မကြာခင် ပေါ်လာမည့်နည်းပညာ သစ်ကြောင့် မိုဘိုင်းဖုန်းများတွင် နှုတ်ဖြင့်စကားဆိုခြင်းကနေ လျှပ်စစ်ဓါတ်အားသွင်းနိုင်တော့ မည်ဟု သိပ္ပံပညာရှင် များက ဟောကိန်းထုတ် လိုက်ပါသည်။ ဇင့်အောက်ဆိုဒ် ပါဝင်သော နာနိုပျော်ရည်ဖြင့် ပြောဆိုသူ၏ အသံလှိုင်းကို လျှပ်စစ် အဖြစ် အသွင် ပြောင်းနိုင်သော ယင်းနည်းပညာ ကို ကိုးရီးယား ပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့ ခြင်းဖြစ်သည်။ ကမ္ဘာ့မြို့ကြီးများ၏ အမြန်လမ်းမများပေါ်ရှိ ဆူညံသံများကနေ လိုအပ်ချက်မြင့်မားလာနေ သော လျှပ်စစ်ဓါတ်အားကို အဆိုပါနည်း ပညာဖြင့်ထုတ်ယူနိုင်မည့် လမ်းစတစ်ရပ်လည်း ဖြစ်ကြောင်းလည်း ကိုးရီးယားသိပ္ပံ ပညာရှင်များဆိုပါသည်။ (more…)
Blog
-
ကုရ်အာန်မီးရှို့ပွဲ မလုပ်ခဲ့ရပေမယ့် … 9/11 နေ့ အိမ်ဖြူတော်ရှေ့မြင်ကွင်း …
9/11 နှစ်ပတ်လည်နေ့မှာ Florida မှာလုပ်ဖို့စီစဉ်ခဲ့တဲ့ ကုရ်အာန်မီးရှို့ပွဲကို အောင်မြင်အောင်မလုပ်နိုင်ခဲ့ပေမယ့်လည်း … အစွန်းရောက်တချို့ကတော့ Washington D.C မှာရှိတဲ့ White House ရှေ့မှာ အစ္စလာမ်ဆန့်ကျင်ရေး .. ကုရ်အာန်ဆန့်ကျင်ရေးနဲ့ အစ္စလာမ်ဘာသာတွေအတွက် လိုအပ်သလောက်ရပ်တည်ပေးနေတဲ့ သမ္မတ Obama ကိုဆန့်ကျင်တဲ့ပွဲလေးလုပ်ခဲ့ကြတယ် ..
တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ကျနော်လည်း White House ကိုမြင်ဖူးသည်ရှိအောင် သွားကြည့်ဖို့ရောက်သွားတော့ .. အဲဒီအဖွဲ့နဲ့ တွေ့ပြီး တော်တော်လေးဒေါသထွက်ခဲ့ရတယ် .. သတင်းထောက်တွေအများကြီးရှေ့မှာ အစ္စလာမ်ဆန့်ကျင်ရေးကို ရက်ရက်စက်စက် လွတ်လွတ်လပ်လပ်ပြောနေတာကို အစောင့်ရဲတွေကတော့ မသိချင်ယောင်ဆောင်နေတာတွေ့ခဲ့ရတယ် ..
ဓါတ်ပုံနည်းနည်းပါးပါးရိုက်ခဲ့တာကို မှတ်တမ်းအဖြစ်ရှိနေအောင် တင်ပြပေးလိုက်ပါတယ် ..
-
ဒေါ်နီနီအေး (ပထမဆုံး ရေခဲတောင်တက် အမျိုးသမီးအဖွဲ့ခေါင်းဆောင်)
မြန်မာနိုင်ငံ၏ ခြေလျင်နှင့် တောင်တက်အားကစားသမိုင်းတစ်လျှောက်တွင် ပထမဆုံး ရေခဲတောင်တက်အမျိုးသမီးအဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဆရာမဒေါ်နီနီအေးသည် မြန်မာနိုင်ငံအနောက်မြောက်ဘက်စွန်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အိန္ဒိယနိုင်ငံနယ်စပ်အနီးရှိ ပင်လယ်ရေ မျက်နှာပြင်အထက်ပေပေါင်း ၁၁၈၆၉ ပေမြင့်သော ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်သို့ ၂၀ဝ၈ ခုနှစ် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။ သတ်မှတ်ရက်ထက် ၅ ရက်စော၍ တက်ရောက်ကာ စံချိန်ချိုးခဲ့သည်။
ဖုန်ကန်ရာဇီတောင်သည် အမြဲတမ်း ရေခဲများဖုံးလွှမ်းနေသော တောင်ဖြစ်သည်။ အပူချိန် သုညဒီဂရီဆဲလ်စီးရပ်စ်အောက် အမြဲရှိနေသဖြင့် ရာသီဥတုဒဏ်ကို ပြင်းထန်စွာ ခံခဲ့ကြရသည်။ ဒေသခံလမ်းပြမပါဘဲ ယခင်လိုက်ဖူးသူ တောင်တက်အဖွဲ့ဝင်၏ အကူအညီဖြင့် တက်ရောက်ခဲ့ကြသည်။ တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးမှ လက်ရွေးစင်တောင်တက်အဖွဲ့ဝင် အမျိုးသား၊ ၂၅ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၃၄ ဦးကို ဦးဆောင်လမ်းပြပြီး တက်ခဲ့သည်။ ယခင်က မြေတိုင်းဦးစီးဌာန၏ တိုင်းတာခဲ့မှုအရ (more…)
-
ဘလ်ဂျီယံ လိင်အရှုပ်တော်ပုံကြောင့် ပုပ်ရဟန်းမင်းကြီးခံစားနေရ
၁၉၅၀ မှ ၁၉၈၀ ကျော်ခုနှစ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့သည့် ဘလ်ဂျီယံလိင်အရှုပ်တော်ပုံတွင် ခရစ်ယံဘုန်းကြီးများပါဝင်နေမှုကြောင့် ဗာတီကန်ပုပ်ရဟန်းမင်းကြီးဖြစ်သည့် ဘနဒစ်အနေဖြင့် အလွန်အမင်းစိတ်ခံစားမှုရနေကြောင်း ဗာတီကန်ရှိပြောရေးဆိုခွင့်ရှိသူတစ်ဦးက စီအင်အင်သို့ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ဖာသာဖဲဒဲရီကို လန်ဘော်ဒီက ဤသတင်းကို တရားဝင်ဖော်ပြလိုက်ခြင်းက မိမိတို့အပါအ၀င် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရသူများကို ခံစားစေရကြောင်းပြောသွားခဲ့သည်။ ထိုသို့သော ကြေညာမှုကို ဘလ်ဂျီယံရှိ ခရစ်ယာန်ကျောင်းများ၌ ခေါင်းဆောင်များက ကလေးများကိုလိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခဲ့သော ဖာသာများအနေဖြင့် မိမိတို့၏အထက်တွင်ရှိသည့် ဖာသာများထံဖွင့်ဟသင့်ကြောင်း ပြောဆိုပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည။် (more…)
-
ပြင်သစ်ဆီးနိတ်တွင် ဘူရ်ကာခြုံလွှာပိတ်ပင်ရေးကိစ္စ မဲခွဲဆုံးဖြတ်မည်။
ပဲရစ်၊ ပြင်သစ်နိုင်ငံ — စက်တင်ဘာ ၂၁တွင် ပြင်သစ်ဆီးနိတ်လွှတ်တော်၌ ဘူရ်ကာခြုံလွှာပိတ်ပင်ရေးကိစ္စ မဲခွဲရန် မျှော်မှန်းထားကြောင်း စီအင်အင်သတင်းတစ်ရပ်က ဖော်ပြသည်။ ထိုပိတ်ပင်ရေးတွင် မျက်နှာကိုဖုန်းထားခြင်းမျိုးသာ
မက ခန္ဓာကိုယ်တစ်ခုလုံးအားဖုန်းထားခြင်းမျိုးများကိုပါ အကြုံးဝင်စေမည်ဖြစ်သည်။ ထိုသို့ဖုန်းအုပ်ထားခြင်းကို အချို့သောမွတ်စလင်အမျိုးသမီးများက ပြုလုပ်ဆောင်ရွက်ကြခြင်းဖြစ်သည်။ထိုပိတ်ပင်ရေးကိစ္စကို လွန်ခဲ့သည့်ဂျူလိုင်လက ပြင်သစ်အောက်လွှတ်တော်ပါလီမန်တွင် အတည်ပြုထားပြီးလည်းဖြစ်သည်။ “Pew Global Attitudes Project” ဟုအမည်ပေးထားသော ယခုနှစ်နွေဦးကာလတွင်ကောက်ခံခဲ့သည့် စစ်တမ်းတစ်ရပ်တွင်မူ ပြင်သစ်ရှိ လူလေးဦးတွင် တစ်ဦးထက်မနည်းသောအရေအတွက် (more…)