News @ M-Media

Tag: thai

  • ခြွင်းချက်မရှိ အပစ်ရပ်မယ့် ထိုင်းနှင့် ကမ္ဘောဒီးယား

    ခြွင်းချက်မရှိ အပစ်ရပ်မယ့် ထိုင်းနှင့် ကမ္ဘောဒီးယား

    ဇူလိုင် ၂၈၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – (၀ဲမှယာ) ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်မာနတ်၊ မလေးရှား၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်နှင့် ထိုင်းယာယီ၀န်ကြီးချုပ် ဖွမ်သမ် ၀ီချာယာချိုင်)

    ၅ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ နယ်စပ်က အပြန်အလှန် ပစ်ခတ်မှုတွေကို ခြွင်းချက်မရှိ အပစ်ရပ်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်တွေက ဒီကနေ့မှာ သဘောတူလိုက်ပါတယ်။

    လက်ရှိ အာဆီယံဥက္ကဌဖြစ်တဲ့ မလေးရှားရဲ့ ၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်နှစ်ဦးကို ပူထရာဂျာယာကို ဖိတ်ခေါ်ပြီး ကြား၀င်ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။

    အပစ်ရပ်ရေးဟာ ဇူလိုင် ၂၈ ရက်နေ့ည သန်းခေါင်ယံအချိန်မှာ စတင်အသက်၀င်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံး အပစ်ရပ်ရေး ဆန္ဒရှိနေ

    ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံး အပစ်ရပ်ရေး ဆန္ဒရှိနေ

    ဇူလိုင် ၂၆၊ ၂၀၂၅

    M-Media 

    ၃ ရက်တာ ကြာမြင့်လာပြီဖြစ်တဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ဆန္ဒရှိကြောင်း ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံစလုံးက ဇူလိုင်လ ၂၆ ရက်နေ့မှာ ထုတ်ပြောလာပါတယ်။ 

    ကမ္ဘောဒီးယားဆိုင်ရာ ကုလသံအမတ်က ချက်ခြင်းအပစ်ရပ်ရေး အလိုရှိကြောင်း ပြောကြားခဲ့ပြီး ကုလဆိုင်ရာ ထိုင်းသံအမတ်ကလည်း ကောင်းမွန်တဲ့ စိတ်ဆန္ဒနဲ့အတူ ဆွေးနွေးမှု ပြန်စဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    ရာစုနှစ်ချီ ကြာမြင့်နေပြီဖြစ်တဲ့ နယ်စပ်ပိုင်ဆိုင်မှု အငြင်းပွားရာကနေတစ်ဆင့် ဖေဖော်၀ါရီ ၂၄ ရက်နေ့မှာ အပြန်အလှန် တိုက်ခိုက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ထိုင်းနိုင်ငံမှာ စစ်သားနဲ့အရပ်သား စုစုပေါင်း ၁၉ ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှာ စစ်သားနဲ့အရပ်သား စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပါတယ်။ 

    တိုက်ခိုက်မှုတွေကြောင့် နှစ်ဖက် လူထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ 

    Ref: The Guardian

  • ဘုရင်၊ စစ်တပ်တို့နှင့်ညှိပြီး ထောင်ဒဏ်မှ လွတ်မြောက်တော့မည့် ထိုင်း၀န်ကြီးချုပ်ဟောင်း

    ဘုရင်၊ စစ်တပ်တို့နှင့်ညှိပြီး ထောင်ဒဏ်မှ လွတ်မြောက်တော့မည့် ထိုင်း၀န်ကြီးချုပ်ဟောင်း

    ဖေဖော်၀ါရီ ၁၃၊ ၂၀၂၄

    M-Media 


    -ပြည်တော်ပြန်ပြီး ထောင်ဒဏ်ကျခံနေရတဲ့ ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ၀ပ်ထရာဟာ ခံ၀န်နဲ့ လွတ်မြောက်မယ့်စာရင်းမှာ ပါ၀င်လာပါတယ်။

    ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းခံရမှုအပြီး နိုင်ငံခြားမှာ ခိုလှုံနေရတဲ့ သက်ဆင်ဟာ ပြီးခဲ့တဲ့နှစ်ကမှ ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့တာပါ။ 

    အာဏာသိမ်းအစိုးရက စွဲချက်ပေါင်းများစွာနဲ့ သက်ဆင်ကို ထောင်ဒဏ် ၈ နှစ် ချမှတ်ထားပြီး ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်တော်ပြန်ချိန်မှာ ထောင်ဒဏ်တစ်နှစ်သာ ကျခံရပါတယ်။

    အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ ထောင်ထဲမှာ မနေခဲ့ရပါဘူး။ ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးရုံမှာ အစောင့်အရှောက်နဲ့ နေရတာဖြစ်ပါတယ်။ 

    သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ခံ၀န်နဲ့ လွှတ်ပေးဖို့ ဖေဖော်၀ါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အကျဥ်းသား ၉၃၀ စာရင်းမှာ သက်ဆင် ပါ၀င်လာခဲ့ပါတယ်။ ထိုင်းအကျဥ်းထောင် လုပ်ထုံးလုပ်နည်းတွေအရ သက်ဆင်ဟာ ဖေဖော်၀ါရီ ၁၈ ရက်နေ့ နောက်ပိုင်း လွတ်မြောက်လာမှာပါ။ 

    ဒါပေမယ့် ၂၀၁၅ ခုနှစ်က အင်တာဗျူးတစ်ခုမှာ ဘုရင်ကို စော်ကားပြောဆိုတယ်ဆိုတဲ့ အမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံရနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

    သက်ဆင်မိသားစုရဲ့ Pheu Thai ပါတီဟာ ထိုင်းနိုင်ငံရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးလာခဲ့တာပါ။

    ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ သက်ဆင်ရဲ့ သမီးဖြစ်သူ ပေတွန်တန် ရှင်နာ၀ပ်ထရာ ဦးဆောင်တဲ့ Pheu Thai က ဒုတိယမဲအများဆုံး ရခဲ့ပြီး စစ်တပ်ကြီးစိုးတဲ့ အထက်လွှတ်တော်ရဲ့ ထောက်ခံမှုနဲ့ အစိုးရသစ်ကို ဦးဆောင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ 

    သက်ဆင်ပြည်တော်ပြန်ရေးနဲ့ ပြစ်ဒဏ်လျှော့ပေါ့တာတွေဟာ Pheu Thai ပါတီခေါင်းဆောင်တွေနဲ့ စစ်တပ်၊ ဘုရင်တို့အကြား ကန့်လန့်ကာနောက်ကွယ်က ဆွေးနွေးမှုရလဒ် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref: CNA 

  • ၁၄ နှစ်ကြာပျောက်နေသည့် ဂျပန်ယာကူဇာခေါင်းဆောင်ကို ထိုင်းတွင် ဖမ်းမိ

    ၁၄ နှစ်ကြာပျောက်နေသည့် ဂျပန်ယာကူဇာခေါင်းဆောင်ကို ထိုင်းတွင် ဖမ်းမိ

    ဇန်န၀ါရီ ၁၁၊ ၂၀၁၈
    M-Media

    – ၁၄ နှစ်ကြာ ထွက်ပြေးလွတ်မြောက်နေသည်ခဲ့သည့် ဂျပန်လူဆိုးခေါင်းဆောင်တစ်ဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    အသက် ၇၂ နှစ်အရွယ် ရှီဂီဟာရူ ရှီရိုင်ဖြစ်ပြီး ထိုင်းအထူးတပ်ဖွဲ့ SWAT က ယမန်နေ့တွင် နိုင်ငံအလယ်ပိုင်း လော့ပ်ဘူရီမြို့တွင် ၎င်းဈးဝယ်ထွက်စဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    ၂၀၀၃ ခုနှစ် ဂိုဏ်းစတားများအချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ရှီရိုင်ကို ဖမ်းဆီးရန် ဂျပန်အစိုးရက ထိုင်းအာဏာပိုင်များကို အကြောင်းကြားခဲ့သည်။ ထိုဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်းတွင် ၎င်းမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးကာ ထိုင်းအမျိုးသမီးတစ်ဦးနှင့် လက်ထပ်၍ ဇာတ်မြှုပ်နေထိုင်ခဲ့သည်။

    ဖမ်းဆီးပြီးနောက် ထိုင်းအာဏာပိုင်များက ယာကူဇာတက်တူး အပြည့်ထိုးထားသော ခန္ဓာကိုယ်၊ ဘယ်ဖက်လက်သန်း ဖြတ်ခံထားရမှုတို့ကို ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာတွင် လွှင့်တင်ခဲ့သည်။ ယာကူဇာဂိုဏ်းဝင်များမှာ အပြစ်တစ်ခုခု ကျူးလွန်မိပါက လက်သန်းဖြတ်သည့် ထုံးစံရှိသည်။

    ထိုင်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ၀ီရာချိုင် ဆွန်မက်တာက ဖမ်းဆီးခံရသူမှာ ယာကူဇာဂိုဏ်းခွဲ ကိုဒိုကိုင်၏ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးကြောင်း ၀န်ခံခဲ့သည်ဟု ဆိုသည်။

    ယာကူဇာအဖွဲ့မှာ စစ်အပြီး ဂျပန်နိုင်ငံ ၀ရုန်းသုန်းကားဖြစ်နေချိန်တွင် ပေါ်ထွက်လာခဲ့ပြီး နောက်ပိုင်းတွင် လောင်းကစား၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာလုပ်ငန်း၊ ငွေတိုးပေးခြင်း၊ မှောင်ခိုလုပ်ခြင်း၊ ကြေးစားလူသတ်ခြင်း စသည့်လုပ်ငန်းများဖြင့် ဒေါ်လာဘီလီယံချီ ၀င်ငွေရသည့် ရာဇ၀တ်ဂိုဏ်းတစ်ခု ဖြစ်လာခဲ့သည်။

    Ref: CNA