မြောက်ကိုးရီးယားနိုင်ငံတွင် စစ်တပ်ချီလှည့်အခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့ က ကျင်းပခဲ့ပါသည်။ ဒီအခမ်းအနားကို ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွင့်ခဲ့ပြီး မြောက်ကိုးရီး ယားစစ်တပ် အင်အားကြီးမားကြောင်း မြောက်ကိုးရီးယားပြည်သူများနှင့် ကမ္ဘာကိုပြသရန်ဖြစ် သည်။ ဤအခမ်းအနားသည် ကင်ဂျုံးအီ၏ အငယ်ဆုံးသား ကင်ဂျုံးအန် ကို ဖခင်၏ အရိုက်အ ရာဆက်ခံသွားမည့် ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခြင်းအထိမ်းအမှတ်ဖြစ်သည်။ (ကိုးကား – Al Jazeera, Oct 10, 2010)
တရုတ် သိပ္ဗံပညာရှင်များ Bigfoot — ဒေသခံအခေါ် ရီရန် (Yeren) — ခေါ် ထူးဆန်းလူသားကို လိုက်ရှာရန် နိုင်ငံတကာ အကူအညီများ တောင်းဆိုလျက်ရှိသည်။ ၂ မီတာကျော် မြင့်ပြီး ကိုယ်ပေါ်တွင် အမွေးအမြင် အနီ အနက် ခဲရောင်ရှိ လူတပိုင်း သတ္တ၀ါတပိုင်း ထူးဆန်းလူသား အား တရုတ်ပြည်အလယ်ပိုင်း ဟူဗိုင်းပြည်နယ်တွင် မြင်ဖူးကြောင်း လူ ၄၀၀ ကျော်က ပြောကြသည်။ ဤကိစ္စကို မည်သူမျှသက်သေပြနိုင်ခြင်း မရှိသေးသည့်အတွက် ကူညီ သုတေသနပြုရန် ဖိတ်ခေါ်လျက်ရှိသည်။ (ကိုးကား Reuters, Oct 10, 2010)