News @ M-Media

Category: မြန်မာသတင်း

မြန်မာသတင်း

  • မြောက်ဦးဆေးရုံ တိုက်ခိုက်မှုကို မြန်မာစစ်တပ်က သတင်းထုတ်ပြန်ရာတွင် အစ္စရေးကဲ့သို့ မမှန်၀ါဒဖြန့် နည်းလမ်းကို အသုံးပြု

    မြောက်ဦးဆေးရုံ တိုက်ခိုက်မှုကို မြန်မာစစ်တပ်က သတင်းထုတ်ပြန်ရာတွင် အစ္စရေးကဲ့သို့ မမှန်၀ါဒဖြန့် နည်းလမ်းကို အသုံးပြု


    ဒီဇင်ဘာ ၁၃၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – မြန်မာစစ်တပ်၏ မမှန်၀ါဒဖြန့် ထုတ်ပြန်ချက်ကို ပြည်တွင်း မီဒီယာတစ်ခုက သတင်းဖော်ပြထားမှု)

    ဒီဇင်ဘာ ၁၀ ရက်နေ့က မြောက်ဦးဆေးရုံကို လေကြောင်းက တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်က သတင်းထုတ်ပြန်ရာမှာ မမှန်၀ါဒဖြန့် နည်းလမ်း အသုံးပြုခဲ့တာကို တွေ့ရပါတယ်။

    တိုက်ခိုက်ခံရတဲ့ မြောက်ဦးဆေးရုံကို ရခိုင်လွတ်မြောက်ရေးအဖွဲ့ AA က စစ်စခန်းအဖြစ် ခိုအောင်အသုံးပြုတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဆေးရုံ တိုက်ခိုက်ခံရမှုအတွင်း AA တပ်ဖွဲ့၀င်တွေ သေဆုံးသွားတယ်ဆိုပြီး တင်ထားတဲ့ Facebook က ပို့စ်တစ်ချို့ကို စစ်တပ်က ထောက်ပြခဲ့ပါတယ်။

    ဒါပေမယ့် ဒီပို့စ်တွေမှာ တင်ထားတာတွေဟာ မြေပြင်က တကယ်ထိခိုက်မှုတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ ဆန်းစစ်သုံးသပ်ခဲ့လားဆိုတာ မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ မတွေ့ရပါဘူး။ AA က မြောက်ဦးဆေးရုံကို စစ်စခန်းအဖြစ် အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးကို မြေပြင်က တိုင်းရင်းသားတွေက သတင်းပေးတယ်လို့သာ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး၊ ဒီပြောဆိုချက်တွေနဲ့ ကိုက်ညီတဲ့ ဓာတ်ပုံ၊ ဗီဒီယိုလိုမျိုး ခိုင်မာတဲ့သက်သေတွေ ထုတ်ပြန်တာမျိုးလည်း မရှိပါဘူး။

    ဆန့်ကျင်ဖက် လက်နက်ကိုင်အဖွဲ့နဲ့ သက်ဆိုင်တဲ့ အရပ်သားလူ့အဖွဲ့အစည်းကို ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်ပြီး၊ လက်နက်ကိုင်အဖွဲ့အပေါ် အပြစ်တင်ပြောဆို ဆင်ခြေပေးတဲ့ မမှန်၀ါဒဖြန့်မျိုးကို လက်ရှိ တွင်တွယ်ကျယ်ကျယ် အသုံးပြုနေတာက အစ္စရေးဖြစ်ပါတယ်။

    ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာရှိတဲ့ ဆေးရုံအားလုံးကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အစ္စရေးက အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ဆေး၀န်ထမ်းတွေနဲ့ ပါလက်စတိုင်းပြည်သူ အမြောက်အများ သေဆုံးခဲ့ပါတယ်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က စစ်စခန်းအဖြစ် အသုံးပြုတဲ့အတွက် ဆေးရုံကို တိုက်ခိုက်တာလို့ အစ္စရေးက နောက်ပိုင်းမှာ မမှန်သတင်းထုတ်ပြန်ခဲ့ပါတယ်။

  • ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်သည့် အဆိုးရွားဆုံး စစ်ရာဇ၀တ်မှု ၄ ခု 

    ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်သည့် အဆိုးရွားဆုံး စစ်ရာဇ၀တ်မှု ၄ ခု 

    ဒီဇင်ဘာ ၁၂၊ ၂၀၂၆

    M-Media 

    ကမ္ဘာတစ်၀ှမ်းက လက်နက်ကိုင်ပဋိပက္ခတွေမှာ ဆန့်ကျင်ဘက်အဖွဲ့နဲ့ သက်ဆိုက်တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပါတယ်။ တိုက်ခိုက်မှုတစ်ချို့ဟာ ဆေးရုံတွေ၊ ဆေးပေးခန်းတွေကို ပစ်မှတ်ထားတာပါ။ ကျန်းမာရေးဆိုင်ရာ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇ၀တ်မှုမြောက်ပြီး ကမ္ဘာ့အဆိုးရွားဆုံး စစ်ရာဇ၀တ်မှု ၄ ခုကို ဖော်ပြလိုက်ပါတယ်။ 

    ၁။ ဂါဇာ၊ ပါလက်စတိုင်း 

    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့က ဂါဇာကမ်းမြှောင် ဂါဇာစီးတီးမြို့မှာ ရှိတဲ့ Al-Ahli Arab ဆေးရုံကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဆေးရုံက လူနာတွေ၊ ဆေး၀န်ထမ်းတွေအပြင် ဆေးရုံ၀န်းထဲ ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူ ၄၇၁ ဦး သေဆုံးခဲ့ပြီး ၃၄၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ အစ္စရေးက ဒီတိုက်ခိုက်မှုဟာ ဟားမက်စ်က ပြုလုပ်တာလို့ စွပ်စွဲခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လေ့လာသုတေသနပြုနေတဲ့ နိုင်ငံတကာအဖွဲ့အစည်း Forensic Architecture က ဒုံးကျည်လမ်းကြောင်းတွေကို လေ့လာဆန်းစစ်မှုအရ ဆေးရုံကို ထိမှန်တဲ့ ဒုံးကျည်တွေဟာ ဂါဇာကမ်းမြှောင် အပြင်က အစ္စရေးဒုံးပစ်စင်တွေရှိရာ နေရာကနေ လာတာဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ 

    ၂။ အလ်-ဖရှာ၊ ဆူဒန် 

    ဆူဒန်အစိုးရ တပ်တွေနဲ့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့ RSF ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း အလ်-ဖရှာမြို့က ဆေးရုံကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း လူနာတွေ၊ ဆေးရုံ၀န်ထမ်းတွေအပါအ၀င် နည်းဆုံး လူပေါင်း ၄၆၀ လောက် သတ်ဖြတ်ခံခဲ့ရပါတယ်။ RSF အဖွဲ့က ဆေရုံဟာ ဆူဒန်စစ်တပ်က စစ်သားတွေ ဆေးကုရာနေရာဖြစ်တယ်လို့ အစပိုင်းမှာ ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဦးဆောင်ခဲ့သူ တပ်မှုးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

    ၃။ ကွန်ဒွဇ်၊ အာဖဂန်နစ္စတန် 

    ၂၀၁၅ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှာ အမေရိကန်တပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတ်နမြောက်ပိုင်း ကွန်ဒွဇ်မြို့က စိတ်ကျန်းမာရေးဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဒီဆေးရုံဟာ နယ်စည်းမခြား ဆရာ၀န်များအဖွဲ့ MSF က စီမံနေတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် MSF အဖွဲ့၀င်တွေအပါအ၀င် ၄၂ ဦးသေဆုံးကာ ၃၀ ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန်စစ်တပ်က ဒီတိုက်ခိုက်မှုအတွက် ၃ ကြိမ် ထုတ်ပြန်ပါတယ်။ ပထမတစ်ကြိမ်မှာ တိုက်ခိုက်ခံနေရတဲ့ မြေပြင်အမေရိကန်အဖွဲ့၀င်တွေကို ကာပစ်ပေးတာလို့ဆိုပြီး၊ ဒုတိယတစ်ကြိမ်မှာတော့ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ အာဖဂန်နစ္စတန်အစိုးရက စစ်ကူတောင်းလို့ ပစ်ပေးတာလို့ ဆိုပါတယ်။ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ပထမနှစ်ခုစလုံးကို ပယ်ချခဲ့ပြီး တိုက်ခိုက်မှုကို အမေရိကန်စစ်တပ် တစ်ဖွဲ့တည်းကသာ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မှားယွင်းတိုက်ခိုက်မှုလို့ သုံးနှုန်းခဲ့ပါတယ်။ 

    ၄။ မြောက်ဦး၊ ရခိုင်ပြည်နယ် 

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကို မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ဆေးရုံမှာ ဆေးကုတဲ့သူတွေ၊ စေတနာ့၀န်ထမ်းတွေအပါအ၀င် စုစုပေါင်း သေဆုံးသူ ၃၄ ဦးရှိခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ပြည်တွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။ မြန်မာစစ်တပ်ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မထုတ်ပြန်ပါဘူး။  ရခိုင်လွတ်မြောက်ရေးအဖွဲ့ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က ဒေသတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။ 

  • အစ္စလာမ်ဘာသာရေးဆရာများ မဲပေးခွင့် စစ်ကောင်စီ ကန့်သတ်

    အစ္စလာမ်ဘာသာရေးဆရာများ မဲပေးခွင့် စစ်ကောင်စီ ကန့်သတ်

    (ဧရာ၀တီ သတင်းဌာနမှ ကူးယူဖော်ပြပါသည်)

    အစ္စလာမ်ဘာသာရေးဆရာများအား မဲပေးခွင့်ပိတ်ပင်လိုက်သည့် ကန့်သတ်ချက်များပါဝင်သော လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား ပြင်ဆင်သည့် ဥပဒေများကို ယမန်နေ့ ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်သည်။

    ဆဋ္ဌမအကြိမ်မြောက် ပြင်ဆင်သည့် ထိုဥပဒေများတွင် ယခင်က မဲပေးခွင့်ရှိသော မော်လဝီ (သို့မဟုတ်) မော်လာနာ၊ ဟာဖိဇ်၊ အီမန်၊ မုဖ်သီ၊ မုဖတ်စိရ်၊ အိုလမာ၊ ပီရ် (သို့မဟုတ်) မရှာအိခ် အပါအဝင် အစ္စလာမ်ဘာသာ သာသနာ့ဝန်ထမ်းများအား ရွေး ကောက်ပွဲဆိုင်ရာ ဥပဒေများအရ မဲပေးခွင့်မရှိသော သာသနာ့ဝန်ထမ်းခေါင်းစဉ်အောက်၌ ထည့်သွင်းကာ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

    ထို့ပြင် ဟိန္ဒူဘာသာရေးဆရာများအား မဲပေးခွင့် ထပ်တိုးကန့်သတ်မှုအနေဖြင့်လည်း မဲပေးခွင့်မရှိသည့် သာသနာ့ ဝန်ထမ်း ခေါင်းစဉ်အောက်တွင် ယခင်က “ စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီးများ” ဟု ပြဋ္ဌာန်းထားရာမှ ယခုတွင်

    “ဂုရု၊ ပဏ္ဍိတ၊ မဟန့်၊ စံညာစီ၊ စံညာစိနီ၊ ဆာဒူး (ဆာဒူးကြီး)၊ ဆာဒ်ဝီ၊ ဆွာမိ၊ ဆွာမိနီ အပါအဝင် ဟိန္ဒူ ဘုန်းတော်ကြီးများ” ဟု ဆိုကာ ပြင်ဆင် ဖြည့်စွက်ခဲ့သည်။

  • အီရန်ကို အစ္စရေးက ကျူးကျော်တိုက်ခိုက်မှု ပြုလုပ်

    ဇွန် ၁၃၊ ၂၀၂၆
    M-Media

    အီရန်နိုင်ငံက နေရာတော်တော်များများကို အစ္စရေးက ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တိုက်လေယာဥ်တွေနဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    နျူစက်ရုံတွေနဲ့ စစ်ဖက်ဆိုင်ရာနေရာတွေကို ပစ်မှတ်ထားတာလို့ အစ္စရေးက ထုတ်ပြန်ပြီး၊ အီရန်ဖက်က လက်တုန့်ပြန်လာနိုင်တဲ့အတွက် အစ္စရေးတစ်နိုင်ငံလုံးကိုလည်း အရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။

    အီရန်နိုင်ငံပိုင်မီဒီယာက တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး၊ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး အစောင့်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဟိုစိန် ဆာလာမီ ကျဆုံးခဲ့ကြောင်း အတည်ပြုပါတယ်။

    အမေရိကန်က တိုက်ခိုက်မှုတွေကို အစ္စရေးကသာ လုပ်ဆောင်တာဖြစ်ပြီး မိမိတို့မပါ၀င်ကြောင်း၊ အီရန်အနေနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်တာမျိုးမလုပ်ဖို့ သတိပေးထားပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာလည်း ၂ နှစ်အတွင်း ပါလက်စတိုင်းအရပ်သား ၅၅၀၀၀ ကျော်ကို သတ်ဖြတ်ထားပါတယ်။

    Ref: Reuters

    (ဓာတ်ပုံ – အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ခေါင်းဆောင် ဟိုစိန် ဆာလာမီ)

  • ပါလက်စတိုင်းနှင် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (အောက်တိုဘာ ၁၀)

    ပါလက်စတိုင်းနှင် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (အောက်တိုဘာ ၁၀)

    M-Media

    (ဓာတ်ပုံ – လက်ဘနွန်မှ ကုလငြိမ်းချမ်းရေးတပ်စခန်း)

    ကုလငြိမ်းချမ်းရေးတပ်ကို အစ္စရေးက တိုက်ခိုက်
    —————–
    လက်ဘနွန်မှာရှိနေတဲ့ မိမိတို့ရဲ့ ငြိမ်းချမ်ရေးတပ် UNIFIL ဌာနချုပ်ကို အစ္စရေးက တင့်ကားတွေနဲ့ တမင် ပစ်မှတ်ထားကာ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုအတွင်း ကုလတပ်ဖွဲ့၀င် ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ကားတွေ၊ အဆောက်အဦးတွေ ပျက်ဆီးခဲ့သလို ဆက်သွယ်ရေးလည်း ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ဘနွန်မှာ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့၀င် ၁ သောင်းခန့် ရှိနေပါတယ်။

    ဂါဇာသတ်ဖြတ်မှုမှာ စစ်ရာဇ၀တ်မှုဖြစ်သည်
    ————–
    ဂါဇာမှာ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတာတွေအပါအ၀င် အစ္စရေးရဲ့ အစုလိုက်အပြုံလိုက် တိုက်ခိုက်သတ်ဖြတ်မှုတွေဟာ စစ်ရာဇ၀တ်မှုဖြစ်ပြီး၊ အမေရိကန်ကို အကာကွယ်ယူ ကျူးလွန်နေတာလို့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ထုတ်ပြန်ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီအခြေအနေကို ထိန်းသိမ်းဖို့လည်း ဟားမက်စ်က တောင်းဆိုခဲ့ပါတယ်။

    အစ္စရေးက လူမျိုးစုလိုက်ရှင်းလင်းမှု လုပ်ဆောင်နေကြောင်း ကုလတွေ့ရှိ
    ————–
    ဂါဇာမှာ ကျန်းမာရေးစနစ် ဖျက်ဆီးဖို့ အစ္စရေးက မူ၀ါဒချမှတ် လုပ်ဆောင်နေတဲ့ အထောက်အထားတွေကို တွေ့ရှိရပြီး ဒါဟာ လူမျိုးစုလိုက်ရှင်းလင်းမှုဖြစ်ကာ စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှု မြောက်တယ်လို့ ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ ကျန်းမာရေး၀န်ထမ်းတွေကို ညှင်းပမ်းသတ်ဖြတ်တာ၊ ကျန်းမာရေးယာဥ်တွေကို တိုက်ခိုက်တာ၊ လူနာတွေကို ဂါဇာပြင်ပထွက်ပြီး ဆေးကုဖို့ ခွင့်မပြုတာတွေ လုပ်ဆောင်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။