News @ M-Media

Blog

  • ဒါနမပျက် သီတင်းတစ်ပတ် အစီစဉ် ဗြိတိန်မွတ်စလင်များ ကျင်းပ

    မိဘမဲ့နှင့် နွမ်းပါး ကလေးများ အတွက် ရည်ရွယ်ကာ နှစ်စဉ်စီစဉ်ကျင်းပ လျက်၇ှိသော ဗြိတိန်မွတ်စလင် လူငယ်မောင်မယ်များ၏ ဒါနမ ပျက်သီတင်းတစ်ပတ်အစီစဉ်အား ယခုနှစ်တွင် လည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း onislam သတင်း တစ်ရပ် တွင်ဖေါ်ပြ ထား ပါ သည်။ ကျောထောက်နောက်ခံမတူညီ၊ အရောင်အသွေးစုံလင်လှသော ဗြိတိန် နှင့် အိုင်ယာလန် တို့ မှ မွတ်စလင်မောင် မယ်လေး များ သည် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာ၊ လူစည်ကားရာနေရာများတွင် ချို့တဲ့ ဒုက္ခရောက်နေသူများ အတွက်အလှူ ငွေများကို ကောက် ခံ ပေးခဲ့ကြ သည်။  အဆိုပါ ဒါနမပျက် သီးတင်တစ်ပါတ် အစီစဉ်တွင် အမေရိကန်ဒေါ်လာ ၅သိန်းနီးပါ ကောက်ခံရရှိခဲ့ကြောင်း သိရ သည်။ ရရှိလာသော အဆိုပါ ငွေကြေးများကို အစ္စလာမ့် ဒါနပြုအဖွဲ့စည်းများမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းသို့ ပေးပို့လှူဒါးန် မည်ဖြစ် ကြောင်း ၊ ဒအ်ဝဟ်ဆိုင်ရာ သင်ခန်းစာများအား ဒါနမပျက် သီးတင်းတစ်ပတ် အစီစဉ်တွင် မွတ်စလင် လူငယ်များ လက်တွေ့ အသုံးချနိုင် ခဲ့ပြီး ရလာဒ် ကောင်းများ လည်း ဖြစ်ထွန်းခဲ့ ကြောင်း ဒါနမပျက်သီတင်းတစ်ပတ် အစီစဉ် ကြီးကြပ်သူတစ်ဦး ကဆိုပါ သည်။ မွတ်စလင်လူ ငယ်လေး များ ၏ လူထုနှင့် တိုက်ရိုက်ထိတွေ့သော ယင်း ဒါနမပျက် သီတင်းတစ်ပတ် အစီစဉ် ကနေ မီဒီယာများ၏ ခေါက်ရိုးကျိုးနေသော အစ္စလာမ်အပေါ် ၀ါဒဖြန့်နေမှု အား တန်ပြန်နိုင်သည့် နည်းလမ်းတစ်ရပ် ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ ယင်းအစီစဉ်တွင်ပါ ၀င်ခဲ့သော လူငယ်လေးတစ်ဦးက ကျွန်တော်တို့အားလုံး ဆင်တူတီရှပ်တွေဝတ်တယ်ဗျ… နောက်ပြီး ကြွေးကြောသံတွေသံပြိုင်ဆိုတယ် …တူညီတဲရည်မှန်းချက်ဆီကို အတူတူချီတက်ခဲ့ကြတာပါ.. လူမျိုး၊ဂိုဏ်းဂန မခွဲ တဲ့ အွမ္မသ်ဆိုတာ ပုံဖော်နိုင် ခဲ့တယ် …. မဖြစ်နိုင်စရာ ဘာမှမရှိပါဘုး ဗျ  ဟု သူ၏ခံစားချက်ကို ပြောပါသည်။ onislam

  • ပဲခူးမြို့ ရှေးဟောင်းအစ္စလာမ်သုသာန် ဖျက်ခံရ

    Source VOA

    ပဲခူးမြို့က နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိတဲ့ အစ္စလာမ် သုသာန်ဟောင်းတခုကို အာဏာပိုင်တွေက ဖျက်သိမ်းဖို့ ပြင်ဆင်နေတာကြောင့်  ဒေသခံမူစလင် ဘာသာသာဝင်တွေဟာ မကျေမနပ်ဖြစ်ပြီး ဘာသာရေးဖိနှိပ်မှုအဖြစ် ဒါကို ရှုမြင်နေကြပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ အတွက် ဘိုးဘွားတွေရဲ့ သုသာန်ဟာ အထွဋ်အမြတ်ပြုရာ နေရာတခုဖြစ်ပြီး ရှေးဟောင်း အမွေအနှစ်အဖြစ် ထိန်းသိမ်းခွင့်ရထားတာလို့ ယုံကြည်တာကြောင့် သာသနာရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို မဖျက်သိမ်းဖို့အတွက် ပန်ကြားထားပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

    အခုလို ဖျက်သိမ်းဖို့ဆောင်ရွက်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရှေးဟောင်းသုသာန်ကတော့ ပဲခူးမြို့ မြို့သစ် (၈) ရပ်ကွက်က ရန်ကုန်-မန္တလေး ကားလမ်းဘေးမှာ ရှိတာဖြစ်ပါတယ်။ (more…)

  • ၀ီကီလိခ်တည်ထောင်သူ ဂျူလီယန် အက်ဆိန်ဂ်ျ ၊ လန်ဒန်၌ အာမခံရသော်လည်း ပြန်လွှတ်ပေးရေးကြန့်ကြာနေဦးမည်။

    ဂျူလီယန်အက်ဆိန်ဂ်ျအနေဖြင့် ပေါင် ၂ သိန်း ၄ သောင်းဖြင့် အခြားအချက်များကြားခံ၍ အာမခံရပြီဖြစ်သည်။ ထိုအာမခံကို ဆွီဒင်ရဲဋ္ဌာနက ပေးခဲ့သော်လည်း သူ့အနေဖြင့် အယူခံကို ချက်ချင်းရရှိမည်မဟုတ်သေးဘဲ ထောင်ထဲတွင်သာ ဆက်လက်နေထိုင်ရဦးမည်ဖြစ်သည်။

    ဂျူလီယန်အနေဖြင့် ယခုနှစ်အစောပိုင်းက အမျိုးသမီးနှစ်ဦးအား ကာယိနြေ္ဒပျက်ပျားစေရန် ကျူးလွန်ခဲ့သည်ဟု ဆွီဒင်တရားရုံး၏စွပ်စွဲချက်ကို တစ်စုံတစ်ရာဝန်ခံချက်ပေးရန် ငြင်းဆိုတိုက်ပွဲဝင်နေဆဲဖြစ်သည်။

    ဂျူလီယန်၏ အာမခံစစ်ဆေးကြားနာမှုကို ပြုနေစဉ် သတင်းထောင်များ ၊ ဂျူလီယန်အားထောက်ခံသူများနှင့် ဆန္ဒပြသူအများအပြားတို့သည် ၀က်စ်မင်စတာ မာဂျိစ်ထရာတီးစ် တရားရုံးအပြင်ဘက်တွင် စုရုံးရောက်ရှိနေကြပြီး တရားရုံးအတွင်းရှိ ဂျာနယ်လစ်များကို တွီတာ၌ တိုက်ရိုက်သတင်းဖော်ပြရန် တရားရုံးက ခွင့်ပြုခဲ့သည်။ (more…)

  • ၂၀၂၂ ကာတာ ကမ္ဘာဖလားပြိုင်ပွဲက အစ္စလာမ်အား မိတ်ဆက် ပေးနိုင်မည် ဟုဆို

    ဆန့်ကျင်ကန့်ကွတ်မှုအများကြား နှာတစ်ဖျားသာ သောစွမ်းဆောင်ချက်များကြောင့် ကမ္ဘာ့ဘောလုံအဖွဲ့ချုပ် (ဖီဖာ)မှ ၂၀၂၂ခုနှစ်အတွက် ကာတာနိုင်ငံအား ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်လိုက်ပါပြီ။ အရှေ့အလယ်ပိုင်းက ချမ်းသာ သောမွတ်စလင် နိုင်ငံ ကာတာတွင် ကျင်းပမည့် ကမ္ဘာဖလား ပြိုင်ပွဲက  နေ ကမ္ဘာတစ်ဝှမ်းသို့ နူးညံသိမ်မွေ့ သည့် အစ္စ လာမ့် သင်ကြားချက်များ နှင်အာရဘ်တို့၏ အစဉ်လာများကို မိတ်ဆက်ပေးနိုင်မည့် အခွင့်အရေးအဖြစ် လေ့လာသူများက သုံးသပ်နေကြသည်။ အွန်လိုင်း စစ်တမ်းတစ်ရပ်ကောက်ခံမှုအရ ကာတာကမ္ဘာဖလားပြိုင်ပွဲသည် အာရဘ်နှင့် အစ္စလာမ်ယဉ်ကျေးမှုကို မြင့်တင့်နိုင်မည်ဟု ၈၀%က ယုံကြည်ကြောင်း သဘောထားပေးခဲ့ကြသည်။ မီဒီယာများ၏ အပျက်သဘောဆန်ဆန် ဖြင့် အစ္စလာမ်အား တင်ပြနေသည့်အပေါ် အထိုက်အလျောက် ခြေဖျက်နိုင် လိမ်မည်ဟု ပညာရှင်များစွာက ယုံကြည်နေကြသည်။

    အထင်ကရအာလင်မ်တစ်ပါးဖြစ်သူ ရှိုခ်ယူစွဖ်ကရ်ဒွါဝီက အိမ်ရှင်အဖြစ် ကာတာကိုရွေးချယ်မယ်ဆို ဘယ်လိုမှားယွင်းကြောင်း သမ္မတအိုဘားမား ရဲ့ ထုတ်ပြန်ချက်ကို အရှိုက်ထိစေခဲ့ပါတယ် ဒါဟာ ကာတာ တင်မက မွတ်စလင် ကမ္ဘာတစ်ခုလုံးရဲ့ အောင်ပွဲ လည်းဖြစ်တယ် ဟု သူ၏ သောကြာခွသ်ဗာ တွင် ဟောကြား ခဲ့သည်။ အမေရိကန်သည် သူ၏ စူပါပါဝါကို အသုံးချကာ အားကားစာလောကတွင် အာရဘ်တို့အား ဖယ်ရှားပြီး  တစ်ဦးတည် လွှမ်းမိုးချယ်လှယ် လို ပုံရှိနေကြောင်း စီးပွားရေး၊ စစ်ရေး၊ နယ်ပယ်များတွင်သာမက အားကစားနယ်ပယ် အထိ ဘေးထုတ်ထား စေချင်နေကြောင်း ရှိုခ်က ဝေဖန်ပြစ်တင်သွားပါသည်။ Alarabiya

  • ဒူဘိုင်းရှိ ထောင်များ အတွင်း ကုရ်အာန် အာဂုံဆောင်နိုင်ပါက ပြစ်ဒဏ်မှ လျှော့ပေါ့ပေး

    ပြစ်မှုအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရသော အကျဉ်းသားများ အစ္စလာမ့်နှိုးကြားလာ၇န်ရည်ရွယ်ပြီး ကုရ်အာန် အာဂုံ ဆောင် သည့် ပမာဏအပေါ်မူတည်ပြီး ပြစ်ဒဏ်ပေါ့ပေးမည့် အစီစဉ်အား ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် စတင်နေပြီဟု moheet သတင်း တစ်ရပ် တွင်ဖေါ်ပြ ထားပါသည်။ ဒူဘိုင်းအကျဉ်းထောင်များရှိ အကျဉ်းသားပေါင်း၅၀၄၀ဦးအနက် ၁၄၄၇ဦးမှာ ကုရ် အာန် အာဂုံဆောင် နိုင်ကြသဖြင့် ပြစ်ဒဏ်မှ လျှော့ပေါ့ သက်သာခွင့်များရရှိခဲ့ကြသည်။ (more…)