News @ M-Media

Blog

  • MMSY Talent 2011 ပြိုင်ပွဲ မန်ဘာမဟုတ်သူများပါဝင်နိုင်

    ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့ တွင် ကျရောက်မည့် MMSY ၄ နှစ်ပြည့်အ ထိမ်းအမှတ် အနေဖြင့်ကျင်းပသည့် MMSY Talent 2011 တွင် MMSY မန်ဘာမဟုတ်သူများလည်း ပါဝင်နိုင်သည်။

    MMSY Talent  ပြိုင်ပွဲကို လူငယ်များ၏ ကိုယ်ပိုင်အရည်အသွေးများ ဖော်ထုတ်မြှင့်တင်နိုင်ရန်၊ ၀ါသနာတူချင်း သိကျွမ်း မိတ်ဆွေဖွဲ့ နိုင်ရန်နှင့် မိမိဝါသနာပါရာ ဖန်တီးထားရာများကို လူငယ်များကြား မျှဝေကြော်ညာ နိုင်ရန် ရည်ရွယ်သည်။

    ကျင်းပမည့် ပုံစံမှာ စာပေ၊ ဂီတ အနုပညာ၊ အားကစား၊ လူမှုထူးချွန်မှု စ သည့် ဘက်ပေါင်းစုံမှ ၀င်ရောက်ယှဉ်ပြိုင်လို သည့် ကျွမ်းကျင်ရာ၊ ၀ါသနာပါရာ၊ မိမိကိုယ်ပိုင်များအနက် နောက်ဆုံးတခုကို မန်ဘာများ၏ မဲ အဆင့်အဆင့်ဖြင့် ရွေးချယ် မည်ဖြစ်သည်။ လက်ရှိရံပုံငွေအရ နောက်ဆုံး ရွေးချယ်ခံရသူကို မြန်မာငွေကျပ်တစ်သိန်း ဆုချီးမြှင့်ပြီး ဒုတိယနှင့် တတိယ ရသူများကိုလည်း အသိအမှတ်ပြု လက်ဆောင်များပေးအပ်မည်။

    မန်ဘာမဟုတ်ပဲ MMSY Talent 2011 တွင် ပါဝင်ယှဉ်ပြိုင်လိုပါက mmsy.talent@gmail.com သို့  ဆက်သွယ်ပြီး အသေးစိပ်ကို မေးမြန်းနိုင်ပါသည်။ မန်ဘာဝင်များ အတွက် အသေးစိပ်ကို အောက်ပါလင်ခ့်တွင်ဖတ်ရှုနိုင်သည် [အသေးစိပ်ဖတ်ရန်]။

    MMSY Talent 2011 သည် ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်ကျင်းပသည့် MMSY Talent 2010 တွင် ဘိုလတ် (တောင်ကြီး) နှင့် မျိုးဟန်တို့  တွဲဖက် အနိုင်ရရှိသွားသည်။

  • ကွယ်ပျောက်သွားမည့် အရေး နှင့်ရင်ဆိုင်နေရသော အာရှ အထင်ကရ နေရာများ

    ဂူဂျာရသ်ပြည်နယ် (အိန္ဒိယ)

    သမိုင်း ၀င် ပုဂ္ဂိုလ်ကြီး မဟတ္တမဂန္ဒီ၏ မွေးရပ်မြေ ဖြစ်သော အိန္ဒိယနိုင်ငံရှိ ဂူဂျာရသ်ပြည်နယ်မှာ ၀ါနှင့်ဆားအထွက် ဆုံးပြည်နယ်ကြီးဖြစ် သည်။ ယင်းပြည် နယ်ကြီး

    သည် ယခုအခါတွင် ကမ္ဘာကြီး ပူနွေးလာမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အပြင်းအထန် ရင်ဆိုင်နေရပါသည်။၂၀၀၅-၂၀၀၆တ၏ အတွင်း မိုးသည်းထန်မှု

    လေမုန်တိုင်း တိုက်ခတ်မှု များကြောင့် ရေလွမ်းမိုများနှင့် အကြီးအကျယ်ကြုံတွေ့ခဲ့ရပြီး ပြည်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရသည်။ အိန္ဒိယနိုင်ငံ၏ အနောက်

    ဘက်ဆုံးတွင်ရှိသော ယင်းပြည်နယ်မှာ ရာသီဥတုပြောင်းလဲမှု များကြောင့် ပြည်နယ်၏ အဓိက အသက်သွေးကြောဖြစ်သည့် ၀ါနှင့်ဆား လုပ်ငန်းများ သည်မကြာခင်

    ပျောက်ကွယ် သွားနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

    မော်လ်ဒိုက်

    ကမ္ဘာလှည်ခရီးသွားများ အား အာရုံဖမ်းစား နေသော၊ စိမ်းပြာပြာ ရေပြင်၊ ဖြူလွလွ သဲသောင် များရှိသော ၊ ကျွန်းပေါင်း ၁၂၀၀ကျော်ပိုင် ဆိုင်ထားသည့်

    မော်လဒိုက်နိုင်ငံအား ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာနေမှုက ခြိမ်းခြောက် နေသည်။ ၀င်ရိုစွန်း ဒေသများရှိ ရေခဲပြင်များ အရည်ပျော် နေခြင်းကြောင့်

    ပင်လယ်ရေပြင် မျက်နှာပြင်ထက် တစ်မီတာ အမြင့်တွင် တည်ရှိနေသော ယင်းနိုင်ငံလေးမှာ  လာမည့် ဆယ်စုနှစ်များ အတွင်း ရေနှစ်မြုပ် ကွယ်ပျောက်

    သွားတော့မည် ဟု ဟောကိန်း ထုတ်ထားကြသည်။

    ဘန်ကောက်

    ကျောက်ဖယား မြစ်ဝကျွန်ပေါ် တွင်တည်ရှိသော ဘန်ကောက်မြို့ တော်မှာ ထိုင်းနိုင်ငံ  ၏ပညာရေး စီးပွားရေး၊ ယဉ်ကျေးမှု၊နှင့် နိုင်ငံရေး အချက်အခြာ

    အဖြစ်ရှိ နေပါသည်။ မုတ်သုံရာသီ ကာလများတွင် မြစ်ရေမြင့် တက်ခြင်းကြောင့် မြိုတော်၏ နေရာအတော်တော်များများသည် ရေလွှမ်းခံနေရသည်။ မြို့ တည်ရှိရာ

    မြေလွာသည် ပျော့ ပြောင်းခြင်း ၊မြေအောက်ရေ အလွန်အကျွံ သုံးစွဲခြင်း၊ မိုးမျှော်တိုက်များ အဆမတန် ဆောက်လုပ်ခြင်းတို့ ၏ အကျိုးဆက်အဖြစ် ဘန်ကောက်မြို

့တော်သည် မြေအောက်သို့ တဖြည်ဖြည်းနိမ့်ဝင်လျက်ရှိ နေသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ ရာစုနှစ် ကုန်ပိုင်းတွင် ဘန်ကောက်မြို့ သည် ပင်လယ်အောက်

    ကျွံဝင်သွားလိမ့် မည်ဟု တွက်ဆထားကြသည်။

    Cherrapunji (အိန္ဒိယ)

    ပင်လယ်ရေ မျက်နှာ ပြင်အထက် ၁၂၉၀မီတာ တွင်တည်ရှိသော အိန္ဒိယနိုင်ငံ၏  Cherrapunjiဒေသမှာ ကမ္ဘာမိုးရေချိန်အများ ဆုံးရွားသွန်းရာဒေသ ဖြစ်ပါသည်။

    နှစ်စဉ် မတ်လမှ အော်ကတိုဘာလအထိ မိုးများရွားသွန်း သော်လည်း ကျန်လများတွင်ပူပြင်ခြောက်သွေ့ လျက်ရှိနေသည်။ ယင်းဒေသရှိ မြေဆီလွာများသည်

    မိုးရေများကို စုပ်ယူထိန်းသိမ်းနိုင်မှုမရှိခြင်း ရာသီဥတု ဆိုးဝါးပြင်ထန်ခြင်း၊ ပတ်ဝန်ကျင် ညစ်ညမ်းလာခြင်း သစ်တောပြုန်းတီးခြင်း၊ များကြောင့်ဒေသခံပြည်များ မှာ

    ရေရှားပါးပျက်လပ် မှုဒဏ်ကို ဆိုးဆိုး ၀ါးဝါးရင်ဆိုင်နေရသည်။ လာမည့် ဆယ်စုနှစ်များ၌ ၎င်းဒေသရှိ ပြည်သူများ အသက်ရှင် သန်ရပ်တည် နိုင် ရေးသည် မ

    လွယ်ကူနိုင် တော့ ကြောင်း သိပ္ပံ ပညာရှင်များက ခန့်မှန်းထားကြသည်။

    Komodo (အင်ဒိုနီးရှား)

    အင်ဒိုနီရှားရှိ Komodo ကျွန်းစုသည် ပြည့်ဝကြည် လင်သော ရေပြင်၊ စုံလင်လှသော အပုပိုင်းရေနေသတ္တ၀ါများ ကြောင့် နာမည်ကျော်နေပြီး အပျော်တမ်း ရေငုပ်

    အပန်းဖြေသူများ အတွက်နတ် ဘုံနတ်နန်းတမျှ ဖြစ်နေသည်။ ကျွန်းပေါ်တွင် ကမ္ဘာအကြီးဆုံး ဖွတ်သတ္တ၀ါများနေထိုင် ကျက်စားလျက်၇ှိသည်။ ယခုအခါတွင်

    ကမ္ဘာကြီးပူနွေးလာမှု၊ ပင်လယ်ရေ အပူချိန်ပြောင်းလဲမှု များကြောင့် ရေအောက် ရှိ သန္တကျောက်တန်း များမှာ ကွယ်ပျောက် ပျက်ဆီသွား မည့်အရေးနှင့်

    ရင်ဆိုင်နေရသည်။

    ဟော့ကိုင်းဒိုး(ဂျပန်)

    ဂျပန်နိုင်ငံ ဟောကိုင်းဒိုကျွန်း ရှိ ခုရှိရော ရွှံ့နွံ ဒေသ မှာ ရှားပါး ခေါင်းနီကြိုးကြာ များအပါဝင် ငှက်မျိုးစိတ်များ ကြောင့်နာမည် ကျော်ဒေသ ဖြစ်ပါ သည်။  ယခုအခါတွင်

    လူတို့  ၏ အမဲလိုက်ခြင်း ထူးကဲဒီရေတက်ခြင်း တို့ကြောင်း ယင်းဒေသ၏ ဒီရေတောများ၊ ငှက်သတ္တ၀ါ ခိုအောင်း ရာနေရာများ သည် တစ်နှစ်ထက်တစ်နှစ်

    ပျက်ဆီးပျောက်ကွယ် လျက်ရှိနေသည်။ ထို့အတူ ရှားပါးစာရင်ဝင် ကြိုးကြာခေါင်းနီများ သည်လည်း မျိုးသုန်းပျောက်ကွယ် မည့် အန္တရယ်နှင့်ရင်ဆိုင်နေရသည်။

    အိန္ဒူမြစ် ( ပါကစ္စတန်)

    ဟိမ၀န္တာရှိ ရေခဲဖုံးရာ တောင်တန်းများတွင် မြစ်ဖျားခံစီး ဆင်းလာသော အရှည် ၃၀၀၀ရှိ အိန္ဒူမြစ် သည် သစ်တောအုပ်များ၊ ကျေးရွားများစွာကိုဖြတ်သန်းကာ

    အိန္ဒိယသမုဒ္ဒရာ အတွင်း စီးဝင် ပါသည်။ ပါကစ္စတန်ရှိ ဆည်များ စွားအတွက် အဓိက ရေအရင်းအမြစ် ဖြစ်နေသော ယင်းမြစ်ကြီးသည် ဟိမ၀န္တာ တောင်တန်း

    များရှိရေခဲများ အရည်ပျော်ကုန်ခန်းလာ နေခြင်း ဒေသအတွင်း ပုံမှန် မိုးရွာသွန်းမှုမရှိခြင်း တို့ကြောင့် ခန်းခြောက်သွား မည့်အန္တရယ်နှင့် ရင်ဆိုင်နေရကာ အိန္ဒူမြစ်အား

    မှီခိုနေများသူများ မှာလည်း ရေရှားပါးမှုနှင့် ကြုံ တွေ့ရဖွယ်ရှိနေသည်။   linyone

  • အစ္စရေး နျူးကလီးယားအစီစဥိ အီရန် ဖေါ်ထုတ်ရန်ရှိ

    အမေရိကန်၏ကျောထောက်နောက်ခံပေးမှုရရှိထားသော အစ္စရေးနိုင်ငံ အား သူ၏ တရားမ၀င်ပိုင်ဆိုင်ထားသော့   လျှို့ဝှက်ထားသော နျူးကလီးယာအစီစဉ်ကို အီရန်နိုင်ငံမှ မကြာမှီ ကမ္ဘာထုတ်ပြတော့မည်ဟု အီရန် အမျိုးသားလုံခြုံရေးကောင်စီဝင် Saeed Jalili  မှ ပြောဆိုလိုက်ပါသည်။ အပြည်ပြည်ဆိုင်ရာ နျူးကလီး ယာမပြန်ပွား ရေးစာချုပ်အရ နျူးကလီးယာလက်နက်များကို ပိုင်ဆိုင်ခွင့်မပြုထားပေ။ သို့သော် အစ္စရေးတို့သည် ယင်းစာချုပ်လက်မှတ်ရေးထိုးခြင်းမရှိဘဲ အဖျက် စွမ်းပြင်းလက်နက်များပိုင်းဆိုင်ထားမှုအပေါ် မွတ်စလင်နိုင်ငံများ ၏ မေးခွန်းထုတ်ခြင်းကိုခံနေရသည်။ အီရန်နိုင်ငံက အနောက်အုပ်စုအနေဖြင့် ၄င်းမေးခွန်းများ ကို ဖြေကြားပေးရန် တောင်းဆိုနေသည်။  (more…)

  • လူဦးရေ သန်း တစ်ထောင်ခန့် အာဟာရ ချိုတဲ့နေ ဟု ဆို

    ကမ္ဘာ့လူဦးရေ သန်းပေါင်း ၁၀၀၀ ကျော် မှာ အစာရေစာ မလောက်ဝမှု  အာဟာရချို့တဲ့မှုများ နှင့် ရင်ဆိုင်နေရကြောင်း မကြာခင်က ထုတ်ပြန်ခဲ့သော အစီရင်ခံ စာအသစ်တွင်  ဖေါ်ပြထားပါသည်။ ၂၀၁၀ ခုနှစ်  ၏ ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်မှုပြ အညွန်းကိန်းအရ ကလေးငယ်များ တွင်အာဟာရချိုတဲ့မှုများ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေကြောင်း ၊ အထူးသဖြင့် အာဖရိက ဆာဟာရနိုင်ငံများ ၊တောင်အာရှဒေသများက စိုးရိမ်ရသည့် အခြေနေဖြစ် နေကြောင်း သိရ သည်။ အဆိုပါ ကိန်းညွန်း ကို နိုင်ငံတ ကာ အစားစာ လေ့လာမှု သိပ္ပံ၊ Welthungerhilfe ၊ Concern worldwide တို့ကပူးတွဲ ပြုစု တင်ပြခဲ့ခြင်းဖြစ်သည်။ (more…)

  • အသက် ၁၀၁နှစ် ပြည့်ချိန်မှ အမေရိကန် နိင်သံသားဖြစ်ခွင့်ရသည့် အမယ်အို

    အမေရိကားသို့ မျှော်လင်ချက်အမျိုးမျိုးဖြင့် ရွှေ့ပြောင်းဝင်ရောက်လာသူများထဲတွင် မက္ကဆီကို နိုင်ငံက အဘွား အို  Eulalia Garcia Maturey လည်းအပါဝင်ပါ၊  ရာစုနှစ် တစ်စုကြာမြင့်ပြီးနောက်မှတော့ အသက် ၁၀၁နှစ်ရှိ ယင်းအဘွားအိုမျှော်လင့်နေသော  အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်လာခဲ့ပါပြီ။ယင်းအမယ်အိုသည် လွန်ခဲသော ၁၉၀၉ ခု အောက်တိုဘာ ၁၂ရက်နေ့တွင် အမေရိကန်သို့ ၀င်ရောက်လာခဲ့ပြီးနောက် အသက် ၁၀၁နှစ်ပြည့် ချိန်တွင် အမေရိကန်နိုင်ငံသားအဖြစ် အသိမှတ်ပြုခံလိုက်ရသည်။ ‘ ကျန်းကျန်းမာမာ ရှိတဲ့ဒီအသက်အရွယ်မှာ အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရလို့ တကယ်ကို ၀မ်းသာတယ်ရှင့် ‘ ဟု အမယ်အိုက သူ၏ခံစားချက် ကိုဆိုပါသည်။ အမေရိကန် နိုင်ငံသားဖြစ်လာသော အမယ်အို က လာမည့်နိုဝင်ဘာ၂ရက်နေ့တွင်ကျင်းပမည့် နှစ်လည် ရွေး ကောက် ပွဲမှာ အတော်ဆုံး လွတ်တော်အမတ်အတွက် မဲပေးမည်ဖြစ်ကြောင်း ၊ ပြောကြားခဲ့သည်။

      မက္ကဆီကို မြို့တော် မွန်တယ်ရေး တွင်မွေးဖွားခြဲ့ပီး မက္ကဆီနယ်စပ်မှာ အမေ၇ိကန်သို့ လွယ်လွယ်ကူကူ ၀င်ရောက် နိုင်ခဲ့စဉ် ကာလတွင်း  တက္ကဆက်ပြည်နယ်သို့ သူမအသက် ခြောက်လသားအရွယ်တွင် မိခင်ဖြစ်သူနှင့်အတူ ရောက် ရှိလာခဲ့သည်။ ‘ ဘ၀ကို အရှုံးမပေးတက်တဲ့ အမေအိုအသက်အရွယ်ကို အရင်က မမြင်ဖူးခဲ့ပါဘူး ၊ ဒီကမေးတဲ့ မေးခွန်းတွေကို လည်း ကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်လို့ နိုင်ငံသားအဖြစ် လက်ခံလိုက်တာပါ’  ဟုအမေရိကန် လူဝင်မှုကြီးကြပ်ရေး ကဆိုပါသည်။ BBC