အာရဘ်နိုင်ငံများတင်သွင်းသော ဥပဒေမူကြမ်း ဖြစ်သည့် အစ္စရေးနိုင်ငံအား နိုင်ငံတကာ နျူကလီးယားလက်နက်မပြန်ပွားရေးစာချုပ် (NPT) တွင် ပါဝင် လက်မှတ်ထိုးရန်တောင်ဆိုချက်ကို နိုင်ငံတကာ အနူမြူ စွမ်းအင် အေဂျင် စီ ညီလာခံတွင် ထောက်ခံမဲ ၄၆မဲ၊ကန့်ကွက်မဲ ၅၁မဲ၊ကြားနေမဲ ၂၃မဲဖြင့် ပယ်ချလိုက်ပါသည်။ အာရဘ်နိုင်ငံများဦးဆောင်တင်သွင်းသော အဆိုပါ ဥပဒေကြမ်းက အနာဂတ် အရှေ့အလယ်ပိုင်း လုံခြုံရေး ဆိုင်ရာတွင်အစ္စရေးနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုကို အခက်တွေ့ စေနိုင်ကြောင်း ညီလာခံတွင်ခြိမ်းခြောက် ခဲ့သည်။ ဒါကို အတည်ပြုမယ်ဆိုရင် အရှေ့ အလယ်ပိုင်း တည်ငြိမ်ရေးကို ပြန်သုံးသပ် ရပါမယ် ” ဟု အစ္စရေး ကိုယ်စားလှယ် က မဲမခွဲခင် သတိပေးပြော ဆိုခဲ့ပါသည်။
Blog
-
အစ္စရေး နျူးကလီယား လက်နက်များ စစ်ဆေးနိုင် ရေး ဥပဒေ မူကြမ်း ပယ်ချခံရ
-
မအောင်မြင်ခဲ့သော ကုရ်အာန်မီးရှိုမည့် အစီစဉ်၏ နောက်ဆက်တွဲ
Youtube ဗွီဒီယို ၀က်ဆိုက်တွင် ကျမ်းမြတ်ကုရ်အာန် စာ နှစ် အုပ်အားမီးရှိုခဲ့ပုံ အား ၉-၁၁ နှစ်ပတ်လည်နေ့တွင် လွင့်တင် ခဲ့သော ဗြိတိန်လူငယ် ၆ဦး အမှုရင်ဆိုင်နေရကြောင်းသိရသည်။ ယင်းဗီဒိယိုပြကွက်တွင် လက်ကိုင်ပ၀ါလည်ပင်း တွင်ပတ်ဆင်ထားလူများက ကုရ်အာန်ကျမ်းစာကိုမီးရှိုကာ …ဒါက အာဖဂန်နစ္စတန် ကျဆုံးသွားတဲ့ ဗြိတိန်စစ်သားတွေ အတွက် ၊ ၉-၁၁မှာသေဆုံးသွား တဲ့သူတွေအတွက် ….ဟု သူတို့ ရည်ရွယ်ချက် ကို အော်ဟစ် ကြွေးကြော် ကြခဲ့သည်။ Youtube တွင်ယင်း ဗီဒိယို ထွက်ပေါ် လာပြီး ၆ရက် အကြာတွင် ၄င်းတို့အားဆက်တိုက် ဖမ်းဆီးရမိခဲ့ခြင်းဖြစသည်။ ရဲတပ်ဖွဲ၏ ပြောဆိုချက်အရ ၄င်းတို့ သည် ကုရ်အာန် ကျမ်းစာအား မီးရှို့ခဲ့သည်ဟု ၀န်ခံသော် လည်း Youtube တွင်ထုတ်လွင့်ခဲ့ခြင်းမရှိဟု ငြင်းဆိုထားကြောင်း မွတ်စလင် များနှင့် လူဖြူ အင်္ဂလိပ်များကို သာမန် စိတ် အနှောက်ယှက်ဖြစ် စေအောင် သာရည်ရွယ် ကြောင်းသည်ဟု သိရသည်။ ကုရ်အာန် မီးရှိုခဲ့ သူများကို စက်တင်ဘာ ၁၅ရက် နေ့တွင်နှစ်ဦးနှင့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ၄ဦးဖမ်းဆီး မိခဲ့ကြောင်း ယင်း လူငယ်များမှာ အင်္ဂလန်မြောက်ပိုင်း Gateshead တွင် အမှုရင်ဆိုင်ရမှာဖြစ်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇နှစ် ကျခံရမည်ဖြစ် ကြောင်း ရဲတပ်ဖွဲကဆိုပါသည်။ ကမ္ဘာ့ ကုန်သွယ်ရေး အဆောက် အုံအား လေယာဉ်ဖြင့် တိုက်ခိုက်ခံ လိုက်ရသော ၉-၁၁ နှစ်ပတ်လည်နေ့တွင် အမေရိကန် ဖလော်ရီဒါပြည်နယ်ရှိ ချာခ်ျဘုရားကျောင်း တစ်ခုမှ် ကုရ်အာန် မီးရှို့ပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့ သော်လည်း (more…)
-
သမိုင်း စာမျက်နှာ ပေါ်က ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်စဉ်
ယနေ့ကမ္ဘာ့ မီဒီယာ များတွင်ထိပ်တန်းသတင်းများအဖြစ် စိုးမိုးထားသော ပါ လက် စ တိုင်း၊ အစ္စရေးပဋိပက္ခ၏ သမိုင်းဆိုင်ရာအချက်အလက်များကို အကျဉ်းချုပ် တင်ပြ ပေး လိုက် ပါသည်။
၁၉၄၈ မတိုင်မှီ ပါလက်စတိုင်း ဒေသ အခြေအနေ (ပုံနှင့်ပူးတွဲလေ့လာရန်)
ဇီယွန်ဝါဒီများသည် ၁၈၉၇တွင် ဆွစ်ဇလန် နိုင်ငံတွင် အထူးအစည်း အဝေးတစ်ရပ် ပြုလုပ်ကာ ပါလက်စတိုင်းနယ်မြေကို သူတို့၏ပိုင်နက်မြေ အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ ကြသည်။ ပါလက်စတိုင်း နယ်မြေသည် နိုင်ငံမရှိသော လူ(ဂျူး)များအတွက် လူ မရှိသောနိုင်ငံဖြစ်သည် ဟု သူတို့က ဆိုကြသည်။ ထို အချိန်၌ ပါလက်စတိုင်း နယ်မြေတွင်ပါလက်စတိုင်း သား ၆၀၀၀၀၀ ကျော်ခန့် နှင့် ဂျူးလူမျိုး ၅၄၀၀၀တို့ အေးချမ်းစွာနေထိုင်ကြ သည်။ နယ်မြေ၏ ၉၉့  ၆ ရာခိုင်နှုန်း(အစိမ်းရောင်)ကို ပါလက် စတိုင်းသားများ ပိုင်ဆိုင်ခဲ့ကြသည်။ ထိုစဉ်က ပါလက်စတိုင်းသည် အော်တိုမန်(တူရကီ) အင်ပါယာ အတွင်းရှိခဲ့ သော်လည်း နောက်ပိုင်းတွင် ဗြိတိသျှများမှ ပါလက်စတိုင်းနယ်မြေကို သိမ်းပိုက် ခဲ့သည့် အချိန်မှစပြီး ပါလက်စတိုင်း နယ်မြေအတွင်း သို့ ဥရောပမှ ဂျူးအများအပြားကို စတင်ဝင် ရောက် နေထိုင်ခွင့် ပေးခဲ့သည်။ ထိုကြောင့် ၁၉၄၇ တွင် ဂျူးလူမျိုး ၆သိန်း ၊ ပါလက်စတိုင်း ၁့  ၃ သန်း တို့သည် ပါလက်စတိုင်းနယ်မြေတွင် နေထိုင် ခဲ့ကြသည်။ ထိုကာလများတွင် နယ်မြေ၏ ၉၄ ရာခိုင်နှုန်းကို ပါလက်စတိုင်းများ ပိုင်ဆိုင်နိုင်ခဲ့ သေးသည်။ ရောက်ရှိလာသော ဂျူးများသည် အနောက်တိုင်းအားကိုးဖြင့် ဒေသခံများပေါ် ဖိနှိပ်မှုများ ပြုလပ်လာခဲ့သည်။ ထို့ကြောင့် ပါလက်စတိုင်း နယ်မြေများတွင် ပါလက်စတိုင်း များနှင့် ဂျူးလူမျိုး၊ ဗြိတိသျှ တို့ အကြားတွင် တိုက်ခိုက်မှုများ ကြီးမား လာခဲ့သည်။ ၁၉၄၇တွင် ဗြိတိန်သည် ထိုဒေသမှ ၁၉၄၈ မေ(၁၅) တွင် ထွက်ခွာတော့မည်ဟု ကြေငြာသည်။
၁၉၄၈-၁၉၆၇ ပါလက်စတိုင်းဒေသအခြေအနေ (ပုံနှင့်ပူးတွဲလေ့လာရန်)
ဗြိတိသျှတို့ ပါလက်စတိုင်းမှ မထွက်ခွာခင် ၅လအလို တွင် ဇီယွန်ဝါဒီ တိုက်ခိုက်ရေး တပ်ဖွဲ့များဖြစ်သော ဟာဂနာ၊ အီရ်ဂန်တို့က ပါလက် စတိုင်း နယ်မြေ အနှံအပြားတွင် အကြမ်း ဖက်ခဲ့သည်။ ရလာဒ်အားဖြင့် ပါလက် စတိုင်း ရွာပေါင်း ၅၀၀ ကျော် ဖျက်ဆီးခံရကာ ပါလက်စတိုင်းသား ထောင်သောင်းချီကာ နေ အိမ်များမှ နှင်ထုတ်ခြင်းခံ ရရှာ သည်။ မောင်းထုတ်ခံ ခဲ့ရသော ပါလက်စတိုင်း ဒုက္ခသည်များမှာ အိမ်နီး ချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ရပြီး ယခုကာလတွင် ပါလက်စတိုင်းဒုက္ခသည် ဦးရေ ၆ သန်းခန့် ရှိနေ ပေပြီ။ ဇီယွန်ဝါဒီတို့သည် ပါလက်စတိုင်းနယ်မြေ၏ (၇၈)ရာခိုင်နှုန်းကို သိမ်းပိုက်ကာ အစ္စရေးနိုင်ငံ(အဖြူရောင်)ကို ၁၉၄၈ မေလ(၁၄)တွင် ထူထောင်လိုက်ပြီး နောက် တွင် အာရဗ်နိုင်ငံတို့သည် ပါလက်စတိုင်းတို့ ဘက်မှ ရပ်တည် ထောက်ခံ လာခဲ့သည်။ ပါလက် စတိုင်းတို့ဘက်မှ နယ်မြေ(အစိမ်းေ၇ာင်)၏ ၂၂ရာခိုင်နှုန်းရှိသော ဂါဇာဒေသကို အီဂျစ်မှ၊ အရှေ့ဂျေရုစလင်နှင့် အနောက်ဘက်ကမ်းဒေသကို ဂျော်ဒန်တို့မှ ထိန်း ချုပ်လိုက်ရာမှ ကမ္ဘာတွင် နာမည်ကျော် (၆) ရက်ကြာစစ်ပွဲ သည်(၁၉၆၇)ခုနှစ်တွင် ဖြစ်ပွား ခဲ့သည်။ ၄င်း စစ်ပွဲတွင် အမေရိကန်၊ဗြိတိသျှတို့ ပုံပိုးကူညီ ပေးမှုများကြောင့် အစ္စရေးက ဂါဇာကမ်း မြှောင်၊အနောက်ဘက်ကမ်း၊ နှင့် အရှေ့ ဂျေရုဆလင် တို့ကို သိမ်းပိုက်ခဲ့ သည်။ အစ္စရေးတို့၏ ကျူးကျော် သိမ်းပိုက်ထားခဲ့မှု နှင့်ပတ်သက်ပြီး ကုလသမဂ္ဂမှ ဆုံးဖြတ်ချက် အမှတ်-၂၄၂ကို ၁၉၆၇ခုနှစ် နိုဝင်ဘာလ(၂၂)ထုတ်ပြန်ကာ သိမ်းပိုက်ခံထားရ သော ပါလက်စတိုင်းနယ်မြေများမှ အမြန်ဆုံး ရုပ်သိမ်းဆုတ်ခွာပေးရန် တောင်းဆိုခဲ့သည်။ သို့သော် အစ္စရေးတို့မှ မလိုက်နာသည့်အပြင် ထိုသိမ်းပိုက်ခံ ဒေသများတွင် ဂျူးလူမျိုးများကို အခြေချအိမ်ရာအများအပြား ဆောက်လုပ် နေထိုင်စေခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
၁၉၆၇ မှ ယနေ့ ကာလအထိ အခြေအနေ(ပုံနှင့်ပူးတွဲလေ့လာရန်)
ပါလက်စတိုင်း လွတ် မြောက်ရေးတပ်ဦး ((PLO) မှ ယာဆာအာရာဖသ် သည် အော့စလိုသဘောတူညီချက် ကို ၁၉၉၃ စက်တင်ဘာလ တွင် လက်မှတ်ရေးထိုးပြီး၊ ပါလက်စတိုင်းနယ်မြေ ၂၂% ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ သည်။ အရှေ့ ဂျေရုစလင် တစ်သိန်း၊ အနောက်ဘက်ကမ်းတွင် တစ်သိန်း ခန့်ရှိသော ဂျူးများက အိမ်ရာ ဆောက်လုပ် နေထိုင်ခဲ့ကြ သည်။ ၁၉၉၃မှ ယနေ့ချိန် အထိ ဂျူးအခြေချ နေထိုင်သူဦးရေ ပိုမိုမြင့်မားလာခဲ့ပြီး အနောက်ဘက်ကမ်းတွင်၂၂၀၀၀၀ခန့်၊ အရှေ့ ဂျေရုစလင်တွင် ၂၂၀၀၀၀ခန့် ရှိလာခဲ့ သည်။ ယခု လက်ရှိ ပါလက်စတိုင်းအစိုးရမှ ထိန်းချုပ်ခွင့်ရ နယ်မြေ များကို အစိမ်းရောင်ခြယ်ပြထားသည်။ အစ္စရေးမှ လည်း နေ့စဉ်လိုလို အနောက်ဘက်ကမ်း အရှေ့ ဂျေရုစလင်တို့တွင် ဂျူးအခြေချအိမ်ယာများ တိုးချဲ့ တည်ဆောက်နေသည်။ ပါလက်စတိုင်းအစိုးရတွင် လည်း နှစ်ပိုင်းကွဲလျက်ရှိရာ ဟားမတ်စ်အစိုးရက ဂါဇာဒေသကို ထိန်းချုပ်ထားကာ ဖာတာအစိုးရက အနောက်ဘက်ကမ်းကို ထိန်းချုပ်ကြပြီး အချင်းချင်း မူဝါဒဆိုင်ရာ ကွဲလွဲမှုများကြောင့် ပဋိပက္ခများ ဖြစ်ပေါ်နေသည်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် ပါလက်စတိုင်းတို့ အရှေ့ဂျေရုစလင်ကို မြို့တော် အဖြစ်သတ်မှတ်ပြီး နိုင်ငံထူထောင်ခွင့်ရရေး၊အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေရသည့် ပါလက်စတိုင်းဒုက္ခသည်များ နေရပ်ပြန်ခွင့်ရရေး၊ ဖမ်းဆီးခံ ပါလက်စတိုင်းများ ပြန်လွှတ်ပေးရေး၊ ပါလက်စတိုင်းနေမြေများတွင် အိမ်ရာဆောက် လုပ်နေမှုများ ရပ်တံ့ရေးစသည့် အကြေအလည် ဖြေရှင်းရမည့်ကိစ္စရပ်များစွာရှိနေသည်။ အာရဗ်ကမ္ဘာ၊ အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့မှလည်း နှစ်နိုင်ငံယှဉ်တွဲနေထိုင်ရေမူကို ထောက်ခံထားပြီး အစ္စရေးမှ ယင်း စေ့စပ် ကမ်းလှမ်းချက်များအား လက်ခံလာနိုင် ရေးကို များစွာ ကြိုးပမ်းရအုံးမည်။ -
ပါလက်စတိုင်း လိုလား သူဂျုး များ ၏ ထောက်ပံ့ရေး သင်္ဘော ဂါဇာသို့ ထွက်ခွာလာနေ
အစ္စရေး၊ဥရောပနှင့် အမေရိကန် စသည့်နိုင်ငံများရှိ ပါလက်စတိုင်းလိုလား သူဂျုးလူမျိုးများ ဦးဆောင် သော ထောက်ပံ့ရေး သင်္ဘောတစ်စီး က ၄နှစ်ကြာ အစ္စရေးတို့၏ ပိတ်ဆိုခံ ဂါဇာဒေသသို့ ထိုးဖောက် ၀င်ရောက်နိုင်ရန် တူရကီနိုင်ငံ မြောက်ပိုင်းဆိပ်ကမ်း တစ်ခုမှ ထွက်ခွာလာနေ ကြောင်းသိရသည်။ Irene အမည်ရ ယင်း သင်္ဘောပေါ်တွင် ဂျူးလူမျိုး သင်္ဘော သား ၃ဦး၊ ဂျာနယ်လစ် နှစ်ဦး၊ အပါအ၀င် စုစုပေါင်း ရှစ်ဦး လိုက်ပါ လာပါသည်။ ဗြိတိန်အခြေစိုက် တရာမျှတရေးနှင့်ပါလက်စတိုင်းသား များအတွက် ဂျုးများ အဖွဲ့က ယင်းလှုပ်ရှားမှု ကိုစီစဉ်တာဖြစ်ပြီး ၎င်း အဖွဲ့ဝင်တစ်ဦးက ဂျုးလူမျိုးတွေ ဦးဆောင်တဲ့ ဒီထောက်ပံ့ရေးသင်္ဘော က မတရား အသိမ်းပိုက်ခံ ပါလက်စတိုင်တွေအတွက် ထောက်ခံမှု သင်္ကေတဖြစ်သလို လေးနှစ်ကြာအပိတ်ဆို့ခံနေရတဲ့ ဂါဇာသားတွေအတွက်အမှတ်သညာ လည်းဖြစ်ပါတယ် ၊ ပါလက်စတိုင်း လူမျိုး တွေနဲ့ ဂျုးလူမျိုးတွေ က တစ်သား တည်း ရှိနေ ကြောင်းကိုလည်း ပြသတာပါ..ဟု ဆိုပါသည်။ (more…)
-
ဗြိတိန်၊ကနေဒါတပ်ဖွဲများ အာဖဂန်ဘိန်း ကုန်ကူးမှုတွင် ပါဝင်ပတ်သက်နေ
ဗြိတိန်နှင့် ကနေဒါတပ်ဖွဲ့များ က အာဖဂန်နစ္စတန်ရှိ ဘိန်းဖြူ မှောင်ခို လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း ဗြိတန် သည်ဆန်း သတင်းစာက ထုတ်ဖေါ် ရေးသာလိုက် ပါသည်။ ဟဲလ်မန်ပြည်နယ်တွင် ဗြိတိန်တပ်သားများက ၄င်း ကန်ဒါဟာ လေဆိပ်တွင် ကနေဒါတပ် သားများက်၎င်း ဘိန်းဖြူများ နိုင်ငံပြင်ပ သို့သယ်ဆောင်ရာ တွင် အကူအညီပေးနေကြသည်။ အာဖဂန်ရှိနိုင် ငံခြားစစ်သားများ အသုံးပြုသော camp bastion နှင့်ကန်ဒါဟာလေဆိပ်များ ရှိ စစ်သားများ ယင်း ဖြစ်စဉ်တွင်ပါဝင်နေကြသည် ဟု သိရသည်။…. ‘ဒီသတင်း ကို သေသေချာချာ မသိရသေးပေမဲ့ ဗြိတိန်နဲ့ အာဖဂန်နစ္စတန်ရှိလေဆိပ် အ၀င် အထွက်တွေ ကို စောင့်ကြည့်နေပါတယ်၊ အနံခံခွေးတွေကို ပိုအသုံးပြုနေတာပါ ။ ပါဝင် ပတ်သက်တဲ့ ဘယ်သူကိုမဆို ပြတ်ပြတ်သားသားကိုင်တွင်သွားမှာပါ.. ဟု ဗြိတိန်ကာကွယ်ရေးဌာနမှ ပြောဆိုပါသည်။ (more…)