News @ M-Media

Blog

  • အိန္ဒိယမှ အမေရိကန်ဗီဇာလျှောက်သူများ နတ်ဘုရား၏ အကူအညီ ရယူနေ

    အိန္ဒိယမှ အမေရိကန်ဗီဇာလျှောက်သူများ နတ်ဘုရား၏ အကူအညီ ရယူနေ

    ဧပြီ ၃၀၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံတောင်ပိုင်းက နှစ်ပေါင်း ၅၀၀ သက်တမ်းရှိတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ ရာပေါင်းများစွာသော အိန္ဒိယပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ စုရုံးကာ ပူဇော်ပသနေကြပြီး သူတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ အမေရိကန်ဗီဇာ ရရှိရေးပဲ ဖြစ်ပါတယ်။

    ဟိုက်ဒရာဘတ်မြို့ရဲ့ ဆင်ခြေဖုံးမှာ တည်ရှိပြီး ဟိန္ဒူနတ်ဘုရား ဗိဿနိုး ပြန်လည်ဝင်စားတဲ့ ဘာလာဂျီးနတ်ဘုရားကို အစွဲပြုတည်ဆောက်ထားတဲ့ ဒီ Chilkur Balaji ဘုရားကျောင်းဟာ အချိန်တော်တော်ကြာကတည်းက အမေရိကန် ဗီဇာ လျှောက်ထားကြတဲ့ အိန္ဒိယ ပြောင်းရွှေ့အခြေချသူတွေရဲ့ အားကိုးအားထားပြုရာနေရာ ဖြစ်ခဲ့ကာ ‘ဗီဇာဘုရားကျောင်း’ လို့ အမည်သစ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် ဘုရားကျောင်း တာဝန်ရှိသူတွေကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အာဏာရပြီးနောက်ပိုင်းမှာ လာရောက်သူတွေ ပိုပြီး မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ထရမ့်ဟာ ဒီလအတွင်းမှာပဲ အမေရိကန်ရဲ့ H-1B အလုပ်ဗီဇာစနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် အမိန့်တစ်ခုကို လက်မှတ်ထိုးခဲ့ပါတယ်။

    H-1B ဗီဇာဟာ အိန္ဒိယ ပြောင်းရွှေ့အခြေချသူတွေ အလျှောက်များတဲ့ ဗီဇာတစ်ခု ဖြစ်ပေမယ့် ကျွမ်းကျင်မှုမြင့်ပြီး၊ လစာမြင့်တဲ့ လျှောက်ထားသူတွေအတွက်သာ ကန့်သတ်ထုတ်ပေးဖို့အတွက် ထရမ့်က ဆောင်ရွက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ တော်တော်များများက စိုးရိမ်သောက ဖြစ်လာကြပါတယ်။

    အမေရိကန် ဗီဇာကို အကြိမ်ကြိမ်ငြင်းပယ်ခံရတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာ ရှရီကန့်သ် အန်ဂီရီကူလာဟာ ကံကောင်းသူတွေထဲမှာ တစ်ဦဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ဗီဇာရခဲ့ပါတယ်။

    “အံ့သြစရာပဲဗျ။ ပြီးခဲ့တဲ့ ၂ နှစ်လုံးလုံး ကျွန်တော် ဗီဇာ မရခဲ့ပါဘူး။ ဒါပေမယ့် ဘုရားကျောင်းကို သွားရောက်ခဲ့ပြီတဲ့နောက်ပိုင်းမှာ အရာအားလုံးဟာ အဆင်ချောခဲ့ပါတယ်။ ကျွန်တော်ဟာ သဘာဝလွန်သမားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘုရားရှင်ရဲ့ ကြားဝင်မှု ရှိခဲ့တယ်ဆိုတာကတော့ သေချာပါတယ်” လို့ အသက် ၃၃ နှစ်အရွယ် အန်ဂီရီကူလာက ပြောပါတယ်။

    အဲဒီဘုရားကျောင်းမှာ တစ်ပတ်ကို ယုံကြည်သူ ၁ သိန်းကျော်လောက် လာရောက်ကြပြီး ဗီဇာရဖို့နဲ့ အခြားအကြောင်းအရာတွေအတွက် ဖြစ်ပါတယ်။ သူတို့ဟာ နတ်ဘုရားရုပ်တုရှေ့မှာ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ ပန်းတစ်စည်းကို ဆက်ကပ်ပြီး ဘုရားကျောင်းအတွင်းပိုင်းက မွန်မြတ်ရာနေရာကို ဟိန္ဒူဂါထာတွေ ရွတ်ဖတ်ကာ ၁၁ ကြိမ် လှည့်ပတ်ပူဇော်ကြပါတယ်။

    သူတို့ရဲ့ဆန္ဒတွေ ပြည့်ဝသွားပြီးတဲ့နောက်ပိုင်းမှာတော့ ဒီယုံကြည်သူတွေဟာ ဘုရားကျောင်းကို ပြန်လာပြီး ၁၀၈ ကြိမ် ထပ်မံ လှည့်ပတ် ပူဇော်ပါတယ်။

    ကျောင်းထိုင်ဆရာတော် ရန်ဂါ ရာဂျန်က နိုင်ငံတစ်ဝှမ်း ယုံကြည်သူတွေဟာ ဗီဇာရရှိဖို့အတွက် ဒီကို လာရောက်ကြတယ်လို့ ဆိုပါတယ်။

    “ဒီ နိုင်ငံကူးလက်မှတ်၊ ဒီစာရွက်စာတမ်း၊ ဒီ သံရုံး၊ ဒီ ဖောင်ပါပဲ။ ဒါပေမယ့် ဘုရားရှင်ဆီမလာခင်က သူတို့ဟာ ဗီဇာတွေ ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါတွေအားလုံးဟာ ဘာလာဂျီးရဲ့ ကောင်းချီးတွေပါ။ ဒါဟာ သဘာဝလွန် မဟုတ်ပါဘူး။ နာမ်ပိုင်းဆိုင်ရာပါ” လို့ ဘုန်းတော်ကြီးက ဆိုပါတယ်။

    ဒီဘုရားကျောင်း ဆုတောင်းပြည့်တယ်ဆိုတဲ့ သတင်းဟာ အင်ဂျင်နီယားအုပ်စုတစ်ခု ဗီဇာရဖို့ ဒီဘုရားကျောင်းမှာ လာရောက်ပူဇော်တဲ့ ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက စတင်ကျော်ကြားခဲ့တာဖြစ်ပါတယ်။ သူတို့အားလုံးဟာ ဘုရားကျောင်းမှာ ဆုတောင်းပြီးတဲ့နောက် ဆန္ဒတွေ ပြည့်ဝသွားခဲ့ပြီး သိပ်မကြာခင်မှာပဲ အခြားသူတွေဟာလည်း ဒီသတင်းကြောင့် တစ်ဖွဲဖွဲ ရောက်ရှိလာခဲ့ကြပါတယ်။

    “ကျောင်းသွားတက်ဖို့အတွက် ကျွန်တော် ဗီဇာလျှောက်ထားတယ်။ ဘာလာဂျီးက အောင်မြင်အောင်လုပ်ပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီကို လာရောက်မှုက ကျွန်တော့်ရဲ့ ယုံကြည်မှုကို ပိုပြီး တိုးစေပါတယ်” လို့ ကျောင်းသာတစ်ဦးဖြစ်တဲ့ ရာဂျာ ရှက်ခ်ဟာ ရက်ဒီက ပြောကြားခဲ့ပါတယ်။

    Ref: AFP

  • လက်ယာစွန်းကိုရှောင်ရန် ပြစ်သစ်ပြည်သူများကို ဇီဒိန်း တိုက်တွန်း

    လက်ယာစွန်းကိုရှောင်ရန် ပြစ်သစ်ပြည်သူများကို ဇီဒိန်း တိုက်တွန်း

    ဧပြီ ၃၀၊ ၂၀၁၇
    M-Media

    – မေလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ပြင်သစ်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ပြင်သစ်ပြည်သူများအနေဖြင့် လယ်ယာခေါင်းဆောင် မာရီ လီပန်ကို ဖြုတ်ကာ သူမ၏ လက်ယာပါတီ Ntional Front ကို ရှောင်ရှားနိုင်မည်ဟု မျှော်လင့်ကြောင့် ပြင်သစ် ဂန္တ၀င်ဘောလုံးသမား ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    အဆိုပါ ဒုတိယအကျော့တွင် အလ်အလတ်သမား အီမန်နျူယဲလ် မာခရွန်နှင့် လီပန်တို့မှာ ပြင်သစ်နိုင်ငံ၏ သမ္မတဖြစ်ရေးအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    “ကျွန်တော်ပေးချင်တဲ့ သတင်းစကားကတော့ ၂၀၀၂ ခုနှစ်တုန်းကလိုပါပဲ။ National Front ပါတီရဲ့ အတွေးအခေါ်တွေကနေ ကျွန်တော် ဝေးဝေးနေတယ်။ ဒါကို ကျွန်တော် ရှောင်ရှားချင်ပါတယ်။ အစွန်းထွက်တယ်ဆိုတာ ဘယ်တော့မှ မကောင်းပါဘူး” ဟု ဗလင်စီယာအသင်းနှင့် လာလီဂါပွဲအတွက် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဇီဒိန်းက ပြောကြားခဲ့သည်။

    အလ်ဂျီရီးယားနွယ်ဖွားဖြစ်သည့် ဇီဒိန်မှာ ၂၀၀၂ ခုနှစ်က လီပန်၏ ဖခင်ဖြစ်သူ ဂျန် မာရီ သမ္မတအဖြစ် ၀င်ရောက်အရွေးခံစဉ် အချိန်ကလည်း ထိုကဲ့သို့ပင် ဝေဖန်ခဲ့ပြီး National Front ပါတီမှာ ပြင်သစ်၏တန်ဖိုးများကို မထင်ဟပ်ဟု ပြောကြားခဲ့သည်။

    Ref: RT

  • ဟဂ်ျနှင့် အွမ္မရာဟ် ၀န်ဆောင်မှု တိုးတက်စေရေး ဆော်ဒီ ဆောင်ရွက်မည်

    ဟဂ်ျနှင့် အွမ္မရာဟ် ၀န်ဆောင်မှု တိုးတက်စေရေး ဆော်ဒီ ဆောင်ရွက်မည်

    ဧပြီ ၃၀၊ ၂၀၁၇
    M-Media

    – ဟဂ်ျနှင့် အွမ္မရာဟ် ခရီးစဉ်အတွက် စနစ်နှင့် လိုအပ်သည့် အဆောက်အဦးများ၊ ၀န်ဆောင်မှုမျာအားလုံး ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရန်အတွက် ဆော်ဒီအစိုးရက ဆန္ဒရှိနေသည်ဟု သိရသည်။

    “(ဟဂ်ျနှင့် အွမ္မရာဟ် သုတေသန) စင်တာရဲ့ သုတေသနတွေအရ လုံခြုံစိတ်ချရတဲ့ ဟဂ်ျနဲ့ အွမ္မရာဟ်ခရီးစဉ်ဖြစ်ဖို့အတွက် အစီအစဉ်အတွေ၊ အစီအမံတွေကို တိုးတက်အတွက် အစိုးရနဲ့ သက်ဆိုင်တဲ့ အာဏာပိုင်အဖွဲ့တွေက လူသားပိုင်း၊ နည်းပညာပိုင်းဆိုင်ရာ တတ်စွမ်းနိုင်သမျှကို ပူးပေါင်းလုပ်ဆောင်နေပါတယ်” ဟု စင်တာ၏ အထွေထွေ ကြီးကြပ်ရေးမှူး ဘက္ကရီ ဘင် မာတွက် အက်ဆက်စ်က ပြောကြားခဲ့သည်။

    ဟဂ်ျနှင့် အွမ္မရာဆိုင်ရာ ၁၇ ကြိမ်မြောက် သုတေသန အစည်းအဝေးကို မေလ ၁၀ ရက်နေ့တွင် မဒီနာမြို့၌ ကျးပပြုလုပ်သွားမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    သုတေသနစင်တာမှာ ဘုရားဖူးများ ကြုံတွေ့ရသည့် အခက်အခဲများကို ဖြေရှင်းရေး သိပ္ပံနည်းကျ သုတေသနနှင့် လေ့လာမှုများကို အထူးအာရုံစိုက် ဆောင်ရွက်ပြီး၊ ပိုမိုလုံခြုံသည့် ဟဂ်ျနှင့် အွမ္မရာဟ်ဖြစ်ရေး စီမံကိန်းများ ဖြစ်ပေါ်လာရန် သိပ္ပံနည်းကျနှင့် လက်တွေအဆင်ပြေမည့် အကြံပြုချက်များ အဖြေများကို ဖော်ဆောင်ပေးသည်။

    မေလတွင် ပြုလုပ်မည့် ၁၇ ကြိမ်မြောက်အစည်းဝေးတွင် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်များ၊ သုတသနအသင်းများမှ သုတေသနပညာရှင်များ၊ စပါယ်ရှယ်လစ်များ၊ အစိုးရဌာနများနှင့် ပုဂ္ဂိလိကဖက်မှ တာဝန်ရှိသူများ ပါဝင်ကာ ဟဂ်ျနှင့် အွမ္မရာဟ် လာရောက်သူများအတွက် ပေးအပ်နေသည့် ၀န်ဆောင်မှုများ တိုးတက်ရေး၊ အခက်အခဲများ ဖြေရှင်းပေးရေးတို့ကို ဆွေးနွေးသွားမည်ဟုလည်း အက်ဆက်စ်က ပြောကြားခဲ့သည်။

    Ref : Arab News

  • တာလီဘန်ကို လက်နက်စွန့်ရန် အာဖဂန်ဝန်ကြီးချုပ်ဟောင်း တိုက်တွန်း

    တာလီဘန်ကို လက်နက်စွန့်ရန် အာဖဂန်ဝန်ကြီးချုပ်ဟောင်း တိုက်တွန်း

    ဧပြီ ၃၀၊ ၂၀၁၇
    M-Media

    – တာလီဘန်များအနေဖြင့် လက်နက်ချကာ နိုင်ငံခြိမ်းချမ်းရေးနှင့် တိုးတက်ကြီးပွားရေးအတွက် စားပွဲဝိုင်းသို့ လာရောက်ရန် အာဖဂန်နစ္စတန် ၀န်ကြီးချုပ်ဟောင်း ဂူလ်ဘူဒင် ဟစ်ကမတ်ယာက ပြောကြားလိုက်သည်။

    နိုင်ငံအရှေ့ပိုင်း လဂ်မန်ပြည်နယ်တွင် နှစ်ပေါင်း ၂၀ အတွင်း ၎င်း၏ ပထမဆုံး မိန့်ခွန်း၌ ဟစ်ကမတ်ယာက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး လူပေါင်း ၂၀၀ ခန့်က ၎င်းအား ၀န်းရံခဲ့ကြသည်။

    “ဘယ်သူတွေနဲ့ တိုက်နေတာလဲဆိုတာကို စစ်သွေးကြွတွေကို မေးချင်တယ်။ အစိုးရကိုလား။ အပြစ်မဲ့တဲ့ အာဖဂန်ပြည်သူတွေကိုလား။ ခင်ဗျားတို့အနေနဲ့ လက်နက်ချပြီး၊ အရှေ့ကိုထွက်လာမယ်ဆိုရင် ကျွန်တော်ဟာ ခင်ဗျားတို့ကို ညီအစ်ကိုလို့ ခေါ်မယ့်သူတွေထဲမှာ ပထမဆုံး ဖြစ်မှာပါ။ တာလီဘန်တွေကို ပြောချင်တာက ရှေ့ကိုထွက်လာပါ။ ငြိမ်းချမ်းရေး၊ သာယာဝပြောမှုအတွက် ဆွေးနွေးပါ။ အာဖဂန်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကျွန်တော်တို့နဲ့အတူ လက်တွဲပါ”

    ဟစ်ကမတ်ယာမှာ ၁၉၇၀ ပြည့်နှစ်များတွင် ဟက်ဇ်ဘီ အစ္စလာမီအဖွဲ့ကို ဖွဲ့စည်းခဲ့ရပြီး ၁၉၉၂ ခုနှစ် ဆိုဗီယက်ကျောထောက်နောက်ခံပြုထားသည့် အစိုးရ ပြုတ်ကျသွားပြီးနောက် ၀န်ကြီးချုပ်ရာထူးကို ရယူခဲ့သည်။

    ၂၀၀၃ ခုနှစ်တွင် အမေရိကန်အစိုးရ၏ အကြမ်းဖက်စာရင်းသွင်းခြင်း ခံရပြီး ဖေဖော်ဝါရီက ကုလ လုံခြုံ ရေးကောင်စီမှ ၎င်းအပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုအားလုံးကို ပယ်ဖျက်ခဲ့ပြီးနောက် အာဖဂန်ုသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။

    လာမည့်ရက်များတွင် ဟစ်ကမတ်ယာမှာ မြို့တော်ကဘူးလ်၌ မိန့်ခွန်းပြောကြားရန်ရှိနေပြီး အာဖရန်ပြည်သူများအကြား ၎င်းအား ထောက်ခံသူနှင့် ဆန့်ကျင်သူများ ကွဲပြားလျက် ရှိနေသည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားနှင့် မကစားရန် အမေရိကန်ကို ဒူတာတေး တိုက်တွန်း

    မြောက်ကိုရီးယားနှင့် မကစားရန် အမေရိကန်ကို ဒူတာတေး တိုက်တွန်း

    ဧပြီ ၃၀၊ ၂၀၁၇
    M-Media

    – အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနှင့် မကစားရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက တိုက်တွန်းလိုက်ပြီး ကင်ဂျုံအန်မှာ ‘ကမ္ဘာကြီးအား အဆုံးသတ်ချင်သူ’ ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    မနီလာမြို့တွင် ကျင်းပပြုလုပ်နေသည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ပြီးနောက် ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဒူတာတေးက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်နှင့် မြောက်ကိုရီးယားအကြား တင်းမာမှုအတွက် အရှေ့တောင်အာရှဒေသက အလွန်အမင်း စိုးရိမ်မိကြောင်း၊ ခြေလှမ်းတစ်ခု မှားယွင်းသွားပါက အာရှမှာ နျူကလီးယားစစ်ပွဲ၏ ပထမဆုံးသားကောင် ဖြစ်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက် ပြုလုပ်လာခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီး အပြန်အလှန် စိန်ခေါ်မှုများလည်း ပြုလုပ်ခဲ့ကြသည်။

    လက်ရှိ အဆီယံ ဥက္ကဌ ဒူတာတေးကမူ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်တို့မှာ ဒုံးကျည်ပစ်လွှတ်ရေးအတွက် တက်ကြွနေသူတစ်ဦးကို သွာစနေကြောင်း၊ မိမိအနေဖြင့် စနေနေ့နှောင်းပိုင်းတွင် သမ္မတထရမ့်အား ဖုန်းခေါ်ကာ ကင်ဂျုံအင်အား ရင်ဆိုင်မှုတွင် မပါဝင်ရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

    “ဒီနိုင်ငံနှစ်ခုဟာ ဖျော်ဖြေဖို့မဟုတ်တဲ့ အရုပ်တွေနဲ့ ကစားနေကြတဲ့ပုံပါပဲ။ ဒုံးကျည်တွေနဲ့ ဘာမဆိုလွှတ်ဖို့ ခံတွင်းတွေ့နေတဲ့ သူကို သူတို့က သွားကစားနေကြတယ်။ (ကင်ဂျုံအန်) စိတ်ထင်တိုင်း လုပ်တာကို ကျွန်တော် မလိုချင်ပါဘူး။ သူ့ဆီမှာဘာတွေရှိလဲဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့်သူက မိခင်ကမ္ဘာကြီးကို ချောက်ထဲတွန်းဖို့ လုပ်နေတာပါ”

    Ref: Aljazeera