News @ M-Media

တက်ကြွလှုပ်ရှားသူများအား ကွပ်မျက်ရန် ကြိုးပမ်းမှု စစ်ရာဇ၀တ်မှု ဖြစ်လာနိုင်

ဇွန် ၂၂၊ ၂၀၂၂

M-Media


TOPSHOT – Myanmar’s Chief Senior General Min Aung Hlaing, commander-in-chief of the Myanmar armed forces, arrives to pay his respects to Myanmar independence hero General Aung San and eight others assassinated in 1947, during a ceremony to mark the 71th anniversary of Martyrs’ Day in Yangon on July 19, 2018. – Myanmar observes the 71th anniversary of Martyrs’ Day, marking the assassination of independence heroes including Aung San Suu Kyi’s father, who helped end British colonial rule. (Photo by YE AUNG THU / AFP) (Photo credit should read YE AUNG THU/AFP via Getty Images)

-ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေကို ကွပ်မျက်ဖို့ အာဏာသိမ်း စစ်ကောင်စီက စီစဥ်နေတာဟာ စစ်ရာဇ၀တ်မှု မြောက်မယ့်ကိစ္စလို့ ကုလသမဂ္ဂ အကြီးအကဲတစ်ဦးက ပြောကြားလိုက်ပါတယ်။ 

လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီတို့အပါအ၀င် ဖမ်းဆီးကာ သေဒဏ်ချမှတ်ထားတဲ့ လူ ၄ ဦးကို ကွပ်မျက်မယ်လို့ ဇွန်လ ၃ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ 

ဒါဟာ ၁၉၉၀ နောက်ပိုင်း မြန်မာနိုင်ငံမှာ ပထမဆုံး သေဒဏ်စီရင်မှု ဖြစ်လာမှာပါ။ 

ကုလရဲ့ မြန်မာ့အရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ ခေါင်းဆောင် နီကိုလက်စ် ကူမီဂျန်က ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေပြီး၊ ပြစ်ဒဏ် ချမှတ်ခံထားရသူတွေရဲ့  အခြေခံအခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

“သေဒဏ်စီရင်တာ၊ ဖမ်းဆီးခံထားရတဲ့အချိန်၊ တရားစီရင်တဲ့အချိန်မှာ အခြေခံအခွင့်ရေးတွေ မပေးတာ၊ မျှတတဲ့ တရားစီရင်မှုမျိုး မရှိတာတွေက လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်ရာဇတ်မှုတွေ မြောက်ပါတယ်”

အာဏာသိမ်းစစ်ကောင်စီရဲ့ တရားစီရင်မှုဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ဒါဟာ မျှတတဲ့ တရားစီရင်မှုအဖြစ် ယူဆလို့မရဘူးလို့လည်း ကူမီဂျန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

မြန်မာ့အရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ကို ကုလသမဂ္ဂက ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်က တိုင်းရင်းသားတွေ၊ လူနည်းစုတွေနဲ့ အခြား ပြည်သူတွေအပေါ်မှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဖြစ်ပါတယ်။ 

Ref : AFP