ဇန်န၀ါရီ ၂၊ ၂၀၁၆
M-Media
– အနီးကပ်ဆုံးပြိုက်ဘက်ဖြစ်သော အက်သလက်တီကိုမက်ဒရစ်မှာ ယခုနှစ်တွင်လည်း လာလီဂါဆုဖလားအား စိန်ခေါ်နိုင်ချေရှိသည်ဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။
ဒီယေဂိုဆီမြွန်နီ၏ အသက်လက်တီကိုမှာ ၂၀၁၃-၁၄ ဘောလုံးရာသီက ဘာကာနှင့် ရီးယဲတို့ကို ကျော်ဖြတ်ကာ လာလီဂါချန်ပီယံဆုအား ဆွတ်ခူးနိုင်ခဲ့သည်။ ယခုနှစ်အတွင်လည်း ဘာစီလိုနာနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင်ရှိနေပြီး ရီးယဲလ်အား တစ်ပွဲလျော့ဖြင့် ၂ မှတ်ဖြတ်ထားနိုင်သည်။ ဘာကာနည်းပြကမူ အက်သလက်တီကိုမှာ ယခုနှစ်တွင်လည်း ဆုဖလားအား စိန်ခေါ်နိုင်သည့်အသင်း ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။
”အက်သလက်တီကိုဟာ ဆုဖလားအတွက် စာရင်းထဲမှာ ပါဝင်တယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်။ သူတို့ဘယ်လောက်ကောင်းလဲဆိုတာကို ပြသခဲ့ပြီးပါပြီး၊ အမှတ်ပေးဖလားကို သူတို့ စိန်ခေါ်နိုင်တယ်ဆိုတာ ကျွန်တော် သေချာပါတယ်” ဟု လူးဝစ်အန်းရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့အသင်းမှာ အောင်မြင်မှုကို ပိုမိုဆာလောင်နေသော်လည်း မနှစ်ကကဲ့သို့ ဖလား ၃ လုံး ရရှိရန်အတွက်မူ မျှော်လင့်မထားဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.