News @ M-Media

Blog

  • ၂၀၂၂ ကာတာ ကမ္ဘာဖလားပြိုင်ပွဲက အစ္စလာမ်အား မိတ်ဆက် ပေးနိုင်မည် ဟုဆို

    ဆန့်ကျင်ကန့်ကွတ်မှုအများကြား နှာတစ်ဖျားသာ သောစွမ်းဆောင်ချက်များကြောင့် ကမ္ဘာ့ဘောလုံအဖွဲ့ချုပ် (ဖီဖာ)မှ ၂၀၂၂ခုနှစ်အတွက် ကာတာနိုင်ငံအား ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်လိုက်ပါပြီ။ အရှေ့အလယ်ပိုင်းက ချမ်းသာ သောမွတ်စလင် နိုင်ငံ ကာတာတွင် ကျင်းပမည့် ကမ္ဘာဖလား ပြိုင်ပွဲက  နေ ကမ္ဘာတစ်ဝှမ်းသို့ နူးညံသိမ်မွေ့ သည့် အစ္စ လာမ့် သင်ကြားချက်များ နှင်အာရဘ်တို့၏ အစဉ်လာများကို မိတ်ဆက်ပေးနိုင်မည့် အခွင့်အရေးအဖြစ် လေ့လာသူများက သုံးသပ်နေကြသည်။ အွန်လိုင်း စစ်တမ်းတစ်ရပ်ကောက်ခံမှုအရ ကာတာကမ္ဘာဖလားပြိုင်ပွဲသည် အာရဘ်နှင့် အစ္စလာမ်ယဉ်ကျေးမှုကို မြင့်တင့်နိုင်မည်ဟု ၈၀%က ယုံကြည်ကြောင်း သဘောထားပေးခဲ့ကြသည်။ မီဒီယာများ၏ အပျက်သဘောဆန်ဆန် ဖြင့် အစ္စလာမ်အား တင်ပြနေသည့်အပေါ် အထိုက်အလျောက် ခြေဖျက်နိုင် လိမ်မည်ဟု ပညာရှင်များစွာက ယုံကြည်နေကြသည်။

    အထင်ကရအာလင်မ်တစ်ပါးဖြစ်သူ ရှိုခ်ယူစွဖ်ကရ်ဒွါဝီက အိမ်ရှင်အဖြစ် ကာတာကိုရွေးချယ်မယ်ဆို ဘယ်လိုမှားယွင်းကြောင်း သမ္မတအိုဘားမား ရဲ့ ထုတ်ပြန်ချက်ကို အရှိုက်ထိစေခဲ့ပါတယ် ဒါဟာ ကာတာ တင်မက မွတ်စလင် ကမ္ဘာတစ်ခုလုံးရဲ့ အောင်ပွဲ လည်းဖြစ်တယ် ဟု သူ၏ သောကြာခွသ်ဗာ တွင် ဟောကြား ခဲ့သည်။ အမေရိကန်သည် သူ၏ စူပါပါဝါကို အသုံးချကာ အားကားစာလောကတွင် အာရဘ်တို့အား ဖယ်ရှားပြီး  တစ်ဦးတည် လွှမ်းမိုးချယ်လှယ် လို ပုံရှိနေကြောင်း စီးပွားရေး၊ စစ်ရေး၊ နယ်ပယ်များတွင်သာမက အားကစားနယ်ပယ် အထိ ဘေးထုတ်ထား စေချင်နေကြောင်း ရှိုခ်က ဝေဖန်ပြစ်တင်သွားပါသည်။ Alarabiya

  • ဒူဘိုင်းရှိ ထောင်များ အတွင်း ကုရ်အာန် အာဂုံဆောင်နိုင်ပါက ပြစ်ဒဏ်မှ လျှော့ပေါ့ပေး

    ပြစ်မှုအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရသော အကျဉ်းသားများ အစ္စလာမ့်နှိုးကြားလာ၇န်ရည်ရွယ်ပြီး ကုရ်အာန် အာဂုံ ဆောင် သည့် ပမာဏအပေါ်မူတည်ပြီး ပြစ်ဒဏ်ပေါ့ပေးမည့် အစီစဉ်အား ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် စတင်နေပြီဟု moheet သတင်း တစ်ရပ် တွင်ဖေါ်ပြ ထားပါသည်။ ဒူဘိုင်းအကျဉ်းထောင်များရှိ အကျဉ်းသားပေါင်း၅၀၄၀ဦးအနက် ၁၄၄၇ဦးမှာ ကုရ် အာန် အာဂုံဆောင် နိုင်ကြသဖြင့် ပြစ်ဒဏ်မှ လျှော့ပေါ့ သက်သာခွင့်များရရှိခဲ့ကြသည်။ (more…)

  • လမ်းပေါ်ရောက် ကလေးများအား ဘ၀မြင့်တင့်ရေး အစီအစဉ် အင်ဒိုနီးရှား တွင်စတင်

    ကံအကြောင်း မလှဖြစ်နေရသော လမ်းပေါ်ရောက် ကလေးငယ်များအား Pensantren ဟုခေါ်ဆိုသောအစ္စလာမ် ဘာသာရေးစာသင် ကျောင်းများ သို့ ပို့လွှတ်  ရေးအစီစဉ်ကို ကမ္ဘာမွတ်စလင် အများဆုံးနေထိုင်ရာ အင်ဒိုနီးရှားတွင် အစိုးရအစီစဉ်ဖြင့် အကောင်အထည်ဖေါ် နေပြီဖြစ်ကြောင်း onislam သတင်း တစ်ရပ်တွင်ဖေါ်ပြထားပါသည်။ Pesantren တွေမှာတက်ရောက်ဖို့ ပထမဆုံးအနေနဲ့ အဆင့်မှီသူတွေကို ရွေးချယ်နေတာပါ.. ဂျာကတာမြို့ကနေ ကျောင်းသားပေါင်း ၅၀၀၀ကျော်ကို ရှာဖွေစုဆောင်နေပါတယ်  ဟု လူမှုရေးဝန်ကြီးဌာန ပြောခွင့်ရသူ Sapto Waluya ပြောပါသည်။ အင်ဒိုနီးရှားအစိုးရအနေဖြင့် လူမှုကူညီရေးအဖွဲ့အစည်း(NGO )များ၊ စီပွားရေးလုပ်ငန်းရှင်များ အား အဆိုပါ စီမံချက် အောင်မြင်ရေး အတွက် ဖိတ်ခေါ်ထားကြောင်း ၊ အခြေနေမဲ့ကလေး ငယ်ပေါင်းနှစ်သိန်း ကျော်အနက် ၁၂၀၀၀ သည် ဂျာကာတာမြိုတစ်ခုမှာတင် ရှိနေကြောင်း ၊ ၄င်းကပြောပါသည်။ အဆိုပါစီမံချက်အား လူမှုရေး၊ ဘာသာရေး၊ ပညာရေးနှင့် အမျိုးသမီးနှင့် ကလေးငယ် အရည်သွေးမြင့်တင်ရေး ၀န်ကြီးဌာန များက ပူးတွဲဆောင်ရွက်ခြင်းဖြစ်သည်။ လမ်းပေါ်ရောက် ကလေးငယ်တွေ  ဘာသာရေးစာသင်ကျောင်း တွေဆီ ပို့ဆောင်ရေး စီမံ ချက် မှာ နိုင်ငံတော်ဘက်ဂျက်ကနေ ဒေါ်လာ ၅၀၀၀၀၀ ကို သုံးစွဲဖို့ လျာထားပါတယ် ဟု ၄င်းကရှင်းပြ ပြောဆို ပါသည်။ လေ့လာမှုများအရ လမ်းပေါ် ရောက်နေ သောကလေး များသည် တစ်နေ့လျှင် ၅နာရီ ခန့် ကြာ တောင်းရမ်း ၊ခိုးဝှက်ခြင်း၊ ဈေးရောင်းခြင်း အမှိုက်ကောက်ခြင်း များဖြင့် သက်၇ှင် နေထိုင်ကြသည်။ လမ်းပေါ် ရောက်ကလေးငယ်များ အနက် သင့် တော် သူများကို ရွေးချယ်ပြီး ဘာသာရေး ကျောင်းများသို့ ပို့လွတ်မည်ဖြစ်ကာ အခြား သင့်တော်သူများအား လက်မှုပညာ သင်ကြားပေး မည်ဖြစ် ကြောင်း သူတို့၏ ထွက်ကုန်များကို လည်း ပြည်တွင်းကုန်တိုက်များ တွင်ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း  Sapto Waluya က ပြောပါ သည်။ ထို့ပြင် လမ်ပေါ်ရောက်ခဲ့သော ကလေးငယ် များအတွက် အထူးစီမံရေးဆွဲထားသော သင်ရိုး ဖြင့် နဒ၀ါသွလ်အိုလမာအဖွဲ့က သင်ကြားပေး၇န် ကလေး ၁၅၀၀ဦးကို ရွေးချယ်ထားသည် ဟု သိရသည်။ ထောင်ချီသောကလေးများ အား ဆင်းရဲ ဒုက္ခ တွင်းထဲကကယ်ထုတ်ရေးမှာ မလွယ်ကူသော လုပ်ငန်ဖြစ်သော်လည်း လာမည့် ၂၀၁၄ တွင် လမ်းပေါ်တွင် ကလေးများ လုံးဝပပျောက်အောင် ရည်မှန်းထားကြောင်း အမျိုးသမီးနှင့် ကလေးငယ် ကာကွယ် စောင့်ေ၇ှာက်ရေး ၀န်ကြီး Linda Amalia က ဆိုပါသည်။  Pesantren Bina Insan Mandiri  အစ္စလာမ် ဘာသာ ရေး ကျောင်း ၏ အုပ်ချုပ်သူ Nur Rohim Siswanto က  ဒီကျောင်းမှာတော့  မူလတန်းကနေ အထက် တန်း ပညာေ၇း အထိပို့ချပေး နေပါ တယ် သူတို့ လေးတွေထဲက အများစုက အိမ်ထောင်ပြို ကွဲ တဲ့ အဖြစ်  ၊ တရားမ၀င် လက်ထက်တဲ့အဖြစ် တွေရဲ့ မြေစာပင် လို့ ဆို ရပါမယ် ၊ သူတို့ တွေ ကိုမိဘကိုယ်စား ဂရုစိုက် အလေးထားနိုင် ရပါမယ် ဟု သုံးသပ်ပြောကြားပါသည်။ မိဘမဲ့ ကလေးငယ် တွေရဲ့ ပြဿနာအရင်းခံကို ပထမ ဆုံး ရှာဖွေသုံးသပ်ပြီးမှ ပညာရေးကို စဉ်စားရမယ် ဟု ၄င်း က အကြံပေးခဲ့ပါသည်။ Siswanto ၏ အစ္စလာမ်မစ်ဖောင်ဒေရှင်းသည် ဇကားသ် အဖွဲ့အ စည်း များ ၊အန်ဂျီအိုများ၊နှင့် သီးခြားလှူဒါန်မှုများဖြင့် ရပ်တည်နေသည်။ onislam

  • ၀ီကီလီက် ထူတောင်သူ ဂျုလီယန် အက်ဆီန် အဖမ်းခံလိုက်ရပြီ.

    သမိုင်းတွင် ခဲ့သော ကမ္ဘာ သံတမန်ရေးရာ သတင်းများအားနှိုက် နှိုက်ချွတ်ချွတ် ဖေါ်ပြနိုင်ခဲ့သည့် ၀ီကီလီက် အင်တာနက် ၀ဘ်ဆိုက်ထူထောင်သူ ဂျုလီယန် အက်ဆီန် အား လန်ဒန်မြို့၌ ဒီဇင်ဘာ ၇ရက်နေတွင် ဆွီဒင် တရားရုံး၏ ဖမ်း၀၇မ်းအမိန့်ဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း onislam သတင်းတစ်ရပ် တွင်ဖေါ်ပြ ထား သည်။ သူကို ဆွီဒင်တရားရုံးတစ်ခုကနေ လိင်မှုခင်းနှစ်မှု ၊ မုဒိန်းမှု တစ်မှု နဲ့ စွပ် စွဲ ထား ပါတယ် ပြစ်မှုအားလုံးကို ဒီနှစ်သြဂုတ်လထဲမှာပဲ သူ ကျူးလွန်ခဲ့တာပါ လန်ဒန် ရဲ တပ်ဖွဲ့ က ရိုက်တာ သတင်းသို့ပြောကြားသည်။ စကောတလန်  ယဒ်အဖွဲ့ က သူကို ဂရင်းနစ်စံတော်ချိန် ၀၉၃၀ တွင်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။ ဂျူလီယန်အက်ဆီန် ကတော့ သူအပေါ်စွပ်စွဲချက် များအားလုံး ကိုငြင်းဆို ထားပြီး ယင်းစွပ်စွဲချက်များသည် ကမ္ဘာအ လယ် တွင် အမေ၇ိကန်အား မျက်နှာပျက် စေမှုများကြောင့် အ ကွက် ဆင်ခြင်းဖြစ်သည် ဟု သူက ဆိုသည်။ သူ့ကိုဖမ်းဆီးရတဲ့ အကြောင်းအရင်းကို လန်ဒန်ရဲ တပ် ဖွဲကို မေးဖို့စောင့်ဆိုင်းနေပါတယ် သူ၏ရှေ့ နေဖြစ်  သူ ကပြောပါသည်။ ဒီဖြစ်ရပ် တွေ ကြောင့် သူ့ တစ် စုံတစ်ခု တုန့်ပြန်ခံရပါက လည်း အရေးကြီး တဲ့လျှို့ ၀ှက်  မှုတွေက အများပြည်သူရှေ့မှောက်ကို အော်တိုမစ် တစ် ဆက်လက် ထွက်ပေါ်လာမှာပါ ဟု သူအဖမ်းမခံသေးခင် ပြုလုပ်သော ဂါဒီယန်း သတင်းစာ၏ အမေးအဖြေ ကဏ္ဍတွင် သူက ဖြေ ကြား ခဲ့သည်။ onislam

  • သာသနာ့အကျိုး သယ်ပိုးမယ် လို့ ဆိုလာလေသူ ကမ္ဘာ္ဘ့ကျော် ဗိသုကာ ပညာရှင် ဇဟားဟဒီးဒ်

    ဥရောပ၏ တစ်ခုတည်းသော တရားဝင် မတ်စ်ဂ်ျဒ်မရှိသေးသော ဂရိနိုငံ အေသင်မြို့တွင် ပထမ ဆုံးဖြစ် လာမည့် မတ်စ်ဂျိဒ် တည်ဆောက်ရေး တွင် မွတ်စလင် အမျိုးသမီး ဗဟားဟဒီဒ်က သူ၏ ဗိသုကာပ ညာကို အသုံးချကာ ယင်း ဗလီအား အခကြေး ငွေမယူ ပဲဒီဇိုင်း ရေးဆွဲပေး မည်ဖြစ် ကြောင်း ပြောဆိုလိုက်ပါ သည်။ ဂရိ အာဏာ ပိုင်များကမတ်စ်ဂျိဒ်တည်ဆောက်ရန် ကတိက ၀တ်ပေးခဲ့သည်မှာ ကာလ ကြာမြင့် နေ သော်လည်း ယနေ့တိုင် အေသင်မြို့ရှိ မွတ်စလင် များမှာ စနစ်တကျမရှိသော နေရာ ထိုင် ခင်း များတွင် သာ ဆွလာသ် ၀တ်ပြုနေ ကြရသည်။ အေသင်မြို့ တွင် ၁၈ရာစုတွင် တည် ဆောက် ထား ခဲ့ သော် မတ်ဝ်ဂျိဒ်တစ်လုံးရှိခဲ့ဖူးသော်လည်း အကြောင်း အ မျိုး မျိုးကြောင့် ယခုအခါ ပြတိုက် အဖြစ်ပြောင်းလဲခဲ့ရသည်။   ခေတ်သစ် ဗိသုကာ ရှေ့ဆောင် အဖြစ် ကမ္ဘာကျော် သူ ဇာ ဟား ဟဒီးဒ် သည်အီရတ် မွတ်စလင် တစ်ဦးဖြစ်ပြီး တိုင်းမ်မဂဇင်း၏ သြဇာကြီးမားသူများ စာရင်း ၀င် အမျိုးသမီး တစ်ဦးလည်း ဖြစ်သည်။  montrealgazette

    မွတ်စလင်တိုင်း မိမိတက်မြောက်ထားသော ပညာဖြင့် သာသနာ့အကျိုးသယ်ပိုးပေးနိုင်ပါစေ