ဇန်န၀ါရီ ၂၆၊ ၂၀၁၆
M-Media
– လာမည့်လတွင် ကျင်းပပြုလုပ်မည့် ဥက္ကဌနေရာ ရွေးချယ်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသည့် ကိုယ်စားလှယ်လောင်း ၅ ဦးကို ဖီဖာက ယနေ့တွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။
ဖီဖာ၏ ရွေးကောက်ပွဲကော်မတီကထုတ်ပြန်ခဲ့သည့် အဆိုပါ ၅ ဦးမှာ ဖီဖာဒုဥက္ကဌဖြစ်သည့် ဂျော်ဒန်အိမ်ရှေ့မင်းသား အလီ ဘင် အလ် ဟူစိန်၊ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်သော ဘာရိန်းတော်ဝင်မိသားစုဝင် ရှိခ် ဆလ်မန် ဘင် အီ ဘရာဟင် အလ်ခါလီဖာ၊ ယူအီးအက်ဖ်အေ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆွစ်ဇာလန်နိုင်ငံမှ ဂီယန်နီ အင်ဖန်တီနို၊ တောင်အာဖရိက လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေးဝန်ကြီး တိုကျို ဆက်ဝါလေးနှင့် ဖီဖာအမှုဆောင်ကောင်စီဝင်ဟောင်း ပြင်သစ် နိုင်ငံရေးသမား ဂျယ်ရိုမီ ရှန်ပိန်တို့ဖြစ်ကြသည်။
ဥက္ကဌဟောင်းဖြစ်သူ ဆပ်ဘလတ္တာက ၎င်းမှာ ရာထူးမှ နှုတ်ထွက်တော့မည်ဟု ပြီးခဲ့သည့်ဇွန်လက ကြေငြာခဲ့ပြီးနောက်ပိုင်း ဖီဖာဥက္ကဌရွေးကောက်ပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့ရခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဆပ်ဘလတ္တာမှာ ယူအီးအက်ဖ်အေဥက္ကဌပလာတီနီနှင့် ငွေအပေးအယူကိစ္စတစ်ခု မသမာမှုကြောင့် ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများအားလုံးမှ ၈ နှစ် ပိတ်ပင်ခြင်းခံထားရသည်။
Ref : Channelnewsasia
Leave a Reply
You must be logged in to post a comment.