News @ M-Media

လက်ရှိ ဘာစီလိုနာတိုက်စစ်အတွဲမှာ မြင်ဖူးသမျှတွင် အကောင်းဆုံးဟု အင်နီယေစတာပြော

မတ် ၁၊ ၂၀၁၆
M-Media

baca 3

– မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့ တိုက်စစ်အတွဲမှာ မိမိမြင်ခဲ့ဖူးသမျှတွင် အကောင်းဆုံး တိုက်စစ်အတွဲဖြစ်သည်ဟု ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာက ပြောကြားလိုက်သည်။

ပြီးခဲ့သည့်နှစ်က ဘာစီလိုနာအသင်း၏ အောင်မြင်မှုသရဖူ ဆောင်းခဲ့မှုတွင် ၎င်းတို့တိုက်စစ်အတွဲမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ယခုနှစ်တွင်လည်း မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့မှာ အသင်း၏ ပြိုင်ပွဲအားလုံးတွင် ၉၄ ဂိုး သွင်းယူပေးထားနိုင်သည်။

အင်နီယေစတာကမူ ၎င်းတို့ ၃ ဦးမှာ မက်ဆီ၊ ဟင်နရီနှင့် အီတူးတို့ ၃ ဦးထက်ပင် ကောင်းမွန်သည်ဟု ဆိုသည်။

“ဟင်နရီနဲ့ အီတူးတို့ကို ဖယ်လိုက်ရင် မက်ဆီ၊ နေးမာနဲ့ ဆွာရက်ဇ်တို့ဟာ ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံး ကစားသမားတွေပါပဲ။ လီယို (မက်ဆီ) ဟာ အငြင်းပွားစရာမလိုတဲ့ နံပါတ် ၁ ကစားသမားဖြစ်ပြီး သူ့လိုကစားသမားမျိုး ဘယ်တော့မှ ရမှာမဟုတ်တော့ပါဘူး” ဟု အင်နီယေစတာက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဘာစီလိုနာမှာ လာလီဂါ၌ ဒုတိယနေရာမှ အက်သလက်တီကိုအား ၈ မှတ်ဖြတ်ကာ ဦးဆောင်နေပြီး ဘုရင့်ဖလားဗိုလ်လုပွဲတွင် ဆီးဗီးလားနှင့် တွေ့ဆုံရမည်ဖြစ်သည်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင်မူ ပထမအကျော့၌ အာဆင်နယ်အား ၂ ဂိုးပြတ်ဖြင့် အနိုင်ယူထားကာ နောက်တစ်ဆင့်တက်ရေး အခြေအနေကောင်းနေသည်။

အင်နီယေစတာကမူ လက်ရှိအချိန်မှ ရာသီအဆုံးအထိ ကစားမည့်ပွဲတိုင်းမှာ မိမိတို့အတွက် အရေးပါသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

Ref : Goal

Comments

Leave a Reply