သြဂုတ် ၃၁၊ ၂၀၁၅
M-Media
– ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာအား ခေါ်ပါက အာဆင်နယ်အတွက် ကောင်းမွန်မည်ဖြစ်ပြီး မိမိအနေဖြင့်လည်း ကြိုဆိုသွားမည်ဟု တိုက်စစ်မှူး ဂျရူးက ပြောကြားခဲ့သည်။
အာဆင်နယ်မှာ ဘန်ဇီမာအားခေါ်ယူရန် တစ်စိုက်မတ်မတ် ကြိုးစားနေပြီး အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးအချိန်အထိ ၀င်းဂါးက စောင့်ဆိုင်းနေသည်။
ယခုနောက်ပိုင်းတွင်မှာ ဘန်ဇီမာမှာ မက်ဒရစ်တွင်သာ ဆက်လက်နေသွားမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဂျရူးကမူ တစ်နိုင်ငံတည်းသား တိုက်စစ်မှူး ဘန်ဇီမာ အာဆင်နယ်သို့ ရောက်လာပါက အသင်းအင်အား တောင့်တင်းသွားမည်ဟု ဆိုသည်။
“နည်းပြ (၀င်းဂါးက) သူဘာလုပ်နေလဲဆိုတာ သူသိပါတယ်။ ပြီးတော့ တစ်ခါတစ်ရံမှာ မ၀ယ်ဖြစ်တာ၊ တစ်ခါတစ်ရံမှာ ရတာမလို၊ လိုတာမရဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ ကျွန်တော်တို့မှာ အရည်သွေးရှိတဲ့ ကစားသမားကောင်းတွေရှိပါတယ်။ ပြီးတော့ ဒီလူစာရင်းနဲ့ တော်တော်မြင့်မြင့်သွားနိုင်ပါတယ်။ ဒါပေမယ့် ကရင်မ် (ဘန်ဇီမာ) ကို စာချုပ်ချုပ်ရင်လည်း ကောင်းမှာပါ” ဟု ဂျရူးက belN Sports သို့ ပြောကြားခဲ့သည်။
ထို့ပြင် မိမိအနေဖြင့် အသင်းမှ ထွက်ခွာမည်မဟုတ်ဟုလည်း ဂျရူးက ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော် အသင်းကနေ ထွက်ခွာသွားနိုင်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ခင်ဗျားတို့ဖတ်ရရင် အံ့သြကြမှာပါ။ ဘာ့ကြောင်လည်းဆိုတော့ စားပွဲပေါ်မှာ ဘယ်တော့ မဖြစ်မလို့ပဲပါ။ အခု ကျွန်တော် ဒီမှာ အခြေအနေ ကောင်းနေပါတယ်။ ထပ်ပြောရရင် နှစ်တိုင်း အသင်းကို တိုက်စစ်မှူးသစ်ရောက်မယ်လို့ သတင်းထွက်နေကြပါပဲ”
Ref: Goal
Leave a Reply
You must be logged in to post a comment.