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈
    M-Media

    – ဘောလုံးကို စွဲလမ်းနှစ်ခြိုက်တဲ့ ဂယ်ရီ ကလစ်ဖီဟာ ဗြိတိသျှ ထိပ်တန်းလူငယ်နည်းပြဖြစ်ကာ မန်စီးတီးအသင်းနဲ့ ချိတ်ထားတဲ့ ဘယ်ရီ ဘန်နဲလ်ဆီကို ရောက်တဲ့အချိန် အသက် ၁၁ နှစ်အရွယ်သာ ရှိသေးပြီး အဲဒီအချိန်ကတည်းက လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရပါတယ်။

    ဒါပေမယ့် ကလစ်ဖီတစ်ယောက် ဆယ်စုနှစ်များစွာ ကြာတဲ့အထိ ဘန်နဲလ်နဲ့ပတ်သက်တဲ့ ဒီအကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

    “မန်ချက်စတာစီးတီးဘောလုံးအသင်းက သူ့(ဘန်နဲလ်)ဆီမှာ သင်ကြားမှုခံယူရတယ်ဆိုတာ ရည်မှန်းချက်ပန်းတိုင်းကို ကြိုးစားတက်လှမ်ဖို့ မဟာအခွင့်အရးကြီးပါ” လို့ အလ်ဂျာဇီးရား သတင်းဌာနနဲ့ ပထမဆုံးအင်တာဗျူးမှာ သူက ပြောကြားခဲ့ပါတယ်။

    အသက် ၁၄ နှစ်အရွယ် ၁၉၈၄ ခုနှစ်မှာ ကလစ်ဖီဟာ မန်ချက်စတာစီးတီးနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    အဲဒီအချိန်တုန်းက အသင်းကြီးတွေမှာ လူငယ်အသင်း မရှိသေးပါဘူ။ ဒါ့ကြောင့် ဘန်နဲလ်လို လူငယ်ကင်းထောက်တွေကို အပျော်တမ်းအသင်းတွေ ဖွဲ့စည်းဖို့ ခန့်ထားလေ့ရှိပြီး အဲဒီအထဲက အကောင်းဆုံးတွေကို ရွေးထုတ်တာ ဖြစ်ပါတယ်။

    ပွဲမကစားခင် ကစားသမားတွေကို ဘန်နဲလ်က သူ့အိမ်မှာ လာနေခိုင်းပြီး ကိုယ့်အလုပ်ကို စိတ်နှစ်မြှုပ်ထားတဲ့ ကစားသမားတွေအဖြစ် သူတို့ကို ဘန်နဲလ်က ချီးကျူးလေ့ရှိပါတယ်။

    “မီးမှိတ်လိုက်မယ်။ ဧည့်ခန်းမှာထိုင်နေတဲ့ ကျွန်တော်တို့ ၃၊ ၄ ယောက်အပေါ် အိပ်ရာခင်းတစ်ခု အုပ်လိုက်မယ်။ တစ်ယောက်ယောက်ကို သူ စပြီး ထိတွေ့တော့မယ်ဆိုတာ ကျွန်တော်တို့သိလိုက်ပြီ။ သူ့လက်က စွပ်ကျယ်အောက်ပိုင်းကနေ ဘောင်းဘီထဲအထိ ရောက်လာပါတယ်” လို့ ကလစ်ဖီက ပြောပါတယ်။

    ကလစ်ဖီဟာ အဲဒီလို လိင်စော်ကားမှုကို ၄ နှစ်လောက် ကြံ့ကြံ့ခံခဲ့ရပြီး အဓမ္မကျင့်ဖို့ ကြိုးစားမှုအထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်လို့ သူက ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။

    ကြောက်ရွံ့ပြီး၊ စိတ်ဒဏ်ရာ ရရှိနေတာကြောင့် ဘန်နဲလ်က သူ့အပေါ် ဒီလိုလုပ်တာကိုလည်း ဂျူနီယာကစား သမားတွေကို မပြောဖြစ်ခဲ့ပါဘူး။

    “ဒီအတွက် ကျွန်တော်ဟာ အပြစ်ရှိတယ်လို့ နှစ်ပေါင်းများစွာ ခံစားခဲ့ရပါတယ်။ စီနီယာတစ်ယောက်အနေနဲ့ တစ်ခုခုတော့ ပြောခဲ့သင့်တာပေါ့လေ။ တစ်ကယ်တော့ ကျွန်တော့်မှာ ပြောစရာ စကားလုံး မရှိတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူမှလည်း မပြောကြဘူး။ ကျွန်တော်တို့က ဖုံးထားခဲ့ကြတာပါ”

    အခုအချိန်မှာ လူလတ်ပိုင်းအရွယ်ရောက်နေတဲ့ ကလစ်ဖီဟာ အလ်ဂျာဇီးရားသတင်းဌာနနဲ့ အင်တာဗျူးမှာ ဒီကိစ္စကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    လိင်ကျူးလွန်သူတွေ၊ ကျူးလွန်ခံရသူတွေကို ကုသပေးခဲ့တဲ့ စိတ်ရောဂါဆရာဝန် စတီဗ်လိုဝီက ငယ်ငယ်ရွယ်ရွယ်မှာ လိင်အစော်ကားခံရတဲ့သူတွေ ဒီကိစ္စကို ၁၀ စုနှစ်နဲ့ချီ ကြာပြီးနောက်ပိုင်းမှ ထုတ်ပြောတာဟာ ဖြစ်နေကျကိစ္စလို့ ဆိုပါတယ်။

    “အသက် ၄၀ ကျော်၊ ၅၀ လောက်ရောက်ရင် လူတွေက ပြန်လည်သုံးသပ်သာတွေ လုပ်လေ့ ရှိပါတယ်။ ကိုယ့်ရဲ့ ဘ၀နဲ့ ကမ္ဘာကြီးကို ပြန်ကြည့်ကြတာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိတဲ့သူတွေဟာ တစ်ခုခုကို ထုတ်ပြောနိုင်ကြပါတယ်” လို့ သူက ပြောပါတယ်။

    ကျူးလွန်ခံရသူတွေဟာ စောစောစီးစီးထုတ်ပြောဖို့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေပေမယ့် သူတို့မိဘတွေ စိတ်မကောင်းဖြစ်မှာကို ရှောင်ရှားလိုတဲ့အတွက် ဆယ်စုနှစ်ချီ ထိန်းထားတဲ့ အခြေအနေမျိုးတွေလည်း ရှိတယ်လို့ လိုဝီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘန်နဲလ်ရဲ့ကျူးလွန်မှုကို ခံခဲ့ရသူ အခြားတစ်ယောက်ကတော့ ဒီဇာတ်လမ်းကို လူသိရှင်ကြား မပြောလိုတဲ့အတွက် အမည်မဖော်ချင်ဘူးလို့ ဆိုပါတယ်။ သူက ‘ကလေးတွေအပေါ် ကာမစိတ်တိမ်းညွှတ်သူတစ်ယောက်လက်ထဲ ထည့်လိုက်ရလေခြင်း’ ဆိုပြီး မိဘတွေ ခံစားရမှာကို နားလည်တဲ့အတွက် ဒီကိစ္စကို ထုတ်ဖော်မြေ
    ပာခဲ့တာဖြစ်ကြောင်း၊ အဲဒီအတွက်လညး ‘အပြစ်ရှိတယ်’ လို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။

    ဒီလိုကိစ္စမျိုး ကြုံတွေ့ရသူ နောက်တစ်ယောက်ကို အလ်ဂျာဇီးရားသတင်းဌာနက အင်တာဗျူးမှာ “အဖေ့မျက်လုံးထဲမှာ နာကျင်မှုတွေကို ကျွန်တော် မမြင်ချင်ပါဘူး။ ၃၅ နှစ်ကြာပြီးတဲ့နောက်ပိုင်းမှာ အဖေနဲ့ ဒီကိစ္စကို ဆွေးနွးခဲ့ပြီး ကျွန်တော်တို့နှစ်ယောက်စလုံး တော်တ်ာလေး မသင့်မတင့် ဖြစ်ခဲ့ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

    ကျူးလွန်ခံရသူတွေဟာ သတ်လတ်ပိုင်းကို ရောက်လာလို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုဖို့အတွက် ယုံကြည်မှုမရှိဘူးဆိုရင် မိမိကိုယ်ကို သတ်သေဖို့ အတွေးမျိုး၊ ကြိုးပမ်းမှုမျိုး ရှိလာတတ်ပါတယ်။ ဒါပေမယ့် ဒီကြိုးပမ်းမှု ဖြစ်စေတဲ့ အကြောင်းအရင်းအများကြီးထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုက အကြောင်းအချက်တစ်ခုလောက်သာ ဖြစ်ပါတယ်။

    လိုဝီက အရက်နဲ့ အခြားပစ္စည်းတွေကို အသုံးပြုကာ မုန်းတီးမှု၊ ဒေါထွက်မှု၊ ၀မ်းနည်းမှုတွေကို ချုပ်တည်းရင်း မတတ်နိုင်တော့တဲ့အဆုံးမှာ ဒီလို သတ်သေဖို့ ဆုံးဖြတ်ချက်မျိုး ပေါ်လာတတ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ” ‘ငါခံစားခဲ့ရတာတွေကို မထိန်းချုပ်နိုင်တော့ဘူး၊ မကျော်လွှားနိုင်တော့ဘူး’ ဆိုတဲ့ ကြောက်မက်ဖွယ်ရာ စိတ်ခံစားမှုကနေ လွတ်မြောက်ဖို့အတွက် ကိုယ့်ကိုကိုယ် သတ်သေမှုဟာ အဆုံးစွန်ဆုံး နည်းလမ်းပါ”

    ဘာဖြစ်လို့ အားလုံး နှုတ်ဆိတ်နေတာလဲ

    ဘန်နဲလ်ရဲ့ လိင်ကျူးလွန်မှုကို ခံစားခဲ့ရတဲ့ မာ့ခ် ဟာဇဲလ်ဒိုင်း ဆိုသူဟာ အသက် ၃၆ နှစ်အရွယ် ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ သေကြောင်းကြံသွားခဲ့ပါတယ်။

    မသေခင် သူဟာ သူ့အိမ်ကနေ သိပ်မဝေးတဲ့ မန်ချက်စတာ လေဆိပ်ကို သွားရောက်ပြီး Radisson ဟိုတယ်မှာ အခန်း ဘိုကင်လုပ်ခဲ့ပါတယ်။

    “သူ့ခေါင်းထဲက ကိစ္စတစ်ချို့ကို ထုတ်ပစ်ဖို့အတွက် ဒီဟိုတယ်မှာ ရက်အနည်းငယ်လောက် သွားနေမယ်လို့ သူပြောပါတယ်။ ဒါက သူ့စကားပေါ့ရှင်” လို့ မာ့ခ်ရဲ့မိခင် မာဂရက် ဟာဇဲလ်ဒိုင်းက အလ်ဂျာဇီးရား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မာ့ခ်ဟာ ဟိုတယ်အခန်းထဲမှာ ကြိုးဆွဲချ သေဆုံးသွားခဲ့တာပါ။

    ဟာဇဲလ်ဒိုင်း သေကြောင်းကြံဖို့အထိ ဖြစ်ရတဲ့ အကြောင်းအရင်းကို နားလည်ဖို့အတွက် သူ့မိသားစုဟာ ဆယ်စုနှစ်တစ်ခုလောက် ကြိုးစားခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ဘန်နဲလ် အဖမ်းခံရပြီးတဲ့နောက်ပိုင်း ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ သဲလွန်စ ရခဲ့ပါတယ်။

    “မာ့ခ်က သူနဲ့ထွက်ထွက်သွားတဲ့အချိန်မှာ တစ်ခုခုများ ဖြစ်ခဲ့လားဆိုတဲ့အတွေး ကျွန်မခေါင်းထဲ ချက်ခြင်း ၀င်လာတယ်။ ကျွန်မ မူးမေ့လဲကျသွားတာ” လို့ မာဂရတ်က ပြောကြားခဲ့ပါတယ်။

    မာ့ခ် အသက် ၁၂ နှစ်အရွယ်မှာ ဘန်နဲလ်က စပိန်ကို ဘောလုံးခရီးစဉ်တစ်ခုအတွက် ခေါ်သွားတာကိုလည်း သူမ သတိရလာပါတယ်။

    “အဲဒီခရီးသွားပြီး ပြန်လာတော့ သားဟာ လုံးဝ ပြောင်းလဲသွားပါတယ်။ အရင်က တစ်ခါမှ ရန်မဖြစ်ဘူးတဲ့သူဟာ ဒီခရီးက ပြန်လာပြီးတဲ့နောက် တော်တော့်ကို ရန်လိုသူတစ်ယောက် ဖြစ်လာတယ်။ ပုံပြောင်းထုလိုက်တဲ့အတိုင်းလုံးဝ ပြောင်းလဲသွားတာပါ”

    အရွယ်ရောက်လာတဲ့အခါမှာ ဟာဇဲလ်ဒိုင်းဟာ အရက်၊ မူးယစ်ဆေး စွဲသွားပြီး၊ ကြမ်းတမ်းသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

    ဒါဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှု စိတ်ဒဏ်ရာကို ကြိတ်ပြီး ဖြေရှင်းရတဲ့သူတွေမှာ တွေ့ရလေ့ရှိတာမျိုး ဖြစ်တယ်လို့ လိုဝီက ပြောပါတယ်။

    “မာ့ခ်ဟာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ရပြီး နှစ်ပေါင်းများစွာ ကြာတဲ့အခါ ဒီစိတ်ဒဏ်ရာကို မကျော်လွှားနိုင်တော့ဘဲ သေကြောင်းကြံ အဆုံးသတ်သွားတာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ၁၁ နှစ်လောက် လောကငရဲထဲမှာ သူနေခဲ့ရတာပါ။ မာ့ခ် ဘာ့ကြောင့် သတ်သေသွားလဲဆိုတာကိုလည်း ကျွန်တော် ကောင်းကော
    င်းသိပါတယ်။ (ဘန်နဲလ်ကို) ဖမ်းဆီးလိုက်တာက ကျွန်တော့်ကို အထောက်အကူ ဖြစ်စေခဲ့ပြီး ဆက်စပ်လို့ ရသွားပါတယ်”

    မာဂရက် ဟာဇဲလ်ဒိုင်းက ဘန်နဲလ်တစ်ယောက်တည်းကိုသာ အပြစ်ပုံမချပါဘူး။

    “ဒီကိစ္စတွေကို ဆက်ဖြစ်အောင် လစ်လျူရှုထားတဲ့ ကလပ်မှာရှိတဲ့ လူတွေအားလုံးကို ကျွန်မ ဒေါသဖြစ်ပါတယ်”

    လွန်ခဲ့တဲ့ နှစ် ၂၀ က အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ထောင်ချခံရပြီးနောက်ပိုင်း ဘန်နဲလ်ရဲ့ ကျူးလွန်မှုတွေ ပေါ်လာတာ ဖြစ်ပါတယ်။

    ၁၉၉၄ ခုနှစ်ဟာ သူဟာ ယူကေက အပျော်တမ်း ဘောလုံးအသင်းတွေကို အမေရိကန်ခေါ်သွားခဲ့ပြီး အဲဒီမှာ အသက် ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို အဓမ္မကျင့်ခဲ့ပါတယ်။

    နောက်တစ်နှစ်အကြာမှာ ဘန်နဲလ်ဟာ အမေရိကန်မှာ ထောင် ၄ နှစ် ကျပါတယ်။ နောက်ပိုင်း အမေရိကန်က သူ့ကို ယူကေထံ လွှဲပြောင်းပေးခဲ့ပါတယ်။

    မကြာသေးခင်က ထုတ်ပြန်တဲ့ ၁၉၉၈ ခုနှစ် တရားရုံးမှတ်တမ်းတွေအရ ကလေးငယ် ၂၃ ယောက်ကို ကျူးလွန်မှုအတွက် ဘန်နဲလ်ကို စွဲချက်ပေါင်း ၅၀ နီးပါးနဲ့ တရားစွဲဆိုထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဘန်နဲလ်က လူငယ် ၆ ဦးအပေါ် ကျူးလွန်မှုအတွက်သာ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပြီး ဒါကိုလည်း တရားရုံးက ခွင့်ပြုခဲ့ပါတယ်။

    ကျူးလွန်ခံရသူ ဘယ်သူမှ ဒီကိစ္စကို အသေးစိတ် မသိရှိခဲ့ရပါဘူး။ ဘန်နဲလ်ဟာ ထောင် ၉ နှစ်ကျခဲ့ပြီ ၂၀၀၄ ခုနှစ်မှာ ပြန်လွတ်လာပါတယ်။

    ဒေးဗစ်လီန်းဆိုတဲ့ ကစားသမားတစ်ယောက်ကို ကျူးလွန်မှုနဲ့ ၂၀၁၅ ခုနှစ်မှာ ဘန်နဲလ်ဟာ ထပ်ဖမ်းခံရပြီး ထောင် ၂ နှစ် ထပ်ကျပါတယ်။

    ၂၀၁၆ ခုနှစ် နိုဝင်ဘာမှာ ပရော်ဖက်ရှင်နယ်ကစားသမားဟောင်း အန်ဒီ ၀ုဒ်ဝ့ါက်က ဒီအကြောင်းတွေ ဖွင့်ဟခဲ့ပြီးတဲ့နောက် နှစ်ပေါင်းများစွာ ဖုံးကွယ်ထားကြတဲ့ တစ်ခြား ကစားသမားတွေကလည်း ဒီအကြောင်းတွေကို ဖွင့်ဟခဲ့ကြပါတယ်။

    အင်္ဂလန် လက်ရွေးစဉ်ဟောင်းတွေ အပါအ၀င် ကစားသမား တော်တော်များများဟာ ဗြိတိန်သျှတစ်ဝှမ်း ဘောလုံးကလပ်တွေက ကစားသမားတွေ သူတို့အပေါ် လိင်ကျူးလွန်မှုအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါဟာ ဗြိတိသျှ ဘောလုံးလောကကို ရိုက်ခတ်သွားတဲ့ မသမာမှုကြီး တစ်ခုပါပဲ။

    ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ယူကေရဲတပ်ဖွဲ့က စုဆောင်းရရှိခဲ့တဲ့ အချက်အလက်တွေအရ နည်းပြတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရတယ်လို့ ပြောကြားလာသူဟာ ၈၃၉ ဦး ရှိပြီး၊ ကျူးလွန်တယ်လို့ သံသယရှိသူတွေက ၂၉၄ ဦးဖြစ်ပါတယ်။ အသင်းတွေကတော့ ပရီးမီးယားလိဂ်အသင်းတွေကနေ အပျော်တမ်းကလပ်တွေ အထိ ပါဝင်ပါတယ်။

    ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ ဘန်နဲလ်ဟာ စွဲချက်ပေါင်း ၄၃ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး သူက နောက်ထပ် စွဲချက် ၇ ခုအတွက် အပြစ်ရှိကြောင်း ၀န်ခံခဲ့တာကြောင့် စွဲချက်စုစုပေါင်း ၅၀ ဖြစ်ခဲ့ပြီး ကျူးလွန်ခံ ရသူ ၁၂ ယောက်အတွက် ဖြစ်ပါတယ်။

    Ref: Aljazeera

    (အလ်ဂျာဇီးရား သတင်းဌာနတွင် ဖော်ပြထားသည့် ဆောင်းပါးကို လေးမောင်က ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)

  • ဒေါ်အောင်ဆန်းစုကြည်ထံ ရခိုင်ကိစ္စ သတင်းအမှန်မရောက်ဟု ထင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပြော

    ဒေါ်အောင်ဆန်းစုကြည်ထံ ရခိုင်ကိစ္စ သတင်းအမှန်မရောက်ဟု ထင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပြော

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
    M-Media

    – ရိုဟင်ဂျာတွေရဲ့ ‘ကြောက်မက်ဖွယ် ထိခိုက်ခံစားရမှု အလုံးစုံကို’ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိမှသိပါ့မလားဆိုပြီး သံသယဖြစ်မိတယ်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။

    “ကျွန်တော်တို့မြင်တွေ့ခဲ့ရတာတွေကို ဒေါ်အောင်ဆန်းစုကြည်ဟာ ရဟတ်ယာဉ်စီးပြီး ကြည့်ဖူးတယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ မနေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုအပြီးမှာ ဂျွန်ဆင်က ပြောကြားခဲ့တာပါ။

    ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း သူက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါတယ်။

    မြန်မာအာဏာပိုင်တွေအပေါ် ယုံကြည်မှုရှိလားလို့ BBC သတင်းထောက် ရီတာ ချက်ကရာဘာတီက မေးမြန်းရာမှာ ဂျွန်ဆင်က “ပြောရရင် နိုင်ငံရေးသမားတွေနဲ့ နေပြည်တော်မှာ စကားပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတာကို နားထောင်ခဲ့တယ်။ ဖြစ်ပျက်ခဲ့တဲ့ ကြောက်မယ်ဖွယ်ရာတွေ၊ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးမှုသတင်းတွေ အားလုံး ဒေါ်အောင်ဆန်းစုကြည်ဆီရောက်တယ်လို့ ကျွန်တော်မထင်ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    “ဒီလိုအနေအထားမျိုး ကျွန်တော့်သက်တမ်းတစ်လျှောက်လုံးမှာ မမြင်ဖူးပါဘူး။ ရာနဲ့ချီတဲ့ရွာတွေ မီးရှို့ခံရတယ်။ လုံးဝ ဖွတ်ဖွတ်ညက်ညက်ကြေသွားတဲ့ ကိစ္စမျိုးဖြစ်ပြီး လက်ရှိလိုအပ်နေတာက ဒီလူတွေ အိမ်ပြန်နိုင်ရေး ကုလအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ခေါင်းဆောင်မှုတစ်ခုပါ”

    စနေနေ့မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

    ဒုက္ခသည်တွေရဲ့ ‘ကြောက်မက်ဖွယ်ရာ အခြေအနေတွေအကြောင်း’ နဲ့ ‘သူတို့ရဲ့အနာဂတ်အတွက် အလွန်အမင်း စိုးရိမ်တဲ့အကြောင်း’ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့တဲ့လို့လည်း ဂျွန်ဆင်က ဆိုပါတယ်။

    “ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအတွက် ပြည့်ဝပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး မြန်မာအာဏာပိုင်တွေက ဆောင်ရွက်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးယူဖို့ အရေးကြီးကြောင်း ကျွန်တော် အလေးထားပြောကြားခဲ့ပါတယ်”

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ကြောက်ရွံ့မှုကင်းစွာ လွတ်လွတ်လပ်လပ် ပြန်လာနိုင်မယ့်၊ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို အလေးထားကြောင်း ပြသမယ့် အန္တရာယ်ကင်းတဲ့ နေရာတစ်ခုအဖြစ် ရခိုင်ပြည်နယ်ကို ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာလူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်မွန်နဲ့ အနာဂတ်မျိုး ဖော်ဆောင်ပေးဖို့အတွက် ယူကေရဲ့သြဇာကို ဆက်လက်အသုံးပြုသွားမယ်လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဂျွန်ဆင်တို့ဟာ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေး အစီအစဉ်အပါအ၀င် ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေကို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    Ref : BBC

  • အင်္ဂလိပ်များ ယခင်က အသားမည်းသည်ဟု လူအရိုးစု လေ့လာမှုက ဖော်ပြနေ

    အင်္ဂလိပ်များ ယခင်က အသားမည်းသည်ဟု လူအရိုးစု လေ့လာမှုက ဖော်ပြနေ

    ဖေဖော်ဝါရီ ၇၊ ၂၀၁၈
    M-Media
    Cheddar Man အား သုတေသနပြုပြီးနောက် ပုံဖော်ထားမှု
    – ယူကေမှာ တွေ့ရှိခဲ့တဲ့ သက်တမ်းအရင့်ဆုံး လူအရိုးစုကို လေ့လာဆန်းစစ်မှုတွေအရ အင်္ဂလိပ်လူမျိုးတွေဟာ အစောပိုင်းက အသားမည်းကြတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀ အရင်က အသက်ရှင်သန်ခဲ့ပြီး Cheddar Man လို့ အမည်ပေးထားတဲ့ အဲဒီ အရိုးစုကို လန်ဒန်ကောလိပ်နဲ့ ဗြိတိသျှသဘာဝသမိုင်းပြတိုက်က သုတေသနပညာရှင်တွေဟာ နောက်ဆုံးပေါ် DNA နည်းပညာတွေ၊ 3D စကန်နည်းပညာတွေနဲ့ လေ့လာခဲ့တာပါ။
    ၁၉၀၃ ခုနှစ်မှာ အင်္ဂလန်တောင်ပိုင်းကနေ တွေ့ရှိခဲ့တဲ့ ဒီအရိုးစုဟာ မည်းနက်တဲ့အသားအရေ၊ ကောက်ကွေးတဲ့ ဆံပင်အနက် ရှိခဲ့တယ်လို့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။
    DNA ကို ဦးခေါင်းခွံကနေ ရရှိခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံကိုတော့ ရရှိထားတဲ့ မျိုးရိုးဗီဇကနေ ပုံဖော်နိုင်ခဲ့ပါတယ်။
    အလွန်ကြာညောင်းနေတဲ့ အရိုးတွေကနေ မျိုးရိုးဗီဇ အချက်အလက်ကို ရရှိဖို့ ခက်ခဲပေမယ့် Cheddar Man ကို တွေ့ရှိခဲ့တဲ့ ထုံးကျောက်ဂူရဲ့ အေးမြတဲ့ အနေအထားကြောင့် သူ့ရဲ့ မျိုးရိုးဗီဇဟာ မပျက်မဆီးဘဲ ရှိနေခဲ့ပါတယ်။
    “Cheddar Man ကို လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်အရင်က ကျွန်တော် ပထမဆုံး လေ့လာခဲ့ပေမယ့် ဒီကနေ့အချိန်အထိ တွေ့ရသမျှထဲမှာ သက်တမ်းအရင့်ဆုံးဖြစ်တဲ့ သူ့ရဲ့ genome အပြည့်အစုံကို တစ်နေ့မှာ ဖော်နိုင်မယ်လို့ ကျွန်တော် မယုံကြည်ခဲ့ပါဘူး” လို့ သဘာဝသမိုင်းပြတိုက်က ပါမောက္ခ ခရစ် စထရင်ဂါက ပြောကြားခဲ့ပါတယ်။
    နောက်ပြီး ဒီလေ့လာမှုကနေ တွေ့ရှိခဲ့ရတာဟာ တော်တော်လေး အံ့သြစရာကောင်းတယ်လို့လည်း သူက ဆိုပါတယ်။
    လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေက Cheddar Man ရဲ့ ဘိုးဘွားတွေဟာ အရှေ့အလယ်ပိုင်းက ထွက်လာခဲ့ပြီး ဥရောပကို ရောက်ခဲ့တဲ့ လူ့အစုအဝေးတစ်ခုက ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဗြိတိသျှလူမျိုးတွေကို မျိုးရိုးလိုက်ရင် အနည်းဆုံး ၁၀ ရာခိုက်နှုန်းလောက်က ဒီ လူ့အစုအဝေးနဲ့ ဆက်နွယ်နေတာ ဖြစ်ပါတယ်။
    Cheddar Man နဲ့ ပတ်သက်ပြီး တွေ့ရှိခဲ့တဲ့ အချက်အလက်တွေကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ယူကေရဲ့ Channel 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ဖို့ ရှိနေပါတယ်။
    Ref : Aljazeera
  • ဘန်ကောက်ရှိသံရုံးကို ပေါင် သန်း ၄၀၀ကျော်ဖြင့် ဗြိတိန်က ရောင်းချ

    ဘန်ကောက်ရှိသံရုံးကို ပေါင် သန်း ၄၀၀ကျော်ဖြင့် ဗြိတိန်က ရောင်းချ

    ဇန်န၀ါရီ ၃၁၊ ၂၀၁၈
    M-Media

    – ဗြိတိန်မှာ ဘန်ကောက်ရှိ ၎င်းတို့၏သံရုံးကို ပေါင်း သန်း ၄၂၀ ဖြင့် ရောင်းချလိုက်ပြီး သမိုင်းတစ်လျှောက် ပိုင်ဆုံးမှုရောင်းချရာတွင် အကြီးမားဆုံးလည်း ဖြစ်သည်။

    ရောင်းချ၍ရသည့်ငွေကို ကမ္ဘာတစ်ဝှမ်းမှ အခြားသော ဗြိတိန်သံရုံးများအား ပြုပြင်ရန် အသုံးပြုသွားမည်ဟု ဆိုသည်။ ထိုင်းနိုင်ငံမှ ဗြိတိန်သံအဖွဲ့မှာ ၂၀၁၉ ခုနှစ်တွင် အဆောက်အဦးအသစ်သို့ ပြောင်းရွှေ့ရန် စီစဉ်ထားသည်။

    ယခုရောင်းချလိုက်သည့် သံရုံးကို ၁၉၂၂ ခုနှစ်တွင် ဗြိတိန်က ဘန်ကောက်မြို့ ဆင်ခြေဖုံး၌ မြေ ၉ ဧက ၀ယ်ယူကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

    သံရုံးဝင်းအတွင်း ပန်းခြံတစ်ခု၊ ၀ိတိုရိယဘုရင်မ၏ ရုပ်ထုနှင့် စစ်ပွဲ အထိမ်းအမှတ် အမှတ်အသားတစ်ခုရှိသည်။ ဘုရင်မရုပ်ထုကို ၀င်းအတွင်း ဆက်လက်ထားရှိမည်ဖြစ်ပြီး စစ်ပွဲအမှတ်အသားကို အဆောက်အဦးအသစ်သို့ ယူဆောင်သွားမည်ဖြစ်သည်။

    သံရုံးရောင်းချသည့် တန်ဖိုးမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက၏ တစ်နှစ်စာ ဘက်ဂျက် ပေါင် ၁.၂ ဘီလီယံ၏ ထက်ဝက်နီးပါးရှိသည်။

    ရောင်းချ၍ ရရှိသည့် ငွေကြေးများကို ပဲရစ်နှင့် ကိုင်ရိုတို့ရှိ ဗြိတိသျှသံရုံးများ ပြုပြင်ခြင်း၊ နယူးဒေလီတွင် သံရုံးအတွက် အဆောက်အဦးဝယ်ယူခြင်းတို့တွင် သုံးစွဲသွားမည်ဖြစ်သည်။

    Ref: BBC