News @ M-Media

Category: နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်းများ

  • လတ်တလောစစ်ပွဲများကြောင့် ကမ္ဘာ့လက်နက်ကုမ္ပဏီများ အမြတ်အစွန်းများစွာရ

    လတ်တလောစစ်ပွဲများကြောင့် ကမ္ဘာ့လက်နက်ကုမ္ပဏီများ အမြတ်အစွန်းများစွာရ

    ဒီဇင်ဘာ ၁၊ ၂၀၂၅

    M-Media 

    ယူကရိန်းနဲ့ ဂါဇာကမ်းမြှောင်အပါအ၀င် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကမ္ဘာတစ်၀ှမ်း ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေ၊ စစ်ပွဲတွေကြောင့် လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေဟာ အမြတ်အစွန်း မြောက်များစွာ ရရှိခဲ့တယ်လို့ စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေး အင်စတီကျု(SIPRI)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ထိပ်တန်း လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ ၁၀၀ ရဲ့ အမြတ်ငွေဟာ ကန်ဒေါ်လာ ၆၇၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၅ ဒဿမ ၉ ရာခိုင်နှုန်း မြင့်တက်လာတာပါ။ လက်နက်ကုမ္ပဏီ အားလုံးနီးပါးလောက်ဟာ အမေရိကန်နဲ့ ဥရောပအခြေစိုက် ကုမ္ပဏီတွေ ဖြစ်ပါတယ်။ 

    ထူးခြားချက်အဖြစ် အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီဟာ လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီစာရင်းမှာ ပထမဆုံး ပါ၀င်လာခဲ့ပြီး ၂၀၂၄ ခုနှစ် အမြတ်အစွန်းဟာ ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ရှိခဲ့ကာ ၂၀၂၃ ခုနှစ်ကထက် နှစ်ဆ မြင့်တက်လာတာ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • ဂါဇာ ရှေးဟောင်းပြတိုက်မှ ပစ္စည်း ၁၇၀၀၀ ကျော်ကို အစ္စရေးက ခိုးယူး

    ဂါဇာ ရှေးဟောင်းပြတိုက်မှ ပစ္စည်း ၁၇၀၀၀ ကျော်ကို အစ္စရေးက ခိုးယူး

    နို၀င်ဘာ ၁၇၊ ၂၀၂၅

    M-Media 

    (ဓာတ်ပုံ – ဖျက်ဆီးခံထားရသည့် Al-Basha Palace Museum ပြတိုက်)

    ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်က ရှေးဟောင်းပစ္စည်းပြတိုက် Al-Basha Palace Museum ကနေ ပစ္စည်းအားလုံးနီးပါးကို အစ္စရေးက ခိုးယူသွားတယ်လို့ ပြတိုက် ကြီးကြပ်ရေးမှူး ဟာမူဒါ အလ်-ဒဟ်ဒါက ပြောပါတယ်။ 

    ပြတိုက်မှာ မမ်လူက်ခေတ်၊ အော်တိုမန်ခေတ်၊ ဘိုင်ဇန်တိုင်းခေတ်၊ ရောမခေတ်နဲ့ သမိုင်းမတိုင်ခင်ခေတ်တွေက ရှေးဟောင်းပစ္စည်းပေါင်း ၁၇၀၀၀ ကျော် ရှိခဲ့တာပါ။ အလ်-ဒဟ်ဒါက ရှေးဟောင်းပစ္စည်း အားလုံးနီးပါးကို အစ္စရေးက ခိုးယူသွားခဲ့ပြီး လက်ရှိ ပြတိုက်အပျက်အစီးတွေကြားမှာ ၂၀ လောက်သာ ပြန်တွေ့တော့တယ်လို့ ဆိုပါတယ်။ 

    ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အစ္စရေးဟာ Al-Basha Palace Museum ပြတိုက်ကို ဗုံးကြဲဖျက်ဆီးခဲ့သလို၊ နောက်ပိုင်းမှာ ဘူဒိုဇာနဲ့ ထိုးကာ ရှင်းလင်းခဲ့ပါတယ်။ 

    Ref: Roya News 

  • လက်ဘနွန်နှင့် ဆီးရီးယားမြေများကို အစ္စရေးက ခိုးယူသိမ်းပိုက်နေ

    နို၀င်ဘာ ၁၇၊ ၂၀၂၅

    M-Media 

    ဆီးရီးယားနဲ့ လက်ဘနွန်က နယ်မြေတွေကို အစ္စရေးက နည်းလမ်းမျိုးစုံနဲ့ ခိုးယူသိမ်းပိုက်နေကြောင်း ကုလနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။ 

    လက်ဘနွန်နဲ့ အစ္စရေးစပ်ကြားမှာရှိတဲ့ အပြာရောင်နယ်ခြားစည်းတစ်လျှောက် လက်ဘနွန်ပိုင်နက်တွေမှာ အစ္စရေးစစ်တပ်က နံရံတွေကာနေပါတယ်။ ဒီလုပ်ရပ်ကြောင့် လက်ဘနွန်ပိုင်နက် နယ်မြေ ၄၀၀၀ စကွဲယာမီတာလောက် ဆုံးရှုံးခဲ့တယ်လို့ နယ်စပ်မှာ စောင့်ကြပ်နေတဲ့ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    စစ်အင်အားမရှိတဲ့ လက်ဘနွန်ကတော့ ဒီကိစ္စကို ကုလထံ တိုင်ကြားဖို့ စီစဥ်နေပါတယ်။ အစ္စရေးက ဒီပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။ 

    ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းက ကူနိတ္တရာမြို့ကိုလည်း အစ္စရေးစစ်တပ်က နို၀င်ဘာ ၁၆ ရက်နေ့မှာ ကျူးကျော်ကာ ၀င်ရောက်စီးနင်းခဲ့ပြီး အရပ်ဖက်အဆောက်အဦးတွေကို ဖျက်ဆီးခဲ့ပါတယ်။ 

    ဆီးရီးယားအနောက်တောင်ပိုင်းက လူနေအိမ်တွေ၊ လယ်ယာမြေတွေကို၊ သစ်တောတွေ၊ အရပ်ဖက် အဆောက်အဦးတွေကို အစ္စရေးက ဖျက်ဆီးတာတွေ တိုးမြှင့်လုပ်ဆောင်ကာ ဆီးရီးယားနယ်မြေအတွင်း စစ်ဆေးရးဂိတ် အများအပြားကိုလည်း တည်ဆောက်နေပါတယ်။ 

    ဒါဟာ ပါလက်စတိုင်းနယ်မြေတွေကို ကျူးကျော်သိမ်းပိုက်တဲ့ အစီအစဥ်အတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။ 

    ၂၀၂၄ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း ဆီးရီးယားကို အစ္စရေးက အကြိမ်းပေါင်း ၁၀၀၀ ကျော် ကျူးကျော်တိုက်ခိုက်ထားပါတယ်။ 

    Ref: Middle East Monitor, Middle East Eyes 

    (ဓာတ်ပုံ- လက်ဘနွန်ပိုင်နက်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် တံတိုင်းများ)

  • အီဂျစ်ကို ကျူးကျော်တိုက်ခိုက်ဖို့ အစ္စရေးက ကြံရွယ်နေပြီလား

    အီဂျစ်ကို ကျူးကျော်တိုက်ခိုက်ဖို့ အစ္စရေးက ကြံရွယ်နေပြီလား

    (ဓာတ်ပုံ – ဆိုင်းနိုင်းကျွန်းဆွယ်ကို အစ္စရေးလက်မှ ပြန်သိမ်းပြီးနောက် တွေ့ရသည့် အီဂျစ်စစ်သားများ)

    သြဂုတ်လအတွင်း နေတိုးအဖွဲ့က ဖင်လန်မှာ ပြုလုပ်တဲ့ Atlantic Trident စစ်ရေးလေ့ကျင့်မှုမှာ ပြင်သစ်ထုတ် Dassault Rafale လေယာဥ်တွေရဲ့ စွမ်းဆောင်ရည်ကြောင့် ဒီလေယာဥ်တွေကို ပိုင်ဆိုင်ထားတဲ့ အီဂျစ်ဟာ အစ္စရေးအတွက် စိုးရိမ်စရာ ကောင်းလာနေတယ်လို့ ဟီဘရူးမီဒီယာတွေက ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ဖော်ပြလာပါတယ်။

    အရှေ့အလယ်ပိုင်းက နိုင်ငံတွေရဲ့ စစ်အင်အားကို အမြဲတမ်း အစ္စရေးထက် နိမ့်ပါးနေအောင် အမေရိကန်နဲ့ အပေါင်းအပါတွေက ၁၉၄၈ ခုနှစ်ကစလို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်ပေးနေတာပါ။ ဒါပေမယ့် အစ္စရေးကတော့ နိုင်ငံတစ်ခုကို ကျူးကျော်တိုက်ခိုက်တော့မယ်ဆိုရင် စစ်အင်အားကြီးထွားလာတာကို စိုးရိမ်တယ်ဆိုတဲ့ အသံမျိုး ပိုမိုကျယ်လောင်လာအောင် လော်ဘီမီဒီယာတွေနဲ့ လုပ်ဆောင်လေ့ရှိပါတယ်။

    သြဂုတ်လ စစ်ရေးလေ့ကျင့်မှုမှာ သုံးခဲ့တဲ့ ပြင်သစ်လုပ် Dassault Rafale တိုက်လေယာဥ်တွေဟာ အစ္စရေးကို အမေရိကန်က ပေးထားတဲ့ ကမ္ဘာ့နောက်ဆုံးပေါ် တိုက်လေယာဥ် F-35 ထက် လေပေါ်စီးချင်းထိုးမှု၊ ကိုယ်ပျောက်စွမ်းရည် စတာတွေမှာ ပိုသာတယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။ အီဂျစ်လေတပ်ဟာ အစ္စရေးလေတပ်ထက် ၂၄ ရာခိုင်နှုန်း ပိုကြီးတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

    ၃ လအရင် အိန္ဒိနဲ့ ပါကစ္စတန်တို့ရဲ့ လေကြောင်းတိုက်ပွဲမှာ အိန္ဒိယက အသုံးပြုခဲ့တဲ့ ပြင်သစ်လုပ် Dassault Rafale လေယာဥ်ဟာ ပါကစ္စတန်က အသုံးပြုတဲ့ တရုတ်လုပ် J-10 လေယာဥ်ကိုတောင် မယှဥ်နိုင်ဘူးဆိုတာ ကမ္ဘာက တွေ့မြင်ခဲ့ရပါတယ်။

    အီဂျစ်ကလည်း ဒီအားနည်းချက်ကို သိတဲ့အတွက် တရုတ်ထံကနေ J-10 တိုက်လေယာဥ်တွေ ၀ယ်ယူဖို့ ကြိုးစားလာပါတယ်။ ဟီဘရူးလော်ဘီမီဒီယာတွေရဲ့ သုံးသပ်မှုမှာလည်း ဒီအချက်ကို ထည့်သွင်းဖော်ပြထားပါတယ်။

    အီဂျစ်ဟာ ဂါဇာက အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ၀ေဖန်ထားတာပါ။ ဂါဇာက ပါလက်စတိုင်းပြည်သူတွေကို အီဂျစ်ပိုင် ဆိုင်းနိုင်းကျွန်းဆွယ်ကို မောင်းထုတ်ဖို့ အစ္စရေးရဲ့ ကြိုးပမ်းမှုကို အီဂျစ်အစိုးရက ပြင်းပြင်းထန်ထန် သတိပေးထားပြီး နယ်စပ်ဖက်မှာလည်း တပ်တွေကို ထပ်တိုးချထားပါတယ်။

    မိမိတို့မြေကို ကျူးကျော်မှုမှန်သမျှ စစ်ကြေငြာမှုအဖြစ် မှတ်ယူမယ်လို့လည်း အီဂျစ်က ထုတ်ပြန်ထားပါတယ်။

    အီဂျစ်နဲ့ အစ္စရေးတို့ဟာ ၁၉၇၃ ခုနှစ်က ထိပ်တိုက်တွေ့ဆုံဖူးပါတယ်။ ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲမှာ အစ္စရေးက ကျူးကျော် သိမ်းပိုက်ခဲ့တဲ့ ဆိုင်းနိုင်ကျွန်းဆွယ်ကို အီဂျစ်က ၁၉၇၃ ခုနှစ်စစ်ပွဲမှာ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ထိုစဥ်ကလည်း အီဂျစ်ဟာ အစ္စရေးစစ်တပ်ထက် များစွာအားနည်းခဲ့ပါတယ်။

    Ref: Royal News

  • အီတလီစက်ဘီးစီးပြိုင်ပွဲတွင် အစ္စရေးအသင်းပါဝင်ခွင့်မရတော့

    အီတလီစက်ဘီးစီးပြိုင်ပွဲတွင် အစ္စရေးအသင်းပါဝင်ခွင့်မရတော့

    စက်တင်ဘာ ၂၇ ၂၀၂၅

    M-Media

    (M-Media Burmese ၏ ပို့စ်များကို Like/Share လုပ်ပေးခြင်းအားဖြင့် သတင်းမှန်များ ပြန့်နှံ့ရေး ကူညီပေးနိုင်ပါတယ်)

    အီတလီစက်ဘီးစီးပြိုင်ပွဲ Giro dell’Emilia ကို ကျင်းပမဲ့သူတွေက အစ္စရေး စက်ဘီးစီးအသင်း Israel-Premier Techitaly ကိုပြိုင်ပွဲကနေ ဖယ်ရှားလိုက်ကြောင်း စက်တင်ဘာ၂၇ရက်နေ့မှာထုတ်ပြန်ပါတယ်။

    အများပြည်သူလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေရှိတဲ့အတွက်ဒီလိုဖယ်ရှားတာလို့ဆိုပါတယ်။

    ဂါဇာကမ်းမြှောင်မှာ လူပေါင်း ၆၆၀၀၀ နီးပါးကို သတ်ဖြတ်ထားတဲ့အစ္စ‌ရေးကို ကမ္ဘာတဝှမ်းက အားကစားပြိုင်ပွဲ အနုပညာပြိုင်ပွဲတွေမှာပါဝင်ခြင်း ပိတ်ပင်ဖို့အတွက် တိုက်တွန်းဆော်ဩမှုတွေ နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြင့်တက်လာနေပါတယ်။

    Ref: Aljazeera