အောက်တိုဘာ ၁၀၊ ၂၀၁၅
M-Media
– နည်းပြအဒ်ဗိုကတ်အား ထုတ်ပယ်ခဲ့ပြီးနောက် လစ်လပ်နေသော နည်းပြနေရာအတွက် ဆန်းဒါးလန်းအသင်းမှာ နယူးကာဆယ်နှင့် ၀က်စ်ဟမ်းအသင်းတို့၏ နည်းပြဟောင်း ဆမ်အလာဒိုက်စ်ကို ၂ နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်သည်။
အဒ်ဗိုကတ်လက်ထက် ပြီးခဲ့သည့်နှစ်က ဆန်းဒါးလန်မှာ တန်းဆင်းဇုန်မှ ကံကောင်းထောက်မစွာ လွတ်ခဲ့သော်လည်း ရာသီသစ်တွင် ယခုအချိန်အထိ နိုင်ပွဲမရသေးဘဲ အဆင့် ၁၉ နေရာတွင် ရှိနေသည်။ အလာဒိုက်စ်မှာလည်း ၀က်စ်ဟမ်းအသင်းနှင့် ပြီးခဲ့သည့်ရာသီက လမ်းခွဲပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်သည်။
“ဘောလုံးလောကကနေ ခဏနားလိုက်ရတာကို ကျွန်တော် ပျော်ရွှင်ခဲ့ပါတယ်။ အခုတော့ ပြန်လာဖို့ စိတ်အားထက်သန်နေပါတယ်။ ကျွန်တော်ဟာ အီလစ်(ဆန်းဒါးလန်းတာဝန်ရှိသူ) နဲ့ တွေဆုံခဲ့ပြီး အသင်းအကြောင်း တော်တော်ပြောဖြစ်ပါတယ်။ သူရဲ့ ရည်ရွယ်ချက်တွေကိုလည်း ပြောခဲ့ပြီး ကျွန်တော်က အဲဒီရည်ရွယ်ချက်တွေရဲ့ အစိတ်အပိုင်း ဖြစ်ချင်ခဲ့ပါတယ်။ အသင်းတည်ငြိမ်မှုနဲ့ အားလုံးလိုချင်နေတဲ့ အောင်မြင်မှုကို ကျွန်တော် ယူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
Ref: Goal


Leave a Reply
You must be logged in to post a comment.