News @ M-Media

အဓိက အပြောင်းအရွှေ့ပေါ်လစီမှာ လူဟောင်းများအား ထိန်းထားရန်ဟု မော်ရင်ဟိုပြော

ဇွန် ၁၀၊ ၂၀၁၅
M-Media

morihno

– ယခုနှစ်နွေရာသီအပြောင်းအရွှေ့တွင် မိမိ၏ အဓိကပေါ်လစီမှာ အသင်းရှိ ကစားသမားကောင်းများကို ထိန်းသိမ်းသွားရန်ဖြစ်ပြီး ကစားသမားသစ် ၃ ဦးကိုလည်း ခေါ်ယူသွားမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

ပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးရရှိခဲ့ပြီးနောက် မော်ရင်ဟိုမှာ အသင်းအား ပြောင်းလဲမှုမလုပ်ဘဲ နိုင်လိုစိတ်ကို ထိန်းသိမ်းရန် စိတ်အားထက်သန်နေကာ ကစားသမားသစ် ၃ ဦးကိုလည်း ခေါ်ယူချင်နေသည်။

“အခြားရာသီတွေမှာ ကျွန်တော်ဟာ ကစားသမားအနည်းငယ်ကို ပျော်ပျော်ကြီး ရောင်းချပါတယ်။ ကောင်းတဲ့သူတွေရောပေါ့ဗျာ။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျွန်တော့်ရဲ့ အကောင်းဆုံး ကစားသမားတွေကို ရောင်းချဖို့ ဆန္ဒမရှိပါဘူး။ ဒါ့ကြောင့် စိန်ခေါ်မှုအစစ်က သူတို့ကို ထိန်းဖို့ပါပဲ။ တကယ်လို့များ ဟဇာ့ဒ်၊ မာတစ်၊ အိုင်ဗန်နိုဗစ်၊ ဒီယေဂိုကော်စတာနဲ့ ဖာဘရီဂက်စ်တို့ကို ထိန်းနိုင်ရင် ဒါဟာ ပထမ ပစ်မှတ်ပါပဲ” ဟု မော်ရင်ဟိုက Mirror သတင်းစာသို့ ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ဒရော့ဘာနေရာကို အစားထိုးရန် တိုက်စစ်မှူးတစ်ဦး၊ နောက်ခံလူတစ်ဦးနှင့် အလယ်တန်းကစားသမား တစ်ဦးတို့ကို ခေါ်ယူ၍ အသင်းအား သွေးသစ်လောင်းသွားကာ ပြိုင်ဘက်အသင်းများကို ဖိအားအနည်းငယ်ပေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“သူတို့ရဲ့ နေရာကိုယူဖို့ တစ်ယောက်ယောက်က စောင့်နေတယ်ဆိုတာ သူတို့သိဖို့ လိုပါတယ်။ အခုတော့ သူတို့ဟာ ချန်ပီယံပါ။ အလုပ်လုပ်ပုံနည်းလမ်းကို ထိန်းသိမ်းဖို့ ကျွန်တော်လိုချင်ပါတယ်။ ဒါပေမယ့် အခြေခံကျကျပြောရရင် ကျွန်တော်ဟာ ဒီကစားသမားတွေ၊ ဒီကစားကွက်၊ ဒီနည်းပြတွေကို ဆက်ထိန်းသွားချင်ပြီး အသင်းကို တည်ငြိမ်အောင် လုပ်ချင်ပါတယ်”

Ref: Goal

Comments

Leave a Reply