News @ M-Media

အာဆင်နယ်အသင်းတွင် တတ်နိုင်သလောက် ဆက်ရှိချင်သည်ဟု ၀င်းဂါးဆို

မတ် ၂၁ ၊ ၂၀၁၄
M-Media

– အာဆင်နယ်အသင်း၏ သက်တော်ရှည် နည်းပြ အာဆင်ဝင်းဂါးက ၎င်းအနေဖြင့် ကလပ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိသည်ဟု အတည်ပြုခဲ့ပြီး၊ အသင်းတွင် တတ်နိုင်သလောက် ဆက်ရှိချင်သည်ဟု ပြောကြားခဲ့သည်။

377648_heroa

ယခုနှစ်ကုန်တွင် အဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အာဆင်ဝင်းဂါးမှာ ၂ နှစ်သက်တမ်းတိုးရန် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မူအားဖြင့် သဘောတူခဲ့သည်။ သို့သော်လည်း အာဆင်နယ်အသင်းမှ တစ်နှစ်လစာ ပေါင်တစ်သန်းပေးရန်း ကမ်းလှမ်းမှုကိုမှု ပယ်ချခဲ့သည်။

အာဆင်ဝင်းဂါး အာဆင်နယ်အသင်းအား ကိုင်တွယ်သည့် ပွဲ ၁၀၀၀ ပြည့်မြောက်သည့်အတွက် အသင်းမှ ပြုလုပ်သည့် ဂုဏ်ပြုပွဲတွင် ၀င်းဂါးက အသင်းတွင် ဆက်နေရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

“အသင်းမှာ တတ်နိုင်သလောက်နေဖို့ ကျွန်တော် တက်ကြွနေပါတယ်။ ဒါပေမယ့် နောက်လာမယ့်ပွဲ ၁၀၀၀ဟာ ခက်ခဲမယ်ဆိုတာတော့ ကျွန်တော် လက်ခံပါတယ်” ဟု ၀င်းဂါးက ဆိုသည်။

ထို့ပြင် အာဆင်နယ်အသင်းအား ပွဲတစ်ထောင်ပြည့်မြောက်အောင် ကိုင်တွယ်ခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း၊ အသင်းမှာ မိမိအား ထောက်ခံခဲ့ပြီး၊ အခွင့်အရေးများလည်း ပေးခဲ့ကြောင်း၊ မိမိမှာလည်း အသင်းအပေါ် သစ္စာရှိမှုအား ပြသခဲ့ကြောင်း ၀င်းဂါးက ထပ်လောင်း ပြောကြားခဲ့သည်။

ဝင်းဂါးမှာ အာဆင်နယ်အသင်းသို့ ၁၉၉၆ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီး အာဆင်နယ်အသင်းအား ပရီးမီးယားလိဂ်ဖလားများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ၊ အာဆင်နယ်အသင်းမှာလည်း အင်္ဂလန်နှင့် ဥရောပတစ်ဝှမ်းတွင် လူအများလေးစားသည့် အသင်းတစ်သင်း ဖြစ်လာခဲ့သည်။

သို့သော်လည်း နောက်ဆုံး ၈ နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့မှုကြောင့် အာဆင်ဝင်းဂါးမှာ ဝေဖန်မှုများကိုခံနေရပြီး၊ ၀င်းဂါးကိုယ်တိုင်ကလည်း အနာဂတ်နှင့် ပတ်သက်၍ ယခုနှစ် ရလဒ်အပေါ်မူတည်သည်ဟု ရာသီအစက ပြောဆိုခဲ့သည်။
Goal

Comments

Leave a Reply