News @ M-Media
Tag: US
  • အမေရိကန်တွင် ၂ နှစ်သားကလေး သေနတ်ဖြင့်ဆော့ရာမှ ကိုယ့်ဦးခေါင်း ကိုယ် ပစ်ခတ်မိ၍ သေဆုံး
    မေ-၁၀၊၂၀၁၃
    M-Media
    pirhayati20130510094141050
    အမေရိကန် တောင်ပိုင်း တက်စစ် (Texas) ပြည်နယ်တွင် အသက် ၂ နှစ်အရွယ်ကလေးငယ် သည် သူ၏ ဖခင်၏ သေနတ်ကို ဆော့ကစားရာမှ ကိုယ့်ဦးခေါင်းကိုယ် သေနတ်ဖြင့် ပစ်မိပြီး သေဆုံးသွားခဲ့သည်။
    မတော်တဆ ပစ်ခတ်မိမှုသည် ဗုဒ္ဓဟူးနေ့ ည ၈:၄၆ အချိန် (GMT အရ ကြာသာပတေးနေ့ ၀၂:၄၆) တွင် ကော်စီကာနာ(Corsicana) မြို့ ၌ ဖြစ်ပွားခဲ့သည်။
    သေဆုံးသူ ကလေးငယ်သည် ကင်စလာ အယ်လန် ဒေးဗစ်(Kinsler Allen Davis) ဟုခေါ်ပြီး၊ သူ၏ ဖခင်ဖြစ်သူ အသက် ၃၄ နှစ် သည် ၄င်း အခန်းအတွင်းရှိ ဗီဒိုထဲတွင် တစ်စုံတစ်ရာ ရှာဖွေနေခိုက် ကလေးငယ်သည် သေနတ်ကိုတွေ့ရှိကာ ကိုယ့်ဦးခေါင်းကိုယ်ပစ် ခတ်မိခြဲ့ခင်းဖြစ်သည် ဟု ရဲများက ပြောကြားခဲ့သည်။
    ကလေးငယ်အား နာဗာရို နယ်ပယ်ဒေသ ဆေးရုံ(Navarro Regional Hospital) သို့ တင်ခဲ့ပြီး၊ ၄င်းဆေးရုံမှ အသက်ကယ်လေယာဉ်ဖြင့် ဒါလာစ်(Dallas) တွင်ရှိသော ကလေးအထူးကုဌာနသို့ ခေါ်ဆောင်သွားစဉ် သေဆုံးသွားသည် ဟုသိရသည်။
    ယခုဖြစ်ပေါ်ခဲ့သော မတော်ဆမှုသည်၊ တန်ပ ဘေး(Tampa Bay) မြို့တွင် သေဆုံးခဲ့သော အမှုအပြီးတွင် ဆက်လက်ဖြစ် ပေါ်လာခဲ့သော အမှု ဖြစ်သည်။ တန်ပ ဘေး(Tampa Bay) မြို့တွင် အသက်သုံးနှစ်အရွယ် ကလေးငယ်သည် သူ၏ ဦးလေး၏ ကျောပိုးအိတ်ထဲမှ သေနတ်ကို ရှာတွေ့ခဲ့ပြီး ဆော့ကစားပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့သည် ဟုသိရသည်။
    မေလ ၄ ရက်နေ့က အုပ်ခ်လန်ဒ် ပါ့ခ်(Oakland Park) တွင် ဆယ်ကျော်သက် အစ်ကို၏ သေနတ်ဖြင့် ဆော့ကစားပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ညီမငယ် သေဆုံးခဲ့ရသည်။
    ဧပြီလ ၃၀ ရက်နေ့၊ ကန်တက်ကီ(Kentucky) မြို့တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်သည် အသက် ၂ နှစ်အရွယ် သူ၏ ညီမဖြစ်သူအား အိမ်မှုဝေယျာဝိစ္စများလုပ်နေစဉ် သေနတ်ဖြင့် သေစေနိုင်လောက်အောင် ဆိုးရွားစွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
    ဧပြီလ အစောပိုင်း၊ နယူးဂျာစီ(New Jersey) မြို့ တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်သည် 22- Caliber ရိုင်ဖယ်သေနတ်အား အိမ်တွင်ရှာဖွေတွေ့ရှိခဲ့ပြီး ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် သူ၏ သူငယ်ချင်းမှာသေဆုံးခဲ့ရသည်။
    ၁၄ ရက်နေ့ ဒီဇင်ဘာလ ၂၀၁၂ ခုနှစ်တွင်၊အမေရိကန်နိုင်ငံရှိ ကော်နဒ်ကဒ်(Connecticut) ပြည်နယ် နယူးတောင်း(Newtown) မြို့ စန္ဒီ ဟွတ် (Sandy Hook) မူလတန်းကျောင်းတွင် သေနတ်သမား ၏ ပစ်ခတ်မှု ကြောင့် ကလေးငယ် အယောက် ၂၀ နှင့် လူကြီး ၆ ယောက်တို့သည် အပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း၊ သေနတ်သမားသည် ပစ်ခတ်ပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြောင်းသိရသည်။ ထိုနေ့ အစောပိုင်းတွင် သေနတ်သမားသည် သူ၏ မိခင်ဖြစ်သူကို အခြားဒေသ တစ်ခုတွင် သတ်ပစ်ခဲ့သည် ဟုလည်းသိရသည်။
    အမေရိကန်နိုင်ငံတွင် နှစ်တိုင်း လူပေါင်း ၃၀,၀၀၀ ကျော်သည် သေနတ်ပစ်ခတ်မှု ဖြင့်သေဆုံးခဲ့ သည်ဟုဆိုသည်။ ချီကာဂို တက္ကသိုလ် ရာဇ၀တ်မှု လေ့လာရေးနှင့် ပပျောက်ရေး ထိန်းချုပ်မှု(Uninversity of Chicago Crime Lab and the Centers for Disease Control) ဌာန ၏ လေ့လာတွေ့ရှိချက်အရ အမေရိကန်နိုင်ငံတွင် တစ်နေ့လျှင် အနည်းဆုံး လူ ၈၇ ယောက် သေနတ်ပစ်ခတ်မှု ဖြင့်သေဆုံးကြောင်း နှင့် ၁၈၇ ယောက် ဒဏ်ရာရကြောင်း လေ့လာတွေ့ရှိရသည် ဟုဆိုသည်။
    အမေရိကန်နိုင်ငံတွင် ၂၀၁၂ ခုနှစ်သည် သေနတ်အများဆုံး ရောင်းရသောနှစ်ဖြစ်သည်။ သို့သော်လည်း သေနတ် ထိန်းချုပ်ရေး ဥပဒေများသည်လည်း တဖြည်းဖြည်း ပိုမိုတင်းကျပ်လာပြီး၊ ပြည်သူလူထု၏ စစ်တမ်းများအရ အမေရိကန်နိုင်ငံသား အများစုသည် အန္တရာယ်ဖြစ်စေနိုင်သော လက်နက်များအား သုံးစွဲမှု တားမြစ်ချက်အား ထောက်ခံသည်ဟုသိရှိရသည်။
    MP/NN
  • ကလ်ဖိုးနီးယားတွင် ယောက်ျားဖြစ်သူမှ မိန်းမနှင့် သမီး ၂ ဦးအား သေနတ်ဖြင့် ပစ်သတ်
    မေ-၉ ၊ ၂၀၁၃
    M-Media
    shingletown9n-1-web
     ဗုဒ္ဓဟူးနေ့က အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယား(California) ပြည်နယ်တွင်   မိန်းမ နှင့် သမီးနှစ်ယောက်အား သတ်ခဲ့သည်ဟု သံသယ ရှိသူကို အမေရိကန် ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေနေကြောင်း၊ လူသတ်သမား လက်ဝယ်တွင် လက်နက် ရှိပြီး၊ အများပြည်သူများအတွက် အန္တရာယ် ရှိကြောင်း သတိပေးစာလည်း ထုတ်ပြန်ထားကြောင်း သိရသည်။
    မျက်မြင်များ၏ ပြောပြချက်အရ အင်္ဂါနေ့က ရှိန်းဖရန့်ကလင် မီလာ (Shane Franklin Miller) ဆိုသူသည် သူ၏ မိန်းမ စန္ဒီ(Sandy) အသက် ၃၄ နှစ် နှင့် သမီးများဖြစ်သော ရှလ်ဘီ(Shelby) အသက် ၈ နှစ် နှင့် ရှက်စတာ (Shasta) အသက် ၄ နှစ်တို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည် ဟုဆိုသည်။ ဆန်ဖရန်စ္စစ်ကို(San Francisco) နှင့် ၂၃၀ မိုင်(၃၇၀ ကီလိုမီတာ) ဝေးသော ရှင်ဂလ်မြို့(Shingletown) တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    ရှက်စတာ ကောင်တီ(Shasta County) အုပ်ချူပ်ရေး ဌာနမှ ပြောပြချက်အရ “မီလာသည် သေနတ် လက်ဝယ်ရှိပြီး၊ အန္တရာယ်များသူဖြစ်ကြောင်း၊ တရားမ၀င် လက်နက်ကိုင် ဂိုဏ်းများနှင့် ဆက်ဆံမှုရှိကြောင်း” ပြောကြားခဲ့သည်။  ကာလီဖိုးနီးယား(California) ပြည်နယ်တွင် သူ့အား လိုက်လံဖမ်းဆီးနေပြီး၊ ပြည်နယ်အနှံ ရှာဖွေရန် ၀ရမ်းထုတ်ပြန်ထားကြောင်း ပြောကြားခဲ့သည်။
    အသက် ၄၅ နှစ်အရွယ် မီလာသည် “သုံးလောင်းပြိုင် လူသတ်မှုကို ကျူးလွန်ခဲ့သည်ဟု သံသယရှိသူဖြစ်ကြောင်း” သတင်းထုတ်ပြန်ထားသည်။
    မြို့အနီးရှိ ကျောင်းများကို လုံခြုံမှုတိုးမြှင့်ထားရန် အမိန့်ထုတ်ထားကြောင်းသိရသည်။ ၊ Times သတင်းစာတွင် ဖော်ပြထားသည်မှာ မိုင်လာသည် လွန်ခဲ့သော ၃၊ ၄ ပတ်လောက်က သူ၏သမီးများအား အစိုးရကျောင်းမှ ကျောင်းထုတ်ခဲ့ကြောင်းသိရသည်။
    သူ၏ သမီးများအား ပုဂ္ဂလိက ကျောင်းသို့ပြောင်းရွှေ့ခဲ့ပြီး၊ အိမ်တွင် ဆက်လက် စာသင်ကြားခဲ့သည် ဟု Times သတင်းစာမှဖော်ပြခဲ့သည်။
    :AFP
  • မွတ်စလင်မ်တို့အား ဆန့်ကျင်သည့် ဆူပူသောင်းကျန်းမှုများ အထူးစိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံပြော
    မတ်လ ၂၆ ရက်၊ ၂၀၁၃
    M-Media
    Source: U.S. Embassy Rangoon
    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးမှ မိတ္ထီလာ ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ပေး ရန်ပုံငွေကြေငြာ
    Derek Mitchell
    မိတ္ထီလာနှင့် ဒေသတ၀ိုက်အတွင်း မကြာသေးမီကဖြစ်ပေါ်ခဲ့သော ဆူပူသောင်းကျန်းမှုများကြောင့် အတိဒုက္ခရောက်ခဲ့ရသူများကို အမေရိကန် ၏ နိုင်ငံတကာ အတိဒုက္ခကူညီထောက်ပံ့ရေးမှ ဒေါ်လာ တစ်သိန်းချက်ချင်း အကူအညီပေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ်ချဲလ်မှ ယနေ့ပြောကြားသည်။ ထိုရံပုံငွေကို အခြေခံ လူနေမှု စားဝတ်နေရေးလိုအပ်ချက်များအတွက် အသုံးချမည်ဖြစ်သည်။
    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအနေဖြင့် ယခုအချိန်ထိဖြစ်ပျက် လျက်ရှိသော “မွတ်စလင်မ်တို့အား ဆန့်ကျင်သည့် ဆူပူသောင်းကျန်းမှုများ” ကို အထူးစိုးရိမ်နေဆဲဖြစ်ကြောင်း၊ အစိုးရ၏ ငြိမ်းချမ်းရေး အတွက် ကြေညာ ချက်များ၊ ဆူပူသောင်းကျန်းသူများကို ဖော်ထုတ်ဖို့ ကြိုးစားမှုများနှင့် ဒုက္ခသည်များ၏ လိုအပ်ချက်များကိုတင်ပြပေးမှုများအား မိမိတို့အနေဖြင့် ကြိုဆိုပါကြောင်း၊ မိမိတို့အား ဘာသာရေးခေါင်းဆောင်များနှင့် အခြားသော နိုင်ငံသားများက အယူသည်းအစွန်းရောက်မှုများကို ဆန့်ကျင်ပြီး ညီညွတ်စွာပူးပေါင်းဆောင်ရွက်ရေးအတွက်လည်းကောင်း၊ ဆူပူသောင်းကျန်းမှုများ ရပ်တန့်သွားရန်လည်းကောင်း၊ မတူကွဲပြားသော လူမျိုးများနှင့် ဘာသာသာသနာများအကြား အပြန်အလှန်နားလည်မှုမြှင့် တင်ရန်လည်းကောင်း တိုက်တွန်းနှိုးဆော်ထားမှုများရှိကြောင်း၊ သံရုံးအနေဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့အတွက်လည်းကောင်း၊ အပြန်အလှန်လေးစားမှုအတွက်လည်းကောင်း စကားပြောစည်းဝေးပွဲ များကိုလည်းကောင်း ပြုလုပ်ပေးသွားဖို့ ရှေးရှုပါကြောင်းဖြင့် အမေရိကန်သံရုံး ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။
  • သမ္မတ အိုဘားမား တည့်ခင်းတဲ့ အိမ်ဖြူတော် ဝါဖြေပွဲ
    သမ္မတ အိုဘားမား တည့်ခင်းတဲ့ အိမ်ဖြူတော် ဝါဖြေပွဲ
    ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်မှာ မွတ်စလင် ခေါင်းဆောင်များနဲ့ မွတ်စလင် ဝန်ထမ်းများအတွက် လမြတ်ရမသွာန် ဥပုဒ်လွှတ် ဝါဖြေပွဲ အခမ်းအနား ပြုလုပ်ကျင်းပခဲ့ပါတယ်။
    ဒီအစဉ်အလာကို မပျက်မကွက် နှစ်စဉ်ပြုလုပ်ခဲ့သူက သမ္မတ ဘီလ် ကလင်တန်ဖြစ်ပြီး သမ္မတ ဂျော့ဘုရှ်ကလည်း နှစ်စဉ်ကျင်းပခဲ့ပါတယ်။
    ဒါဟာ သူ တည်ခင်းဧည့်ခံတဲ့ ၄ ကြိမ်မြောက် ဝါဖြေပွဲဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ သမိုင်းတလျှောက် အမေရိကန် မွတ်စလင်များရဲ့ အရေးပါတဲ့ အခန်းကဏ္ဍများကို မိန့်ကြားခဲ့ပါတယ်။
    မိန့်ခွန်းနားဆင်လိုသူများ အောက်ပါလင့်မှာ သွားရောက်နားဆင်နိုင်ပါတယ်။
    http://www.whitehouse.gov/photos-and-video/video/2012/08/10/president-obama-hosts-iftar-dinner
    အိမ်ဖြူတော် ဝန်ထမ်းတစ်ဦးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ထိပ်တန်းအကြံပေးအရာရှိ အီဂျစ်လူမျိုး အစ္စလာမ်ဘာသာဝင် ‘ဟူမာ အဘီဒင်’ရဲ့ တိုင်းပြည်ချစ်စိတ်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အခြားအတိုက်အခံ နိုင်ငံရေးသမားများရဲ့ စွပ်စွဲချက်ဖြစ်တဲ့ အီဂျစ်မှာ သူမရဲ့ ဆွေမျိုးသားချင်းများဟာ မွတ်စလင်ဘရားသားဟုဒ်အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ် ဆိုတာကိုလည်း ချေပလိုက်ပါတယ်။
    အမေရိကန် သမိုင်းမှာ ပထမဦးဆုံး အိမ်ဖြူတော် ဝါဖြေပွဲ ကျင်းပခဲ့သူကတော့ တတိယမြောက် သမ္မတကြီး သောမတ်စ် ဂျက်ဖာဆင် ဖြစ်ပြီး ၁၈၀၅ ခုနှစ်မှာ တူနီးရှား သံတမန်အရာရှိကို ကြိုဆိုဂုဏ်ပြုခဲ့ခြင်းပါ။
    တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတဲ့ အစိုးရအရာရှိများနဲ့ သံတမန်များ စားရင်းကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။
    http://www.whitehouse.gov/the-press-office/2012/08/10/expected-attendees-white-house-iftar-dinner
    လင်းယုန်နက် (ခြင်္သေ့မြို့တော်)
    ကိုးကား
    http://www.reuters.com/article/2012/08/11/us-usa-obama-abedin-idUSBRE87A01N20120811
    http://www.huffingtonpost.com/2012/08/10/president-obamas-remarks-_n_1766576.html?utm_hp_ref=religion
    http://www.whitehouse.gov/blog/2012/08/11/president-obama-hosts-fourth-annual-iftar-dinner-white-house
  • ဗလီဝတ်ကျောင်းတော်၏  အရေးပါမှု ကဏ္ဍမြှင့်တင်ရန် အမေရိကန်မှ မွတ်စလင်မ် ရှေ့ဆောင်ဆရာ ကြိုးပမ်း
    ဗလီဝတ်ကျောင်းတော်၏ အရေးပါမှု ကဏ္ဍမြှင့်တင်ရန် အမေရိကန်မှ မွတ်စလင်မ် ရှေ့ဆောင်ဆရာ ကြိုးပမ်း
    ကိုင်ရို။ ဟူစတန်ရှိ အစ္စလာမ့်စင်တာတစ်ခုမှ ဗလီဝတ်ကျောင်းတော်များ၏ အရေးပါမှုကို ဆော်အော်ခြင်းဖြင့် အီမာမ်(ရှေ့ဆောင်ဆရာတော်)များ မေ့လျော့နေသော ရည်ရွယ်ချက်များကို ပြန်လည်အသက်သွင်းလိုက်သည်။ ၀တ်ပြုရန်လာသူတို့အား အချိန်ကို တန်ဖိုးထားလေးစားရန်၊ ကျန်းမာရေးသတိရှိရန်နှင့် စီးပွားရေးလုပ်ဆာင်မှု စသည်တို့နှင့်ဆိုင်သော တရားဒေသနာတော်များဟောကြားရန်ဖြစ်သည်။
    “ဗလီဝတ်ကျောင်းတော်တွေရဲ့ အဆင့်အတန်းကို ကျွန်တော်တို့အမြဲတမ်း မေ့လျော့နေပါတယ်။ တမန်တော်မြတ် မုဟမ္မဒ်သခင်(ဆွ) လက်ထက်ကဆိုရင် ဗလီဝတ်ကျောင်းတော်တွေဟာ ၀တ်ပြုရာနေရာသက်သက်ထက်ကို ပိုပါတယ်။” ဟု ဟူစတန် Third Ward ရှိ အီဗရာဟင် အစ္စလာမ့်စင်တာ (Ibrahim Islamic Center) ၏ ရှေ့ဆောင်ဆရာတော်  ခါလစ်ရရှတ်ဒ် (Khalis Rashaad) က Houston Chronicle (တက္ကဆက်ပြည်နယ်တွင် ထုတ်ဝေသောသတင်းစာ) သို့ ပြောကြားသည်။
    အဆိုပါစင်တာသည် အယ်မေဒါလမ်းမရှိ ရှော့ပင်းမောတခုတွင် တည်ရှိပြီး စင်တာ၏ဖေ့စ်ဘွက်မန်ဘာများ စုပေါင်းထည့်ဝင်လှူဒါန်းငွေဖြင့် ရပ်တည်နေခြင်းဖြစ်သည်။အခြားဗလီဝတ်ကျောင်းတော်များကဲ့သို့ မျက်နှာကျက်တွင် အလှဆင်ထားသော မီးဆိုင်းများ၊ ဗလီဝတ်ကျောင်းတော်များ၏ အမှတ်အသားဖြစ်သော အမိုးခုံး၊ မင်နာရာ(ဗလီမျှော်စင်) စသည်တို့ မပါရှိချေ။သုံးလသာရှိသေးသော ထိုစင်တာ၏ နံရံများတွင်လည်း ကုရ်အာန်ကျမ်းတော်မြတ်၏ ဒေသနာတော်များအား ရေးချယ်ထားသော ကမ္ဗလာသုံးထည်သာ ချိတ်ဆွဲထားသည်။
    “ဒေါ်လာသန်းချီတန်တဲ့(ဂုဏ်ရှိတဲ့) ဗလီဝတ်ကျောင်းတော်တစ်ခုဖြစ်ဖို့ပါ။ ဒါပေမယ့် ခပ်လျော်လျော် ပရောဂျက်တွေ၊ အတွေးအမြင် အယူအဆတွေ ရှိနေမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက် ဆုံးရှုံးတာပါပဲ။” ဟု အသက် ၃၉ နှစ်အရွယ်ရှိ ထို ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာတော်တစ်ပါးက ပြောကြားသည်။
    ထိုမြို့အတွင်းရှိ ဗလီဝတ်ကျောင်းတော်များ၏ အဓိကလုပ်ဆောင်ချက်များမှာ တနေ့ ဆွလာသ် ငါးကြိမ်ဝတ်ပြုခြင်း၊ သောကြာနေ့ဝတ်ပြုခြင်းနှင့် ဘာသာရေးသင်တန်းများ သင်ကြားပို့ချခြင်းတို့သာ ဖြစ်ပြီး အီဗရာဟင် အစ္စလာမ့်စင်တာမှာ တမူထူးခြားသည်။Community center တခုကဲ့သို့ဖြစ်ပြီး စင်တာကို စီမံခန့်ခွဲသူများက မြို့၏ ကျင်ဆင်းနေသော စီးပွားရေးကဏ္ဍကို မြှင့်တင်နိုင်သော အစီအစဉ်များစွာကို အကောင်အထည်ဖေါ်ရန် လုပ်ဆောင်လျက်ရှိသည်။
    အစားအသောက်များ ဖြန့်ဖြူးခြင်း၊ တရားဝင် အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ အကျဉ်းသားများပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ မူးရစ်ဆေးဝါးနှင့် အရက်စွဲနေသူများအား အဟာရထိန်းညှိပေးခြင်းနှင့် လေ့ကျင်ခန်းများလုပ်ဆောင်စေခြင်း စသည့် လမ်းညွှန်မှုများ လုပ်ဆောင်ခြင်း၊ အခမဲ့ဆေးကုသမှုအစီအစဉ်များ ဆောင်ရွက်ခြင်းနှင့် စီပွားစီမံပညာနှင့် ငွေးကြေးစီမံခန့်ခွဲမှုသင်တန်းများပေးခြင်း စသည်တို့ဖြစ်သည်။
    “ကျွန်တော်တို့ရဲ့အစီအစဉ်ကတော့ အဖွဲ့အစည်းတော်တော်များများ မလုပ်ကြတဲ့ ဒီလို ပရောဂျက်တွေကို တကယ်လိုအပ်နေတဲ့နေရာတွေမှာ လုပ်ဆောင်ပေးဖို့ပါပဲ။ ဗလီဆိုတာ အဆောက်အဦး တစ်ခုသက်သက်မဖြစ်ရပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ထွက်ကြည့်ရမယ်။ ပြီးတော့ သူတို့ အခြေအနေအတွေအလိုက် အရေးတကြီးလိုအပ်နေတာတွေကို ဖြည့်ဆည်းပေးရပါမယ်။ ” ဟု ရရှတ်ဒ် က ဆိုသည်။
    သူက တမန်တော်မြတ် မုဟမ္မဒ်သခင်(ဆွ) အချိန်ကာလတွင်ရှိခဲ့သော ဗလီဝတ်ကျောင်းတော်များ၏ ပုံစံအတိုင်း ပြန်လည်ဆန်းသစ်ရန် မျှော်လင့်ထားသည်။ တမန်တော်မြတ်လက်ထက်တွင် မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများပါ ဗလီဝတ်ကျောင်းတော်များသို့ လာရောက်ကြကာ စီပွားရေးနှင့် ပက်သက်သည့် အကြံဉာဏ်များရယူခြင်း၊ လူမှုရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးအဖြေရှာခြင်း၊ ထိုဗလီဝတ်ကျောင်းတော်များမှ ကူညီထောက်ပံမှုများအား လက်ခံခြင်းများ ရှိခဲ့ကြသည်။
    ပတ်ဝန်းကျင်အား ကူညီထောက်ပံ့ခြင်း။
    ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာတော်အဖြစ် အခမဲ့ တာဝန်ထမ်းဆောင်ခြင်းဖြင့် ရရှတ်ဒ်က ပတ်ဝန်းကျင်အား ပြန်လည်ပေးဆပ်ရန် မျှော်လင့်ထားသည်။
    “ဒါဟာ ကျွန်တော်အများကြီး(အကူအညီ) ရယူခဲ့တဲ့ ပတ်ဝန်းကျင်အတွက် ပြန်လည်ပေးဆပ်မှုတစိတ်တပိုင်းပါပဲ။” ဟု သူက ဆိုသည်။ ရရှတ်ဒ်သည် Third Ward တောင်ပိုင်းရှိ ခရစ်ယာန်ဘာသာဝင် အဘိုး၊ အဘွားတို့၏ နေအိမ်တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ဆယ်ကျော်သက်ကာလများတွင် မူးယစ်ဆေးစွဲခဲ့ကာ ရာဇ၀တ်မှုများနှင့်လည်း ငြိစွန်းခဲ့သည်။ အထက်တန်းကျောင်းမှထွက်ပြီး၊ အိမ်မှထွက်ပြေးခဲ့သည်။
    ထိုသို့ အဆိုးဆုံးအခြေအနေ ကြုံတွေ့နေရချိန်တွင် ထိုဒေသရှိ မွတ်စလင်များက သူ၏ဘ၀အား ပြန်လည်တည့်မတ်လာစေရန် အတူတကွကူညီဖေးမခဲ့ကြသည်။ထို့နောက် သူသည် ကျောင်းပြန်တက်ခဲ့ပြီး၊ အစ္စလာမ်သာသနာကိုလည်း သက်ဝင်ယုံကြည်လာခဲ့သည်။ နောက်ပိုင်းတွင် စာရင်းအင်းနှင့် စီးပွားစီမံပညာ အဓိကဖြင့်ဘွဲ့ရခဲ့ပြီး စီးပွားရေးစီမံခန့်ခွဲမှုဖြင့် မဟာဘွဲ့ရခဲ့လေသည်။
    ယခုအခါ စာရင်းကိုင်အဖြစ် လုပ်ကိုင်နေပြီး၊ ရှေ့ဆောင်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ကာ မိသားစုနှင့်အတူ ပျော်ရွှင်စွာနေထိုင်လျက်ရှိသည်။သားသမီးနှစ်ယောက်၏ ဖခင်ဖြစ်သော အီမာမ်ရရှတ်ဒ်သည် ဗလီဝတ်ကျောင်းတော်များတွင် ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသော အမေရိကန်မွတ်စလင်များထဲမှ တစ်ဦးဖြစ်လေသည်။
    သုံးနှစ်တာသင်ယူရသော အီမာမ်လေ့ကျင့်သင်ကြားရေးသင်တန်း(imam training course) ကိုလည်း ယမန်နှစ်က ပြီးဆုံးအောင်မြင်ခဲ့လေသည်။ ထိုသင်တန်းကို ပါဆိုမြို့ (El Paso-တက္ကဆက်ပြည်နည် အနောက်ပိုင်းရှိမြို့) ဘွား မွတ်စလင် အီမာမ် ၀ါဇီအလီ (Wazir Ali) က ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပြီး သူသည်ဟူစတန်တောင်ပိုင်းရှိ ဗလီဝတ်ကျောင်းတော်တစ်ခုကို ဦးဆောင်နေသူလည်းဖြစ်သည်။
    “ကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ အနှစ်သာရနဲ့၊ အစ္စလာမ့်ရဲ့တန်ဖိုးကို နားလည်တဲ့ မွတ်စလင်ခေါင်းဆောင်တွေကို မွေးထုတ်ပေးဖို့ပါပဲ။ နောက်ပြီး လူ့ဘ၀ရဲ့ အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ပေးဖို့လည်းဖြစ်ပါတယ်။” ဟု အလီက ဆိုသည်။
    အီဗရာဟင် အစ္စလာမ့်စင်တာ၏ ပထမဆုံး ပရောဂျက်ဖြစ်သော “ရောင်းရင်းများအား ကူညီမှု အစီအစဉ်”ကို လာမည့် ဇွန်လတွင် စတင်ရန် စီစဉ်ထားရှိလေသည်။အိမ်နီးချင်းများအား လက်လှမ်းကူညီမှုအဖြစ် စင်တာအဖွဲ့ဝင်များက နေရာများသတ်မှတ်ကာ Third Ward ပတ်ဝန်းကျင်ရှိ လူများအား အခမဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အရက်နှင့်မူးယစ်ဆေးစွဲနေသူများနှင့် ဆွေးနွေးခြင်း၊ အစားအသောက်ဆိုင်ရာ အကြံဉာဏ်များပေးခြင်း၊ လတ်ဆတ်သော သစ်သီးဝလံများဝေငှခြင်းများကို ဆောင်ရွက်မည်ဖြစ်သည်။
    “တခြားဘာသာတရားတွေရဲ့ အဖွဲ့အစည်းတွေက အကူအညီပေးနေတာတွေကို ကျွန်တော်တို့က ဘေးကနေထိုင်ပြီး ကြည့်နေရတာမျိုး မလိုချင်တော့ပါဘူး။” ဟု ရရှတ်ဒ်က ပြောကြားခဲ့လေသည်။
    မူရင်းကိုးကားသတင်း >> Click here
    ဘာသာပြန်>> ဝေဇင်