ထိုင်းနိုင်ငံ မဲဆောက်မြို့ ပြင်ရှိ အမှိုက်ပုံကြီးဟု လူသိများသည့် နေရာတွင် မြန်မာမိသားစု ၂၀ (လူဦးရေ ၁၀၀) ခန့် သည် ပလပ်စလစ်နှင့် သံတိုသံစများ ကောက်ရင်း အလုပ်မွေးဝမ်းကြောင်း ပြုလျက်ရှိသည်။ မုတ္တမ၊ မော်လမြိုင် စသည့် မြန်မာပြည်အောက်ပိုင်းဒေသများမှလာရောက်ကြသူများဖြစ်ပြီး မြန်မာပြည်တွင် အလုပ်အဆင်မပြေသဖြင့် မဲဆောက်မြို့ သို့  ကူးပြောင်းကာ အမှိုက်ကောက်သမားများအဖြစ် လာရောက် နေထိုင်နေခြင်းဖြစ်သည်။
ထိုသို့  လုပ်ကိုင်စားသောက်နေသူ ဆယ်ကျော်သက် တဦးက “ကျနော်တို့ ဆီမှာ တနေ့ ရှာ တနေ့ စားမလောက်ဘူး။ ကျောင်းစရိတ်တွေလည်းမရှိတာကြောင့် ဒီဘက်ထွက်လာတာပါ” ဟုဆိုသည်။
ပလပ်စတစ်ကောက်ရောင်းရာတွင် မိသားစု စားဝတ်နေရေး လုံလောက်သော်လည်း အခက်အခဲ များစွာရှိကြောင်း ထိုအမှိုက်ပုံတွင် အလုပ်လုပ်နေထိုင်သူများက ပြောပြသည်။
သားသမီးငါးယောက်ဖခင် ကိုဝင်းက “တယောက်ကို တရက် ဘတ် ၃၀ (မြန်မာငွေ ကျပ် ၉၀၀ ခန့် ) လောက်ရတယ်။ တခါတလေတော့ ဘတ် ၁၀၀လောက်ပေါ့။ အရင်က ပလပ်စတစ် တစ်ကီလိုကို ၂ ဘတ် ရပေမဲ့ အခု ၁ ဘတ်ပဲရတော့တယ်။ ပလပ်စတစ်ကပေါ့တော့ ၁ ကီလိုရဖို့ ဆိုတာ မနည်းလုပ်ရတယ်လေ။ ဒါတောင် အစိုတွေကို ရောင်းမရလို့  အရင်ခြောက်အောင် လုပ်ရသေးတယ်” ဟု လစ်ပိုအဖုံးများရွေးရင်း ရှင်းပြသည်။
ကလေးများအတွက် အနီးအနားတွင် အခမဲ့ မြန်မာစာသင်ကျောင်းတကျောင်းရှိသော်လည်း မိသားစုအတွက် ကလေးအများစု အလုပ်ဝိုင်းကူပေးကြရသည်။
ထိုသူများသည် ထိုင်းနိုင်ငံတွင်းသို့  စာရွက်စာတန်းများ၊ ပတ်စပို့ စ်များဖြင့် ၀င်ရောက်လာသူများ မဟုတ်သဖြင့် ထိုင်းရဲများ ၀င်ရောက်ဖမ်းဆီးခြင်းကို မကြာခန ခံကြရသည်။ အမှိုက်ပုံများပေါ်တွင် တဲအိမ်များကို ကဒ်ထူများ အ၀တ်စများဖြင့် ကာရံတည်ဆောက်ထားသည့် တဲအိမ်များတွင် မနေရဲသဖြင့် အမှိုက်ပုံများကြားတွင် ခိုအောင်းအိပ်စက်ကြရပြီး ဖမ်းမိပါက မရှိမဲ့ရှိမဲ့ ၀င်ငွေထဲမှ ဘတ် ၁၀၀၀ (သို့ ) ၁၅၀၀ ဖြင့် ပြန်ရွေးရသည်။
မြ၀တီ တဖက်ကမ်းတွင်ရှိသည့် မဲဆောက်မြို့ သည် ထိုင်းနိုင်ငံ၏ အရေးအပါဆုံး နယ်စပ်မြို့ များတွင် တခုအပါအ၀င်ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးနှင့် မြန်မာအလုပ်သမားများကို အမှီပြုထားသည့် စက်ရုံများသည် ထိုင်းနိုင်ငံအတွက် အရေးကြီးသော စီးပွားရေးထောက်တိုင်များဖြစ်သည်။ ထိုထောက်တိုင်များကို မောင်းနှင်နေသည့် မြန်မာအလုပ်သမားနှင့် ဒေသခံထိုင်းအလုပ်ရှင်များ၏ စွန့် ပစ်ပ စ္စည်းများကို ပြန်လည်ရှင်းသန့် နေသူများသည် ထိုအမှိုက်ပုံတွင် ပလပ်စတစ်များ သံတိုသံစများကို ကောက်ရောင်းနေသူများဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတတ်သော ပလပ်စတစ်များကို တခါသုံးစွန့် ပစ်ခြင်းမဟုတ်ပဲ (Recycle) ပြန်လည်အသုံးပြုနိုင်ရန် အမှိုက်သရိုက်များကြားတွင် နေထိုင်လုပ်စားနေသူများသည် သဘာဝပတ်ဝန်းကျင်ကို တဖက်တလမ်းမှ ကာကွယ်ပေးနေသူများဖြစ်သည်။
သို့ သော် စွန့် ပစ်ပစ္စည်းများမှ အညစ်အကြေးများ၊ ခြင်ယင် ပိုးမွားများ၊ ဓာတုအကြွင်းအကျန်များနှင့် အမှိုက်ပုံတဖက်ခြမ်း ရေကန်ရှိ မဲဆောက် ညစ်ညမ်းရေများသည် အမှိုက်ကောက်သူများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်။ သို့ ရှိရာ ထိုအမှိုက်ကောက်သူများအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် သောက်ရေသန့် ၊ ခြင်ထောင်၊ ခြင်ဆေးခွေ ဆေးဝါးစသည်တို့ ကို လှူဒါန်းထောက်ပံ့နိုင်ရန်လိုအပ်လျက်ရှိပါသည်။
Leave a Reply
You must be logged in to post a comment.