ဇွန် ၂၂၊ ၂၀၁၆
M-Media
– အိန္ဒိယနိုင်ငံမှာ ဂြိုဟ်တု အလုံး ၂၀ တင်ဆောင်သွားသော ဒုံးပျံတစ်စင်းကို အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး နိုင်ငံ၏ အာကသသမိုင်းတွင် ဒုံးကျည်တစ်ခုတည်းဖြင့် ဂြိုဟ်တုအများဆုံးကို တစ်ချိန်တည်း လွှတ်တင်နိုင်သည့် စံချိန်ကို ရရှိခဲ့သည်။
နိုင်ငံတောင်ပိုင်း ဆရီဟာရီကိုတာ အာကာသစခန်းမှ ယမန်နေ့တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ အာကာသသမိုင်းတွင် တတိယမြောက် ဂြိုဟ်တုအများဆုံး လွှတ်တင်နိုင်ခြင်းဖြစ်သည်။
ဒုံးပျံတွင် အမေရိကန်၊ ဂျာမနီ၊ ကနေဒါနှင့် အင်ဒိုနီးရှားတို့မှ ဂြိုဟ်တုများကို သယ်ဆောင်သွာခဲ့ပြီး ထိုအောင်မြင်မှုက ကြီးမားသည့် အာကာသဈေးကွက်တွင် ဈေးကွက်ဝေစု ပိုမိုရရှိစေရန် အိန္ဒိယ အာကာသအေဂျင်စီမှ ကြိုးပမ်းမှု၏ ရလဒ်လည်း ဖြစ်သည်။
သယ်ဆောင်သွားသည့် ဂြိုဟ်တုအများစုမှာ ကမ္ဘာလေထုကို စောင့်ကြည့်လေ့လာရန်ဖြစ်ပြီး၊ ဂြိုဟ်တုတစ်ခုမှာ အပျော်တန်း ရေဒီယိုအော်ပရေတာများအတွက် ၀န်ဆောင်မှုပေးရန်ဖြစ်သည်။
အာကာသ သုတေသနစီမံကိန်းနှင့်ပတ်သက်၍ ရည်မှန်းချက်ကြီးကြီးမားမားရှိနေသည့် ၀န်ကြီးချုပ် နာရန်ဒရာမိုဒီကမူ အဆိုပါ လွှတ်တင်မှု အောင်မြင်ခြင်းကို အစိုးရကျောထောက်နောက်ခံပြု အိန္ဒိယအာကာသ သုတေသနအသင်း ISRO အတွက် “သမိုင်းဝင်အောင်မြင်မှု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.