News @ M-Media

အာကာသ စူစမ်းရေးသမိုင်းတွင် ရည်မှန်းချက်အကြီးဆုံး စီမံကိန်းကြီး စတင်တော့မည်

ဧပြီ ၁၃၊ ၂၀၁၆
M-Media

nano

– လူသားသမိုင်းတစ်လျှောက်မှာ ရည်မှန်းချက်အကြီးမားဆုံး အာကာသ ရှာဖွေစူးစမ်းလေ့လာရေး စီမံကိန်းကို မကြာမီစတင်တော့မယ်လို့ သိရပါတယ်။

အခုအချိန်အထိ လူတွေ မသိသေးတဲ့ အာကာသရဲ့ အနက်ရှိုင်းဆုံးနေရာတွေအထိ နာနို ယာဉ်ငယ်လေးတွေ စေလွှတ်ကာ စူစမ်းဖော်ထုတ်မယ့် အဲဒီ စီမံကိန်းကို ကမ္ဘာ့အကျော်ကြားဆုံး သိပ္ပံပညာရှင်ကြီးဖြစ်တဲ့ စတီဖင် ဟော့ကင်း၊ အင်တာနက် ရင်းနှီးမြှုပ်နှံသူ ယူရီမီလ်နာနဲ့ မက်ဇူကာဘာ့ဂ်တို့အပါအ၀င် ထိပ်တန်းပုဂ္ဂိုတော်တော်များများက ကူညီကြမှာဖြစ်ပါတယ်။

စီမံကိန်းကို Starshot Project လို့ အမည်ပေးထားပြီး ကမ္ဘာနဲ့ မိုင်ပေါင်း ၂၅ ထရီလီယံဝေးတဲ့ အလ်ဖာ ဆန်ကျူရီ နေအဖွဲ့အစည်းဆီ ယာဉ်ငယ်လေးတွေကို စေလွှတ်မှာဖြစ်ပါတယ်။

ပုံမှန်ယာဉ်နဲ့ သွားမယ်ဆိုရင် နှစ်ပေါင်း ၃ သိန်းလောက် ကြာမြင့်မှာဖြစ်ပေမယ့် အခုစီမံကိန်းမှာ အလင်းရောင်စဉ်တွန်းအားအသုံးပြုပြီး အလင်းအမြန်နှုန်းရဲ့ ၂၅ ရာခိုင်နှုန်းပမာဏ အရှိန်နဲ့သွားမယ့် နာနိုယာဉ်ငယ်လေးတွေကတော့ နှစ် ၂၀ လောက်နဲ့ ရောက်ရှိမှာဖြစ်ပါတယ်။

အလ်ဖာ ဆန်ကျူရီ နေအဖွဲ့စည်းက “သမဇုန်” မှာ ကမ္ဘာလို သက်ရှိတွေနေထိုင်တဲ့ ဂြိုတွေရှိမယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင်နေပြီး နာနိုယာဉ်ငယ်လေးတွေကတော့ သူတို့ရဲ့ ခရီးစဉ်တစ်လျှောက်မှာ ဓာတ်ပုံတွေနဲ့ အခြားသော သိပ္ပံဆိုင်ရာ အချက်အလက်တွေကို ပေးပို့သွားမှာဖြစ်ပါတယ်။

ဒီယာဉ်ငယ်လေးတွေမှာ ကင်မရာ၊ တွန်းကန်အားကိရိယာ၊ ပါဝါထောက်ပံ့ရေးစနစ်၊ လမ်းညွှန်ကိရိယာတွေ အစုံကို အီလက်ထရောနစ် ဆားကစ်ပြားတစ်ခုတည်းမှာ တပ်ဆင်ပေးထားမှာဖြစ်ပြီး သူတို့ကို ကမ္ဘာမြေကနေခေါ်ဆောင်သွားကာ အာကာသထဲမှာလွှတ်ပေးဖို့ မိခင်ယာဉ်တစ်စင်း လိုအပ်မှာဖြစ်ပါတယ်။

Ref: independent

Comments

Leave a Reply