 ဗိုလ်မှူးကြီးကို မန္တလေးမြို့၈၃-လမ်း၊ ဂုဏ်တန်ရပ်၌ အဘ ဦးမွှတ်နှင့် အမိ  ဒေါ်အမာတို့မှ ၁၂၇၉ နတ်တော်လဆန်း ၉ ရက် (၂၂၊ နိုဝင်ဘာလ၊ ၁၉၁၇) နေ့တွင်  ဖွားမြင်သည်။ ငယ်စဉ်က ၅-နှစ် မှ ၉-နှစ်သားအထိ တောင်ဘလူဝတ်ကျောင်းတွင်  ဖွင့်လှစ်ထားသော စာသင်ကျောင်းတွင် အခြေခံဘာသာရေးနှင့် ခေတ်ပညာကို  ဆည်းပူးသည်။ ပြီးမှ မန္တလေးမြို့ရှိ မွတ်စလင်ကျောင်း၊ ဗဟိုအမျိုးသား  အထက်တန်းကျောင်းတို့တွင် ဆက်လက်ဆည်းပူးပြီး ၁၉၃၆-ခု မတ်လတွင် ၁၀-တန်း  စာမေးပွဲကို ဖြေဆို အောင်မြင်သည်။
ဗိုလ်မှူးကြီးကို မန္တလေးမြို့၈၃-လမ်း၊ ဂုဏ်တန်ရပ်၌ အဘ ဦးမွှတ်နှင့် အမိ  ဒေါ်အမာတို့မှ ၁၂၇၉ နတ်တော်လဆန်း ၉ ရက် (၂၂၊ နိုဝင်ဘာလ၊ ၁၉၁၇) နေ့တွင်  ဖွားမြင်သည်။ ငယ်စဉ်က ၅-နှစ် မှ ၉-နှစ်သားအထိ တောင်ဘလူဝတ်ကျောင်းတွင်  ဖွင့်လှစ်ထားသော စာသင်ကျောင်းတွင် အခြေခံဘာသာရေးနှင့် ခေတ်ပညာကို  ဆည်းပူးသည်။ ပြီးမှ မန္တလေးမြို့ရှိ မွတ်စလင်ကျောင်း၊ ဗဟိုအမျိုးသား  အထက်တန်းကျောင်းတို့တွင် ဆက်လက်ဆည်းပူးပြီး ၁၉၃၆-ခု မတ်လတွင် ၁၀-တန်း  စာမေးပွဲကို ဖြေဆို အောင်မြင်သည်။
၁၉၃၉-ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်မှ  ဥပစာသိပ္ပံတန်းကို အောင်မြင်ပြီး ၁၉၄၁-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ဘီအိုစီ  အင်ဂျင်နီယာကောလိပ်မှ လျှပ်စစ်အင်ဂျင်နီယာပညာရှင်များအဖွဲ့၏ ဒီပလိုမာဘွဲ့  ရရှိသည်။ ၁၉၄၁-ခုနှစ် အောက်တိုဘာလ ရန်ကုန်မြို့ ကြေးနန်း ဌာတွင် အီးအက်တီ  အဖြစ် အလုပ်စတင်ဝင်ရောက်သည်။ ၁၉၄၂ခုနှစ် နိုဝင်ဘာလ မှ ၁၉၄၅ ခုနှစ် မတ်လအထိ  အက်စ်ဒီအီးအဖြစ် တာဝန်ထမ်းဆောင်သည်။
၁၉၄၂-ခုနှစ် ဒီဇင်ဘာလမှစ၍  ကြေးနန်းဌာန ၀န်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ရင်း ဂျပန်တော်လှန်ရေးအတွက်  မြေအောက်တော်လှန်ရေးလုပ်ငန်းးများ ဆောင်ရွက်သည်။ ၁၉၄၄ ခ၊ု အောက်တို ဘာလမှစ၍  ဗိုလ်မှူးကြီးဗထူးနှင့် ဆက်သွယ်ပြီး လှိျု့ဝှက် ၀ါယာလက်စခန်းတစ်ခုကို  မန္တလေးမြို့မြောက်ဘက် ဒဟတ္ထောရွာ အရှေ့ဘက်တောထဲတွင် တာဝန်ယူ  ထိန်းသိမ်းဆောင်ရွက်ပေးသည်။ ၁၉၄၅-ခု မတ်လ ၈ ရက်နေ့တွင်  ဂျပန်တပ်မတော်အရာရှိတစ်ဦးအနေဖြင့် အထူးသဖြင့် ဆက်သွယ်ရေးအရာရှိတာဝန်များကို  ဆောင်ရွက်ရသည်။ မြင်းခြံစခန်းတွင် မျိုးချစ်တပ်မတော်၏  တော်လှန်ရေးဗိုလ်အဖြစ် တာဝန်ယူခဲ့သည်။ တော်လှန်ရေး နောက်ပိုင်းတွင်  မြန်မာပြည်လွတ်လပ်ရေးအတွက် မွတ်စလင်ထုအား စည်းရုံးရန် ပျဉ်းမနားညီလာခံ  ခေါ်ဆိုခဲ့သည်။ သို့ခေါ်နိုင်ရန် အထက်ဗမာပြည် စည်းရုံးရေးအတွက် ဗိုလ်မှူးက  တာဝန်ယူကြိုးပမ်းရသည်။
၁၉၄၆-ခု ဇန်န၀ါရီလ ၁၄ ရက် မှ ၁၉၇၂-ခု စက်တင်ဘာလ  ၆၇က်နေ့အထိ မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးအဆင့်အထိ  တာဝန်အမျိုးမျိုးထမ်းဆောင်ခဲ့သည်။ အထူးသဖြင့် ဘီအီးအမ်အီး  လျှပ်စစ်တပ်ဖွဲ့တွင် တာဝန်ယူခဲ့ပြီး ၁၉၅၇-ခု ဇူလိုင်လမှ ၁၉၇၀ ခု  အောက်တိုဘာအထိ လျှပ်စစ်ညွှန်ကြားရေးတာဝန်ကိုပါ ထမ်းဆောင်ခဲ့သည်။
၁၉၆၂-ခု  မတ်လ ၂ ရက်နေ့မှစ ၁၉၇၀ ပြည့်နှစ်တွင် လယ်ယာနှင့်  သစ်တောဝန်ကြီးဌာနအတွင်းဝန်၊ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနအတွင်းဝန်၊  ဗလကအဖွဲ့၏ စက်မှုပစ္စည်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးဘဏ်ဥက္ကဋ္ဌ၊  ဆိုရှယ်လစ်စီးပွားရေး တည်ဆောက်မှု ကော်မတီ ဥက္ကဋ္ဌ ၀ါဇီလုပ်ငန်းကော်မတီဥက္ကဋ္ဌ  စသော နယ်ဘက်တာဝန်အမျိုးမျိုးကိုလည်း ထမ်းဆောင်ခဲ့သည်။
ဖော်ပြပါ  စစ်ဘက်နယ်ဘက် တာဝန်များအပြင် ၁၉၆၄-ခု နှစ်မှ၁၉၇၁-ခုနှစ်အထိ  လမ်းစဉ်ပါတီဌာနချူပ် တောင်သူလယ်သမားရေးရာ ဌာနကြီး၌ ရေးရာကော်မတီ  လက်ထောက်အတွင်းရေးမှူး၊ ရေးရာကော်မတီ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။  ၁၉၆၃-ခုနှစ်မှ ၁၉၇၃-ခုနှစ်အထိ ဗဟိုပြည်သူ့ တောင်သူလယ်သမားကောင်စီ၊  ဗဟိုကောင်စီဝင်အဖြစ် တာဝန်ယူခဲ့သည်။
၁၉၇၉-ခု စက်တင်ဘာလ ၉-ရက် နေတွင်  ဟစ်ဂျရီ ၁၄၀၀ ပြည့် ကျင်း ပရေးအတွက် အဖွဲ့ ပေါင်း စုံ အစည်းဝေးတွင်  ဗိုလ်မှူးကြီးသည် နာယကတစ်ဦးအဖြစ် ခေါင်းဆောင်ပါဝင်သည်။ ထို စည်းဝေးပွဲတွင်  လက်ရှိ မွတ်စလင်အဖွဲ့ကြီး ၆ ဖွဲ့၊ လူသိများသော အသင်းအဖွဲ့များ၊  အမျိုးသမီးအဖွဲ့၊ အီးဒ်စွလာတ်အဖွဲ့၊ ဓမ္မဗိမာန်အပါအ၀င် အဖွဲ့၂၉ ဖွဲ့၊  ၀တ်ကျောင်း ၅၀၊ ဂျမာအတ်ခါနာ ၈ ခု၊ ပြင်ပစိတ်ဝင်စားသူ ၁၇၉ ဦးတို့ပါဝင်သော  အစ္စလာမ်သာသနာ ဟစ်ဂျရီ ၁၅ရာစုကြိုဆိုရေး (အဟက) ဗဟို ကော်မတီကို ဖွဲ့စည်းရာ  ဗိုလ်မှူးကို ကော်မတီဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြသည်။
၁၂၊ ၉၊ ၇၉ တွင်  ကော်မတီ အသီးသီးဖွဲ့သည်။ ၂၀၊ ၁၁၊ ၇၉ နေ့တွင် ဆုတောင်းပွဲ ကျင်းပသည်။ ၃၀၊  ၁၂၊ ၇၉ နှင့် ၂၇၊ ၁၊ ၈၀ နေ့များတွင် ဟောပြောပွဲများ ကျင်းပခဲ့သည်။  စာတမ်းနှင့် ဓမ္မတေးခွေများ ထုတ်ဝေသည်။ သွေးလှူပွဲ၊ ချွေးလှူပွဲများ  တခမ်းတနား ကျင်းပနိုင်ခဲ့သည်။
၁၉၈၀-ပြည့်နှစ် မေလ ၁၁ ရက်နေ့၊  ကျူလီယာခန်းမတွင် ကျင်း ပသော အိုလမာသာသနာ့ ပညာရှင်များများအဖွဲ့  လူထုဟောပြောပွဲတွင် ဗိုလ်မှူးကြီးက ဧည့်သည်တော်မိန့်ခွန်းပြောကြားသည်။  ၁၅-ရာစု ကြိုဆိုရေး အထိမ်းအမှတ် မိတ်ဆုံပွဲများ၊ စကားရည်သွေးပွဲများလည်း  သိုက်သိုက်မြိုက်မြိုက် ကျင်းပခဲ့သည်။၁၉၈၀-ပြည့်နှစ် နိုဝင်ဘာ ၉ ရက် (၁၄၀၁  ခု မုဟရ်ရမ်လ ၁-ရက)် နေတွင် ဆရာဝန်များအသင်း ခန်း မဆောင်၌ ဟစ်ဂ်ဂျရီ  ၁၅-ရာစုအကြိုအခမ်းးအနား ကျင်း ပသည။် ဗိုလ်မှူးကြီး က သဘာပတိအဖြစ်  ဆောင်ရွက်သည်။ သံအမတ်ကြီး ဦးဖေခင်နှင့် ဟာဂျီမ ဒေါ်မြမြတင်တို့က  နှုတ်ခွန်းဆက် စကားပြောကြားသည်။ ဗဟိုကော်မတီဝင် သီရိကိုလေးက  ရတုဖြင့်လည်းကောင်း၊ သာကေတမြို့နယ် သင်တန်းသူများက  အကြိုနှုတ်ခွန်းဆက်တေးဖြင့်လည်းကောင်း ဧည့်ခံတင်ဆက်သည်။ ဗိုလ်မှူးကြီး၏  ဟစ်ဂျရီ ၁၅ရာစု ကြိုဆိုရေး မိန့်ခွန်းကို မြန်မာ့အသံမှ  ထုတ်လွှင့်ပေးခဲ့သည်။
၁၉၇၉-ခု စက်တင်ဘာ ၉ ရက်(၉-၉-၇၉) နေ့  ဆော်သြချိန်မှစ၍ ၁၉၈၀ ပြည့် ဒီဇင်ဘာ ၉ ရက် (၉၊ ၁၂၊ ၈၀)  ဆုတောင်းပွဲနှင့်မိတ်ဆုံစားပွဲ ကျင်း ပကာ အဟက ကို ဖျက်သိမ်းသည်အထိ  ဗိုလ်မှူးကြီးသည် စိတ်ဝင်တစား အားတက်သရော ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။
‘မှန်ကန်သောဦးတည်ချက်  အလေးအနက်ထား၍ စုပေါင်းကြရင်း ညီညွတ်ရေး တည်ဆောက်ရန်ဖြစ်သည်’ ဟူသော  ခံယူချက်ဖြင့် ဗိုလ်မှူးကြီးသည် ပါဝင်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။’
ဗိုလ်မှူးကြီးသည်  ၁၉၈၄-ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်နေ့တွင် နိုင်ငံတော်ကောင်စီက ချီးမြှင့်သော  နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမ အဆင့်နှင့် စစ်မှုထမ်းကောင်း တံဆိပ်ကို  ရရှိသည်။ကလောင်အမည်မှ မန်းသစ္စာဖြစ်သည်။
၁၉၈၇  ခု သြဂုတ်လထုတ်  လပြည့်ဝန်းစာစောင်တွင် မန်းသစ္စာ ကလောင်အမည်ဖြင့် ဟစ်ဂျရတ်ပြုလုပ်ရခြင်း  အကြောင်းရင်းကို တင်ပြသည်။ ဆောင်းပါးတွင် အစ္စလာမ်သမိုင်းအတွက်  ဟစ်ဂျရတ်ပြုလုပ်ခြင်းသည် မည်မျှအရေးကြီးသည်၊ မည်မျှတန်ဖိုးရှိသည်ကို  ဆန်းစစ်ပြသည်။ အချို့ပညာရှင်တို့သည် ဟစ်ဂျရတ်၏အရေးပါပုံကို  ဖုံးကွယ်ပြီးမှားယွင်းသောအယူအဆများကို ဖော်ပြနေကြသည်။ ပထမအယူအဆမှာ Flight   ထွက်ပြေးခြင်းဖြစ်ပြီး ဒုတိယအယူအဆမှာ Arbitration  ကြားဝင်ဖြန်ဖြေပေးခြင်းဖြစ်သည်။ အယူအဆ ၂-ခုစလုံးမှာ အဓိပ္ပာယ်ကင်းမဲ့ပြီး  အကြောင်းရင်းကို သေးသိမ်အောင်လုပ်ရာရောက်သည်။ အမှန်မှာ အဖိနှိပ်ခံဘ၀ဆိုးမှ  လွတ်မြောက်ပြီး အစ္စလာမ်သာသနာကို ခိုင်မြဲစွာ တည်ထောင်နိုင်ရန် (၁)  လွတ်လပ်သော အခြေခံနယ်မြေ (၂) ကိုယ်ပိုင်သဘောတရားနှင့် (၃)  နိုင်ငံရေးအာဏာတည်းဟူသော မရှိမဖြစ်သည့် လိုအပ်ချက် (၃)ရပ်နှင့်  ပြည့်စုံနိုင်ရန် ဟစ်ဂျရတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု တင်ပြသည်။
နိဂုံးတွင်-
‘တမန်တော်မြတ်ကြီး(ငြိမ်း)သည်  မိမိဘ၀ခရီး တစ်လျှောက်လုံးတွင် အစ္စလာမ့်လမ်းညွှန်မှုကို အပြည့်အ၀  ယုံကြည်ပြီး အစ္စလာမ့်တရားတော်နှင့်အညီ ကျင့်ကြံနေထိုင်သွားခဲ့ပေသည်။  တမန်တော်မြတ်ကြီး(ငြိမ်း)၏ အီမန်တည်းဟူသောယုံကြည်ချက်ကို  မည်သည့်အခြေအနေနှင့်မဆို မည်သည့်အရာကမျှ  ယိမ်းယိုင်အောင်မပြုနိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ မက္ကာမြို့နှင့်တကွ  ရောက်လေရာ ဒေသအသီးသီးတွင် ဆင်းရဲဒုက္ခရောက်၍သော်လည်းကောင်း၊ စည်းစိမ်ဥစ္စာ  ရာထူး ဂုဏ်တို့ကြောင့်လည်းကောင်း မည်သည့်အခါမျှ မိမိအီမန်ကို  အထိခိုက်မခံခဲ့ကြောင်း အစ္စလာမ့်သမိုင်းတွင် အထင်အရှားတွေ့ရှိရပါသည်’ ဟု  သုံးသပ်သည်။ ပြီးမှ ဟစ်ဂျရတ်ဖြစ်စဉ်နှင့် မျက်မှောက်ဘ၀ကို ယှဉ်ပြသည်။
မျက်မှောက်ခေတ်တွင်  ကျွန်ုပ်တို့အဖို့ အရေးအကြီးဆုံးတာဝန် တစ်ခုမှာ  တမန်တော်မြတ်ကြီး(ငြိမ်း)၏ထုံး နှလုံးသွင်း၍မိမိအီမာန်ကို  ခိုင်မြဲစွာထိန်းသိမ်းထားနိုင်ရန်ပင်ဖြစ်သည်။ မိမိအီမာန်ကို ဘာနှင့်မျှ  မရောင်းစားမိအောင် အမြဲကြိုးစားအားထုတ်နေရပေမည်။ တစ်စုံတစ်ခုကို  ကြောက်၍သော် လည်းကောင်း၊ တပ်မက်၍သော်လည်းကောင်း  မိမိအီမာန်ယိမ်းယိုင်မသွားအောင် ထိန်းသိမ်းထားဖို့ အလွန်အရေးကြီးပေသည်။  အီမာန်ခိုင်မြဲပြီး အကျင့်သီလကောင်းမွန်မှသာ ကျွန်ုပ်တို့  လူဖြစ်ရကျိုးနပ်ပြီး နောက်ဆုံးတွင် အောင်ပန်းဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း  တင်ပြအပ်ပါသည်။
ဟု သတိပေးနှိုးဆော်ထားပါသည်။ အလေးထားရမည့်  သတိပေးချက်၊လက်တွေ့ကျသော နှိုးဆော်ချက်ဖြစ်ပါသည်။ မြင့်မြတ်သော စေတနာဆန္ဒ  ပေါ်လွင်ပါသည်။ ဗိုလ်မှူးသည် နှိုးဆော်သည့်အတိုင်း  ကိုယ်တိုင်လိုက်နာကျင့်ကြံခဲ့သူဖြစ်သည်။ မိမိ၏အီမာန်ကို အထိခိုက်မခံခဲ့၊  ကိုယ်ခံအားကောင်းသဖြင့်
ကြံ့ကြံ့ခံနိုင်ခဲ့သည်။ တစ်နည်းအားဖြင့်  အီမာန်ခိုင်မြဲပြီး လူဖြစ်ကျိုးနပ်ခဲ့သည်ဟု သိရှိရပါသည်။ အဟက  ဗဟိုကော်မတီဥက္ကဋ္ဌ၊ မော်ကွန်းဝင် ဒုတိယဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမဆင့်၊  စစ်မှုထမ်းကောင်းတံဆိပ် စသည့် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခံရသော  အငြိမ်းစား ဗိုလ်မှူးကြီး တင်စိုး (ကြည်း၊ ၃၆၀၂)သည် ၁၉၉၅-ခု ဒီဇင်ဘာလ ၄  ရက်နေ့တွင် အလ္လာအရှင့် အမိန့်တော်ခံယူခဲ့ပါသည်။
အငြိမ်စား မြန်မာစာ ပါမောက္ခ ဒေါက်တာ အောင်ဇော် ရေးသည့် တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ဒုတိယတွဲ) မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Leave a Reply
You must be logged in to post a comment.